၁၈၉၅ ခုနှစ်က ဂျပန်နိုင်ငံရှိ Kyoto's Higashi Hongan-ji Temple ကို ပြန်လည်ပြုပြင်ခဲ့ကြပါတယ် ။ အဲ့ဒီ့ ဆောက်လုပ်ရေးလုပ်ဆောင်ချိန်မှာ အင်ဂျင်နီယာတွေဟာ ပြင်းထန်တဲ့စိန်ခေါ်မှုတစ်ရပ်နဲ့ ကြုံခဲ့ရပါတယ် ၊ အဲ့ဒါကတော့ သူတို့ဟာ ကြီးမားတဲ့ သစ်သားတိုင်တွေကို ဆွဲတင်ဖို့အတွက် ရှိသမျှ သူတို့ရဲ့ကြိုးတွေဟာ ကြံ့ခိုင်မှုမရှိပဲ ပြတ်တောက်ပြိုလဲလျက် ရှိနေပါတယ် ။ အဲ့ဒီ့အခက်အခဲကို ဖြေရှင်းဖို့အတွက် ယင်းဘုရားကျောင်းရဲ့ ဒါယကာမတွေဟာ သူတို့ရဲ့ဆံပင်တွေကို စုစည်းပြီး ကြီးမားတဲ့ ကြိုးတစ်ခွေကို လုပ်ဆောင်ခဲ့ကြပါတယ် ။ အံ့ဩစရာကောင်းလောက်အောင် အဲ့ဒီ့ဆံပင်ကြိုးကြီးဟာ ခိုင်ခံ့မှုပြည့်ဝပြီး သူတို့မဆွဲတင်နိုင်တဲ့ သစ်လုံးကိုယ်ထည်ကြီးတွေကို မ,ယူနိုင်ခဲ့ကြပါတယ် ။ ဒီဖြစ်ရပ်အပေါ်မူတည်ပြီး သူတို့ရဲ့သဒ္ဒါတရားနဲ့စိတ်ဝိညာဉ်တွေဟာ ဒီဘုရားကျောင်းကြီးမှာ ကိန်းဝတ်လျက်ရှိကြတယ်လို့ ယုံကြည်လျက် ရှိကြပါတယ် ။
#htoohtoolay
ကမ္ဘာ့ဗဟုသုတများဖတ်ရန် apk

Comments
Post a Comment