zawgyi -
တစ္ေန႕ေသာအခါ ဆရာသည္ ဦးေခါင္းခြံတစ္ခုကို ေတြ႔ေလ၏ ။ ထိုအခါ ဦးေခါင္းခြံကို ႀကာပြတ္ျဖင့္ ရိုက္၍ " သင္အသက္ရွင္စဥ္က ေလာဘႀကီးသူ ျဖစ္ခဲ႕သေလာ ။ တိုင္းျပည္ပ်က္ေအာင္ႀကံခဲ႔ေသာ နိုင္ငံေရး ပုေရာဟိတ္လုပ္ခဲ႕သေလာ ။ ငတ္၍ေသာေသာ သူေတာင္းစားျဖစ္ခဲ႔သေလာ ။ ရိုးရိုးပင္ အို၍ ေသေသာသူ ျဖစ္ခဲ႕သေလာ " ဟူ၍ ေမးေလ၏ ။ ညခ်မ္းသို႕ေရာက္ေသာ္ ထိုဦးေခါင္းခြံကိုပင္လွ်င္ ေခါင္းအံုး၍ အိပ့္သည္ ။ ထိုအခါ ေခါင္းခြံက သူ႕အား စကားေျပာသည္ဟု အိမ္မက္ မက္ေလ၏ ။
အိမ္မက္ထဲတြင္ ေခါင္းခြံက " အရွင္ ယမမင္းနဲ႕ ေတြ႕လိုသေလာ " ဟု ေမး၏ ။ သူက ေတြ႕လိုေႀကာင္းေျပာေသာ္ " မရဏတရား၌ jအထက္လူ ေအာက္လူဟူ၍မရွိ ။ ႀသဇာေပးမည့္သူ မရွိ ။ ကာလဟူ၍ မရွိ ။ မရဏျပည္၌ ေနျခင္းသည္ လူ႕ျပည္၌ အသက္ရွင္ရသည္ထက္ စိတ္ခ်မ္းေျမ႕သည္ " ဟူ၍ ေျပာေလ၏ ။
သူက " သင္ေျပာေသာစကားကို ငါမယံု ။ အသင္သည္ ယခင္အသက္ရွင္စဥ္ကကဲ႕သို႕ မိဘသားမယား ေဆြမ်ိဳးဥာတိတို႕ကို ေတြ႔ရန္ အလိုမရွိသေလာ " ဟု ေမး၏ ။
ထိုအခါ ေခါင္းခြံက " ဘုရင့္ခ်မ္းသာျခင္းထက္ အရာအေထာင္မက ခ်မ္းသာေသာ ဘဝကို စြန္႕လႊတ္၍ ေသမ်ိဳးျဖစ္ေသာ လူေတာထဲ၌ ပင္ပန္းဆင္းရဲစြာ ကြ်န္ပ္ မေနလို " ဟု ျပန္ေျပာေလသည္ ။
တစ္ေန႕ သူသည္ ေသအံ႕စဲစဲ ျဖစ္ေနေသာအခ်ိန္၌ သူ၏ တပည့္မ်ားက " အရွင့္အား ႀကီးက်ယ္ခမ္းနားစြာ သျဂၤိဳလ္မည္ " ဟု ေျပာႀက၏ ။ ထိုအခါ သူက " ဤေျမႀကီးသည္ ငါ၏ ေခါင္းအံုးျဖစ္၏ ။ ဤ မိုးေကာင္းကင္သည္ ငါ၏ ေခါင္းအဖံုးျဖစ္၏ ။ ဤမွ်ေလာက္ႏွင့္ လံုေလာက္ျပီ မဟုတ္သေလာ " ဟု ေမး၏ ။ ထိုအခါ တပည့္တို႕က " အရွင့္အား ေျမႀကီးေပၚ၌ ထားေသာ္ လင္းတစာ ျဖစ္မည္ကို စိုးရိမ္ပါသည္ " ဟု ဆိုေလသည္ ။ ထိုအခါ သူက " ေျမျပင္ေပၚထားေသာ္ လင္းတစာျဖစ္မည္ မွန္၏ ။ သို႕ေသာ္ ေျမေအာက္၌ ေခါင္းသြင္း၍ ျမွပ္ႏွံေသာ္ ငါသည္ ပုရြတ္ဆိတ္ပိုးမႊားတို႔၏ အစာသာ ျဖစ္လိမ့္မည္ ။ သင္တို႕သည္ လင္းတစာကို အဘယ္ေႀကာင့္ ပုရြတ္ဆိတ္စာျဖစ္ေအာင္ လုပ္လိုႀကသနည္း " ဟု ေမးေလသည္ . . .
