ဤ မောင်နှမနှစ်ဦးတို့သည် မူလက သစ်ပင်တစ်ပင်မှာနေကြ၏ ။ သူတို့သည် ထိုသစ်ပင်နားသို့ လာကြသည့် ရွာသူရွာသားများအား အနှောက်အယှက် များစွာ ပေးကြ၏ ။ ထို့ကြောင့် သစ်ပင်ကို ခုတ်၍ ဧရာဝတီမြစ်ထဲသို့ မျောချလိုက်၏ ။ အတန်ကြာသော် ထိုသစ်ပင်သည် သေဲတာင်တန်းတစ်ခု၌ သောင်တင်လေ၏ ။ နတ်တို့သည် ထို တောင်ပြင်ကမ်းခြေကို ဖြတ်သန်းသွားလာသည့် လှေသမားတို့အား အနှောက်အယှက်များစွာ ပေးကြ၏ ။
ထိုအကြာင်းကို အနော်ရထာမင်းအား လျောက်ကြားလေသော် ထိုနတ်တို့ကို အမိန့်တော်ဖြင့် သဲသောင်ကမ်းမှ ထွက်သွားစေပြီး မြန်မာပြည် အလယ်ပိုင်းရှိ မီးငြိမ်းလေပြီးသော မီးတောင်တစ်ခုဖြစ်သည့် ပုပ္ပါးတောင်ပေါ်၌ နေစေလေ၏ ။ ပုပ္ပါးတောင် ပတ်ဝန်းကျင်၌ နေကြသည့် ရွာသားတို့သည် မိမိတို့၏ အိမ်မွေးတိရိစ္ဆာန်များကို သတ်၍ ထိုနတ်တို့အား ယဇ်ပူဇော်ကြလေ၏ ။ ထိုအကြောင်းကို အနော်ရထာမင်းထံ လျှောက်ကြားလေသော် မင်းကြီးက " မိမိ၏ တိုင်းသူပြည်သားတို့သည် တိရိစ္ဆာန် ယဇ်ပူဇော်မည့်အစား ထိုနတ်တို့အား ပူဇော်ပသသောအဖြင့် မိမိတို့အိမ်များ၌ သင့်လျော်သော ထောင့်တစ်ခုတွင် အုန်းများချိတ်ဆွဲကြရမည် " ဟူ၍ အမိန့်ထုတ်ပြန်၍ အမိန့်ပေးလေသည် ။ မြန်မာနိုင်ငံရှိ လူသားများစွာတို့သည် ဤရိုးရာဓလေ့ကို ဆက်လက်ကျင့်သုံး၍ မိမိတို့အိမ်များ၌ အုန်းသီးများ ချိတ်ဆွဲထားကြဆဲပင် ရှိနေကြလေသေးတော့သတည်း ။
#htoohtoolay
ကမ္ဘာကျော်ဗဟုသုတများဖတ်ရန် Apk

Comments
Post a Comment