၁၉၇၈ ခုနှစ်တုန်းက ကမ္ဘာမြေသုတေသနပြုတဲ့အသင်းတစ်ခုဟာ ဆာဘေးရီးယားအတွင်းထဲမှာ မိသားစုတစ်စုကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ အဲ့ဒီ့မိသားစုက Lykov မိသားစုဖြစ်ပြီး သူတို့ဟာ ၁၉၃၆ ခုနှစ်က ဆိုဗီယက်ခေတ်အတွင်း ဘာသာရေးအခက်အခဲတွေကြောင့် လူတွေနဲ့ ၁၅၀ မိုင်ဝေးကွာတဲ့ ဆာဘေးရီးယားအတွင်းရှိ Sayan တောင်တန်းနေရာဆီကို ထွက်ခွါခဲ့ကြတာဖြစ်ပါတယ် ။
ထွက်ခွာခဲ့စဉ်က Karp Lykov နဲ့ သူ့ရဲ့ ဇနီး Akulina ဟာ သူတို့ရဲ့ ကလေးနှစ်ယောက်ဖြစ်တဲ့ (Savin နဲ့ Natalia) နဲ့အတူထွက်လာခဲ့ကြပါတယ် ။
သူတို့ကို ရှာတွေ့တဲ့အချိန်မှာ နောက်ထပ် ကလေး နှစ်ယောက်ရရှိနေပြီဖြစ်ပြီး ကလေး ၄ ယောက်အထိ ရှိခဲ့ပြီဖြစ်ပါတယ် ။
သူတို့တွေကတော့ -
Savin: ၄၀ လောက် (ကျား)
Natalia: ၃၀-၄၀ လောက် (မ)
Dmitry: ၃၀ လောက် (ကျား)
Agafia: ၃၀ အောက် (မ) တို့ဖြစ်ပါတယ် ။
ဒါပေမယ့် သူ့ဇနီးဖြစ်တဲ့ Akulina က ၁၉၆၁ မှာ သေဆုံးသွားခဲ့ပြီး ဖြစ်တဲ့အတွက် ၁၉၇၈ က ရှာတွေ့ချိန်မှာတော့ Karp နဲ့ ကလေးလေးယောက်ပဲ ရှိနေခဲ့တာပါ။
သူတို့ဟာ ၄၂ နှစ်ကြာတဲ့အထိ တောထဲမှာ လူတွေနဲ့ လုံးဝ တွေ့ဆုံခဲ့ခြင်းမရှိသလို သတ္တုပစ္စည်းနဲ့ပက်သတ်သမျှ ဘာအရာမှ မရှိခဲ့ပါဘူး ။ သူတို့ဟာ သစ်သားနဲ့ပြုလုပ်တဲ့အရာတွေကို အသုံးပြုပြီး အဝတ်ကိုလည်း ကိုယ်တိုင်ယပ်လုပ်ဝတ်စဉ်ခဲ့ပါတယ် ။
ဘာအဆက်အသွယ် ၊ ဘာနည်းပညာ ၊ ဘာအကြားအမြင်အသိများမှ မရှိပဲ နေထိုင်ခဲ့ကြသလို သူတို့ဟာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့တယ်ဆိုတာကိုတောင် မသိကြပါဘူး ။
တောထဲမှာမွေးခဲ့တဲ့ အငယ်ဆုံးဖြစ်သူ Agafia ဟာ အခုထိ အသက်ရှင်နေပြီး၊ သူ့ရဲ့ အသက်က ၈၀ကျော်နေပြီဖြစ်ပြီး တောထဲမှာ နေထိုင်နေဆဲပါ။ သူဟာ မော်ဒန်ဘဝကို ငြင်းပယ်ပြီး သူ့ရဲ့ အတိတ်ပုံစံကို ဆက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ် ။
#htoohtoolay
ကမ္ဘာ့ဗဟုသုတများဖတ်ရန် apk 👇

Comments
Post a Comment