Skip to main content

ထိတ္လန္႕ေျခာက္ျခားဖြယ္ ဧရာမ ေျမေအာက္သခၤ်ိဳင္းႀကီး !


zawgyi -

ထိတ္လန႔္ေခ်ာက္ခ်ားဖြယ္ ဧရာမ ေျမေအာက္သခ်ဳ်ိင္းႀကီး
...............................................................................
အီတလီနိုင္ငံ ပါလာမိုအရပ္ေဒသရွိ ကပူခ်င္ေျမေအာက္ သခ်ိဳင္းႀကီးသည္ သတၱိေကာင္းသည့္ ခရီးသြားမ်ား လက္လြတ္မခံသင့္သည့္ေနရာျဖစ္သည္။ အေလာင္းေပါင္း ရွစ္ေထာင္ေက်ာ္ျဖင့္ျပည့္ေနသည့္ ယင္းေနရာကို
ခရီးသြားမ်ားအတြက္ဖြင့္လွစ္ထားသည္။ မံမီလုပ္ထားသည့္ အဆိုပါ
အေလာင္းမ်ားထဲတြင္ ဘုန္းေတာ္ႀကီးမ်ား၊ မင္းမ်ိဳးမင္းႏြယ္ႏွင့္ အမ်ိဳးသမီးမ်ား၊ ကေလးမ်ားပါဝင္သည္။ မံမီအေလာင္းမ်ားကို နံရံမ်ားတြင္ တန္းစီခ်ိတ္ျပထားသျဖင့္ အဆိုပါျမင္ကြင္းသည္ အသည္းထိတ္ဖြယ္ျဖစ္ေနေတာ့သည္။ ထိုေနရာတြင္ ၁၅၉၉ ခုႏွစ္က ျမႇုပ္ႏွံခံခဲ့ရသည့္ ဘုန္းေတာ္ႀကီးသည္ ယင္းေနရာတြင္ ပထဦးဆုံးျမႇုပ္ႏွံခံခဲ့ရသူျဖစ္သည္။ သက္တမ္းႏွစ္ ၄၀၀ ခန႔္ရွိသည့္
ယင္း႐ုပ္အေလာင္းက အဝင္ဝတြင္ ဧည့္သည္မ်ားကို ေစာင့္ႀကိဳေနသည္။
ယခင္ကမူ ယင္းေနရာတြင္ ဘုန္းေတာ္ႀကီးမ်ားကိုသာ ျမႇုပ္ႏွံခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ေငြေၾကးတတ္နိုင္သူမ်ားကပါ ၎တို႔၏ ကြယ္လြန္သူေဆြမ်ိဳးမ်ားကိုျ မႈပ္ႏွံခြင့္ရရန္ ေတာင္းဆိုလာသည္။ သို႔မွသာ ၎တို႔ခ်စ္ခင္ရသူမ်ားကို လာၾကည့္နိုင္မည္ျဖစ္သည့္အတြက္ ၎တို႔က ထို သို႔ေတာင္းဆိုခဲ့ျခင္း
ျဖစ္သည္။ ထို႔ေၾကာင့္ ထိုေနရာတြင္ ၾကာရွည္ခံေစရန္ေဆးစိမ္ထားသည့္အေလာင္းမ်ားျဖင့္ ျပည့္ေနေတာ့သည္။ ထိုထဲဝင္လိုက္ပါက ေျခတစ္လွမ္းလွမ္းလိုက္တိုင္း ေက်ာစိမ့္သြားမည္ ျဖစ္သည္။ အခ်ိဳ႕ေသာဦးေခါင္းခြံမ်ားဆိုလွ်င္ တျဖည္းျဖည္းခ်င္း အေရျပား အဖတ္လိုက္ကြာက်ေနသည္။ ထို႔ေၾကာင့္ အသည္းငယ္သူမ်ား ထိုေနရာကိုေရွာင္ရွားသင့္သည္။
Pyi Myanmar
(DM , 2 .12.17) ခ်ယ္ရီ

unicode -

ထိတ်လန့်ချောက်ချားဖွယ် ဧရာမ မြေအောက်သချုျိင်းကြီး
...............................................................................
အီတလီနိုင်ငံ ပါလာမိုအရပ်ဒေသရှိ ကပူချင်မြေအောက် သချိုင်းကြီးသည် သတ္တိကောင်းသည့် ခရီးသွားများ လက်လွတ်မခံသင့်သည့်နေရာဖြစ်သည်။ အလောင်းပေါင်း ရှစ်ထောင်ကျော်ဖြင့်ပြည့်နေသည့် ယင်းနေရာကို
ခရီးသွားများအတွက်ဖွင့်လှစ်ထားသည်။ မံမီလုပ်ထားသည့် အဆိုပါ
အလောင်းများထဲတွင် ဘုန်းတော်ကြီးများ၊ မင်းမျိုးမင်းနွယ်နှင့် အမျိုးသမီးများ၊ ကလေးများပါဝင်သည်။ မံမီအလောင်းများကို နံရံများတွင် တန်းစီချိတ်ပြထားသဖြင့် အဆိုပါမြင်ကွင်းသည် အသည်းထိတ်ဖွယ်ဖြစ်နေတော့သည်။ ထိုနေရာတွင် ၁၅၉၉ ခုနှစ်က မြှုပ်နှံခံခဲ့ရသည့် ဘုန်းတော်ကြီးသည် ယင်းနေရာတွင် ပထဦးဆုံးမြှုပ်နှံခံခဲ့ရသူဖြစ်သည်။ သက်တမ်းနှစ် ၄၀၀ ခန့်ရှိသည့်
ယင်းရုပ်အလောင်းက အဝင်ဝတွင် ဧည့်သည်များကို စောင့်ကြိုနေသည်။
ယခင်ကမူ ယင်းနေရာတွင် ဘုန်းတော်ကြီးများကိုသာ မြှုပ်နှံခဲ့သော်လည်း နောက်ပိုင်းတွင် ငွေကြေးတတ်နိုင်သူများကပါ ၎င်းတို့၏ ကွယ်လွန်သူဆွေမျိုးများကိုြ မှုပ်နှံခွင့်ရရန် တောင်းဆိုလာသည်။ သို့မှသာ ၎င်းတို့ချစ်ခင်ရသူများကို လာကြည့်နိုင်မည်ဖြစ်သည့်အတွက် ၎င်းတို့က ထို သို့တောင်းဆိုခဲ့ခြင်း
ဖြစ်သည်။ ထို့ကြောင့် ထိုနေရာတွင် ကြာရှည်ခံစေရန်ဆေးစိမ်ထားသည့်အလောင်းများဖြင့် ပြည့်နေတော့သည်။ ထိုထဲဝင်လိုက်ပါက ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ကျောစိမ့်သွားမည် ဖြစ်သည်။ အချို့သောဦးခေါင်းခွံများဆိုလျှင် တဖြည်းဖြည်းချင်း အရေပြား အဖတ်လိုက်ကွာကျနေသည်။ ထို့ကြောင့် အသည်းငယ်သူများ ထိုနေရာကိုရှောင်ရှားသင့်သည်။
Pyi Myanmar
(DM , 2 .12.17) ချယ်ရီ



Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...