Skip to main content

Posts

ဘာကြောင့်အိမ်အစုတ်ကြီးလေဆိပ့်မှာထားသလဲ ?

  မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြောင်းလဲမှုကို သရုပ်ဖေါ်ထားတဲ့ ဟောင်ကောင် လေဆိပ်က နမူနာ အိမ်ပုံစံတစ်ခုဖြစ်ပါတယ် ။ သူ့ရဲ့အမည်က Kowloon Walled City ဆိုပြီးဖြစ်တယ် ။ အဲ့ဒီ့မြို့တော်ဟာ ဟောင်ကောင်မှာ ထင်ရှားပြီးထူးခြားတဲ့မြို့ကြီးပါ ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့မြို့ဖြစ်ပြီးတော့ ရာဇဝတ်ကောင်တွေရဲ့ လွတ်မြောက်နယ်မြေအဖြစ် ပစ်မှတ်ထားခံခဲ့ရတယ် ၊ တစ်ဆ တစ်ဆ နဲ့ လူနေထူထပ်လာပြီး နေအိမ်တွေကို ဖြစ်သလို တည်ဆောက်ကြကာ လူနေကြပ်တည်းများပြားရုံတာမကပဲ လေဝင်လေထွက်ပါ ပိတ်ခဲ့လောက်အောင် ကျဉ်းမြောင်းခဲ့ပါတယ် ။ မြို့ထဲက လူအများစုဟာ တရားမဝင်အလုပ်တွေကို အဓိက လုပ်ကိုင်ကြပြီးတော့ ရှင်သန်ကြပါတယ် ။  ဥပဒေမဲ့ပြီး သန့်ရှင်းမှုမရှိတဲ့ အဲ့ဒီ့မြို့ကို ဟောင်ကောင်အစိုးရက ၁၉၉၀ ပြည့်လွန်နှစ်များအစောပိုင်းမှာ ကြီးမားကျယ်ပြန့်ပြီးခက်ခဲတဲ့အလုပ်တစ်ခုအနေနဲ့ သတ်မှတ်ကာ ဖျက်သိမ်းဖို့စတင်ခဲ့ပါတယ် ။ အခုတော့ အဲ့နေရာမှာ ယနေ့အချိန်ထိတိုင် ပန်းခြံ တည်ဆောက်ထားပါတယ် ။  ၁၆ ရာစုအထိ တရုတ်ရဲ့ စစ်စခန်းအဖြစ် အသုံးပြုခဲ့ပါသေးတယ် ။ အဲ့ဒီ့နောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီးတော့ Kowloon walled city ဆိုပြီး တစ်ဆ တစ်ဆ နဲ့ ပြောင်းလဲသွားခဲ့ပါတ...

လူသား အစ

 လူ ----- ယနေ့ခေတ် လူသားစတင်ပုံကိုလေ့လာတဲ့အခါ Australopithecus က လူသားတွေရဲ့ ရှေ့ပြေးဖြစ်တဲ့ မျိုးနွယ်စုတစ်ခု ဖြစ်ပြီး Homo habilis လို့ခေါ်တဲ့ ပိုပြီး လူသားနဲ့ ဆင်တဲ့ မျိုးနွယ်စုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ မှတ်ချက် ။ ။  ( လူသားနဲ့ ချင်ပန်ဇီ၊ ဂေါ်ရီလာတို့ဟာ တစ်ချိန်က အတူတူဖြစ်ခဲ့တဲ့ ဘိုးဘေးတစ်ခုတည်းက ဆင်းသက်လာတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သီးခြားလမ်းကြောင်းတွေကို လိုက်သွားခဲ့ကြတာကြောင့် မတူညီတဲ့ မျိုးစိတ်တွေအဖြစ် ပြောင်းလဲသွားခဲ့တာပါ။ လူသားရဲ့ ရှေ့ပြေးဖြစ်တဲ့ Australopithecus ဟာ ချင်ပန်ဇီနဲ့ ဂေါ်ရီလာတို့နဲ့ ကွဲပြားသွားပြီးနောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ မျိုးစိတ်တစ်ခု ဖြစ်ပါတယ်။  ဒါကြောင့် မျောက်ကနေ လူဆင်းသက်တယ်ဆိုပြီး သိမြင်ထားတဲ့စကားတွေက လုံးဝ အမှားတွေဖြစ်ပါတယ် ) စတင်ခဲ့တဲ့ Australopithecus ဆိုတာက အာဖရိကမှာ နှစ် ၄ သန်း မှ ၂ သန်းနှစ်ကြား နေထိုင်ခဲ့ကြတဲ့ ရှေးဦး လူ့မျိုးနွယ်တစ်ခုဖြစ်ပါတယ် ။ လူသားရဲ့ ရှေးဦး ဘိုးဘေးများထဲမှ တစ်မျိုးဖြစ်ပြီး ခြေထောက်နှစ်ချောင်းနဲ့ သွားလာနိုင်မှု၊ ကိရိယာများအသုံးပြုနိုင်မှု စတဲ့ လူသားလက္ခဏာများကို ပိုင်ဆိုင်ခဲ့ကြပါတယ်။ ယနေ့ခေတ်လူသားမှာတော့ Australop...

