Skip to main content

ျမန္မာ့ေျမေပၚက ရုပ္ကြ်င္းမ်ား



zawgyi -

ျမန္မာ့ေျမေပၚမွ လူတူပ႐ိုင္းမိတ္မ်ား ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ ပ႐ိုင္းမိတ္(Primates) သည္ ဘူမိေဗဒ၊ ေရွးေဟာင္းသုေတသနႏွင့္ မႏုႆေဗဒအပါအဝင္ ပညာရပ္ နယ္ပယ္မ်ားမွ ပညာရွင္မ်ားႏွင့္သုေတသီမ်ား စိတ္ဝင္စားသည့္ ေက်ာ႐ိုးရွိ သတၱဝါမ်ိဳးစိတ္တစ္ခုမွ လူသားမ်ားအဆင့္သို႔ ဆင့္ကဲေျပာင္းလဲလာမႈ၏ မူလျဖစ္သည္။ ထို႔ေၾကာင့္ လူသားမ်ိဳးႏြယ္မ်ား၏ မူလအစကို ေဖာ္ထုတ္ႏိုင္ရန္ ပညာရွင္မ်ားသည လူတူပ႐ိုင္းမိတ္ ႐ုပ္ႂကြင္းမ်ားကို ရွာေဖြေလ့လာ ခဲ့ၾကသည္။ ပ႐ိုင္းမိတ္သည္ လက္တင္ဘာသာ (Primus) မွ ဆင္းသက္လာကာ ပထမဆုံးဟု အဓိပၸာယ္ရွိ၍ သတၱေလာကတြင္ အသိဉာဏ္ပညာ ပထမဆုံးဖြံ႕ ၿဖိဳးတိုးတက္ခဲ့သည့္ သတၱဝါဟု ဆိုလိုသည္။ ပ႐ိုင္းမိတ္တြင္ အဆင့္နိမ့္ပ႐ိုင္းမိတ္ႏွင္ အဆင့္ျမင့္ ပ႐ိုင္းမိတ္ဟုရွိရာ လူ၊ လူဝံ၊ ေမ်ာက္ဝံတို႔သည္ အဆင့္ျမင့္ ပ႐ိုင္းမိတ္မွ ဆင္းသက္လာၾကၿပီး လူတူပ႐ိုင္းမိတ္ ဟုလည္း ေခၚဆိုသည္။ ေယဘုယ် အားျဖင့္ အဆင့္နိမ့္ပ႐ိုင္းမိတ္တြင္ အံသြားသုံးေခ်ာင္းရွိၿပီး အဆင့္ျမင့္ပ႐ိုင္းမိတ္တြင္ အံသြားႏွစ္ေခ်ာင္း ပါရွိသည္။ ျမန္မာႏိုင္ငံ၏ ေတာင္စဥ္ေတာင္တန္းမ်ားႏွင့္ ေျမသားထုသည္ လြန္ခဲ့သည့္ ႏွစ္ သန္း ၅၀၀ မွ စ၍ တစ္ဆင့္ၿပီးတစ္ဆင္ ေျပာင္းလဲ ျဖစ္ေပၚလာခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံအတြင္း လူသားမ်ားျဖစ္လာမည့္ ပ႐ိုင္းမိတ္မ်ား ေနထိုင္ခဲ့သည့္ အေထာက္အထားမ်ားကို ေတြ႕ရွိခဲ့သည္။ ▲မ်ိဳးစိတ္တို႔၏ မူလအစ▲ ဤကမာၻေျမေပၚတြင္ လူသားမ်ားသည္ မည္သည့္အခ်ိန္က မည္သို႔ စတင္ျဖစ္ေပၚခဲ့သည္ကို မေလ့လာ ႏိုင္ေသးမီ ၁၈ ရာစုအထိ လူအမ်ားက လူသားမ်ားကို ဘုရားသခင္ဖန္တီးခဲ့ သည္ဟူသည့္ အယူအဆကို လက္ခံခဲ့ၾကသည္။ သို႔ေသာ္ ၁၈၅၆ ခုႏွစ္တြင္ ဂ်ာမနီႏိုင္ငံ၌ နင္းဒါသယ္(Neanderthal) ေခၚ ေရွးဦးလူ အ႐ိုးစုတစ္ခုကို ေတြ႕ရွိခဲ့ၿပီးေနာက္ အာရွ၊ ဥေရာပႏွင့္ အာဖရိကေဒသမ်ားတြင္ လူသားမ်ိဳးႏြယ္၏ အရင္းမူလကို ေဖာ္ထုတ္ႏိုင္မည့္ အေထာက္အထားမ်ားကို ရွာေဖြခဲ့ၾကသည္။ ၁၈၅၉ ခုႏွစ္တြင္ ၿဗိတိသၽွႏိုင္ငံမွ သဘာ၀ေလာက သိပၸံပညာရွင္ ခ်ားစ္ဒါဝင္က “မ်ိဳးစိတ္တို႔၏ မူလအစ(The Origin of Spieces) စာအုပ္ကို ေရးသားထုတ္ေဝခဲ့ရာ ကမာၻတစ္ဝန္း ပညာရွင္မ်ား အၾကား ေဝဖန္မႈမ်ိဳးစုံ ထြက္ေပၚခဲ့သည္။ လူသည္ ဖန္ဆင္းခံျဖစ္သည္ ဟူေသာ အစဥ္အလာ အယူအဆမွ ခြဲထြက္လ်က္ လူသည္ ေက်ာ႐ိုးရွိသတၱဝါတစ္မ်ိဳးမွ ဆင့္ကဲေျပာင္းလဲ ဖြံ႕ၿဖိဳးလာျခင္း သာ ျဖစ္ေၾကာင္း အယူအဆအသစ္တစ္ရပ္ကို ေဖာ္ထုတ္ခဲ့သည့္ ခ်ားစ္ဒါဝင္၏ စာအုပ္ထြက္ခဲ့ခ်ိန္က ေဝဖန္ျငင္းခုံခဲ့ၾကေသာ္လည္း ေနာက္ပိုင္းတြင္ လူမ်ိဳးႏြယ္ ဆင့္ကဲျဖစ္စဥ္ကို အတည္ျပဳႏိုင္မည့္ ေက်ာက္ျဖစ္႐ုပ္ႂကြင္းမ်ားကို ေတြ႕ရွိခဲ့ၾကသည္။ ▲လူတူပ႐ိုင္းမိတ္ (Anthropoid Primate) အယူအဆမ်ား▲ ဂရိေဝါဟာရ Anthropoid သည္ Anthro (လူ)၊ poid (တူ)၊ လူတူဟု အဓိပၸာယ္ရွိသည္။ လူတူ ပ႐ိုင္းမိတ္မ်ားသည္ အျခားႏို႔တိုက္သတၱဝါမ်ားထက္ ဦးေႏွာက္အိမ္ ပိုမိုႀကီးမားကာ မ်က္လုံးမ်ားသည္ မ်က္ႏွာေရွ႕တြင္ရွိသျဖင့္ ေရွ႕တည့္တည့္သို႔ ၾကည့္ျမင္ႏိုင္သည္။ ျပားကပ္ေသာ ေျခသည္းလက္သည္း မ်ားပါရွိသည့္ ေျခေခ်ာင္းႏွင့္ လက္ငါးေခ်ာင္းစီ ပါဝင္ေသာ ေျခလက္မ်ားကို အလြယ္တကူ လႈပ္ရွားႏိုင္ျခင္းႏွင့္ ေမး႐ိုးသည္ေရွ႕သို႔ ေငါထြက္မေနဘဲ တည့္မတ္ေနျခင္းတို႔သည္ အျခားႏို႔တိုက္ သတၱဝါမ်ားထက္ ပိုမိုထူးျခားသည့္ လူတူ ပ႐ိုင္းမိတ္မ်ား၏ လကၡဏာမ်ားျဖစ္ၾကသည္။ လြန္ခဲ့သည့္ ႏွစ္သန္း ၅၀ က အာဖရိကတိုက္၊ ဥေရာပတိုကႏွင့္ အာရွတိုက္တို႔တြင္ လူတူပ႐ိုင္းမိတ္ မ်ား စတင္ေပၚေပါက္ ခဲ့သည္။ အာရွတိုက္တြင္ လူတူပ႐ိုင္း မိတ္ မ်ားသည္ လြန္ခဲ့ သည့္ ႏွစ္သန္း ၄၀ တြင္ စတင္ေပၚေပါက္ခဲ့၍ ဆင့္ကဲေျပာင္းလဲ မႈမ်ား ျဖစ္ေပၚခဲ့ၿပီးေနာက္ လြန္ခဲ့သည့္ ႏွစ္ ႏွစ္သန္းခြဲတြင လူသားမ်ားအဆင့္သို႔ ေရာက္ရွိခဲ့သည္။ ထို႔ေၾကာင့္ ကမာၻေျမေပၚ၊ ေျမေအာက္တြင္ ေတြ႕ရွိရသည့္ လူတူ ပ႐ိုင္းမိတ္ေက်ာက္ျဖစ္႐ုပ္ႂကြင္းမ်ားသည္ ဤကမာၻေျမ၌ အသက္ရွင္ေနထိုင္ေနၾက သည့္ လူသားမ်ား၏ မူလဇာစ္ျမစ္ကို ေလ့လာရာတြင္ အဓိကက႑မွ ပါဝင္ေနေပသည္။ လူတူ ပ႐ိုင္းမိတ္ (Anthropoid Primates) မ်ားသည္ ကမာၻသစ္ႏွင့္ ကမာၻေဟာင္းတြင္ စတင္ျဖစ္ေပၚခဲ့သည္ဟု ယူဆခဲ့ၾကရာ ကမာၻသစ္သည္ ေတာင္ႏွင့္ေျမာက္ အေမရိကတိုက္ ျဖစ္၍ ကမာၻေဟာင္းသည္ အာရွ၊ ဥေရာပႏွင့္ အာဖရိကတိုက္ ျဖစ္သည္။ လူ၊ လူဝံ၊ ေမ်ာက္၊ ေမ်ာက္ဝံမ်ား သည္ ကမာၻေဟာင္းတြင္ စတင္ျဖစ္ေပၚခဲ့၍ ႏို႔တိုက္သတၱဝါမ်ား၏ မ်ိဳးႏြယ္စုဟု ယူဆၾကသည့္ ပီလိုင္ကိုေစာ တြားသြားသတၱဝါငယ္မ်ား သည္ လြန္ခဲ့ေသာ ႏွစ္သန္း ၂၀၀ ဝန္းက်င္မွ စ၍ ကၻာေျမျပင္ ေပၚတြင္ တည္ရွိခဲ့ၾကသည္။ ယင္းတို႔သည္ အဆင့္ဆင့္ေျပာင္းလဲခဲ့ၿပီး ကမာၻသစ္ေမ်ာက္ႏွင့္ ကမာၻေဟာင္း ေမ်ာက္ဟူ၍ ႏွစ္မ်ိဳး ကြဲျပားခဲ့သည္။ ကမာၻေဟာင္း ေမ်ာက္မ်ားသည္ လူသားမ်ိဳး ႏြယ္ႏွင့္ တိုက္႐ိုက္ဆက္စပ္ေနသည္ဟု ပညာရွင္မ်ားက ယူဆၾကၿပီး ယင္းတို႔သည္ လြန္ခဲ့ေသာ ႏွစ္ သန္း ၃၀ မွ ႏွစ္ ငါးသိန္းအတြင္း ကနဦးလူသား Homo Sapien မ်ား အဆင့္သို႔ တိုးတက္ေျပာင္း လဲခဲ့သည္။ လူသား၏ မူလဇာစ္ျမစ္ကို ေလ့လာမႈတြင္ လူႏွင့္ေမ်ာက္အၾကား ကြင္းဆက္ျပတ္ေနသည့္ ကြဲျပားျခား နားမႈ (Missing Link) ကို ၁၉၇၄ ခုႏွစ္တြင္ ေတြ႕ရွိခဲ့သည္။ မႏုႆေဗဒပညာရွင္ ေဒၚနယ္ဂ်ိဳဟန္ဆင္ သည္ အီသီယိုးပီးယားႏိုင္ငံတြင္ ၆၀ ရာခိုင္ႏႈန္းပ်က္စီးေနသည့္ ထူးျခားေသာ ပ႐ိုင္းမိတ္အ႐ိုးစု တစ္ခုကို ေတြ႕ရွိခဲ့ရာ ယင္း႐ုပ္ႂကြင္းသည္ အရပ္သုံးေပခြဲသာ ျမင့္ေသာ္လည္း ဒူးဆစ္မ်ား၏ ဖြဲ႕စည္းပုံ အေနအထားအရ လူ၏သြင္ျပင္ လကၡဏာအတိုင္း မတ္မတ္လမ္းေလၽွာက္ခဲ့ ေၾကာင္း ေဖာ္ထုတ္ႏိုင္ ခဲ့သည္။ ေဒၚနယ္ဂ်ိဳဟန္ဆင္က ယင္းပ႐ိုင္းမိတ္႐ုပ္ႂကြင္းကို လူစီဟု အမည္ေပးခဲ့သည္။ လူစီသည္ လူတစ္ေယာက္ထက္ ေမ်ာက္တစ္ေကာင္ႏွင့္ ပိုတူေနၿပီး လူစီ႐ုပ္ႂကြင္း၏ သက္တမ္းသည္ လြန္ခဲ့ေသာ ႏွစ္ ၃ ဒသမ ၉သန္းျဖစ္သည္။ ေနာက္ပိုင္းတြင္ အ႐ိုးစုမ်ား၊ ဦးေခါင္းခြံမ်ားကို အျပည့္အစုံ ေတြ႕ရွိခဲ့ၾကသျဖင့္ လူစီသည္ လူႏွင့္ ေမ်ာက္အၾကား ေပ်ာက္ဆုံးေနသည့္ ကြင္းဆက္ဟု ယူဆခဲ့ၾက သည္။ အေမရိကန္ သဘာ၀သမိုင္းျပတိုက္မွ ေအာ္လ္ဆင္ (Olson) သည္ ၁၉၀၆ ခုႏွစ္တြင္ အီဂ်စ္ႏိုင္ငံ ကိုင္႐ိုၿမိဳ႕အနီး ဆာဟာရ သဲကႏၲာရအစပ္ရွိ ဖာယြန္မွ ပ႐ိုင္းမိတ္ ေမး႐ိုးတစ္ခုကို ရရွိခဲ့ကာ Aegyptopithecus Zeuxis ဟုအမည္ ေပးခဲ့သည္။ ၁၉၆၄ ခုႏွစ္မွ ၁၉၆၆ ခုႏွစ္အတြင္း ေယးလ္တကၠသိုလ္မွ အယ္ဝင္ဆိုင္မြန္ (Elwyn Simons) ဦးေဆာင္သည့္ အဖြဲ႕က ယင္း႐ုပ္ႂကြင္းႏွင့္ မ်ိဳးတူ ဦးေခါင္းခြံ၊ အ႐ိုးမ်ားႏွင့္ ေမး႐ိုးမ်ားကို ထပ္မံေတြ႕ရွိခဲ့သည္။ ထို႐ုပ္ႂကြင္းသည္ လူႏွင့္ေမ်ာက္တို႔ စတင္ျဖစ္ေပၚခဲ့ေသာ အေစာဆုံး ပ႐ိုင္းမိတ္မ်ိဳးႏြယ္ျဖစ္ၿပီး သက္တမ္းႏွစ္သန္း ၃၀ ျဖစ္သည္။ ပညာရွင္မ်ားက ပ႐ိုင္းမိတ္႐ုပ္ႂကြင္း အဆင့္ဆင့္ကို ေတြ႕ရွိခဲ့သည့္ အာဖရိကတိုက္ကို ကမာၻေပၚတြင္ လူသားမ်ားစတင္ ျဖစ္တည္ရာေဒသအျဖစ္ ယူဆခဲ့ကာ လူမ်ိဳးႏြယ္၏ ပုခက္ေနရာဟု တင္စားခဲ့ ၾကသည္။ လူႏွင့္ ေမ်ာက္ျဖစ္လာမည့္ ေက်ာ႐ိုးရွိအဆင့္ျမင့္ ပ႐ိုင္းမိတ္မ်ားသည္ ဆင့္ကဲေျပာင္း လဲခဲ့ၿပီး အာဖရိကမွ ကမာၻေနရာအႏွံ႔သို႔ ေရာက္ရွိပ်ံ႕ႏွံ႔ခဲ့သည္ဟူသည့္ အယူအဆ (Out of Africa Theory)တစ္ရပ္ ထြက္ေပၚလာခဲ့သည္။ သို႔ေသာ္လည္း ၁၉၉၄ ခုႏွစ္က Nature မဂၢဇင္း၌ တ႐ုတ္ႏိုင္ငံ တြင္ ေတြ႕ရွိခဲ့သည့္ သက္တမ္းႏွစ္ ႏွစ္သိန္းငါးေသာင္းရွိသည့္ ေခတ္လူဦးေခါင္း ခြံသည္ ေခတ္ၿပိဳင္ အာရွသားမ်ားႏွင့္ ပုံသြင္ တူညီေနေၾကာင္း ေဖာ္ျပခ်က္က ယင္းအယူအဆကို ေျပာင္းလဲရန္ အစပ်ိဳးခဲ့သည္။ Science ဂ်ာနယ္တြင္လည္း အေမရိကန္ႏွင့္ အင္ဒိုနီးရွား ပညာရွင္မ်ားက ဂ်ာဗားကၽြန္းတြင္ ေတြ႕ရွိခဲ့သည့္ ေခါင္းခြံ႐ုပ္ႂကြင္းမ်ား၏ သက္တမ္းသည္ မူလသတ္မွတ္ထားသည့္ ႏွစ္တစ္သန္း မဟုတ္ဘဲ ႏွစ္ႏွစ္သန္းျဖစ္ေၾကာင္း ထုတ္ေဖာ္ႏိုင္ခဲ့ၾကသည္။ အေထာက္အထားအသစ္မ်ား ေတြ႕ရွိခဲ့ျခင္းႏွင့္အတူ ပညာရွင္မ်ားအၾကား ျငင္းခုံမႈမ်ားျဖစ္ပြားခဲ့ကာ အာဖရိက သီအိုရီကို စိန္ေခၚမႈမ်ား ေပၚေပါက္လာခဲ့သည္။ လူသားမ်ားသည္ အာဖရိကမွ စတင္ပ်ံ႕ႏွံ႔ ျခင္းမဟုတ္ဘဲ ကမာၻေနရာအႏွံ႔တြင္ တစ္ၿပိဳင္တည္း ျဖစ္ေပၚႏိုင္ခဲ့ေၾကာင္း အယူအဆမ်ား ထြက္ေပၚခဲ့ သည္။ ▲ျမန္မာ့ေျမမွ ပ႐ိုင္းမိတ္မ်ား▲ ျမန္မာႏိုင္ငံ၏ ပထမဆုံး လူတူပ႐ိုင္းမိတ္႐ုပ္ႂကြင္းကို ၁၉၁၄ ခုႏွစ္တြင္ အိႏၵိယႏိုင္ငံ ဘူမိေဗဒ တိုင္းတာ ေရးဌာနမွ ဘူမိေဗဒပညာရွင္ ေဒါက္တာေကာ့တာ (G.de.P.Cotter)က မေကြးတိုင္းေဒသႀကီး ပုံေတာင္ေဒသ ၿမိဳင္ၿမိဳ႕နယ္ ဖန္းကန္ ႐ြာအနီး က်စ္ေခ်ာင္မွ ေတြ႕ရွိခဲ့သည္။ (႐ြံ႕ေစးျပင္က်ယ္ေနရာ (Clay Gully) ကို က်စ္ေခ်ာင္ဟု ေခၚဆိုသည္။) အဆိုပါ လူတူပ႐ိုင္းမိတ္႐ုပ္ႂကြင္းသည္ ညာဘက္ ေအာက္ေမး႐ိုး အပိုင္းအစႏွင့္ အံသြားႏွစ္ေခ်ာင္းစီ ပါဝင္ေသာ ဘယ္ဘက္ေအာက္ႏွင့္ အထက္ေမး႐ိုး အပိုင္းအစတို႔ျဖစ္သည္။ ယင္းတို႔ကို အဂၤလိပ္ ေက်ာက္ျဖစ္႐ုပ္ႂကြင္းပညာရွင္ GE Pligrim က ပုံေတာင္ဂ်ီးယားေကာ္တာ႐ိုင္း(Pondaungia cotteri)ဟု အမည္ေပးခဲ့သည္။ ၁၉၂၃ခုႏွစ္တြင္ အေမရိကန္ သဘာ၀သမိုင္းျပတိုက္မွ ဘူမိေဗဒ ပညာရွင္ ေဒါက္တာဘာနမ္ဘေရာင္း (Barnum Brown)သည္ မုံ႐ြာခ႐ိုင္ ပုလဲၿမိဳ႕နယ္ မိုးေကာင္း ႐ြာအနီးမွ ပ႐ိုင္းမိတ္႐ုပ္ႂကြင္း ေအာက္ ေမး႐ိုး အပိုင္းအစတစ္ခုကို ထပ္မံေတြ႕ရွိခဲ့သည္။ သို႔ေသာ္ ၁၉၆၄ ခုႏွစ္မွ ၁၉၆၆ ခုႏွစ္အတြင္း အီဂ်စ္ႏိုင္ငံတြင္ သက္တမ္း ႏွစ္သန္း ၃၀ ရွိသည့္ ႐ုပ္ႂကြင္းကို ေတြ႕ရွိခဲ့သျဖင့္ ျမန္မာ့ပ႐ိုင္း မိတ္မ်ားသည္ ထင္ရွားျခင္း မရွိခဲ့ေခ်။ ၁၉၇၈ ခုႏွစ္ ဧၿပီလတြင္ မႏၲေလးတကၠသိုလ္ ဘူမိေဗဒဌာနမွ ကထိက ဦးဘေမာ္ႏွင့္ ေက်ာင္းသူ ေက်ာင္းသားမ်ားသည္ စစ္ကိုင္းတိုင္းေဒသႀကီး ပုံေတာင္ေဒသ မိုးေကာင္း ေက်း႐ြာအနီးမွ ပ႐ိုင္းမိတ္ ေက်ာက္ျဖစ္႐ုပ္ႂကြင္း ႏွစ္ခုျဖစ္သည့္ ပုံေတာင္ဂ်ီးယား ႐ုပ္ႂကြင္း အံသြားႏွင့္ မိုးေကာင္းဂ်င္းနစ္႐ုပ္ႂကြင္း အံသြားတို႔ကို ေတြ႕ရွိခဲ့သည္။ ထိုႏွစ္ စက္တင္ဘာလတြင္ မႏၲေလးတကၠသိုလ္ ဘူမိေဗဒဌာနမွ ကထိက ဦးေသာ္တင့္ကလည္း ပုံေတာင္ဂ်ီးယား ေမး႐ိုးအပိုင္း ႏွစ္ခုကို ေတြ႕ရွိခဲ့သည္။ ဦးဘေမာ္ႏွင့္ ဦးေသာ္တင့္တို႔ ေတြ႕ရွိခဲ့သည့္ ပ႐ိုင္းမိတ္ ေက်ာက္ျဖစ္႐ုပ္ႂကြင္းေလး ခုကို ၁၉၉၇ ခုႏွစ္တြင္ အမ်ိဳးသားျပတိုက္ (ရန္ကုန္)သို႔ လႊဲေျပာင္းေပးအပ္ခဲ့ၿပီးေနာက္ ေက်ာက္ျဖစ္႐ုပ္ႂကြင္းမ်ားကို ပိုမိုျပည့္ျပည့္စုံစုံ ရရွိႏိုင္ေစရန္ ႏိုင္ငံေတာ္ အစိုးရက“ပုံေတာင္ပ႐ိုင္းမိတ္ ရွာေဖြေလ့လာေရးအဖြဲ႕ကို ဖြဲ႕စည္းခဲ့သည္။ ယင္းအဖြဲ႕က ေက်ာက္ျဖစ္႐ုပ္ႂကြင္းေလ့လာ ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့ရာ ၿမိဳင္ၿမိဳ႕နယ္ ဗဟင္းေက်း႐ြာအနီး ယာရွည္က်စ္ေခ်ာင္မွ သြားတန္းအျပည့္နီးပါး ပါရွိေသာ ေအာက္ ေမး႐ိုးတစ္စုံကို ၁၉၉၈ ခုႏွစ္တြင္ ေတြ႕ရွိခဲ့သည္။ ျမန္မာႏိုင္ငံတြင္ ရွာေဖြေတြ႕ရွိခဲ့ေသာ ပ႐ိုင္းမိတ္ ႐ုပ္ႂကြင္း မ်ားႏွင့္စပ္လ်ဥ္းသည့္ အလုပ္႐ုံေဆြးေႏြးပြဲ တစ္ရပ္ကို ရန္ကုန္တကၠသိုလ္ စိန္ရတု ခန္းမတြင္ က်င္းပခဲ့ရာ တက္ေရာက္လာၾကသည့္ ေက်ာက္ျဖစ္႐ုပ္ႂကြင္း ပညာရွင္မ်ား၊ ဘူမိေဗဒ ပညာရွင္မ်ားႏွင့္ မႏုႆေဗဒ ပညာရွင္မ်ားက ယင္း႐ုပ္ႂကြင္းမ်ားသည္ လူတူပ႐ိုင္းမိတ္မ်ားျဖစ္ေၾကာင္း လက္ခံခဲ့ၾကသည္။ ဆက္လက္၍ ပုံေတာင္ပ႐ိုင္းမိတ္ ရွာေဖြေလ့လာေရး အဖြဲ႕သည္ ႏိုင္ငံတကာ ေက်ာက္ျဖစ္႐ုပ္ႂကြင္း ပညာရွင္မ်ားအား ဖိတ္ေခၚ၍ အဆင့္ျမင့္ ပ႐ိုင္းမိတ္ေက်ာက္ျဖစ္႐ုပ္ႂကြင္း သုေတသန လုပ္ငန္းမ်ားကို ျပဳလုပ္ခဲ့သည္။ ျမန္မာ အေမရိကန္၊ ျမန္မာ ဂ်ပန္၊ ျမန္မာ ျပင္သစ္ ပ႐ိုင္းမိတ္ေက်ာက္ျဖစ္႐ုပ္ႂကြင္း ေလ့လာေရးအဖြဲ႕မ်ားသည္ ကြင္းဆင္းသုေတသန လုပ္ငန္းမ်ားကို ၁၉၉၈ ခုႏွစ္မွ စတင္၍ ေဆာင္႐ြက္ခဲ့သည္။ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန(ထိုစဥ္က ယဥ္ေက်းမႈဝန္ႀကီး ဌာန)သည္ ၂၀၀၄ ခုႏွစ္တြင္ ပုံေတာင္ပ႐ိုင္းမိတ္ ရွာေဖြေလ့လာေရးလုပ္ငန္းကို စစ္မဟာဗ်ဴဟာ ေလ့လာေရးဌာနထံမွ လႊဲေျပာင္းရယူကာ ၂၀၀၅ ခုႏွစ္မွ ယေန႔တိုင္ ေဆာင္႐ြက္လ်က္ ရွိေနသည္။ ▲ပုံေတာင္ပ႐ိုင္းမိတ္▲ ပညာရွင္မ်ားသည္ ျမန္မာႏိုင္ငံ ပုံေတာင္ေဒသမွ ေတြ႕ရွိခဲ့သည့္ လူတူပ႐ိုင္းမိတ္ ႐ုပ္ႂကြင္းမ်ားကို ပုံေတာင္ဂ်ီးယားမ်ိဳးစု (Pondaungia)၊ အမ္ဖီပီသီး ကပ္မ်ိဳးစု(Amphiptithecus)၊ ဗဟင္းနီးယားမ်ိဳးစု (Bahinia)ႏွင့္ ျမန္မာပီသီးကပ္မ်ိဳးစု (Myanmar Pithecus) ဟု ခြဲျခားသတ္မွတ္ခဲ့သည္။ ပုံေတာင္ဂ်ီးယား ပ႐ိုင္းမိတ္မ်ားကို ၁၉၁၄ ခုႏွစ္၊ ၁၉၇၈ ႏွစ္ႏွင့္ ၁၉၉၇ ခုႏွစ္တို႔တြင္လည္းေကာင္း၊ အမ္ဖီပီသီးကပ္ ပ႐ိုင္းမိတ္မ်ားကို ၁၉၂၃ ခုႏွစ္ႏွင့္ ၁၉၉၇ ခုႏွစ္တို႔တြင္လည္းေကာင္း၊ ဗဟင္းနီးယား ပ႐ိုင္းမိတ္ႏွင့္ ျမန္မာပီသီးကပ္ ပ႐ိုင္းမိတ္မ်ားကို ၁၉၉၈ ခုႏွစ္တြင္လည္းေကာင္း ေတြ႕ရွိခဲ့သည္။ ဘူမိေဗဒပညာရွင္မ်ားက ယင္းပုံေတာင္ပ႐ိုင္းမိတ္႐ုပ္ႂကြင္းမ်ား၏ သက္တမ္းသည္ ႏွစ္သန္း ၄၀ ျဖစ္ေၾကာင္း ယူဆခဲ့ၾကသည္။ ပုံေတာင္ပ႐ိုင္းမိတ္ ေတြ႕ရွိမႈမ်ားကို ျပည္သူမ်ား က်ယ္က်ယ္ျပန္႔ျပန္႔ သိရွိႏိုင္ၾကေစရန္ ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာလ ၃၀ ရက္တြင္ အမ်ိဳးသားျပတိုက္(ရန္ကုန္)၌ ျမန္မာႏိုင္ငံ ပုံေတာင္ေက်ာက္လႊာစု ႏွင့္ ဧရာ၀တီေက်ာက္လႊာစုတို႔ရွိ ပ႐ိုင္းမိတ္ ေက်ာက္ျဖစ္႐ုပ္ႂကြင္းမ်ားႏွင့္ ပတ္သက္၍ သုေတသနျပဳ ေလ့လာေတြ႕ရွိခ်က္မ်ားအေၾကာင္း ျပည္တြင္းျပည္ပ ပညာရွင္မ်ား၏ ေဟာေျပာပြဲတစ္ရပ္ကို က်င္းပခဲ့ သည္။ ပုံေတာင္မွ ေတြ႕ရွိခဲ့ရသည့္ ပ႐ိုင္းမိတ္႐ုပ္ႂကြင္းမ်ားသည္ အီယိုဆင္း သက္တမ္းကာလ ေျမလႊာတြင္ ေတြ႕ရွိခဲ့ရသျဖင္ သက္တမ္း ႏွစ္သန္း ၄၀ ရွိေၾကာင္း စစ္ေဆး အတည္ျပဳခဲ့သည္။ ထိုစဥ္က ကမာၻတြင္ သက္တမ္းအရင့္ဆုံးဟု သတ္မွတ္ထားခဲ့ေသာ ပ႐ိုင္းမိတ္သည္ သက္တမ္း ႏွစ္ သန္း ၃၀ သာရွိသျဖင့္ ပုံေတာင္ပ႐ိုင္းမိတ္႐ုပ္ႂကြင္းမ်ားက ႏွစ္ ၁၀ သန္း ေစာေနခဲ့ေပသည္။ ၁၉၉၇ ခုႏွစ္ မတ္လ ၂၁ ရက္ထုတ္ တိုင္းမ္ မဂၢဇင္းတြင္ လြန္ခဲ့ေသာ ႏွစ္သန္း ၄၀ မွ အဆင့္ျမင့္ ပ႐ိုင္းမိတ္ ႐ုပ္ႂကြင္းမ်ားကို ျမန္မာႏိုင္ငံတြင္ေတြ႕ရွိ ဟူသည့္ သတင္းကို ေဖာ္ျပခဲ့သျဖင့္ လူသား၏ ဇာစ္ျမစ္မူလသည္ အာဖရိကဟု ယူဆထားၾကရာမွ ျမန္မာႏိုင္ငံ ျဖစ္လာခဲ့သည္။ ထို႔အတူပင္ ၁၉၉၇ ခုႏွစ္ ေမလ ၈ ရက္ေန႔ထုတ္ The Boston Globe သတင္းစာက လူသားမ်ား၏ ဇာတိေနရာ အာရွမွာေတြ႕ၿပီဟု ေခါင္းစည္းတပ္ထားသည့္ ေဆာင္းပါးကိုေဖာ္ျပခဲ့သည္။ ေအးရွားဝိခ္မဂၢဇင္းက ျမန္မာ့ေမး႐ိုးမ်ားက လာရာလမ္းကို ၫႊန္ျပေနၿပီ ဟုလည္းေကာင္း၊ တိုင္းမ္မဂၢဇင္းက ၁၉၉၇ ခုႏွစ္ ဩဂုတ္ လ ၅ ရက္တြင္ ျမန္မာ့အ႐ိုးမ်ားက အာဖရိက ဇာစ္ျမစ္ကို စိန္ေခၚလိုက္ၿပီ ဟုလည္းေကာင္း ေဖာ္ျပခဲ့ၾကသည္။ ၁၉၉၇ ခုႏွစ္ ႏိုဝင္ဘာလထုတ္ Nature မဂၢဇင္းက ကမာၻေပၚတြင္ ေတြ႕ရွိၿပီးသမၽွ အဆင့္ျမင့္ ပ႐ိုင္းမိတ္႐ုပ္ႂကြင္းမ်ားအနက္ ျမန္မာႏိုင္ငံတြင္ ေတြ႕ရွိခဲ့သည့္ ပ႐ိုင္းမိတ္႐ုပ္ႂကြင္းမ်ား သည္ အေစာဆုံးျဖစ္ေၾကာင္း အတည္ျပဳခဲ့သည္။ ၂၀၀၈ ခုႏွစ္က အိႏၵိယႏိုင္ငံ မြန္ဘိုင္းတြင္ေတြ႕ရွိခဲ့သည့္ ပ႐ိုင္းမိတ္သည္ ႏွစ္ ၄၂ သန္းရွိၿပီဟု ထုတ္ျပန္ခဲ့ေသာ္လည္း ယင္းပ႐ိုင္းမိတ္သည္ လူတူပ႐ိုင္းမိတ္ မဟုတ္သျဖင့္ ျမန္မာႏိုင္ငံမွ ေတြ႕ရွိထား သည့္ လူတူပ႐ိုင္းမိတ္ ႐ုပ္ႂကြင္းသည္ သက္တမ္းအရင့္ဆုံး ျဖစ္ခဲ့သည္။ ေရွးဦးလူတူ ပ႐ိုင္းမိတ္မ်ား သည္ အာရွတိုက္၌ စတင္ဆင့္ကဲျဖစ္ေပၚ၍ ေနာက္ပိုင္းတြင္ အာဖရိကတိုက္သို႔ ေ႐ႊ႕ေျပာင္း ဝင္ေရာက္ခဲ့သည္ ဟူေသာအခ်က္ကို Afrasia djijidae ေက်ာက္ျဖစ္႐ုပ္ႂကြင္းကို အေျခခံ၍ သက္ေသျပ ႏိုင္ဖြယ္ရွိေၾကာင္း ျပင္သစ္ႏိုင္ငံ ပြန္တီယာတကၠသိုလ္မွ သိပၸံပညာရွင္တစ္ဦးက ေျပာၾကားခဲ့သည္။ လူသားမ်ိဳးႏြယ္၏ အစကိုရွာေဖြေဖာ္ထုတ္ရာတြင္ အလြန္အေရးပါသည့္ လူတူပ႐ိုင္းမိတ္ ေက်ာက္ျဖစ္ ႐ုပ္ႂကြင္းမ်ားကို ျမန္မာႏိုင္ငံ ပုံေတာင္ေက်ာက္လႊာစုမ်ားအတြင္းမွ ရွာေဖြေတြ႕ရွိခဲ့ရာ ယင္းတို႔၏ သက္တမ္းသည္ ႏွစ္ေပါင္း ၃၇ ဒသမ ၂ သန္းမွ ႏွစ္သန္း ၄၀ အၾကားျဖစ္သည္။ အလြန္ ေရွးက်ေသာ လူတူပ႐ိုင္းမိတ္ ေက်ာက္ျဖစ္႐ုပ္ႂကြင္းမ်ားကို ျမန္မာႏိုင္င္အတြင္း ေတြ႕ရွိရသည့္အတြက္ လူသား မ်ိဳးႏြယ္အစသည္ ျမန္မာႏိုင္ငံအပါအဝင္ အာရွေဒသမွ ျဖစ္သည္ဆိုေသာ အဆိုသည္ ပိုမိုခိုင္မာလာ သည္ႏွင့္အမၽွ လူသားအစ၊ ျမန္မာကဟု ဂုဏ္ယူႏိုင္ၾကမည္ျဖစ္ေပသည္။ သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာနသည္ စဥ္ဆက္မျပတ္ေသာျမန္မာ့ယဥ္ေက်းမႈသမိုင္းကို ေဖာ္ထုတ္ျပသႏိုင္ရန္ ေနျပည္ေတာ္ႏွင့္ ရန္ကုန္ရွိ အမ်ိဳးသားျပတိုက္တို႔တြင္ ပ႐ိုင္းမိတ္ႏွင့္ ေက်ာက္ျဖစ္႐ုပ္ႂကြင္း ျပခန္း တစ္ခုစီကို ဖြင့္လွစ္ျပသထားသည္။ ယင္း ျပခန္းမ်ားတြင္ လူသားအစျမန္မာက ဟု ဂုဏ္ယူၾကရမည့္ လြန္ခဲ့ေသာ ႏွစ္သန္း ၄၀မွ ေက်ာက္ျဖစ္႐ုပ္ႂကြင္းမ်ားကို ေလ့လာႏိုင္ၾကသည္။ ▲ေနာက္ဆက္တြဲ ပ႐ိုင္းမိတ္သုေတသနမ်ား▲ ျမန္မာႏိုင္ငံတြင္ ေက်ာက္ျဖစ္႐ုပ္ႂကြင္းမ်ား ရွာေဖြျခင္းလုပ္ငန္းမ်ားကို ဂ်ပန္ႏိုင္ငံႏွင့္ ပူးေပါင္း ေဆာင္႐ြက္ခဲ့ရာ ၂၀၁၃ ခုႏွစ္တြင္ ေပါက္၊ ပခုကၠဴ၊ ဆိပ္ျဖဴ၊ ျပင္ဦးလြင္ၿမိဳ႕နယ္တို႔မွ ပ႐ိုင္းမိတ္ အေပၚသြားသုံးခုကို ေတြ႕ရွိခဲ့သည္။ ဧရာ၀တီ ေက်ာက္လႊာစုမွလည္း ေရွးဦး ႀကံ႕၊ ဆင္၊ ကၽြဲ၊ ႏြား၊ ေရျမင္း၊ ဝက္တို႔၏ သြားႏွင့္ အပိုင္းအစမ်ား အပါအဝင္ေက်ာက္ျဖစ္ ႐ုပ္ႂကြင္း ၃၇၇ ခုကိုရရွိခဲ့သည္။ ထို႔အတူ ျပင္သစ္ႏိုင္ငံ ပြိဳင့္တီးေယး တကၠသိုလ္မွ ေက်ာက္ျဖစ္႐ုပ္ႂကြင္းပညာရွင္ ပါေမာကၡ Jeans Jacques JAE- GER ဦးေဆာင္ေသာ အဖဲြ႕သည္ ျမန္မာအဖဲြ႕ႏွင့္ ပူးေပါင္းကာ မေကြး၊ ေရနံေခ်ာင္း၊ ၿမိဳင္ၿမိဳ႕နယ္မ်ားႏွင့္ ကေလး၀ ေက်ာက္မီးေသြး တြင္းတို႔တြင္ ေက်ာက္ျဖစ္႐ုပ္ႂကြင္းမ်ား ရွာေဖြခဲ့သည္။ ထို႔အတူ ၂၀၁၅ ခုႏွစ္တြင္ ျမန္မာ - ဂ်ပန္ ေက်ာက္ျဖစ္႐ုပ္ႂကြင္း ရွာေဖြေလ့လာေရးအဖဲြ႕သည္ ဆိပ္ျဖဴၿမိဳ႕နယ္ ေဂြးပင္ေက်း႐ြာမွ ပ႐ိုင္းမိတ္ အေပၚ အံက်ိဳးတစ္ခုႏွင့္ ဧရာ၀တီ ေက်ာက္လႊာစုမွ ႏို႔တိုက္သတၱဝါ ေက်ာက္ျဖစ္႐ုပ္ႂကြင္းအပိုင္း အစမ်ားကို ေတြ႕ရွိစုေဆာင္းႏိုင္ခဲ့သည္။ ျမန္မာႏိုင္ငံသည္ လူသားမ်ိဳးႏြယ္စု ဆင့္ကဲေျပာင္းလဲမႈ ျဖစ္စဥ္တြင္ က်န္ရွိေနသည့္ ကြင္းဆက္ မ်ားႏွင့္ လူသားရင္းျမစ္အစကို ခိုင္မာစြာေဖာ္ထုတ္ႏိုင္ရန္ လူတူပ႐ိုင္းမိတ္ရွာေဖြျခင္း လုပ္ငန္းမ်ားကို ျပည္ပပညာရွင္အဖြဲ႕မ်ားႏွင့္ ပူးေပါင္းလ်က္ ႏွစ္စဥ္ေဆာင္႐ြက္လ်က္ရွိရာ ပိုမိုျပည့္စုံေသာ လူသားအစ ျမန္မာက အေထာက္ အထားမ်ားကို ေဖာ္ထုတ္လာႏိုင္မည္ ျဖစ္ေပသည္။

 ေမာင္သာ(ေရွးေဟာင္းသုေတသန)



unicoad -

မြန်မာ့မြေပေါ်မှ လူတူပရိုင်းမိတ်များ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ ပရိုင်းမိတ်(Primates) သည် ဘူမိဗေဒ၊ ရှေးဟောင်းသုတေသနနှင့် မနုဿဗေဒအပါအဝင် ပညာရပ် နယ်ပယ်များမှ ပညာရှင်များနှင့်သုတေသီများ စိတ်ဝင်စားသည့် ကျောရိုးရှိ သတ္တဝါမျိုးစိတ်တစ်ခုမှ လူသားများအဆင့်သို့ ဆင့်ကဲပြောင်းလဲလာမှု၏ မူလဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်များ၏ မူလအစကို ဖော်ထုတ်နိုင်ရန် ပညာရှင်များသည လူတူပရိုင်းမိတ် ရုပ်ကြွင်းများကို ရှာဖွေလေ့လာ ခဲ့ကြသည်။ ပရိုင်းမိတ်သည် လက်တင်ဘာသာ (Primus) မှ ဆင်းသက်လာကာ ပထမဆုံးဟု အဓိပ္ပာယ်ရှိ၍ သတ္တလောကတွင် အသိဉာဏ်ပညာ ပထမဆုံးဖွံ့ ဖြိုးတိုးတက်ခဲ့သည့် သတ္တဝါဟု ဆိုလိုသည်။ ပရိုင်းမိတ်တွင် အဆင့်နိမ့်ပရိုင်းမိတ်နှင် အဆင့်မြင့် ပရိုင်းမိတ်ဟုရှိရာ လူ၊ လူဝံ၊ မျောက်ဝံတို့သည် အဆင့်မြင့် ပရိုင်းမိတ်မှ ဆင်းသက်လာကြပြီး လူတူပရိုင်းမိတ် ဟုလည်း ခေါ်ဆိုသည်။ ယေဘုယျ အားဖြင့် အဆင့်နိမ့်ပရိုင်းမိတ်တွင် အံသွားသုံးချောင်းရှိပြီး အဆင့်မြင့်ပရိုင်းမိတ်တွင် အံသွားနှစ်ချောင်း ပါရှိသည်။ မြန်မာနိုင်ငံ၏ တောင်စဉ်တောင်တန်းများနှင့် မြေသားထုသည် လွန်ခဲ့သည့် နှစ် သန်း ၅၀၀ မှ စ၍ တစ်ဆင့်ပြီးတစ်ဆင် ပြောင်းလဲ ဖြစ်ပေါ်လာခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်း လူသားများဖြစ်လာမည့် ပရိုင်းမိတ်များ နေထိုင်ခဲ့သည့် အထောက်အထားများကို တွေ့ရှိခဲ့သည်။ ▲မျိုးစိတ်တို့၏ မူလအစ▲ ဤကမ္ဘာမြေပေါ်တွင် လူသားများသည် မည်သည့်အချိန်က မည်သို့ စတင်ဖြစ်ပေါ်ခဲ့သည်ကို မလေ့လာ နိုင်သေးမီ ၁၈ ရာစုအထိ လူအများက လူသားများကို ဘုရားသခင်ဖန်တီးခဲ့ သည်ဟူသည့် အယူအဆကို လက်ခံခဲ့ကြသည်။ သို့သော် ၁၈၅၆ ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ နင်းဒါသယ်(Neanderthal) ခေါ် ရှေးဦးလူ အရိုးစုတစ်ခုကို တွေ့ရှိခဲ့ပြီးနောက် အာရှ၊ ဥရောပနှင့် အာဖရိကဒေသများတွင် လူသားမျိုးနွယ်၏ အရင်းမူလကို ဖော်ထုတ်နိုင်မည့် အထောက်အထားများကို ရှာဖွေခဲ့ကြသည်။ ၁၈၅၉ ခုနှစ်တွင် ဗြိတိသျှနိုင်ငံမှ သဘာဝလောက သိပ္ပံပညာရှင် ချားစ်ဒါဝင်က “မျိုးစိတ်တို့၏ မူလအစ(The Origin of Spieces) စာအုပ်ကို ရေးသားထုတ်ဝေခဲ့ရာ ကမ္ဘာတစ်ဝန်း ပညာရှင်များ အကြား ဝေဖန်မှုမျိုးစုံ ထွက်ပေါ်ခဲ့သည်။ လူသည် ဖန်ဆင်းခံဖြစ်သည် ဟူသော အစဉ်အလာ အယူအဆမှ ခွဲထွက်လျက် လူသည် ကျောရိုးရှိသတ္တဝါတစ်မျိုးမှ ဆင့်ကဲပြောင်းလဲ ဖွံ့ဖြိုးလာခြင်း သာ ဖြစ်ကြောင်း အယူအဆအသစ်တစ်ရပ်ကို ဖော်ထုတ်ခဲ့သည့် ချားစ်ဒါဝင်၏ စာအုပ်ထွက်ခဲ့ချိန်က ဝေဖန်ငြင်းခုံခဲ့ကြသော်လည်း နောက်ပိုင်းတွင် လူမျိုးနွယ် ဆင့်ကဲဖြစ်စဉ်ကို အတည်ပြုနိုင်မည့် ကျောက်ဖြစ်ရုပ်ကြွင်းများကို တွေ့ရှိခဲ့ကြသည်။ ▲လူတူပရိုင်းမိတ် (Anthropoid Primate) အယူအဆများ▲ ဂရိဝေါဟာရ Anthropoid သည် Anthro (လူ)၊ poid (တူ)၊ လူတူဟု အဓိပ္ပာယ်ရှိသည်။ လူတူ ပရိုင်းမိတ်များသည် အခြားနို့တိုက်သတ္တဝါများထက် ဦးနှောက်အိမ် ပိုမိုကြီးမားကာ မျက်လုံးများသည် မျက်နှာရှေ့တွင်ရှိသဖြင့် ရှေ့တည့်တည့်သို့ ကြည့်မြင်နိုင်သည်။ ပြားကပ်သော ခြေသည်းလက်သည်း များပါရှိသည့် ခြေချောင်းနှင့် လက်ငါးချောင်းစီ ပါဝင်သော ခြေလက်များကို အလွယ်တကူ လှုပ်ရှားနိုင်ခြင်းနှင့် မေးရိုးသည်ရှေ့သို့ ငေါထွက်မနေဘဲ တည့်မတ်နေခြင်းတို့သည် အခြားနို့တိုက် သတ္တဝါများထက် ပိုမိုထူးခြားသည့် လူတူ ပရိုင်းမိတ်များ၏ လက္ခဏာများဖြစ်ကြသည်။ လွန်ခဲ့သည့် နှစ်သန်း ၅၀ က အာဖရိကတိုက်၊ ဥရောပတိုကနှင့် အာရှတိုက်တို့တွင် လူတူပရိုင်းမိတ် များ စတင်ပေါ်ပေါက် ခဲ့သည်။ အာရှတိုက်တွင် လူတူပရိုင်း မိတ် များသည် လွန်ခဲ့ သည့် နှစ်သန်း ၄၀ တွင် စတင်ပေါ်ပေါက်ခဲ့၍ ဆင့်ကဲပြောင်းလဲ မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် လွန်ခဲ့သည့် နှစ် နှစ်သန်းခွဲတွင လူသားများအဆင့်သို့ ရောက်ရှိခဲ့သည်။ ထို့ကြောင့် ကမ္ဘာမြေပေါ်၊ မြေအောက်တွင် တွေ့ရှိရသည့် လူတူ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများသည် ဤကမ္ဘာမြေ၌ အသက်ရှင်နေထိုင်နေကြ သည့် လူသားများ၏ မူလဇာစ်မြစ်ကို လေ့လာရာတွင် အဓိကကဏ္ဍမှ ပါဝင်နေပေသည်။ လူတူ ပရိုင်းမိတ် (Anthropoid Primates) များသည် ကမ္ဘာသစ်နှင့် ကမ္ဘာဟောင်းတွင် စတင်ဖြစ်ပေါ်ခဲ့သည်ဟု ယူဆခဲ့ကြရာ ကမ္ဘာသစ်သည် တောင်နှင့်မြောက် အမေရိကတိုက် ဖြစ်၍ ကမ္ဘာဟောင်းသည် အာရှ၊ ဥရောပနှင့် အာဖရိကတိုက် ဖြစ်သည်။ လူ၊ လူဝံ၊ မျောက်၊ မျောက်ဝံများ သည် ကမ္ဘာဟောင်းတွင် စတင်ဖြစ်ပေါ်ခဲ့၍ နို့တိုက်သတ္တဝါများ၏ မျိုးနွယ်စုဟု ယူဆကြသည့် ပီလိုင်ကိုစော တွားသွားသတ္တဝါငယ်များ သည် လွန်ခဲ့သော နှစ်သန်း ၂၀၀ ဝန်းကျင်မှ စ၍ က္ဘာမြေပြင် ပေါ်တွင် တည်ရှိခဲ့ကြသည်။ ယင်းတို့သည် အဆင့်ဆင့်ပြောင်းလဲခဲ့ပြီး ကမ္ဘာသစ်မျောက်နှင့် ကမ္ဘာဟောင်း မျောက်ဟူ၍ နှစ်မျိုး ကွဲပြားခဲ့သည်။ ကမ္ဘာဟောင်း မျောက်များသည် လူသားမျိုး နွယ်နှင့် တိုက်ရိုက်ဆက်စပ်နေသည်ဟု ပညာရှင်များက ယူဆကြပြီး ယင်းတို့သည် လွန်ခဲ့သော နှစ် သန်း ၃၀ မှ နှစ် ငါးသိန်းအတွင်း ကနဦးလူသား Homo Sapien များ အဆင့်သို့ တိုးတက်ပြောင်း