မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြောင်းလဲမှုကို သရုပ်ဖေါ်ထားတဲ့ ဟောင်ကောင် လေဆိပ်က နမူနာ အိမ်ပုံစံတစ်ခုဖြစ်ပါတယ် ။ သူ့ရဲ့အမည်က Kowloon Walled City ဆိုပြီးဖြစ်တယ် ။
အဲ့ဒီ့မြို့တော်ဟာ ဟောင်ကောင်မှာ ထင်ရှားပြီးထူးခြားတဲ့မြို့ကြီးပါ ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့မြို့ဖြစ်ပြီးတော့ ရာဇဝတ်ကောင်တွေရဲ့ လွတ်မြောက်နယ်မြေအဖြစ် ပစ်မှတ်ထားခံခဲ့ရတယ် ၊ တစ်ဆ တစ်ဆ နဲ့ လူနေထူထပ်လာပြီး နေအိမ်တွေကို ဖြစ်သလို တည်ဆောက်ကြကာ လူနေကြပ်တည်းများပြားရုံတာမကပဲ လေဝင်လေထွက်ပါ ပိတ်ခဲ့လောက်အောင် ကျဉ်းမြောင်းခဲ့ပါတယ် ။ မြို့ထဲက လူအများစုဟာ တရားမဝင်အလုပ်တွေကို အဓိက လုပ်ကိုင်ကြပြီးတော့ ရှင်သန်ကြပါတယ် ။
ဥပဒေမဲ့ပြီး သန့်ရှင်းမှုမရှိတဲ့ အဲ့ဒီ့မြို့ကို ဟောင်ကောင်အစိုးရက ၁၉၉၀ ပြည့်လွန်နှစ်များအစောပိုင်းမှာ ကြီးမားကျယ်ပြန့်ပြီးခက်ခဲတဲ့အလုပ်တစ်ခုအနေနဲ့ သတ်မှတ်ကာ ဖျက်သိမ်းဖို့စတင်ခဲ့ပါတယ် ။ အခုတော့ အဲ့နေရာမှာ ယနေ့အချိန်ထိတိုင် ပန်းခြံ တည်ဆောက်ထားပါတယ် ။
၁၆ ရာစုအထိ တရုတ်ရဲ့ စစ်စခန်းအဖြစ် အသုံးပြုခဲ့ပါသေးတယ် ။ အဲ့ဒီ့နောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီးတော့ Kowloon walled city ဆိုပြီး တစ်ဆ တစ်ဆ နဲ့ ပြောင်းလဲသွားခဲ့ပါတော့တယ် ။
အပြီးတိုင် ဖျက်သိမ်းခဲ့တဲ့ ၁၉၉၃ ခုနှစ်လောက်မှာတော့ ဒီ လူဦးရေထူထပ်ပြီး ရာဇဝတ်မှုများပြားလှတဲ့ Kowloon walled city မြို့ကြီးဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဟုတ်တော့ပဲ အစိုးရရဲ့ အုပ်ချုပ်ခွင့်အောက်မှာ ပြန်လည်တည်ရှိခဲ့ပါတယ် ။
ဒီသမိုင်းကြောင်းကို နောင်လူတွေ မမေ့စေဖို့နဲ့ ဖျက်သိမ်းခဲ့ပြီးဖြစ်တဲ့ Kowloon walled city ရဲ့ နမူနာ အိမ်ပုံစံတစ်ခုကို ယခုမှာတော့ ဟောင်ကောင်လေဆိပ့်တစ်ခုအတွင်း သရုပ်ဖေါ်ပြထားကာ ဧည့်သည်တွေကို ဆွဲဆောင်မှုအဖြစ် အသုံးပြုထားပါတော့တယ် ။ Kowloon walled city ရဲ့ တစ်ခုတည်းသော အိမ်ပုံစံလို့ ပြောရပါတော့မယ် ။
အိမ်အစုတ်ကို မမြင်ဖူးလို့ ချပြထားတာမဟုတ်ပဲ သမိုင်းကို မမေ့အောင် ချပြထားခြင်းသာ ဖြစ်ပါတယ် ။ နိုင်ငံတိုင်းမှာ အိမ်အစုတ်တွေ ရှိကြပါတယ် ။ အထူးသဖြင့် ဖွံ့ဖြိုးစဲ နိုင်ငံတိုင်းမှာပါ ။
#htoohtoolay
ကမ္ဘာကျော်ဗဟုသုတများဖတ်ရန် apk

Hello my friend, long time no see, miss you.
ReplyDelete