၁၉၃၉ ခုနှစ်က Lyudmila Pavlichenko ဆိုတဲ့ မိန်းကလေးဟာ Red Army မှာ စနိုက်ဘာ သေနတ်သမားအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ် ။ အဲ့ဒီ့အချိန်က သူ့ရဲ့အသက်က ၂၄ နှစ်ပဲ ရှိပါသေးတယ် ။ သူက အဲ့ဒီမှာ ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီးချိန်မှာ မှတ်တမ်းတွေအရ သူ့ရဲ့ ရန်သူတွေကို ချေမှုန်းခဲ့သည့်အရေအတွက်ဟာ ၃၀၉ ဦးအထိ ရှိခဲ့ပြီး အဲ့ဒီ့ထဲမှာ တစ်ဖက်ရန်သူရဲ့စနိုက်ဘာသမား ၃၆ ယောက်အထိ ပါဝင်ခဲ့ပါတယ် ။ ပထမဆုံး သူ့ကို ရှေ့တန်းပို့ဖို့ ဆုံးဖြတ်ခဲ့စဉ်က U.S အကြီးအကဲတွေဟာ ယုံကြည်မှုမရှိခဲ့ပဲ " မိန်းကလေးတစ်ယောက်ကို ရှေ့တန်းက အရေးပါတဲ့ စနိုက်ဘာ တစ်ယောက်အဖြစ်ထားရှိတာဟာ အစဉ်အလာမရှိပဲ သူဟာ ပစ်မှတ်ကို ကောင်းကောင်း ချေမှုန်းနိုင်မှာမဟုတ်ဘူး" လို့ ပြောဆိုခံခဲ့ရပါသေးတယ် ။
#htoohtoolay
ကမ္ဘာ့ဗဟုသုတများဖတ်ရန် apk

Comments
Post a Comment