အမေရိကန်ထဲမှာ အလွန်အန္တာရာယ်ကြီးမားတဲ့ အုတ်ဂူတစ်ခုရှိပါတယ် ။ အဲ့ဒါကတော့ Richard Leroy McKinley ရဲ့ အုတ်ဂူပဲ ဖြစ်ပါတယ် ။ သူဟာ ၁၉၆၁ ခုနှစ်က U.S Army ရဲ့ Idaho သဲကန္တာရထဲမှာ နူကလီယား မတော်တဆပေါက်ကွဲမှုတစ်ခုအတွင်း သေဆုံးခဲ့တဲ့ သုံးဦးထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ် ။ အဲ့ဒီ့အချိန်မှာ သူ့ရဲ့ခန္ဓာကိုယ်မှာ ရေဒီယိုသတ္တိကြွမှုတွေအလွန်များနေတာကြောင့် ထိတွေ့ကိုင်တွယ်ဖို့ အလွန်ကို အန္တာရာယ်ကြီးမားလွန်းနေပါတယ် ။ ဒါကြောင့် သူ့ရဲ့ရုပ်အလောင်းကို မီးသင်္ချိုဖို့ မဖြစ်နိုင်ခဲ့ပါဘူး ။ အဲ့ဒီ့နောက် ပတ်ဝန်းကျင်ကို အန္တရာယ်မရှိအောင် သူ့ရဲ့အုတ်ဂူကို အထပ်ထပ်ပြုလုပ်ကာ မြေကြီးအတွင်းကို မြှပ်နှံခဲ့ကြရပါတယ် ။ ဝမ်းနည်းစရာကောင်းတာက သူ့ရဲ့ အုတ်ဂူအပေါ်မှာ အခြားဂူတွေလို ပန်းတွေ မရှိသလို လာရောက်လွမ်းဆွတ်စကား လာပြောသူတွေလဲ မရှိပါဘူး ။
#htoohtoolay
ကမ္ဘာ့ဗဟုသုတများဖတ်ရန် apk

Comments
Post a Comment