Skip to main content

အီဂျစ်က တွေ့ရှိသည့် ကျောက်သေတ္တာတစ်ခု

အီဂျစ်က တွေ့ရှိသည့် ကျောက်သေတ္တာတစ်ခု
-----
  • Thutmose 2 ၏ သင်္ချိုင်းအနီး တွေ့ရှိခဲ့သော ကျောက်သေတ္တာတစ်လုံးအား အီဂျစ်ရှေးဟောင်းသုတေသနပညာရှင်များက ထုတ်ဖော်ပြသခဲ့သည် ။ အဆိုပါ သေတ္တာအား ရှေးဟောင်းသုတေသနပညာရှင်များက thytmose 2 ၏ ဂူအနားတွင် တူးဖော်မှုများ ပြုလုပ်နေစဉ်အတွင်း မတော်တဆ တွေ့ရှိခဲ့ခြင်း ဖြစ်လေသည် ။ ၎င်းသေတ္တာသည် ကျောက်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၃၅၀၀ ကျော်လောက်က သေဆုံးခဲ့သော ဖာရောဘုရင် သု ၂ ၏ ပျောက်ဆုံးနေသေတ္တာအဖြင့် မှတ်ယူနိုင်သဖြင့် သုတေသီများက အလွန်အရေးကြီးကြောင်း မှတ်ယူထားကြ၏ ။
  • ပါမောက္ခ Andrejz Niwiński ဦးဆောင်သော Warsaw ရှေးဟောင်းသုတေသနတက္ကသိုလ်မှ ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းကို အီဂျစ်ရှိ Deir el-Bahari ဆိုသောနေရာ ၊ နိုင်းလ် ကမ်းခြေတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းသည် ကျော်ကြားသော Luxor နှင့် Karnak နေရာများနှင့် မနီးမဝေးတွင် တည်ရှိသည်။ Deir el-Bahari သည် ဧရာမအဆောက်အအုံကြီးတစ်ခုဖြစ်ပြီး Hatshepsut တွင်ကျော်ကြားသော Mortuary Tomb အပါအ၀င် အထိမ်းအမှတ်အဆောက်အဦးများ ဖြစ်ကြသည်။ ပိုလန်အဖွဲ့များသည် ဤဒေသတွင် ၁၉၆၀ ပြည့်နှစ်များကတည်း သုတေသနပြုလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြသည် ။
  • သုတေသီများသည် ၎င်းသေတ္တာအား အပျက်အဆီးများအကြားမှ မတော်တဆ တွေ့ရှိခဲ့ခြင်းဖြစ်ကာ ထိုသေတ္တာသည် ဗိမ္မာန်တည်ဆောက်မှုအတွက် အကာအကွယ် အရံအတားတစ်ခုမျှ ဖြစ်သည်ဟု ယူဆကြသည် ။ ထိုကျောက်တုံးသည် အမြင့် ၄၀ စင်တီမီတာ (၁၆ လက်မ) ရှိသည်။ ထိုသေတ္တာအတွင်း၌ အံ့ဩစရာကောင်းသည့် ပစ္စည်းများ ပါဝင်ကြသည် ။ ထိုပစ္စည်းများကို ပိတ်ချောထည်များဖြင့် အသေအခြာ ထုတ်ပိုးထား၏ ။ စုစုစပေါင်း ပိတ်ချောထုတ် သုံးခု ပါရှိသည် ။ ပထတစ်ခု၌ ဘာသာရေးကို ရည်ညွှန်းအနစ်နာခံထားသည့် (စတေးခံ) ငန်းအရိုးစု ဖြစ်သည် ။ ဒုတိယတစ်ခုမှာ ကြက်ဉပုံသဏ္ဏာန် ဉ တစ်ခု ဖြစ်သည် ။ နောက်တစ်ခုမှာ ဘာသာရေးယုံကြည်ချက်များအရ အီဘစ်စ်ဉ ကို တွေ့ရှိခဲ့သည် ။ အီဘစ်စ် သည် ရှေးအီဂျစ်လူမျိုးအတွက် ကြီးမားသော သင်္ကေတအဓိပ္ပာယ်ရှိသည့် ငှက်ဖြစ်သည် ။

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...