လဲခဲ့သည်။ လူသား၏ မူလဇာစ်မြစ်ကို လေ့လာမှုတွင် လူနှင့်မျောက်အကြား ကွင်းဆက်ပြတ်နေသည့် ကွဲပြားခြား နားမှု (Missing Link) ကို ၁၉၇၄ ခုနှစ်တွင် တွေ့ရှိခဲ့သည်။ မနုဿဗေဒပညာရှင် ဒေါ်နယ်ဂျိုဟန်ဆင် သည် အီသီယိုးပီးယားနိုင်ငံတွင် ၆၀ ရာခိုင်နှုန်းပျက်စီးနေသည့် ထူးခြားသော ပရိုင်းမိတ်အရိုးစု တစ်ခုကို တွေ့ရှိခဲ့ရာ ယင်းရုပ်ကြွင်းသည် အရပ်သုံးပေခွဲသာ မြင့်သော်လည်း ဒူးဆစ်များ၏ ဖွဲ့စည်းပုံ အနေအထားအရ လူ၏သွင်ပြင် လက္ခဏာအတိုင်း မတ်မတ်လမ်းလျှောက်ခဲ့ ကြောင်း ဖော်ထုတ်နိုင် ခဲ့သည်။ ဒေါ်နယ်ဂျိုဟန်ဆင်က ယင်းပရိုင်းမိတ်ရုပ်ကြွင်းကို လူစီဟု အမည်ပေးခဲ့သည်။ လူစီသည် လူတစ်ယောက်ထက် မျောက်တစ်ကောင်နှင့် ပိုတူနေပြီး လူစီရုပ်ကြွင်း၏ သက်တမ်းသည် လွန်ခဲ့သော နှစ် ၃ ဒသမ ၉သန်းဖြစ်သည်။ နောက်ပိုင်းတွင် အရိုးစုများ၊ ဦးခေါင်းခွံများကို အပြည့်အစုံ တွေ့ရှိခဲ့ကြသဖြင့် လူစီသည် လူနှင့် မျောက်အကြား ပျောက်ဆုံးနေသည့် ကွင်းဆက်ဟု ယူဆခဲ့ကြ သည်။ အမေရိကန် သဘာဝသမိုင်းပြတိုက်မှ အော်လ်ဆင် (Olson) သည် ၁၉၀၆ ခုနှစ်တွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အနီး ဆာဟာရ သဲကန္တာရအစပ်ရှိ ဖာယွန်မှ ပရိုင်းမိတ် မေးရိုးတစ်ခုကို ရရှိခဲ့ကာ Aegyptopithecus Zeuxis ဟုအမည် ပေးခဲ့သည်။ ၁၉၆၄ ခုနှစ်မှ ၁၉၆၆ ခုနှစ်အတွင်း ယေးလ်တက္ကသိုလ်မှ အယ်ဝင်ဆိုင်မွန် (Elwyn Simons) ဦးဆောင်သည့် အဖွဲ့က ယင်းရုပ်ကြွင်းနှင့် မျိုးတူ ဦးခေါင်းခွံ၊ အရိုးများနှင့် မေးရိုးများကို ထပ်မံတွေ့ရှိခဲ့သည်။ ထိုရုပ်ကြွင်းသည် လူနှင့်မျောက်တို့ စတင်ဖြစ်ပေါ်ခဲ့သော အစောဆုံး ပရိုင်းမိတ်မျိုးနွယ်ဖြစ်ပြီး သက်တမ်းနှစ်သန်း ၃၀ ဖြစ်သည်။ ပညာရှင်များက ပရိုင်းမိတ်ရုပ်ကြွင်း အဆင့်ဆင့်ကို တွေ့ရှိခဲ့သည့် အာဖရိကတိုက်ကို ကမ္ဘာပေါ်တွင် လူသားများစတင် ဖြစ်တည်ရာဒေသအဖြစ် ယူဆခဲ့ကာ လူမျိုးနွယ်၏ ပုခက်နေရာဟု တင်စားခဲ့ ကြသည်။ လူနှင့် မျောက်ဖြစ်လာမည့် ကျောရိုးရှိအဆင့်မြင့် ပရိုင်းမိတ်များသည် ဆင့်ကဲပြောင်း လဲခဲ့ပြီး အာဖရိကမှ ကမ္ဘာနေရာအနှံ့သို့ ရောက်ရှိပျံ့နှံ့ခဲ့သည်ဟူသည့် အယူအဆ (Out of Africa Theory)တစ်ရပ် ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ၁၉၉၄ ခုနှစ်က Nature မဂ္ဂဇင်း၌ တရုတ်နိုင်ငံ တွင် တွေ့ရှိခဲ့သည့် သက်တမ်းနှစ် နှစ်သိန်းငါးသောင်းရှိသည့် ခေတ်လူဦးခေါင်း ခွံသည် ခေတ်ပြိုင် အာရှသားများနှင့် ပုံသွင် တူညီနေကြောင်း ဖော်ပြချက်က ယင်းအယူအဆကို ပြောင်းလဲရန် အစပျိုးခဲ့သည်။ Science ဂျာနယ်တွင်လည်း အမေရိကန်နှင့် အင်ဒိုနီးရှား ပညာရှင်များက ဂျာဗားကျွန်းတွင် တွေ့ရှိခဲ့သည့် ခေါင်းခွံရုပ်ကြွင်းများ၏ သက်တမ်းသည် မူလသတ်မှတ်ထားသည့် နှစ်တစ်သန်း မဟုတ်ဘဲ နှစ်နှစ်သန်းဖြစ်ကြောင်း ထုတ်ဖော်နိုင်ခဲ့ကြသည်။ အထောက်အထားအသစ်များ တွေ့ရှိခဲ့ခြင်းနှင့်အတူ ပညာရှင်များအကြား ငြင်းခုံမှုများဖြစ်ပွားခဲ့ကာ အာဖရိက သီအိုရီကို စိန်ခေါ်မှုများ ပေါ်ပေါက်လာခဲ့သည်။ လူသားများသည် အာဖရိကမှ စတင်ပျံ့နှံ့ ခြင်းမဟုတ်ဘဲ ကမ္ဘာနေရာအနှံ့တွင် တစ်ပြိုင်တည်း ဖြစ်ပေါ်နိုင်ခဲ့ကြောင်း အယူအဆများ ထွက်ပေါ်ခဲ့ သည်။ ▲မြန်မာ့မြေမှ ပရိုင်းမိတ်များ▲ မြန်မာနိုင်ငံ၏ ပထမဆုံး လူတူပရိုင်းမိတ်ရုပ်ကြွင်းကို ၁၉၁၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဘူမိဗေဒ တိုင်းတာ ရေးဌာနမှ ဘူမိဗေဒပညာရှင် ဒေါက်တာကော့တာ (G.de.P.Cotter)က မကွေးတိုင်းဒေသကြီး ပုံတောင်ဒေသ မြိုင်မြို့နယ် ဖန်းကန် ရွာအနီး ကျစ်ချောင်မှ တွေ့ရှိခဲ့သည်။ (ရွံ့စေးပြင်ကျယ်နေရာ (Clay Gully) ကို ကျစ်ချောင်ဟု ခေါ်ဆိုသည်။) အဆိုပါ လူတူပရိုင်းမိတ်ရုပ်ကြွင်းသည် ညာဘက် အောက်မေးရိုး အပိုင်းအစနှင့် အံသွားနှစ်ချောင်းစီ ပါဝင်သော ဘယ်ဘက်အောက်နှင့် အထက်မေးရိုး အပိုင်းအစတို့ဖြစ်သည်။ ယင်းတို့ကို အင်္ဂလိပ် ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် GE Pligrim က ပုံတောင်ဂျီးယားကော်တာရိုင်း(Pondaungia cotteri)ဟု အမည်ပေးခဲ့သည်။ ၁၉၂၃ခုနှစ်တွင် အမေရိကန် သဘာဝသမိုင်းပြတိုက်မှ ဘူမိဗေဒ ပညာရှင် ဒေါက်တာဘာနမ်ဘရောင်း (Barnum Brown)သည် မုံရွာခရိုင် ပုလဲမြို့နယ် မိုးကောင်း ရွာအနီးမှ ပရိုင်းမိတ်ရုပ်ကြွင်း အောက် မေးရိုး အပိုင်းအစတစ်ခုကို ထပ်မံတွေ့ရှိခဲ့သည်။ သို့သော် ၁၉၆၄ ခုနှစ်မှ ၁၉၆၆ ခုနှစ်အတွင်း အီဂျစ်နိုင်ငံတွင် သက်တမ်း နှစ်သန်း ၃၀ ရှိသည့် ရုပ်ကြွင်းကို တွေ့ရှိခဲ့သဖြင့် မြန်မာ့ပရိုင်း မိတ်များသည် ထင်ရှားခြင်း မရှိခဲ့ချေ။ ၁၉၇၈ ခုနှစ် ဧပြီလတွင် မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနမှ ကထိက ဦးဘမော်နှင့် ကျောင်းသူ ကျောင်းသားများသည် စစ်ကိုင်းတိုင်းဒေသကြီး ပုံတောင်ဒေသ မိုးကောင်း ကျေးရွာအနီးမှ ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း နှစ်ခုဖြစ်သည့် ပုံတောင်ဂျီးယား ရုပ်ကြွင်း အံသွားနှင့် မိုးကောင်းဂျင်းနစ်ရုပ်ကြွင်း အံသွားတို့ကို တွေ့ရှိခဲ့သည်။ ထိုနှစ် စက်တင်ဘာလတွင် မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနမှ ကထိက ဦးသော်တင့်ကလည်း ပုံတောင်ဂျီးယား မေးရိုးအပိုင်း နှစ်ခုကို တွေ့ရှိခဲ့သည်။ ဦးဘမော်နှင့် ဦးသော်တင့်တို့ တွေ့ရှိခဲ့သည့် ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းလေး ခုကို ၁၉၉၇ ခုနှစ်တွင် အမျိုးသားပြတိုက် (ရန်ကုန်)သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ကျောက်ဖြစ်ရုပ်ကြွင်းများကို ပိုမိုပြည့်ပြည့်စုံစုံ ရရှိနိုင်စေရန် နိုင်ငံတော် အစိုးရက“ပုံတောင်ပရိုင်းမိတ် ရှာဖွေလေ့လာရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့က ကျောက်ဖြစ်ရုပ်ကြွင်းလေ့လာ ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ မြိုင်မြို့နယ် ဗဟင်းကျေးရွာအနီး ယာရှည်ကျစ်ချောင်မှ သွားတန်းအပြည့်နီးပါး ပါရှိသော အောက် မေးရိုးတစ်စုံကို ၁၉၉၈ ခုနှစ်တွင် တွေ့ရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့သော ပရိုင်းမိတ် ရုပ်ကြွင်း များနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမတွင် ကျင်းပခဲ့ရာ တက်ရောက်လာကြသည့် ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်များ၊ ဘူမိဗေဒ ပညာရှင်များနှင့် မနုဿဗေဒ ပညာရှင်များက ယင်းရုပ်ကြွင်းများသည် လူတူပရိုင်းမိတ်များဖြစ်ကြောင်း လက်ခံခဲ့ကြသည်။ ဆက်လက်၍ ပုံတောင်ပရိုင်းမိတ် ရှာဖွေလေ့လာရေး အဖွဲ့သည် နိုင်ငံတကာ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်များအား ဖိတ်ခေါ်၍ အဆင့်မြင့် ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း သုတေသန လုပ်ငန်းများကို ပြုလုပ်ခဲ့သည်။ မြန်မာ အမေရိကန်၊ မြန်မာ ဂျပန်၊ မြန်မာ ပြင်သစ် ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာရေးအဖွဲ့များသည် ကွင်းဆင်းသုတေသန လုပ်ငန်းများကို ၁၉၉၈ ခုနှစ်မှ စတင်၍ ဆောင်ရွက်ခဲ့သည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ထိုစဉ်က ယဉ်ကျေးမှုဝန်ကြီး ဌာန)သည် ၂၀၀၄ ခုနှစ်တွင် ပုံတောင်ပရိုင်းမိတ် ရှာဖွေလေ့လာရေးလုပ်ငန်းကို စစ်မဟာဗျူဟာ လေ့လာရေးဌာနထံမှ လွှဲပြောင်းရယူကာ ၂၀၀၅ ခုနှစ်မှ ယနေ့တိုင် ဆောင်ရွက်လျက် ရှိနေသည်။ ▲ပုံတောင်ပရိုင်းမိတ်▲ ပညာရှင်များသည် မြန်မာနိုင်ငံ ပုံတောင်ဒေသမှ တွေ့ရှိခဲ့သည့် လူတူပရိုင်းမိတ် ရုပ်ကြွင်းများကို ပုံတောင်ဂျီးယားမျိုးစု (Pondaungia)၊ အမ်ဖီပီသီး ကပ်မျိုးစု(Amphiptithecus)၊ ဗဟင်းနီးယားမျိုးစု (Bahinia)နှင့် မြန်မာပီသီးကပ်မျိုးစု (Myanmar Pithecus) ဟု ခွဲခြားသတ်မှတ်ခဲ့သည်။ ပုံတောင်ဂျီးယား ပရိုင်းမိတ်များကို ၁၉၁၄ ခုနှစ်၊ ၁၉၇၈ နှစ်နှင့် ၁၉၉၇ ခုနှစ်တို့တွင်လည်းကောင်း၊ အမ်ဖီပီသီးကပ် ပရိုင်းမိတ်များကို ၁၉၂၃ ခုနှစ်နှင့် ၁၉၉၇ ခုနှစ်တို့တွင်လည်းကောင်း၊ ဗဟင်းနီးယား ပရိုင်းမိတ်နှင့် မြန်မာပီသီးကပ် ပရိုင်းမိတ်များကို ၁၉၉၈ ခုနှစ်တွင်လည်းကောင်း တွေ့ရှိခဲ့သည်။ ဘူမိဗေဒပညာရှင်များက ယင်းပုံတောင်ပရိုင်းမိတ်ရုပ်ကြွင်းများ၏ သက်တမ်းသည် နှစ်သန်း ၄၀ ဖြစ်ကြောင်း ယူဆခဲ့ကြသည်။ ပုံတောင်ပရိုင်းမိတ် တွေ့ရှိမှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ကြစေရန် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၃၀ ရက်တွင် အမျိုးသားပြတိုက်(ရန်ကုန်)၌ မြန်မာနိုင်ငံ ပုံတောင်ကျောက်လွှာစု နှင့် ဧရာဝတီကျောက်လွှာစုတို့ရှိ ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် ပတ်သက်၍ သုတေသနပြု လေ့လာတွေ့ရှိချက်များအကြောင်း ပြည်တွင်းပြည်ပ ပညာရှင်များ၏ ဟောပြောပွဲတစ်ရပ်ကို ကျင်းပခဲ့ သည်။ ပုံတောင်မှ တွေ့ရှိခဲ့ရသည့် ပရိုင်းမိတ်ရုပ်ကြွင်းများသည် အီယိုဆင်း သက်တမ်းကာလ မြေလွှာတွင် တွေ့ရှိခဲ့ရသဖြင် သက်တမ်း နှစ်သန်း ၄၀ ရှိကြောင်း စစ်ဆေး အတည်ပြုခဲ့သည်။ ထိုစဉ်က ကမ္ဘာတွင် သက်တမ်းအရင့်ဆုံးဟု သတ်မှတ်ထားခဲ့သော ပရိုင်းမိတ်သည် သက်တမ်း နှစ် သန်း ၃၀ သာရှိသဖြင့် ပုံတောင်ပရိုင်းမိတ်ရုပ်ကြွင်းများက နှစ် ၁၀ သန်း စောနေခဲ့ပေသည်။ ၁၉၉၇ ခုနှစ် မတ်လ ၂၁ ရက်ထုတ် တိုင်းမ် မဂ္ဂဇင်းတွင် လွန်ခဲ့သော နှစ်သန်း ၄၀ မှ အဆင့်မြင့် ပရိုင်းမိတ် ရုပ်ကြွင်းများကို မြန်မာနိုင်ငံတွင်တွေ့ရှိ ဟူသည့် သတင်းကို ဖော်ပြခဲ့သဖြင့် လူသား၏ ဇာစ်မြစ်မူလသည် အာဖရိကဟု ယူဆထားကြရာမှ မြန်မာနိုင်ငံ ဖြစ်လာခဲ့သည်။ ထို့အတူပင် ၁၉၉၇ ခုနှစ် မေလ ၈ ရက်နေ့ထုတ် The Boston Globe သတင်းစာက လူသားများ၏ ဇာတိနေရာ အာရှမှာတွေ့ပြီဟု ခေါင်းစည်းတပ်ထားသည့် ဆောင်းပါးကိုဖော်ပြခဲ့သည်။ အေးရှားဝိခ်မဂ္ဂဇင်းက မြန်မာ့မေးရိုးများက လာရာလမ်းကို ညွှန်ပြနေပြီ ဟုလည်းကောင်း၊ တိုင်းမ်မဂ္ဂဇင်းက ၁၉၉၇ ခုနှစ် ဩဂုတ် လ ၅ ရက်တွင် မြန်မာ့အရိုးများက အာဖရိက ဇာစ်မြစ်ကို စိန်ခေါ်လိုက်ပြီ ဟုလည်းကောင်း ဖော်ပြခဲ့ကြသည်။ ၁၉၉၇ ခုနှစ် နိုဝင်ဘာလထုတ် Nature မဂ္ဂဇင်းက ကမ္ဘာပေါ်တွင် တွေ့ရှိပြီးသမျှ အဆင့်မြင့် ပရိုင်းမိတ်ရုပ်ကြွင်းများအနက် မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့သည့် ပရိုင်းမိတ်ရုပ်ကြွင်းများ သည် အစောဆုံးဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ၂၀၀၈ ခုနှစ်က အိန္ဒိယနိုင်ငံ မွန်ဘိုင်းတွင်တွေ့ရှိခဲ့သည့် ပရိုင်းမိတ်သည် နှစ် ၄၂ သန်းရှိပြီဟု ထုတ်ပြန်ခဲ့သော်လည်း ယင်းပရိုင်းမိတ်သည် လူတူပရိုင်းမိတ် မဟုတ်သဖြင့် မြန်မာနိုင်ငံမှ တွေ့ရှိထား သည့် လူတူပရိုင်းမိတ် ရုပ်ကြွင်းသည် သက်တမ်းအရင့်ဆုံး ဖြစ်ခဲ့သည်။ ရှေးဦးလူတူ ပရိုင်းမိတ်များ သည် အာရှတိုက်၌ စတင်ဆင့်ကဲဖြစ်ပေါ်၍ နောက်ပိုင်းတွင် အာဖရိကတိုက်သို့ ရွှေ့ပြောင်း ဝင်ရောက်ခဲ့သည် ဟူသောအချက်ကို Afrasia djijidae ကျောက်ဖြစ်ရုပ်ကြွင်းကို အခြေခံ၍ သက်သေပြ နိုင်ဖွယ်ရှိကြောင်း ပြင်သစ်နိုင်ငံ ပွန်တီယာတက္ကသိုလ်မှ သိပ္ပံပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။ လူသားမျိုးနွယ်၏ အစကိုရှာဖွေဖော်ထုတ်ရာတွင် အလွန်အရေးပါသည့် လူတူပရိုင်းမိတ် ကျောက်ဖြစ် ရုပ်ကြွင်းများကို မြန်မာနိုင်ငံ ပုံတောင်ကျောက်လွှာစုများအတွင်းမှ ရှာဖွေတွေ့ရှိခဲ့ရာ ယင်းတို့၏ သက်တမ်းသည် နှစ်ပေါင်း ၃၇ ဒသမ ၂ သန်းမှ နှစ်သန်း ၄၀ အကြားဖြစ်သည်။ အလွန် ရှေးကျသော လူတူပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများကို မြန်မာနိုင်င်အတွင်း တွေ့ရှိရသည့်အတွက် လူသား မျိုးနွယ်အစသည် မြန်မာနိုင်ငံအပါအဝင် အာရှဒေသမှ ဖြစ်သည်ဆိုသော အဆိုသည် ပိုမိုခိုင်မာလာ သည်နှင့်အမျှ လူသားအစ၊ မြန်မာကဟု ဂုဏ်ယူနိုင်ကြမည်ဖြစ်ပေသည်။ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသည် စဉ်ဆက်မပြတ်သောမြန်မာ့ယဉ်ကျေးမှုသမိုင်းကို ဖော်ထုတ်ပြသနိုင်ရန် နေပြည်တော်နှင့် ရန်ကုန်ရှိ အမျိုးသားပြတိုက်တို့တွင် ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်း ပြခန်း တစ်ခုစီကို ဖွင့်လှစ်ပြသထားသည်။ ယင်း ပြခန်းများတွင် လူသားအစမြန်မာက ဟု ဂုဏ်ယူကြရမည့် လွန်ခဲ့သော နှစ်သန်း ၄၀မှ ကျောက်ဖြစ်ရုပ်ကြွင်းများကို လေ့လာနိုင်ကြသည်။ ▲နောက်ဆက်တွဲ ပရိုင်းမိတ်သုတေသနများ▲ မြန်မာနိုင်ငံတွင် ကျောက်ဖြစ်ရုပ်ကြွင်းများ ရှာဖွေခြင်းလုပ်ငန်းများကို ဂျပန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရာ ၂၀၁၃ ခုနှစ်တွင် ပေါက်၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ ပြင်ဦးလွင်မြို့နယ်တို့မှ ပရိုင်းမိတ် အပေါ်သွားသုံးခုကို တွေ့ရှိခဲ့သည်။ ဧရာဝတီ ကျောက်လွှာစုမှလည်း ရှေးဦး ကြံ့၊ ဆင်၊ ကျွဲ၊ နွား၊ ရေမြင်း၊ ဝက်တို့၏ သွားနှင့် အပိုင်းအစများ အပါအဝင်ကျောက်ဖြစ် ရုပ်ကြွင်း ၃၇၇ ခုကိုရရှိခဲ့သည်။ ထို့အတူ ပြင်သစ်နိုင်ငံ ပွိုင့်တီးယေး တက္ကသိုလ်မှ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် ပါမောက္ခ Jeans Jacques JAE- GER ဦးဆောင်သော အဖွဲ့သည် မြန်မာအဖွဲ့နှင့် ပူးပေါင်းကာ မကွေး၊ ရေနံချောင်း၊ မြိုင်မြို့နယ်များနှင့် ကလေး၀ ကျောက်မီးသွေး တွင်းတို့တွင် ကျောက်ဖြစ်ရုပ်ကြွင်းများ ရှာဖွေခဲ့သည်။ ထို့အတူ ၂၀၁၅ ခုနှစ်တွင် မြန်မာ - ဂျပန် ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေလေ့လာရေးအဖွဲ့သည် ဆိပ်ဖြူမြို့နယ် ဂွေးပင်ကျေးရွာမှ ပရိုင်းမိတ် အပေါ် အံကျိုးတစ်ခုနှင့် ဧရာဝတီ ကျောက်လွှာစုမှ နို့တိုက်သတ္တဝါ ကျောက်ဖြစ်ရုပ်ကြွင်းအပိုင်း အစများကို တွေ့ရှိစုဆောင်းနိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် လူသားမျိုးနွယ်စု ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်တွင် ကျန်ရှိနေသည့် ကွင်းဆက် များနှင့် လူသားရင်းမြစ်အစကို ခိုင်မာစွာဖော်ထုတ်နိုင်ရန် လူတူပရိုင်းမိတ်ရှာဖွေခြင်း လုပ်ငန်းများကို ပြည်ပပညာရှင်အဖွဲ့များနှင့် ပူးပေါင်းလျက် နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ပိုမိုပြည့်စုံသော လူသားအစ မြန်မာက အထောက် အထားများကို ဖော်ထုတ်လာနိုင်မည် ဖြစ်ပေသည်။

 မောင်သာ(ရှေးဟောင်းသုတေသန)

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...