လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀၀ ခန့်က လူလုပ် ထောင်ချောက်တစ်ခု
-----
မက္ကစီကို city ရှိ Tultepec မှ သုတေသီများသည် လူတို့
တည်ဆောက်ခဲ့သော ပထမဆုံး ကတုတ်ကျင်းထောင်ချောက်ကို ရှာဖွေ တွေ့ရှိခဲ့သည် ။
bbc ၏ အဆိုအရ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀၀ ခန့် သက်တမ်းရှိကာ
၎င်းအတွင်း၌ အရိုးရုပ်ကျွင်းပေါင်း ၈၀၀ နီးပါးမျှ ရရှိခဲ့သည်ဟု ဆိုသည် ။ ထိုထဲ၌ ကြီးမားသော
ရုပ်ကျွင်း ၁၄ ခု ပါရှိသည် ။
သုတေသီများက ထိုထောင်ချောက်အား အစောပိုင်းမုဆိုးများတည်ဆောက်စဉ်က
၅ပေ ၆လက်မ အနက်ရှိနိုင်သည်ဟု ဆိုသည် ။ လူတို့သည် တောကောင်များကို မောင်းချ၍ ထို ကတုတ်ကျင်းထဲကျမှသာ
မီးခပ်ကျောက်များ ၊ သစ်ကိုင်းများနှင့် တိုက်ခိုက်သတ်ဖြတ်သည်ဟု ယူဆကြသည် ။
အချင်း ၈၂ ပေရှိသော ထိုကတုတ်ကျင်းအား လွန်ခဲ့သော ဆယ်လခန့်က
စတင်တူးဖော်နေခြင်းဖြစ်၏ ။
#htoohtoolay



Comments
Post a Comment