ဒုံးရန်ကာကွယ်ရေးစနစ်လိုပါဝင်တဲ့ ထူးခြားသောအပင်

ဒုံးရန်ကာကွယ်ရေးစနစ်လိုပါဝင်တဲ့ ထူးခြားသောအပင် ----- Oxalis လို့ခေါ်တဲ့အပင်မျိုးဟာ ထိတွေ့တဲ့အခါ အသီးတွေကနေ အစေ့တွေကို သူ့အပေါ်အန္တရာယ်ကျရောက်နိုင်မှုဖြစ်စဉ်ကနေကာကွယ်နိုင်အောင် ပစ်လွှတ်တက်ကြပါတယ် ။ အဲ့ဒါကို explosive seed dispersal လို့ခေါ်ပါတယ်။ အဲ့ဒီ့အပင်တွေဟာ ဒီနည်းလမ်းနဲ့ သူတို့ရဲ့ အစေ့တွေကို ပိုပြီး ကျယ်ပြန့်အောင် လုပ်လေ့ရှိပါတယ်။ ဒီလိုမျိုး အစေ့ပြန့်ပွားတဲ့နည်းလမ်းဟာ အပင်တွေအတွက် အကျိုးကျေးဇူးများစွာ ရှိပါတယ်။  ဥပမာအားဖြင့် -  * အပင်မျိုးစိတ်ကို ကျယ်ပြန့်စေတယ်။  * သဘာဝပတ်ဝန်းကျင်က အပြောင်းအလဲတွေကို ပိုပြီး ခံနိုင်ရည်ရှိစေတယ်။  * အခြားအပင်တွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေပါတယ် ။ Oxalis ကို အမည်အမျိုးမျိုးနဲ့ ခေါ်ဝေါ်လေ့ရှိကြပါတယ် ။ သူတို့ကို -    * သရက်ရွက်ပင်    * သုံးရွက်ပင်    * ပုလဲပင် စသဖြင့် မြန်မာနိုင်ငံမှာ အမျိုးမျိုးခေါ်ကြပါတယ်။    * အင်္ဂလိပ်လိုကတော့ Wood-sorrel လို့ခေါ်ပါတယ်။ Oxalis ရဲ့ အသုံးဝင်မှုတွေကတော့ အချို့သော Oxalis မျိုးတွေကို စားသုံးနိုင်ပါတယ်။ ဆေးဖက်ဝင်အပင်အဖြစ်လည်း အသုံးပြုကြပါတယ်။ မှတ်...

