Skip to main content

လေဆာအကူညီဖြင့် ပျောက်ဆုံးနေသော မာယာမြို့တော် ၆၀၀၀၀ ကို ရှာဖွေတွေ့ရှိ







  • လေဆာအကူညီဖြင့် ပျောက်ဆုံးနေသော မာယာမြို့တော် ၆၀၀၀၀ ကို ရှာဖွေတွေ့ရှိ
  • ------
  • လေဆာအကူညီဖြင့် ဂွာတီမာလာတောအတွင်းမှ ကွယ်ပျောက်နေသော မာယာမြို့တော်၏ အဆောက်အအုံပေါင်း ၆၀၀၀၀ ကျော်ကို ရှေးဟောင်းသုတေသနပညာရှင်များက ရှာဖွေတွေ့ရှိခဲ့သည် ။
 
  • ရှေးဟောင်းမာယာယဉ်ကျေးမှုသည် ရာစုနှစ်များစွာ လျှို့ဝှက်ဆန်းကျယ်သော အရာတစ်ခုအဖြစ် ကျန်ရှိနေသေးပြီး အမေရိကရှိ ဗဟိုသစ်တောကြီးများက ၎င်းတို့ကို ရှာဖွေနိုင်ရန် ခက်ခဲစေခဲ့သည် ။ ယခုမူကား သိပ္ပံပညာ၏နည်းပညာအကူအညီဖြင့် ရှေးက မသိခဲ့ရသော မာယာအဆောက်အအုံများစွာအား ရှာဖွေနိုင်ခဲ့လေသည် ။ ထိုတွေ့ရှိချက်များက ယခင်က မာယာနှင့်ပတ်သတ်၍ သိထားသမျှ သမိုင်းကောက်ကြောင်းများကို ပြောင်းလဲသွားစေနိုင်မည်ဟု သုတေသီများက ယုံကြည်နေကြသည် ။
 
  • LiDAR (Light Detection and Ranging) ဟုခေါ်သည့် လေဆာနည်းပညာကို အသုံးပြု၍ ဂွာတီမာလာသစ်တော၏ စတုရန်းမိုင် ၈၀၀ နီးပါးကို လေယာဉ်ဖြင့်လေ့လာခဲ့သည်။ စစ်တမ်းကောက်ယူချက်များအရ ဖော်ထုတ်နိုင်သည့် မာယာမြို့တော်ကြီးများသည် အနည်းဆုံး လူဉီးရေ သန်း ၂၀ ကျော် ရှိနိုင်ကြောင်း တွေ့ရှိခဲ့ကြသည် ။ ယခင် က ခန့်မှန်းချက်သည် ၁ သန်းမှ ၂ သန်းအထိသာ ရှိမည်ဟု ထင်မြင်ထားခဲ့ခြင်းဖြစ်၏ ။ ၎င်းသည် မာယာလူမျိုးများကိုသာမက ရှေးခေတ် အီဂျစ်နှင့် ရှေးဟောင်းတရုတ်ယဉ်ကျေးမှု အဆင့်အတန်းများကိုလဲ လေ့လာနိုင်မည်ဟု ဆိုသည် ။

  • LiDAR ၏ အချက်အလက်များအရ မာယာတို့သည် အပြန်အလှန်ဆက်သွယ်ထားသော မြို့များတွင် နေထိုင်ရုံသာမက မြင့်မားသောအဝေးပြေးလမ်းမကြီးများ၊ ခံတပ်များနှင့် ခြံများတည်ဆောက်ထားကြောင်း ဖော်ပြသည်။ 

  • #htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...