ဒီပန်ချီကို Peter·Bruce Gale က ၁၅၆၂ ခုနှစ်မှာ ရေးဆွဲခဲ့တာဖြစ်ပါတယ် ။ သူ့ပုံထဲမှာ ဒိုင်နိုဆောလို သတ္တဝါတွေပါဝင်ခဲ့ပြီးတော့ သူတို့ဟာ လူတွေနဲ့အတူ ယှဉ်တွဲနေတာ တွေ့ရပါတယ် ။ ဒိုင်နိုဆောတွေကမ္ဘာပေါ်မှာ တည်ရှိခဲ့တယ်ဆိုတာ အဲ့ဒီ့အချိန်တုန်းက မသိရှိကြသေးပါဘူး ။
ဒိုင်နိုဆောတွေရဲ့ ရုပ်ကြွင်းတွေကို ပထမဆုံး ရှာတွေ့ခဲ့တဲ့အချိန်ဟာ ၁၆၇၇ ခုနှစ်မှသာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး တွေ့ရှိချိန်မှာ အဲ့ဒီ့ရုပ်ကြွင်းကို ဆင်ကြီးတစ်ကောင်ရဲ့ ရုပ်ကြွင်းအဖြစ်တာ ထင်မြင်ခဲ့ကြသေးပါတယ် ။ ဒိုင်နိုဆော ဆိုပြီး စတင်သတ်မှတ်တဲ့ခုနှစ်က ၁၈၂၄ ခုနှစ်မှ စတင်ခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့် ပန်ချီရေးသားတဲ့ခုနှစ်ဖြစ်တဲ့ ၁၅၆၂ ခုနှစ်မှာ ဒိုင်နိုဆောတွေဟာ ဘယ်လိုပုံသဏ္ဏာန်ရှိတယ်ဆိုတာကို လုံးဝသိရှိခဲ့ခြင်း မရှိသေးပါဘူး ။
တစ်ချို့က လည်ပင်းရှည်သစ်ကုလားအုတ်အကောင်ကို စီးတဲ့ပုံ ရေးဆွဲတာလို့ဆိုကြပေမယ့် လူ့သမိုင်းတစ်လျှောက်မှာ သစ်ကုလားအုတ်ကို မြင်သတ္တဝါလိုမျိုး ကုန်းပေါ်တပ်စီးခြင်းမှတ်တမ်းမျိုးဟာ လုံးဝမရှိခဲ့ပဲ အခုချိန်ထိတိုင် လူတို့အကျိုးပြုသတ္တဝါထဲ မပါဝင်သေးပါဘူး ။ အကြောင်းကတော့ သစ်ကုလားအုပ်ရဲ့ ခန္ဓာဖွဲ့သည်းပုံဟာ ဂုံးနှီးတင်လို့မရသလို မြင်တွေလို လူတွေနဲ့ယဉ်ပါးအောင်လည်း လုပ်ဖို့ ခက်ခဲလို့ပါပဲ ။
#htoohtoolay
ကမ္ဘာ့ဗဟုသုတများဖတ်ရန် apk

Comments
Post a Comment