( ဘီစီ ၄၀၀ အတြင္းက ေပၚေပါက္ခဲ႕ေသာ တရုတ္ စာေပတစ္ခု . . . )
#htoohtoolay
unicode -
တစ်နေ့သောအခါ ဆရာသည် ဦးခေါင်းခွံတစ်ခုကို တွေ့လေ၏ ။ ထိုအခါ ဦးခေါင်းခွံကို ကြာပွတ်ဖြင့် ရိုက်၍ " သင်အသက်ရှင်စဉ်က လောဘကြီးသူ ဖြစ်ခဲ့သလော ။ တိုင်းပြည်ပျက်အောင်ကြံခဲ့သော နိုင်ငံရေး ပုရောဟိတ်လုပ်ခဲ့သလော ။ ငတ်၍သောသော သူတောင်းစားဖြစ်ခဲ့သလော ။ ရိုးရိုးပင် အို၍ သေသောသူ ဖြစ်ခဲ့သလော " ဟူ၍ မေးလေ၏ ။ ညချမ်းသို့ရောက်သော် ထိုဦးခေါင်းခွံကိုပင်လျှင် ခေါင်းအုံး၍ အိပ့်သည် ။ ထိုအခါ ခေါင်းခွံက သူ့အား စကားပြောသည်ဟု အိမ်မက် မက်လေ၏ ။
အိမ်မက်ထဲတွင် ခေါင်းခွံက " အရှင် ယမမင်းနဲ့ တွေ့လိုသလော " ဟု မေး၏ ။ သူက တွေ့လိုကြောင်းပြောသော် " မရဏတရား၌ အထက်လူ အောက်လူဟူ၍မရှိ ။ သြဇာပေးမည့်သူ မရှိ ။ ကာလဟူ၍ မရှိ ။ မရဏပြည်၌ နေခြင်းသည် လူ့ပြည်၌ အသက်ရှင်ရသည်ထက် စိတ်ချမ်းမြေ့သည် " ဟူ၍ ပြောလေ၏ ။
သူက " သင်ပြောသောစကားကို ငါမယုံ ။ အသင်သည် ယခင်အသက်ရှင်စဉ်ကကဲ့သို့ မိဘသားမယား ဆွေမျိုးဉာတိတို့ကို တွေ့ရန် အလိုမရှိသလော " ဟု မေး၏ ။
ထိုအခါ ခေါင်းခွံက " ဘုရင့်ချမ်းသာခြင်းထက် အရာအထောင်မက ချမ်းသာသော ဘဝကို စွန့်လွှတ်၍ သေမျိုးဖြစ်သော လူတောထဲ၌ ပင်ပန်းဆင်းရဲစွာ ကျွန်ပ် မနေလို " ဟု ပြန်ပြောလေသည် ။
တစ်နေ့ သူသည် သေအံ့စဲစဲ ဖြစ်နေသောအချိန်၌ သူ၏ တပည့်များက " အရှင့်အား ကြီးကျယ်ခမ်းနားစွာ သင်္ဂြိုလ်မည် " ဟု ပြောကြ၏ ။ ထိုအခါ သူက " ဤမြေကြီးသည် ငါ၏ ခေါင်းအုံးဖြစ်၏ ။ ဤ မိုးကောင်းကင်သည် ငါ၏ ခေါင်းအဖုံးဖြစ်၏ ။ ဤမျှလောက်နှင့် လုံလောက်ပြီ မဟုတ်သလော " ဟု မေး၏ ။ ထိုအခါ တပည့်တို့က " အရှင့်အား မြေကြီးပေါ်၌ ထားသော် လင်းတစာ ဖြစ်မည်ကို စိုးရိမ်ပါသည် " ဟု ဆိုလေသည် ။ ထိုအခါ သူက " မြေပြင်ပေါ်ထားသော် လင်းတစာဖြစ်မည် မှန်၏ ။ သို့သော် မြေအောက်၌ ခေါင်းသွင်း၍ မြှပ်နှံသော် ငါသည် ပုရွတ်ဆိတ်ပိုးမွှားတို့၏ အစာသာ ဖြစ်လိမ့်မည် ။ သင်တို့သည် လင်းတစာကို အဘယ်ကြောင့် ပုရွတ်ဆိတ်စာဖြစ်အောင် လုပ်လိုကြသနည်း " ဟု မေးလေသည် . . .
( ဘီစီ ၄၀၀ အတွင်းက ပေါ်ပေါက်ခဲ့သော တရုတ် စာပေတစ်ခု . . . )
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment