Skip to main content

အရီဇိုးနား၏ ဉက္ကာပျံကျရောက်ခဲ့သည့် မြေပြင်အခြေနေကို သင်မည်မျှ တွေ့မြင်နိုင်သနည်း


  • အရီဇိုးနား၏ ဉက္ကာပျံကျရောက်ခဲ့သည့် မြေပြင်အခြေနေကို သင်မည်မျှ တွေ့မြင်နိုင်သနည်း
  • -----
  • အရီဇိုးနားရှိ Barringer ဉက္ကာခဲကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀၀ ခန့်က ဂြိုလ်သိမ်တစ်ခုကို တိုက်မိချိန်တွင် ဖြစ်ပေါ်ခဲ့သည် ။ ပေါက်ကွဲမှုသည် မိုင်ပေါင်း ၉၀၀ ရှိရာ ဒေသအနီး ပတ်ဝန်းကျင်တစ်ဝိုက်တွင် လေပြင်မုန်တိုင်းများ တိုက်ခတ်သဖြင့် တိရီစ္ဆာန်များ ချက်ချင်းပင် သေစေသည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ရသည်ဟု သုတေသီများက ဆိုကြသည် ။
 
  • ၎င်းအဖြစ်ပျက်သည် ခေတ်သစ်မြို့တော်၌ ဖြစ်ပွားမည်ဆိုပါက သက်ရောက်မှု၏ အချက်အလက်အကွာအဝေးသည် လူတစ်ဉီး၏ ရှင်သန်ရပ်တည်နိုင်ခြင်းအပေါ် များစွာ သက်ရောက်ပေလိမ့်မည် ။ လုံခြုံနိုင်သည့် အကွာအဝေးကို ခန့်မှန်းကြသည်မှာ ၎င်း၏ စွမ်းအင်သက်ရောက်မှုအပေါ် များစွာ တည်နေသည်ဟု ဆိုသည် ။
 
  • အကယ်၍ သက်ရောက်မှုစွမ်းအင်သည် 20 megatons ဖြစ်လျှင် ၎င်းသည် သက်ရှိ ၄ မိုင် (၆ ကီလိုမီတာ) အတွင်း လူသားအရွယ်အစားရှိသော တိရိစ္ဆာန်များအတွက် ချက်ချင်းပင်သေစေနိုင်သည်။ Shock wave ကြောင့်ဖြစ်ပေါ်လာသော ဖိအားများ သိသိသာသာပြောင်းလဲမှုကြောင့် သက်ရောက်မှု၏ ၆ မှ ၇ မိုင် (၁၀ မှ ၁၂ ကီလိုမီတာ) အတွင်းသည် အဆုတ်ကို အကြီးအကျယ်ပျက်စီးစေနိုင်သည်။  ထိုလေထုသည် အပျက်အဆီးများ များစွာ ဖြစ်ပေါ်စေနိုင်သည့် ပေါက်ကွဲမှုအသံများ ကြီးစိုးသွားပေလိမ့်မည် ။ ကြီးမားသော မြေမြှပ်မိုင်းများ တစ်ပြိုင်နက် ပေါက်ကွဲမှုမျိုး ဖြစ်နိုင်သည်ဟု သုသေသီများက ဆိုကြ၏ ။  
 
  • #htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...