Skip to main content

sefile ဘုရင္ !



zawgyi -

Sefile ဘုရင္
-----
သူက လြီစ္ဂ်က္မန္ေဒ ဒဂြဲယာ ျဖစ္တယ္ ။ ဓါတ္ပံုရိုက္နည္းကို ပထမဆံုး အသံုးျပဳနိုင္ဖို႕ ေအာင္ျမင္စြာ တိုးျမွင့္ထုတ္လုပ္နိုင္ခဲ႕သူဟာ သူျဖစ္တယ္ ။

သူ႕ကို ျပင္သစ္ေျမာက္ပိုင္း ေကာေမေလျမိဳ႕မွာ ၁၇၈၇ က ေမြးခဲ႕တယ္ ။ အရင္က ပန္ခ်ီပညာနဲ႕ အသက္ေမြးျပီး အသက္ သံုးဆယ္ေလာက္မွ အထူးမီးေမာင္းထိုးေပးတဲ႕ အစီစဥ္နဲ႔ အထူးအံ႕ႀသႀကည့္ရႈဖြယ္ျဖစ္ေအာင္ ျမင္ကြင္းက်ယ္နဲ႕ တင္ျပတဲ႕ ဒီယိုရာမာပန္ခ်ီျပပြဲကို ဒီဇိုင္းဆြဲေပးသူ ျဖစ္ပါတယ္ ။ ဒီလုပ္ငန္းတာဝန္ကို ေဆာင္ရြတ္တဲ႔အခ်ိန္မွာပဲ သူဟာ ေဆး ၊ စုပ္တံမပါတဲ႕ ကမၻာ့ရႈခင္းေတြကို လက္လြတ္တင္ျပနိုင္မဲ႕စက္မ်ိဳးကို တီထြင္နိုင္ဖို႕ စိတ္ေစာေနခဲ႔တယ္ ။ ဒါေႀကာင့္ သူ႕ရဲ႕ ႀကိဳးပမ္းမႈေႀကာင့္ အရာထင္လာခဲ႕တာကေတာ့ ကင္မရာ ျဖစ္လာပါတယ္ ။

သူဟာ ၁၈၃၉ မွာ သူ႕လက္ရာကို လူသိေပးခဲ႕တယ္ ။ ဒါေပမယ့္ သူ႕လက္ရာကို အတုမလုပ္ဖို႕ မတားျမစ္ခဲ႕ပါဘူး ။ အဲ႕ဒါကို အသိမွတ္ျပဳတဲ႕အေနနဲ႕ ျပင္သစ္အစိုးရက သူနဲ႔  နိပ္ေစရဲ႕သားကို ရာသက္ပန္ အျငိမ္းစားရိကၡာေတာ္ ေပးခဲ႔ပါတယ္ ။ သူ႕ကို သူရဲေကာင္းႀကီးလို႕ အလီလီ ခ်ီးမြမ္းေျပာဆိုႀကတယ္ ။ သူဟာ အဲ႕ဒီ႕ေနာက္ ဘာလုပ္ငန္းမွ ဆက္မလုပ္ေတာ့ပဲ ၁၈၅၁ မွာ ပါရီျမိဳ႕ ဆင္ေျခဖံုးအိမ္မွာ ကြယ္လြန္သြားခဲ႕ပါတယ္ ။

အဲ႕ေခတ္အခါက ဓါတ္ပံုကို အနုပညာတစ္ရပ္အေနနဲ႕ လက္ခံႀကတယ္ ။ လူသန္းေပါင္းမ်ားစြာ အသံုးျပဳႀကျပီး စစ္ဘက္ဆိုင္ရာေတြအတြက္ အင္မတန္ အရာေရာက္ခဲ႔ပါတယ္ ။ ေရွးကထက္ အျဖစ္အပ်က္ေတြကို ဓါတ္ပံုနဲ႔ ပိုမိုေကာင္းမြန္ေအာင္ မွတ္တမ္းတင္လာနိုင္ခဲ႕တယ္ ။ အခုေတာ့ sefile ကို ကေလးကအစ ေခြး အဆံုး ရိုက္ကူးေနႀကပါျပီ ။

