zawgyi -
ေစာလမြန္ဘုရင္ႏွင့္ သူ၏သမိုင္းအရႈပ္ေတာ္ပံု
-----
မေဟာ္သဓာ နဲ႔ ေစာလမြန္ဘုရင္ တရားစီရင္ခန္းဟာ အင္မတန္ ထပ္တူက်ေနတဲ႕ကိစၥ ေျပာခ်င္လာတယ္ ။ ထပ္ျပီး ရွင္းရွင္းေျပာရရင္ စာကို စာအတိုင္း ထားလိုက္လို႕ သိပ့္ျပႆနာမရွိတာကို ဘာသာေရးလမ္းေႀကာင္းေတြထဲ ေလွ်ာက္ထည့္ေျပာဆိုလာေတာ့ ယဥ္ေက်းမႈရဲ႕ သရုပ္ျပ ေကာက္ေႀကာင္းလမ္းမွာ မလိုလားအပ္တာေတြ ျဖစ္လာတာပဲ ။ ဒါလဲ သိပ့္ေတာ့ ျပႆနာ မရွိပါဘူး ။ သမိုင္းက သမိုင္းအတိုင္း က်န္ေနမွာပဲေလ ။ ခုက ဒီ line အေပၚက ကိစၥေလး နည္းနည္း ရွင္းႀကတာေပါ႔ ။
အရင္ဦးဆံုး မေဟာ္သဓာ အေႀကာင္းကို မွတ္ႀကတာေပါ့ ။ ဒါကလည္း အႀကမ္းဖ်င္း သမိုင္းကို မွတ္ပါ ။ ျမတ္စြာဘုရား က Bc ၅၀၀ ေလာက္မွာ ပြင့္တယ္ ။ သံဂါယနာ တင္တာေတြ ထည့္ေပါ့ ။ အာေသာကမင္းက Bc 300 ေလာက္မွာ ေပၚတယ္ ။ ဘာပဲျဖစ္ျဖစ္ သမိုင္းမွာ Bc သံုးေလးရာ အတြင္းက မေဟာ္သဓာအေႀကာင္း ထိေတြ႕ခြင့္ရတယ္ေပါ့ ။ ဒါဆို ကြ်န္ေတာ္တို႕ ေစာ္လမြန္မင္းရဲ႕ စာေပမွတ္တမ္းကို ရွာႀကည့္ႀကမယ္ ။
ေစာလမြန္ဘုရင္က Bc 800 , 900 ေလာက္မွာ ေပၚေပါက္တယ္လို႕ဆိုတယ္ ။ သူက ဣသေရလ အမ်ိဳးသားတို႕ရဲ႕ လက္မြန္ဘုရင္ေတြထဲက ဒါဝိဒ္(ေဒးဗစ္) ျပီးေတာ့ သူျဖစ္တယ္ ။ သူကေတာ့ ထင္ေပၚေက်ာ္ႀကားဆံုးပဲ ။
ဒါကိုခဏထား ဒီဘုရင္အေႀကာင္းကို သမၼာက်မ္းသမိုင္းကို ျပန္ႀကည့္မယ္ ။ သမၼာက်မ္းမွာ က်မ္းသစ္ က်မ္းေဟာင္း ႏွစ္ခုေပါ့ ။ က်မ္းေဟာင္းကို အတည္ျပဳရမယ္ ။ ဘာေႀကာင့္အတည္ျပဳလဲဆိုတာကို ရွင္းေနရင္လည္း ျပီးေတာ့မွာမဟုတ္ဘူး ။ ဒါေႀကာင့္ က်မ္းသစ္ က်မ္းေဟာင္းမွာ က်မ္းေဟာင္းကို ယူတယ္လို႕ ေျပာမယ္ ။
