Skip to main content

ဇာတိပေါ်လာတာနဲ့ ဒုက္ခဆင်းရဲဆိုတာ ဘာလဲ မိတ်ဆွေ ?

ဇာတိပေါ်လာတာနဲ့ ဒုက္ခဆင်းရဲဆိုတာ ဘာလဲ မိတ်ဆွေ ?
-----
ကမ္မဆိုတဲ့ ကုသိုလ်ကံ အကုသိုလ်ကံ က ဘဝသစ်ဖြစ်ခြင်း = ဇာတိဆိုတဲ့အကျိုးကို ဖြစ်ပေါ်စေတာမှာ ကံများစွာရှိနေရင် ဘယ်လို ကံက အကျိုးပေးတယ်ဆိုတာကို ပြောရမှာဖြစ်တယ် ။ အဲ့ဒီ့ကံက ဘယ်လိုဖြစ်လာတာလဲလို့ မေးမယ်ဆိုပါတော့ ။ အဲ့ဒါက သင်္ခါရ ပစ္စယာ ဝိညာဏံ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်ဆိုတာမှာ သေခါနီးက ကံ ကမ္မနိမိတ် ဂတိနိမိတ် ထင်စေတယ် ။ အဲ့ဒီ့ အာရုံနိမိတ်ကို စွဲလမ်းနေရင်း နောက်ဆုံး စုတိစိတ်နဲ့ စိတ်အစဉ် ပြတ်ပြီး သေသွားတဲ့အခါ အဲ့ဒီ့ စွဲလမ်းခဲ့တဲ့ အာရုံနိမိတ်ကိုပဲ စွဲမှီ အာရုံပြုကာ ဘဝသစ် ဝိညာဏ် ဖြစ်သွားရပါတယ် ။ အဲ့ဒီ့စိတ်နဲ့အတူ ကမ္မဇရုပ်တွေလဲ ဖြစ်တယ် ။ အဲ့ဒီ့ ရုပ်နာမ် ခန္ဓာတွေနဲ့ ရှေးဦးစွာ ဖြစ်ပေါ်မှုကို ဘဝအသစ် ဖြစ်ပေါ်စေရတာလို့ ဒီလိုဆိုတာဖြစ်တယ် ။

အဲ့ဒီ့နောက် အာရုံခြောက်မျိုး - အကောင်းနဲ့ အဆိုးကို ခံစားလို့ရတဲ့ တပ်မက်သာယာတဲ့ တဏှာ ခြောက်ပါး ဖြစ်ပေါ်လာတယ် ။ အဲ့ဒီ့ တဏှာက ရင့်လာတော့ စွဲလမ်းမှု ဥပါဒါန်ဖြစ်လာတယ် ။ မရသေးတာကို ရအောင် ရပြီးတာတွေလည်း မပျောက်ပျက်ရအောင် မခွဲမခွါရအောင် သတ်မှတ်မှဘဲ လိမ်မှပဲ ကုန်းတိုက်မှပဲ စတာတွေနဲ့ မှားမှား ယွင်းယွင်း စွဲလမ်းတယ် ။ ကုသိုလ်ပြုမှပဲ ဒါနပြုမှပဲ သီလစောင့်မှပဲ တရားနာမှပဲ စတဲ့ မှန်ကန်စွာလဲ စွဲလမ်းတယ် ။ အဲ့ဒီလို စွဲလမ်းတဲ့ အတိုင်းလဲ ပြုလုပ်တယ် ။ အဲ့ဒါက ကမ္မဘဝပဲ ။ အဲ့ဒီ့ကံကြောင့် ဇာတိအသစ် ဖြစ်ပေါ်ရတယ် ။

ဘဝသစ်ဖြစ်ခြင်းဇာတိပေါ်လာရင် အဲ့ဒီ့ တစ်ဘဝလုံးနဲ့ ဆိုင်တဲ့ ဆင်ရဲတွေကို တွေ့ကြုံခံစားသွားရတော့မယ် ။ ငရဲဇာတိပေါ်လာရင် ငရဲမီး အလောင်ခံရမယ် ။ ငရဲထိန်းတို့ရဲ့နှိပ့်စက်ခြင်းကို ခံရမယ် ။ အဲ့ဒီလို အစရှိတဲ့ဆင်းရဲတွေကို နှစ်ပေါင်းများစွာ ခံစားကြရအုန်းမှာပဲ ။

လူ့ဘဝမှာ ဇာတိပေါ်လာရင် အမိဝမ်းထဲမှာ ရှိစဉ်ကတည်းက အမိဖြစ်သူက အပူအစပ်တွေကို စားသောက်မယ်ဆိုတဲ့အခါ ပူလောင်ခြင်း အေးမြခြင်း အစရှိတာတွေကို ခံစားရအုန်းမှာဖြစ်တယ် ။ အမိဖြစ်သူက နာဖျားရင် အနေဆိုးခြင်း အစရှိတဲ့ဒုက္ခတွေ ခံစားရလိမ့်မယ် ။ မွေးတဲ့အခါ နာကျင်ခြင်းနဲ့ မွေးဖွားပြီးနောက်လည်း သူ့ တစ်ဘဝလုံးနဲ့ ဆိုင်တဲ့ ဆင်းရဲအမျိုးမျိုးကို ခံစားသွားရပေအုန်းမယ် ။ ကံမကောင်း အကြောင်းမသင့်ရင် နေရေးအတွက်အပူတပင်း ဆင်းဆင်းရဲရဲ ရှာဖွေစားသောက်ရမယ် ။ အိုမယ် နာမယ် သေမယ်ဆိုတဲ့ တရားကြီးနဲ့ မုချ ကြုံတွေ့ရမှာမလွှဲဧကန် ။ ဒါကြောင့် ( ဇာတိပစ္စယာ ဇရာမရဏံ ) လို့ မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ပါတယ် ။

ဘဝသစ်ဖြစ်မှု ဇာတိဆိုတဲ့ အကြောင်းကြောင့် အိုခြင်း သေခြင်းဟာ ဖြစ်ရ၏ တဲ့ ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...