zawgyi -
ကြဲျပားေသာ အဆင့္ႀကီး သံုးဆင့္ႏွင့္ အရိယာ !
-----
အိႏၵိယ မဟာဂႏၶာရီပညာမွာ အဆင့္ႀကီး သံုးဆင့္ရွိတဲ႔အျပင္ အဲ႔ထဲမွာမွ အဆင့္ပြားေတြ အမ်ားႀကီး ပါဝင္တယ္ ။ သာဝက က လံုးဝ ကုိယ္က်ိဳးကို စြန္႕လႊတ္ရတဲ႔ ကမၼေယာဂ ကို က်င့္ျပီး စမ္းသပ္မႈေတြကို လက္ေတြ႕ ေျဖႀကားရတယ္ ။ ခံနိုင္ရည္ရွိမႈနဲ႔ အေျခခံသေဘာတရားေတြကို နားလည္သေဘာေပါက္တဲ႔အခါ ပထမအဆင့္ျဖစ္တဲ႔ ေသာတပႏၷ အဆင့္ကို ေရာက္တယ္ ။
သူက အမရဝတီ ဂႏၶာရီသိပၸံေက်ာင္းေတာ္ႀကီးမွာ ေလ့လာသင္ႀကားစမ္းသပ္မႈေတြ ခံယူျပီးတဲ႔ေနာက္ ေအာင္ျမင္တဲ႔အခါ အဲ႔ဒီ႔ေက်ာင္းေတာ္ႀကီးမွာ သီးသန္႕ လွ်ိဳ႔ဝွက္ထားတဲ႕ ျပာသာဒ္ႀကီးအတြင္းမွာ သိဒၶိတင္ ဘိသိက္ပြဲက်င္းပျပီး ဒုတိယအဆင့္ကို တိုးျမွင့္ေပးႀကတယ္ ။
အဲ႔ပြဲမွာ ေခါင္းေဆာင္က အဆစ္ ၇ ဆစ္ပါတဲ႔ ေတာင္ေဝွးကို ကိုင္ျပီး သာဝကရဲ႕ ေခါင္းကေန ဒုစရိုက္ ၇ ပါးအတြက္ ဆံပင္အထံုးငယ္ ၇ ထံုးကို စတိျဖတ္ယူကာ ေတာင္ေဝွးနဲ႕ သိဒၶိတင္တဲ႕အခါ သာဝက ရဲ႕ ငယ္ထိပ့္မွာရွိတဲ႔ ျဗဟၼဏစက္ကေန ေရႊေရာင္ျခည္တန္းမ်ား ဝင္းခနဲ ထြက္လာတာ ေတြ႕ရပါလိမ့္မယ္ ။
အဲ႔ဒါကို ဒုတိယအဆင့္ သကၠဒါ လို႔ေခၚတယ္ ။ သေဘာက အသစ္တစ္ဖန္ ေမြးဖြားျခင္းလို႕ ဆိုပါတယ္ ။ အဲ႔ဒီ႕အဆင့္မွာ ပတၱလာေခၚ နတ္အေႀကာင္းကို သာဝက က ေလ့လာရျပီး သာဝကဝိညာဥ္ကို နတ္ဘံု အေတြ႕အႀကံဳေတြရေအာင္ လက္ေတြ႕ေလ့လာေစျပန္တယ္ ။ သာဝက က လိပ္ျပာခႏၶာနဲ႕ နတ္ျပည္မွာ ေလ့လာရတယ္ ။ ဒုတိယအဆင့္ စမ္းသပ္တာ ျပည့္မီတဲ႔အခါ တတိယအဆင့္ကို တက္ဖို႕အတြက္ ေနာက္ဆံုး စမ္းသပ္မႈ ျပဳလုပ္ရျပန္တယ္ ။
အဲ႔ဒီ႕စမ္းသပ္မႈမွာ ၇ ရက္ႀကာလိမ့္မွာျဖစ္တယ္ ။ ပထမ ၃ ရက္က ဂႏၶာရီပညာအေပၚ ကြ်မ္းက်င္မႈအပိုင္းကို စမ္းသပ္တာျဖစ္ျပီး ေနာက္သံုးရက္က ကားစင္မွာ ေလးဖက္ေလးတန္ တုပ္ေႏွာင္ကာ ေမွာင္မည္းေနတဲ႕ လႈိဏ္ဂူအတြင္းမွာ စမ္းသပ္ရတာ ျဖစ္ပါတယ္ ။
ျပိတၱာေတြ ၊ နတ္ဘံုက နာနာဘာဝေတြ ၊ နတ္မိစၧာေတြကို တစ္ေယာက္တည္း အေမွာင္ထဲမွာ ရင္ဆိုင္ရလိမ့္မယ္ ။ သို႔ေသာ္ သိထားရမွာက အဲ႕အရာေတြဟာ သာဝကရဲ႕ အာရံုကို လွည့္စားထားတဲ႕ မာယာေတြျဖစ္တယ္ဆိုတာပဲ ။
ေနာက္ဆံုး စမ္းသပ္တာေတြ ေအာင္ျမင္သြားတဲ႔အခါ ဆရာအရွင္က လွ်ိဳ႔ဝွက္တဲ႕ မႏၱန္ပညာေတြ ေပးအပ္ျပီး အနာဂါအဆင့္ကို တိုး့ျမွင့္ေပးလိုက္တယ္ ။ အဲ႔ဒီလို သိဒၶိတင္ ဘိသိက္ပြဲက်င္းပတဲ႔ အစီအရင္အခမ္းအနားကို စ်ာန္ဘုရားမ်ားရဲ႕ ဘြဲ႔ေတာ္ျဖစ္တဲ႔ ဝိပါကမၼံ နဲ႕ ဝိကာရန အစီအရင္လို႔ ေခၚပါတယ္ ။
( ဗဟုသုတ ရရွိနိုင္ႀကပါေစ )
#htoohtoolay
unicoad -
ကွဲပြားသော အဆင့်ကြီး သုံးဆင့်နှင့် အရိယာ !