အဲ႕ေတာ့ကာ သမၼာက်မ္းကို ဂ်ဴးေတြက Bc ၁၃၀၀ ေလာက္ကတည္းက ေရးႀကတယ္လို႕ ေျပာႀကတယ္ ။ အဲ႕ထဲက (တနခ) က်မ္းမွာဆိုရင္ ကမၻာဖန္ဆင္းတဲ႕အေႀကာင္း ၊ လူမ်ိဳး အႀကီးအကဲေပၚေပါက္တဲ႕အေႀကာင္း ေနာက္ျပီး အီဂ်စ္လက္ေအာက္က်ေရာက္ ကြ်န္ျဖစ္တဲ႕အေႀကာင္းေတြပါတယ္လို႕ဆိုတယ္ ။ ႀကားထဲမွာလဲ ျဖစ္ပ်က္ခဲ႕တာေတြအမ်ားႀကီးေပါ့ ။ အဲ႕ က်မ္းပါေစာလမြန္အခ်က္အလက္ေတြကို ျပန္ရွာဖို႕ဆိုတာ မျဖစ္နိုင္ပါဘူး ။
အခု တင္ထားတဲ႕ စာေပက Bc ၁၀၀ မွာ ဣသေရလအမ်ိဳးသား ရဗၺိ(ရက္ဘိုင္)လို႕ေခၚတဲ႔ ဓမၼကထိကေတြက အတည္ျပဳထားတဲ႔ ဓမၼက်မ္းေဟာင္းေတြျဖစ္တယ္ ။ ပိုျပီး သိခ်င္ဖတ္ခ်င္ရင္ ကမၻာ့စာေပအညႊန္းက်မ္း ရဲ႕ စာ ၂၄၁ ကေန ၂၄၈ မွာ ရွာႀကည့္နိုင္ပါတယ္ ။
ဒါေႀကာင့္ ေစာလမြန္ဘုရင္သမိုင္းမွာ အာရွအေနာက္ပိုင္းရဲ႔ အေငြ႕အသတ္ပါတယ္ ။ ဘာေႀကာင့္လဲဆို ဣသေရလအမ်ိဳးသားတို႕ဟာ ဗာဗုလုန္(ဗက္ဗီလုန္) လက္ေအာက္ကိုေရာက္ေတာ့ နိုင္ငံအႏွံ႕အျပားကို လွည့္လည္သြားလာတဲ႕သူေတြျဖစ္တယ္ ။ အာရွအေနာက္ပိုင္းကို သူတုိ႕ေတြ ေရာက္ႀကတယ္ ။ ယဥ္ေက်းမႈဆိုတာ ဒီလိုပဲ ပ်ံ႕ႏွံ႕ပါတယ္ ။ ကုန္သြယ္ရင္းနဲ႕ ပ်ံ႕ႏွံ႕သလို သိမ္းပိုက္ဖ်က္ဆီးရင္းနဲ႔လဲ ပ်ံ႕ႏွံ႕တယ္ ။ ခ်စ္ႀကည္ေရးေႀကာင့္လဲ ပ်ံ႕ႏွံ႕တာပဲ ။
ဒါေႀကာင့္စာဖတ္သူေတြက သိရမွာ မေဟာ္သဓာအေႀကာင္းကို Bc ၃ , ၄ ရာေလာက္မွာ ေတြ႕ရမွာျဖစ္ျပီး ေစာလမြန္ဘုရင္သမိုင္းကို Bc ၁၀၀ မွာ ေတြ႕မွာျဖစ္တယ္ ။ ရည္ညႊန္းပုဂၢိဳလ္ေတြ ေပၚေပါက္ခ်ိန္ႀကည့္ရင္ အေဟာအေျပာတိုင္း အတည္ဆိုရင္ေတာ့ မေဟာ္သဓာက ပိုေရွးက်ခ်က္က မေျပာပေလာက္ေအာင္ပဲ :D ( ဘုရားအေလာင္းလ်ာဆိုေတာ့ေလ) ။ ေစာလမြန္ဘုရင္ကေတာ့ Bc 800 , 900 ေလာက္မွာ ေပၚတယ္ ။
သမိုင္းမွတ္တမ္းအတည္ျပတာက မေဟာ္သဓာက Bc 300 , 400 ျပျပီး ေစာလမြန္က Bc 100 ျပတယ္ ။ ကဲ ဒီေလာက္ဆို နားလည္ျပီထင္တယ္ ။ ဒီ post ဟာ မေဟာ္သဓာကို တကယ္ ရွိ , မရွိ ေျပာျခင္းမဟုတ္ပါ ။
ဗဟုသုတ ရႀကပါေစခင္ဗ်ာ ။
#htoohtoolay
unicoad -
စောလမွန်ဘုရင်နှင့် သူ၏သမိုင်းအရှုပ်တော်ပုံ