ကမ္ဘာပေါ်မှာဖန်တီးတဲ့ ကြယ်အတု

ကမ္ဘာပေါ်မှာဖန်တီးတဲ့ ကြယ်အတု ----- နယူနယူးဇီလန်၊ ဝဲလင်တန်မြို့တွင် တည်ရှိသည့် OpenStar Technologies ကုမ္ပဏီ၏ နျူကလီးယား ဓာတ်ပေါင်းဖို စက်ရုံဂိုဒေါင်တစ်ခု၌ စတာ့အပ်တစ်ခုကို ကမ္ဘာပေါ်တွင် ဖန်တီးနေကြသည် ။ ထိုအရာသည် နက္ခတ်တာရာ၏ စွမ်းအင်ကို အတုယူဖန်တီးရန် စမ်းသပ်နေခြင်းဖြစ်သည်။ ၎င်းတို့သည် ကြီးမားသော လွှတ်ပျံမဂ္ဂနက်ကို အသုံးပြု၍ “အတွင်းမှအပြင်သို့” ဟုခေါ်သော ထူးခြားသည့် ဓာတ်ပေါင်းဖို နည်းပညာကို အသုံးပြုနေခြင်း ဖြစ်သည်။ ၎င်း၏ ရည်မှန်းချက်မှာ နျူကလီးယားစွမ်းအင်ကို ထုတ်လုပ်ရန် ဖြစ်သည်။ ၎င်းသည် ကမ္ဘာ့ လက်ရှိ နျူကလီးယား စွမ်းအင်များ အခြေခံသည့် တုံ့ပြန်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး အကန့်အသတ်မရှိသည့် သန့်ရှင်းသော စွမ်းအင်တစ်မျိုးဖြစ်သည်ဟုဆိုသည် ။ လက်ရှိနျူကလီးယားသည် ဖျက်ခွဲခြင်းဖြစ်ပြီး အဲ့ဒီ့အစား ယခုစမ်းသပ်ချက်မှာ အက်တမ်များကို ပေါင်းစပ်ခြင်းဖြင့် နျူကလီးယားစွမ်းအင်ထုတ်လုပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ၎င်းသည် စကြဝဠာတွင် အများဆုံး တွေ့ရှိရသော အစိတ်အပိုင်းဖြစ်သည့် ဟိုက်ဒရိုဂျင်ကို အသုံးပြု၍ ကြီးမားသော စွမ်းအင် ထွက်ပေါက်ကို ရရှိနိုင်သည်ဟုဆိုသည် ။ ယခုလအစောပိုင်းက OpenStar Technologies သည် စူပါဟီးတက်...

မဟာဂီရိနတ်

မဟာဂီရိနတ်သည် ရှေးဘဝက အလွန်ခွန်အားကောင်းသည့် ပန်းပဲသမားကြီး ဖြစ်ခဲ့သည် ။ တကောင်းမင်းသည် ထို ပန်းပဲသမားကြီးက မိမိအား တစ်နေ့တွင် ဖြုတ်ချမည်ကို စိုးရိမ်လေ၏ ။ ထို့ကြောင့် ပထမ ခြေလှမ်းအနေဖြင့် မင်းကြီးသည် ပန်းပဲသမားကြီး၏ " မမြတ်လှ " မည်သော နှမကို လက်ထပ်ယူ၏ ။ ထို့နောက် သူသည် ပန်းပဲသမားကြီးကို နန်းတော်သို့ ဖိတ်ခေါ်၏ ။ ပန်းပဲသမားကြီးရောက်လာသော် မင်း၏ လက်ပါးစေတို့က သူ့ကို ခြေရော လက်ပါ တုပ်ချည်၍ အရှင်လတ်လတ် မီးရှိုံ့ သတ်လေ၏ ။ အနီး၌ စောင့်ကြည့်နေသော နှမလည်း မီးလျှံထဲသို့ ခုန်ဆင်းလေ၏ ။ သေသော် သူတို့သည် နတ်များ ဖြစ်လာခဲ့ကြသည် ။   ဤ မောင်နှမနှစ်ဦးတို့သည် မူလက သစ်ပင်တစ်ပင်မှာနေကြ၏ ။ သူတို့သည် ထိုသစ်ပင်နားသို့ လာကြသည့် ရွာသူရွာသားများအား အနှောက်အယှက် များစွာ ပေးကြ၏ ။ ထို့ကြောင့် သစ်ပင်ကို ခုတ်၍ ဧရာဝတီမြစ်ထဲသို့ မျောချလိုက်၏ ။ အတန်ကြာသော် ထိုသစ်ပင်သည် သေဲတာင်တန်းတစ်ခု၌ သောင်တင်လေ၏ ။ နတ်တို့သည် ထို တောင်ပြင်ကမ်းခြေကို ဖြတ်သန်းသွားလာသည့် လှေသမားတို့အား အနှောက်အယှက်များစွာ ပေးကြ၏ ။   ထိုအကြာင်းကို အနော်ရထာမင်းအား လျောက်ကြားလေသော် ထိုနတ်တို့ကို အမိန့်တော်ဖြင့် သဲသောင်ကမ်းမှ ထွက်သွားစေ...

