၁၉၉၉ ခုနှစ်က ဩစတေးလျ မှာ ထရပ်ကားမောင်းသမားဖြစ်တဲ့ Bill Morgan ဟာ ယဉ်မတော်တဆဖြစ်ပြီး ကိုမာ ဝင်သွားခဲ့ပါတယ် ။ ဆရာဝန်တွေက သူ့ကို အသက်ရှင်ဖို့အခွင့်အလမ်း မရှိနိုင်တော့ဘူးလို့ ထင်ခဲ့ကြပေမယ့် သူဟာ ၁၂ ရက်ရောက်တဲ့နေ့မှာ လုံးဝကို သတိပြန်ရပြီး အပြည့်အဝ ကောင်းမွန်ခဲ့ပါတယ် ။ အဲ့ဒါကြောင့် သူဟာ ကံကောင်းခြင်းတွေခံစားရပြီဆိုပြီး ထီလက်မှတ်တစ်စောင် ဝယ်ယူခဲ့ပါတယ် ။ သူဝယ်ယူခဲ့တဲ့ လက်မှတ်ကနေမှ ဒေါ်လာ ၁၇၀၀၀ တန်ကားတစ်စီး ပေါက်သွားခဲ့ပါတယ် ။ ပုံမှန်ဆို ကားတစ်စီးကံထူးခြင်းကို အရေးတယူမလုပ်ခဲ့ပေမယ့် Morgan ရဲ့ ယဉ်မတော်တဆမှုဖြစ်ရပ်ကြောင့် Channel 9 က သူ့ကို သေရွာပြန်လူတစ်ယောက်ရဲ့ ကံတရားဆိုပြီး TV အစီအစဉ်တစ်ခုလုပ်ခဲ့ကြတာပါ ။ အဲ့ဒီ့အစီအစဉ်မှာပဲ Channel 9 ကသူတွေဟာ သူ့ကို ထီလက်မှတ်တစ်စောင် ဝယ်ယူခိုင်းစေခဲ့ပါတယ် ။ သူဟာ ပျော်ပျော်ရွှင်ရွှင်ပဲ ဝယ်ယူခဲ့ပြီး သူ့ထီလက်မှတ်ကိုလည်း လူအများမြင်အောင် ကင်မရာမှာ ထောင်ပြခဲ့ကာ စင်ပေါ်မှာထီလက်မှတ်ကို ခြစ်လိုက်ပါတယ် ။ အဲ့ဒီ့မှာ သူဟာ နောက်ထပ် ထီ ၂၅၀၀၀၀ USD ကို ပေါက်ခဲ့ပါတော့တယ် ။ #htoohtoolay ကမ္ဘာ့ဗဟုသုတများဖတ်ရန် apk Download ဆွဲရန်
သင်၏ ငါးမိနစ်တာအချိန်သည် အကျိုးရှိသော စာတစ်ပိုဒ်နှင့် ကုန်ဆုံးရန် သင့်၏ ။