Skip to main content

မဟာဂီရိနတ်



မဟာဂီရိနတ်သည် ရှေးဘဝက အလွန်ခွန်အားကောင်းသည့် ပန်းပဲသမားကြီး ဖြစ်ခဲ့သည် ။ တကောင်းမင်းသည် ထို ပန်းပဲသမားကြီးက မိမိအား တစ်နေ့တွင် ဖြုတ်ချမည်ကို စိုးရိမ်လေ၏ ။ ထို့ကြောင့် ပထမ ခြေလှမ်းအနေဖြင့် မင်းကြီးသည် ပန်းပဲသမားကြီး၏ " မမြတ်လှ " မည်သော နှမကို လက်ထပ်ယူ၏ ။ ထို့နောက် သူသည် ပန်းပဲသမားကြီးကို နန်းတော်သို့ ဖိတ်ခေါ်၏ ။ ပန်းပဲသမားကြီးရောက်လာသော် မင်း၏ လက်ပါးစေတို့က သူ့ကို ခြေရော လက်ပါ တုပ်ချည်၍ အရှင်လတ်လတ် မီးရှိုံ့ သတ်လေ၏ ။ အနီး၌ စောင့်ကြည့်နေသော နှမလည်း မီးလျှံထဲသို့ ခုန်ဆင်းလေ၏ ။ သေသော် သူတို့သည် နတ်များ ဖြစ်လာခဲ့ကြသည် ။ 

 ဤ မောင်နှမနှစ်ဦးတို့သည် မူလက သစ်ပင်တစ်ပင်မှာနေကြ၏ ။ သူတို့သည် ထိုသစ်ပင်နားသို့ လာကြသည့် ရွာသူရွာသားများအား အနှောက်အယှက် များစွာ ပေးကြ၏ ။ ထို့ကြောင့် သစ်ပင်ကို ခုတ်၍ ဧရာဝတီမြစ်ထဲသို့ မျောချလိုက်၏ ။ အတန်ကြာသော် ထိုသစ်ပင်သည် သေဲတာင်တန်းတစ်ခု၌ သောင်တင်လေ၏ ။ နတ်တို့သည် ထို တောင်ပြင်ကမ်းခြေကို ဖြတ်သန်းသွားလာသည့် လှေသမားတို့အား အနှောက်အယှက်များစွာ ပေးကြ၏ ။ 

 ထိုအကြာင်းကို အနော်ရထာမင်းအား လျောက်ကြားလေသော် ထိုနတ်တို့ကို အမိန့်တော်ဖြင့် သဲသောင်ကမ်းမှ ထွက်သွားစေပြီး မြန်မာပြည် အလယ်ပိုင်းရှိ မီးငြိမ်းလေပြီးသော မီးတောင်တစ်ခုဖြစ်သည့် ပုပ္ပါးတောင်ပေါ်၌ နေစေလေ၏ ။ ပုပ္ပါးတောင် ပတ်ဝန်းကျင်၌ နေကြသည့် ရွာသားတို့သည် မိမိတို့၏ အိမ်မွေးတိရိစ္ဆာန်များကို သတ်၍ ထိုနတ်တို့အား ယဇ်ပူဇော်ကြလေ၏ ။ ထိုအကြောင်းကို အနော်ရထာမင်းထံ လျှောက်ကြားလေသော် မင်းကြီးက " မိမိ၏ တိုင်းသူပြည်သားတို့သည် တိရိစ္ဆာန် ယဇ်ပူဇော်မည့်အစား ထိုနတ်တို့အား ပူဇော်ပသသောအဖြင့် မိမိတို့အိမ်များ၌ သင့်လျော်သော ထောင့်တစ်ခုတွင် အုန်းများချိတ်ဆွဲကြရမည် " ဟူ၍ အမိန့်ထုတ်ပြန်၍ အမိန့်ပေးလေသည် ။ မြန်မာနိုင်ငံရှိ လူသားများစွာတို့သည် ဤရိုးရာဓလေ့ကို ဆက်လက်ကျင့်သုံး၍ မိမိတို့အိမ်များ၌ အုန်းသီးများ ချိတ်ဆွဲထားကြဆဲပင် ရှိနေကြလေသေးတော့သတည်း ။

#htoohtoolay 


ကမ္ဘာကျော်ဗဟုသုတများဖတ်ရန် Apk

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...