နှစ်ပေါင်း ၂၈၀၀၀ သက်တမ်းရှိသည့် ပိရိမစ်ကို သိပ္ပံပညာရှင်များ တွေ့ရှိ

နှစ်ပေါင်း ၂၈၀၀၀ သက်တမ်းရှိသည့် ပိရိမစ်ကို သိပ္ပံပညာရှင်များ တွေ့ရှိ အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းဂျာဗားရှိ ပါဒန်တောင်ထိပ်တွင် နှစ်ပေါင်း ၂၈၀၀၀ နှစ်သက်တမ်းရှိသည့် ပိရိမစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည် ။   အင်ဒိုနီးရှားသိပ္ပံပညာရှင်များသည် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာကတည်းက ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသော ရှေးဟောင်းပိရမစ်ကို အင်ဒိုနီးရှားရှိ တောင်တစ်ခုပေါ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည် ။ သိပ္ပံပညာရှင်များသည် ၂၀   ရာစုအစောပိုင်းတွင် Gunung (Mount) Padang ကို ပထမဆုံး   ရှာဖွေတွေ့ရှိသောသူများမှာ ဉရောပသားများ ဖြစ်ကြ၏ ။ သူတို့သည် ရှေးဟောင်းကျောက်တုံးများကို တွေ့ရှိခဲ့ကြပြီး အလွန်အမင်း အံ့အားသင့်ခဲ့ရသည်ဟု ဆိုသည် ။   သိပ္ပံပညာရှင်များ၏   အဆိုအရ အနောက်ဂျာဗားရှိ ပါဒန်တောင်ထိပ့်ပေါ်တွင် တည်ရှိနေသော ပိရိမစ်မှာ သဘာဝတောင်ကုန်းမဟုတ်ကြောင်းနှင့် လွန်ခဲ့သော နှစ်ပေါင်း ထောင်ပေါင်းများစွာကတည်းက လူလုပ်ပိရိမစ်ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်နေကြ၏ ။   သိပ္ပံပညာရှင်များအဆိုအရ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀၀ ရှိ ပိရမစ်၏ လမ်းကြောင်းများနှင့် အခန်းများသည် အနော...

လွန်ခဲ့သော နှစ်ပေါင်း ၃၅၀၀ က မင်းသားတို့၏သင်္ချိုင်း

လွန်ခဲ့သော နှစ်ပေါင်း ၃၅၀၀ က မင်းသားတို့၏သင်္ချိုင်း ရှေးဟောင်းသုတေသနပညာရှင်များသည် ဂရိနိုင်ငံရှိ ရတနာများနှင့်ပြည့်နက်နေသော မင်းသားသင်္ချိုင်းများကို ရှာဖွေတွေ့ရှိခဲ့သည် ။ ဂရိရှိ  ရှေးဟောင်းသုတေသနပညာရှင်များ သည် ရွှေထည်နှင့် အခြားအပိုပစ္စည်းများထည့်သွင်းထားသော “ မင်းသား”  ကြေးနီခေတ်  သင်္ချိုင်း  နှစ်ခုကိုရှာဖွေတွေ့ရှိသည် ။ လွန်ခဲ့သောနှစ်ပေါင်း ၃၅၀၀ မှ စတင်ခဲ့သော ပျားအုံပုံသဏ္ဌာန်သင်္ချိုင်းဂူများရှာဖွေတွေ့ရှိမှုသည် ရှေးဟောင်းဂရိနိုင်ငံရှိ သက်ရှိများကို အလင်းရောင်သစ်ပေးသည်ဟု တူးဖော်ရေးအဖွဲ့မှပြောကြားခဲ့သည်။ စင်စင်နာတီတက္ကသိုလ်မှ ရှေးဟောင်းသုတေသနပညာရှင်များသည် သူတို့၏တွေ့ရှိချက်များကို အေသင်ရှိ ဂရိနိုင်ငံအနောက်တောင်ဘက်ရှိ ပိုလိုစ် (site) တွင် ထုတ်ဖော်ကြေငြာခဲ့ခြင်းဖြစ်သည် ။ ၁၈ လကြာ တူးဖော်နေစဉ်အတွင်း ရှေးဟောင်းသုတေသနပညာရှင်များသည် ကောက်ပဲသီးနှံများနှင့်အတူ နွားနှစ်ကောင်ပါသည့် ထွင်းထားသည့် ရွှေလက်စွပ်များနှင့် သေလွန်သူများကို အကာအကွယ်ပေးသော အီဂျစ်နတ်ဘုရားမကို သရုပ်ဖော်ထားသည့် ရွှေဆွဲကြိုးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ UC ၏ ဂန္ထ...