Skip to main content

နှစ်ပေါင်း ၄၆၀၀၀ သက်တမ်းရှိသည့် ငှက်တစ်ကောင်


နှစ်ပေါင်း ၄၆၀၀၀ သက်တမ်းရှိသည့် ငှက်တစ်ကောင်
-----
ကျောက်ဖြစ်ရုပ်ကျွင်းရှာဖွေသူများသည် လွန်ခဲ့သော နှစ်ပေါင်း ၄၆၀၀၀ သက်တမ်းရှိသည့် ရေခဲခေတ် ငှက်တစ်ကောင်၏ ကျောက်ဖြစ်ရုပ်ကျွင်းအား မနေ့ကမှ သေသော ငှက်ပမာ ကောင်းစွာ ခန္ဓာထိန်းသိမ်းထားသည့် ရုပ်ကျွင်းကို ရှာဖွေတွေ့ရှိခဲ့သည် ။

၎င်းငှက်သည် ပထမဆုံးသော ရေခဲခေတ်မှ ငှက်တစ်ကောင်ဖြစ်သည် ။ ထိုငှက်အား Love Dalen က ဆိုက်ဘေးရီယား ရေခဲဥများအတွင်းမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည် ။ သူ၏ဖခင်သည် ထိုငှက်အား ရေခဲပြင်အတွင်း ပျံသန်းသွားရင်း အထဲ၌ အေးခဲသေဆုံးသွားသည်ဟု ထင်မှတ်ခဲ့သော်လည်း သုတေသနပညာရှင်များက ကာဗွန်စစ်တမ်း ထုတ်ယူစစ်ဆေးသောအခါ ထိုငှက်ရုပ်ကျွင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၄၆၀၀၀ သက်တမ်းရှိနေခြင်းရလဒ်ထွက်ပေါ်လာ၏ ။ ထိုအခါ love သည် အလွန်အမင်း အံ့အား သင့်ခဲ့ရသည် ။

ဆွီဒင်နိုင်ငံ စတော့ဟုပ်းမြို့မှ သုတေသီတစ်ယောက်က ( ဒီရှာဖွေမှုကတကယ့်ကို စိတ်ပျက်စရာကောင်းတယ် ။ သူ့ရဲ့ ပြဿနာကို သူ့ရဲခေါင်းမှာ တွေ့ရတယ် ။ ဘာကြောင့်လဲဆိုတော့ သူက မနေ့ကမှ သေသွားသလိုရှိနေပေမယ့် သူ့ရဲ့သက်တမ်းက တော်တော်ကို ကြာညောင်းနေပြီ ။ အချိန်တွေ ရပ်တန့်သွားသလိုပဲ ) ဟု ပြောကြားခဲ့သည် ။

ဆက်လက်၍ ( ဒီငှက်ကလေးကို ငါ့လက်ထဲမှာကိုင်ပြီး မနေ့က သေသွားသလိုမျိုး လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက သေခဲ့ပုံရသလို ခံစားနေရတယ် ) ဟု ဆိုသည် ။ ဆင့်ကဲဖြစ်စဉ်နှင့် ပတ်သတ်၍ ထိုငှက်မှာ ယနေ့ခေတ်ငှက်များနှင့် များစွာ မကွဲပြားကြောင်း တွေ့ရသည် ။ သုတေသနပညာရှင်များက ဆက်လက်၍ လေ့လာနေကြသည် ။

#htoohtoolay




Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...