-----
မဟော်သဓာ နဲ့ စောလမွန်ဘုရင် တရားစီရင်ခန်းဟာ အင်မတန် ထပ်တူကျနေတဲ့ကိစ္စ ပြောချင်လာတယ် ။ ထပ်ပြီး ရှင်းရှင်းပြောရရင် စာကို စာအတိုင်း ထားလိုက်လို့ သိပ့်ပြဿနာမရှိတာကို ဘာသာရေးလမ်းကြောင်းတွေထဲ လျှောက်ထည့်ပြောဆိုလာတော့ ယဉ်ကျေးမှုရဲ့ သရုပ်ပြ ကောက်ကြောင်းလမ်းမှာ မလိုလားအပ်တာတွေ ဖြစ်လာတာပဲ ။ ဒါလဲ သိပ့်တော့ ပြဿနာ မရှိပါဘူး ။ သမိုင်းက သမိုင်းအတိုင်း ကျန်နေမှာပဲလေ ။ ခုက ဒီ line အပေါ်က ကိစ္စလေး နည်းနည်း ရှင်းကြတာပေါ့ ။
အရင်ဦးဆုံး မဟော်သဓာ အကြောင်းကို မှတ်ကြတာပေါ့ ။ ဒါကလည်း အကြမ်းဖျင်း သမိုင်းကို မှတ်ပါ ။ မြတ်စွာဘုရား က Bc ၅၀၀ လောက်မှာ ပွင့်တယ် ။ သံဂါယနာ တင်တာတွေ ထည့်ပေါ့ ။ အာသောကမင်းက Bc 300 လောက်မှာ ပေါ်တယ် ။ ဘာပဲဖြစ်ဖြစ် သမိုင်းမှာ Bc သုံးလေးရာ အတွင်းက မဟော်သဓာအကြောင်း ထိတွေ့ခွင့်ရတယ်ပေါ့ ။ ဒါဆို ကျွန်တော်တို့ စော်လမွန်မင်းရဲ့ စာပေမှတ်တမ်းကို ရှာကြည့်ကြမယ် ။
စောလမွန်ဘုရင်က Bc 800 , 900 လောက်မှာ ပေါ်ပေါက်တယ်လို့ဆိုတယ် ။ သူက ဣသရေလ အမျိုးသားတို့ရဲ့ လက်မွန်ဘုရင်တွေထဲက ဒါဝိဒ်(ဒေးဗစ်) ပြီးတော့ သူဖြစ်တယ် ။ သူကတော့ ထင်ပေါ်ကျော်ကြားဆုံးပဲ ။
ဒါကိုခဏထား ဒီဘုရင်အကြောင်းကို သမ္မာကျမ်းသမိုင်းကို ပြန်ကြည့်မယ် ။ သမ္မာကျမ်းမှာ ကျမ်းသစ် ကျမ်းဟောင်း နှစ်ခုပေါ့ ။ ကျမ်းဟောင်းကို အတည်ပြုရမယ် ။ ဘာကြောင့်အတည်ပြုလဲဆိုတာကို ရှင်းနေရင်လည်း ပြီးတော့မှာမဟုတ်ဘူး ။ ဒါကြောင့် ကျမ်းသစ် ကျမ်းဟောင်းမှာ ကျမ်းဟောင်းကို ယူတယ်လို့ ပြောမယ် ။
အဲ့တော့ကာ သမ္မာကျမ်းကို ဂျူးတွေက Bc ၁၃၀၀ လောက်ကတည်းက ရေးကြတယ်လို့ ပြောကြတယ် ။ အဲ့ထဲက (တနခ) ကျမ်းမှာဆိုရင် ကမ္ဘာဖန်ဆင်းတဲ့အကြောင်း ၊ လူမျိုး အကြီးအကဲပေါ်ပေါက်တဲ့အကြောင်း နောက်ပြီး အီဂျစ်လက်အောက်ကျရောက် ကျွန်ဖြစ်တဲ့အကြောင်းတွေပါတယ်လို့ဆိုတယ် ။ ကြားထဲမှာလဲ ဖြစ်ပျက်ခဲ့တာတွေအများကြီးပေါ့ ။ အဲ့ ကျမ်းပါစောလမွန်အချက်အလက်တွေကို ပြန်ရှာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။
အခု တင်ထားတဲ့ စာပေက Bc ၁၀၀ မှာ ဣသရေလအမျိုးသား ရဗ္ဗိ(ရက်ဘိုင်)လို့ခေါ်တဲ့ ဓမ္မကထိကတွေက အတည်ပြုထားတဲ့ ဓမ္မကျမ်းဟောင်းတွေဖြစ်တယ် ။ ပိုပြီး သိချင်ဖတ်ချင်ရင် ကမ္ဘာ့စာပေအညွှန်းကျမ်း ရဲ့ စာ ၂၄၁ ကနေ ၂၄၈ မှာ ရှာကြည့်နိုင်ပါတယ် ။
ဒါကြောင့် စောလမွန်ဘုရင်သမိုင်းမှာ အာရှအနောက်ပိုင်းရဲ့ အငွေ့အသတ်ပါတယ် ။ ဘာကြောင့်လဲဆို ဣသရေလအမျိုးသားတို့ဟာ ဗာဗုလုန်(ဗက်ဗီလုန်) လက်အောက်ကိုရောက်တော့ နိုင်ငံအနှံ့အပြားကို လှည့်လည်သွားလာတဲ့သူတွေဖြစ်တယ် ။ အာရှအနောက်ပိုင်းကို သူတို့တွေ ရောက်ကြတယ် ။ ယဉ်ကျေးမှုဆိုတာ ဒီလိုပဲ ပျံ့နှံ့ပါတယ် ။ ကုန်သွယ်ရင်းနဲ့ ပျံ့နှံ့သလို သိမ်းပိုက်ဖျက်ဆီးရင်းနဲ့လဲ ပျံ့နှံ့တယ် ။ ချစ်ကြည်ရေးကြောင့်လဲ ပျံ့နှံ့တာပဲ ။
ဒါကြောင့်စာဖတ်သူတွေက သိရမှာ မဟော်သဓာအကြောင်းကို Bc ၃ , ၄ ရာလောက်မှာ တွေ့ရမှာဖြစ်ပြီး စောလမွန်ဘုရင်သမိုင်းကို Bc ၁၀၀ မှာ တွေ့မှာဖြစ်တယ် ။ ရည်ညွှန်းပုဂ္ဂိုလ်တွေ ပေါ်ပေါက်ချိန်ကြည့်ရင် အဟောအပြောတိုင်း အတည်ဆိုရင်တော့ မဟော်သဓာက ပိုရှေးကျချက်က မပြောပလောက်အောင်ပဲ :D ( ဘုရားအလောင်းလျာဆိုတော့လေ) ။ စောလမွန်ဘုရင်ကတော့ Bc 800 , 900 လောက်မှာ ပေါ်တယ် ။
သမိုင်းမှတ်တမ်းအတည်ပြတာက မဟော်သဓာက Bc 300 , 400 ပြပြီး စောလမွန်က Bc 100 ပြတယ် ။ ကဲ ဒီလောက်ဆို နားလည်ပြီထင်တယ် ။ ဒီ post ဟာ မဟော်သဓာကို တကယ် ရှိ , မရှိ ပြောခြင်းမဟုတ်ပါ ။
ဗဟုသုတ ရကြပါစေခင်ဗျာ ။
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment