လွန်ခဲ့သော နှစ်ပေါင်း ၃၅၀၀ က မင်းသားတို့၏သင်္ချိုင်း
ရှေးဟောင်းသုတေသနပညာရှင်များသည်
ဂရိနိုင်ငံရှိ ရတနာများနှင့်ပြည့်နက်နေသော မင်းသားသင်္ချိုင်းများကို ရှာဖွေတွေ့ရှိခဲ့သည်
။
ဂရိရှိ ရှေးဟောင်းသုတေသနပညာရှင်များသည် ရွှေထည်နှင့် အခြားအပိုပစ္စည်းများထည့်သွင်းထားသော “
မင်းသား” ကြေးနီခေတ် သင်္ချိုင်း နှစ်ခုကိုရှာဖွေတွေ့ရှိသည် ။
လွန်ခဲ့သောနှစ်ပေါင်း
၃၅၀၀ မှ စတင်ခဲ့သော ပျားအုံပုံသဏ္ဌာန်သင်္ချိုင်းဂူများရှာဖွေတွေ့ရှိမှုသည် ရှေးဟောင်းဂရိနိုင်ငံရှိ
သက်ရှိများကို အလင်းရောင်သစ်ပေးသည်ဟု တူးဖော်ရေးအဖွဲ့မှပြောကြားခဲ့သည်။
စင်စင်နာတီတက္ကသိုလ်မှ
ရှေးဟောင်းသုတေသနပညာရှင်များသည် သူတို့၏တွေ့ရှိချက်များကို အေသင်ရှိ ဂရိနိုင်ငံအနောက်တောင်ဘက်ရှိ
ပိုလိုစ် (site) တွင် ထုတ်ဖော်ကြေငြာခဲ့ခြင်းဖြစ်သည် ။
၁၈ လကြာ တူးဖော်နေစဉ်အတွင်း ရှေးဟောင်းသုတေသနပညာရှင်များသည် ကောက်ပဲသီးနှံများနှင့်အတူ
နွားနှစ်ကောင်ပါသည့် ထွင်းထားသည့် ရွှေလက်စွပ်များနှင့် သေလွန်သူများကို အကာအကွယ်ပေးသော
အီဂျစ်နတ်ဘုရားမကို သရုပ်ဖော်ထားသည့် ရွှေဆွဲကြိုးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
UC ၏ ဂန္ထဝင်ဌာနအကြီးအကဲ Jack Davis က "လက်စွပ်၏ထွင်းထုခြင်းသည်
တိရိစ္ဆာန်မွေးမြူရေးအတွက် စိတ်ဝင်စားဖွယ်ကောင်းသောမြင်ကွင်းဖြစ်ပြီး - စပါးထုတ်လုပ်မှုနှင့်
ရောနှောထားသော တိရစ္ဆာန်များဖြစ်သည်။ စိုက်ပျိုးရေး၏ အခြေခံဖြစ်သည်" ဟုပြောကြားခဲ့သည်။
“ ငါတို့သိသလောက်က ကရေတေကျွန်း ဒါမှမဟုတ် Minoan ယဉ်ကျေးမှုမှာ
သီးနှံတစ်ခုတည်းကိုသာ ကိုယ်စားပြုတယ်။ ” တစ်ချိန်က နံရံများဖုံးလွှမ်းခဲ့သော ကြမ်းပြင်ပေါ်ရှိ
ရွှေအလွှာများက သင်္ချိုင်းတွင်းရှိ မင်းသားများ၏ ကြွယ်ဝမှုနှင့် အခြေအနေကိုပြသနေသည်။
Davis နှင့် UC ရှေးဟောင်းသုတေသနပညာရှင် ရှာရွန်Stocker တို့သည် Griffin Warrior ၏ သင်္ချိုင်းပတ်၀န်းကျင်ကို
စုံစမ်းစစ်ဆေးစဉ်က ဤသင်္ချိုင်းဂူများကို ပြီးခဲ့သည့်နှစ်က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
သူတို့၏ နောက်ဆုံးတွေ့ရှိချက်များ အရေးပါပုံကို ပြောကြား၍ Davis က “ ဒီကြေးနီခေတ်နန်းတော်တည်နေရာမှာ
ဒီသင်္ချိုင်းဂူကြီးတွေကိုတွေ့ရှိခဲ့တာက နှစ်ပေါင်း ၅၀ ရှိပါပြီ။ ဒါကထူးခြားပါတယ် ”
ဟု ဆိုသည် ။ ရှေးဟောင်းသင်္ချိုင်းဂူများပြိုကျမှုကြောင့် ခန့်မှန်းခြေကျောက်တုံး
၄၀၀၀၀ ကို ဖယ်ရှားရန်လိုအပ်ခြင်းကြောင့် ၎င်းနေရာကို တူးဖော်ရန်ခက်ခဲခဲ့သည်ဟု ဂရိယဉ်ကျေးမှု၀န်ကြီးဌာန၏
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သင်္ချိုင်းတွင်းရှိ အရာဝတ္ထုများကို မှတ်တမ်းတင်ရန်နှင့် နေရာချထားရန်
UC အဖွဲ့သည် ဓာတ်ပုံနှင့် နည်းပညာကို သုံး၍ ဒီဂျစ်တယ်မြေပုံကိုအသုံးပြုကြသည်။
သင်္ချိုင်းဂူများသည် Homer ၏ Iliad နှင့် Odyssey ဟူ၍ ဂရိဘုရင်၏ အမည်ဖြင့်
ခေါ်ဝေါ်သော - Nestor နန်းတော်နှင့် နီးသည်။ ၁၉၃၉ တွင် UC မှ ဂန္ထဝင်ပါမောက္ခ Carl
Blegen မှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်၏ ။
Blegen သည် သူ၏သင်္ချိုင်းဂူများတွေ့ရှိသည့် လယ်ကွင်း၌ ဆက်လက်လုပ်ကိုင်လိုသော်လည်း
သူသည် ထိုအချိန်က အိမ်ခြံမြေပိုင်ရှင်ထံမှ ခွင့်ပြုချက်မရရှိခဲ့ပါ။ ဤမြေကွက်အား ဂရိယဉ်ကျေးမှုနှင့်
အားကစား ၀န်ကြီးဌာနမှ ၂၀၁၈ ခုနှစ်တွင် ၀ယ်ယူခဲ့ပြီး တူးဖော်ရန်ပြုလုပ်ခဲ့သည်ဟု ၀န်ကြီးဌာနမှ
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ UC ၏အဖွဲ့သည် ထို site ပေါ်တွင် အနည်းဆုံး နောက်ထပ်နှစ်နှစ်ခန့်
ဆက်လက်၍ တူးဖော်ရှာဖွေမှုများ ပြုလုပ်အုန်းမည်ဟု ဆို၏ ။
#htoohtoolay




Comments
Post a Comment