စိတ်ဝင်စားစရာကောင်းတဲ့ 'Green Children of Woolpit' ဇာတ်လမ်းကို ဖော်ပြပေးပါမယ်။ ဒီဇာတ်လမ်းက အင်္ဂလန်နိုင်ငံရဲ့ နက်နဲဆန်းကြယ်ပြီး ရာဇဝင်ထဲမှာ အမှတ်ရစရာ အကောင်းဆုံး မှတ်တမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။
၁၂ ရာစုနှစ် က အင်္ဂလန်နိုင်ငံ၊ ဆပ်ဖော့ခ် (Suffolk) က ဝူးလ်ပစ် (Woolpit) ရွာမှာ ဖြစ်ပျက်ခဲ့တယ်လို့ မှတ်တမ်းတင်ထားတဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။
ရွာသားတွေဟာ ဝံပုလွေထောင်ချောက်တွင်းအနားမှာ (wolf pit) အသားအရေ အစိမ်းရောင် ရှိပြီး၊ ဘယ်သူမှ နားမလည်နိုင်တဲ့ ထူးဆန်းတဲ့ ဘာသာစကား ကို ပြောတဲ့ ကလေးနှစ်ယောက် (မောင်နှမ) ကို တွေ့ရှိခဲ့ကြပါတယ်။ သူတို့ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေကလည်း ထူးဆန်းတယ်လို့ ဆိုပါတယ်။
သူတို့ဟာ အစပိုင်းမှာ ဘယ်လို အစားအစာကိုမှ မစားဘဲ ပဲစိမ်းတောင့် (raw broad beans) တွေကိုသာ စားခဲ့ကြပါတယ်။ ယောက်ျားလေးက မကြာခင်မှာပဲ ဖျားနာပြီး သေဆုံးသွားခဲ့ပါတယ်။ မိန်းကလေးကတော့ အသက်ရှင်ခဲ့ပြီး တဖြည်းဖြည်းနဲ့ အခြားအစားအစာတွေကို စားသောက်တတ်လာပါတယ်။ အဲ့ဒီလို စားသောက်လာတာနဲ့အမျှ သူ့ရဲ့ အစိမ်းရောင် အသားအရေက ပျောက်ကွယ်ပြီး ပုံမှန်အရောင် ကို ပြောင်းလဲသွားခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာ အင်္ဂလိပ်စကားကို သင်ယူတတ်မြောက်ခဲ့ပြီး ဒေသခံ တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
အင်္ဂလိပ်စကားပြောတတ်လာတဲ့ မိန်းကလေးကို မေးမြန်းတဲ့အခါ သူတို့ လာခဲ့တဲ့နေရာအကြောင်းကို အခုလို ရှင်းပြခဲ့ပါတယ်။
သူတို့ဟာ အမြဲတမ်း မှောင်မည်းနေပြီး နေရောင်ခြည် မရှိတဲ့၊ အရာအားလုံးက အစိမ်းရောင်ရှိတဲ့ မြေအောက်ကမ္ဘာတစ်ခုကနေ ရောက်လာတာလို့ ပြောပါတယ်။ သူတို့မောင်နှမနှစ်ယောက်ဟာ သူတို့မွေးထားတဲ့အိမ်မွေး သိုးအုပ်ကို ထိန်းကျောင်းရင်း ဥမင်လိုဏ်ခေါင်း ဒါမှမဟုတ် လျှို့ဝှက်လမ်းကြောင်းတစ်ခုကို ဖြတ်ပြီး လိုက်လာခဲ့ရာကနေ ရုတ်တရက် ဝူးလ်ပစ်ရွာကို ရောက်လာခဲ့တာလို့ ဆိုပါတယ်။
လူတွေဟာ ကလေးမလေးက သူတို့ရဲ့အဖြစ်ကို မသိစေချင်လို့ တမင် ညာဏ်ကွန့်ပြီး ဇာတ်လမ်းဖန်တီးခဲ့တာလို့ ဆိုကြပေမယ့် တစ်ချို့တွေကတော့ တကယ်ယုံကြည်ပြီး သူတို့ဟာ မြေအောက်ကမ္ဘာ သို့မဟုတ် ဒီကမ္ဘာက မဟုတ်ပဲ တစ်နေရာရာက ရောက်လာကြတာလို့ ပြောဆိုယုံကြည်ခဲ့ကြပါတယ် ။
ကလေးမလေးကို ခေါ်ယူစောင့်ရှောက်ခဲ့တဲ့သူဟာ ဆာရစ်ချတ်ဒီကောလ်န် (Sir Richard de Calne) ဆိုသူပဲ ဖြစ်ပါတယ် ။
#htoohtoolay
ကမ္ဘာ့ဗဟုသုတများဖတ်ရန် apk

Comments
Post a Comment