-----
အိန္ဒိယ မဟာဂန္ဓာရီပညာမှာ အဆင့်ကြီး သုံးဆင့်ရှိတဲ့အပြင် အဲ့ထဲမှာမှ အဆင့်ပွားတွေ အများကြီး ပါဝင်တယ် ။ သာဝက က လုံးဝ ကိုယ်ကျိုးကို စွန့်လွှတ်ရတဲ့ ကမ္မယောဂ ကို ကျင့်ပြီး စမ်းသပ်မှုတွေကို လက်တွေ့ ဖြေကြားရတယ် ။ ခံနိုင်ရည်ရှိမှုနဲ့ အခြေခံသဘောတရားတွေကို နားလည်သဘောပေါက်တဲ့အခါ ပထမအဆင့်ဖြစ်တဲ့ သောတပန္န အဆင့်ကို ရောက်တယ် ။
သူက အမရဝတီ ဂန္ဓာရီသိပ္ပံကျောင်းတော်ကြီးမှာ လေ့လာသင်ကြားစမ်းသပ်မှုတွေ ခံယူပြီးတဲ့နောက် အောင်မြင်တဲ့အခါ အဲ့ဒီ့ကျောင်းတော်ကြီးမှာ သီးသန့် လျှို့ဝှက်ထားတဲ့ ပြာသာဒ်ကြီးအတွင်းမှာ သိဒ္ဓိတင် ဘိသိက်ပွဲကျင်းပပြီး ဒုတိယအဆင့်ကို တိုးမြှင့်ပေးကြတယ် ။
အဲ့ပွဲမှာ ခေါင်းဆောင်က အဆစ် ၇ ဆစ်ပါတဲ့ တောင်ဝှေးကို ကိုင်ပြီး သာဝကရဲ့ ခေါင်းကနေ ဒုစရိုက် ၇ ပါးအတွက် ဆံပင်အထုံးငယ် ၇ ထုံးကို စတိဖြတ်ယူကာ တောင်ဝှေးနဲ့ သိဒ္ဓိတင်တဲ့အခါ သာဝက ရဲ့ ငယ်ထိပ့်မှာရှိတဲ့ ဗြဟ္မဏစက်ကနေ ရွှေရောင်ခြည်တန်းများ ဝင်းခနဲ ထွက်လာတာ တွေ့ရပါလိမ့်မယ် ။
အဲ့ဒါကို ဒုတိယအဆင့် သက္ကဒါ လို့ခေါ်တယ် ။ သဘောက အသစ်တစ်ဖန် မွေးဖွားခြင်းလို့ ဆိုပါတယ် ။ အဲ့ဒီ့အဆင့်မှာ ပတ္တလာခေါ် နတ်အကြောင်းကို သာဝက က လေ့လာရပြီး သာဝကဝိညာဉ်ကို နတ်ဘုံ အတွေ့အကြုံတွေရအောင် လက်တွေ့လေ့လာစေပြန်တယ် ။ သာဝက က လိပ်ပြာခန္ဓာနဲ့ နတ်ပြည်မှာ လေ့လာရတယ် ။ ဒုတိယအဆင့် စမ်းသပ်တာ ပြည့်မီတဲ့အခါ တတိယအဆင့်ကို တက်ဖို့အတွက် နောက်ဆုံး စမ်းသပ်မှု ပြုလုပ်ရပြန်တယ် ။
အဲ့ဒီ့စမ်းသပ်မှုမှာ ၇ ရက်ကြာလိမ့်မှာဖြစ်တယ် ။ ပထမ ၃ ရက်က ဂန္ဓာရီပညာအပေါ် ကျွမ်းကျင်မှုအပိုင်းကို စမ်းသပ်တာဖြစ်ပြီး နောက်သုံးရက်က ကားစင်မှာ လေးဖက်လေးတန် တုပ်နှောင်ကာ မှောင်မည်းနေတဲ့ လှိုဏ်ဂူအတွင်းမှာ စမ်းသပ်ရတာ ဖြစ်ပါတယ် ။
ပြိတ္တာတွေ ၊ နတ်ဘုံက နာနာဘာဝတွေ ၊ နတ်မိစ္ဆာတွေကို တစ်ယောက်တည်း အမှောင်ထဲမှာ ရင်ဆိုင်ရလိမ့်မယ် ။ သို့သော် သိထားရမှာက အဲ့အရာတွေဟာ သာဝကရဲ့ အာရုံကို လှည့်စားထားတဲ့ မာယာတွေဖြစ်တယ်ဆိုတာပဲ ။
နောက်ဆုံး စမ်းသပ်တာတွေ အောင်မြင်သွားတဲ့အခါ ဆရာအရှင်က လျှို့ဝှက်တဲ့ မန္တန်ပညာတွေ ပေးအပ်ပြီး အနာဂါအဆင့်ကို တိုး့မြှင့်ပေးလိုက်တယ် ။ အဲ့ဒီလို သိဒ္ဓိတင် ဘိသိက်ပွဲကျင်းပတဲ့ အစီအရင်အခမ်းအနားကို ဈာန်ဘုရားများရဲ့ ဘွဲ့တော်ဖြစ်တဲ့ ဝိပါကမ္မံ နဲ့ ဝိကာရန အစီအရင်လို့ ခေါ်ပါတယ် ။
( ဗဟုသုတ ရရှိနိုင်ကြပါစေ )
#htoohtoolay

Comments
Post a Comment