#htoohtoolay


unicoad -

Sefile ဘုရင်
-----
သူက လွီစ်ဂျက်မန်ဒေ ဒဂွဲယာ ဖြစ်တယ် ။ ဓါတ်ပုံရိုက်နည်းကို ပထမဆုံး အသုံးပြုနိုင်ဖို့ အောင်မြင်စွာ တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့သူဟာ သူဖြစ်တယ် ။

သူ့ကို ပြင်သစ်မြောက်ပိုင်း ကောမေလေမြို့မှာ ၁၇၈၇ က မွေးခဲ့တယ် ။ အရင်က ပန်ချီပညာနဲ့ အသက်မွေးပြီး အသက် သုံးဆယ်လောက်မှ အထူးမီးမောင်းထိုးပေးတဲ့ အစီစဉ်နဲ့ အထူးအံ့သြကြည့်ရှုဖွယ်ဖြစ်အောင် မြင်ကွင်းကျယ်နဲ့ တင်ပြတဲ့ ဒီယိုရာမာပန်ချီပြပွဲကို ဒီဇိုင်းဆွဲပေးသူ ဖြစ်ပါတယ် ။ ဒီလုပ်ငန်းတာဝန်ကို ဆောင်ရွတ်တဲ့အချိန်မှာပဲ သူဟာ ဆေး ၊ စုပ်တံမပါတဲ့ ကမ္ဘာ့ရှုခင်းတွေကို လက်လွတ်တင်ပြနိုင်မဲ့စက်မျိုးကို တီထွင်နိုင်ဖို့ စိတ်စောနေခဲ့တယ် ။ ဒါကြောင့် သူ့ရဲ့ ကြိုးပမ်းမှုကြောင့် အရာထင်လာခဲ့တာကတော့ ကင်မရာ ဖြစ်လာပါတယ် ။

သူဟာ ၁၈၃၉ မှာ သူ့လက်ရာကို လူသိပေးခဲ့တယ် ။ ဒါပေမယ့် သူ့လက်ရာကို အတုမလုပ်ဖို့ မတားမြစ်ခဲ့ပါဘူး ။ အဲ့ဒါကို အသိမှတ်ပြုတဲ့အနေနဲ့ ပြင်သစ်အစိုးရက သူနဲ့  နိပ်စေရဲ့သားကို ရာသက်ပန် အငြိမ်းစားရိက္ခာတော် ပေးခဲ့ပါတယ် ။ သူ့ကို သူရဲကောင်းကြီးလို့ အလီလီ ချီးမွမ်းပြောဆိုကြတယ် ။ သူဟာ အဲ့ဒီ့နောက် ဘာလုပ်ငန်းမှ ဆက်မလုပ်တော့ပဲ ၁၈၅၁ မှာ ပါရီမြို့ ဆင်ခြေဖုံးအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ် ။

အဲ့ခေတ်အခါက ဓါတ်ပုံကို အနုပညာတစ်ရပ်အနေနဲ့ လက်ခံကြတယ် ။ လူသန်းပေါင်းများစွာ အသုံးပြုကြပြီး စစ်ဘက်ဆိုင်ရာတွေအတွက် အင်မတန် အရာရောက်ခဲ့ပါတယ် ။ ရှေးကထက် အဖြစ်အပျက်တွေကို ဓါတ်ပုံနဲ့ ပိုမိုကောင်းမွန်အောင် မှတ်တမ်းတင်လာနိုင်ခဲ့တယ် ။ အခုတော့ sefile ကို ကလေးကအစ ခွေး အဆုံး ရိုက်ကူးနေကြပါပြီ ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...