Skip to main content

သုတေသီများက မြန်မာနိုင်ငံမြောက်ပိုင်းမှ ရရှိသည့် ပယင်းထဲတွင် သက်တမ်း ၉၉ သန်းခန့်ရှိသည့် အသေးဆုံးသော ဒိုင်နိုဆော မျိုးစိတ်တစ်ခုကို ရရှိ



  • သုတေသီများက မြန်မာနိုင်ငံမြောက်ပိုင်းမှ ရရှိသည့် ပယင်းထဲတွင် သက်တမ်း ၉၉ သန်းခန့်ရှိသည့် အသေးဆုံးသော ဒိုင်နိုဆော မျိုးစိတ်တစ်ခုကို ရရှိ
  • -----
  • ပယင်းထဲတွင် ပိတ်မိနေသည့် အလွန်သေးငယ်သော ဉီးခေါင်းခွံသည် မှတ်တမ်းတင်ထားသည့် အနည်းဆုံးသော ဒိုင်နိုဆောမျိုးစိတ်ကို ဖော်ပြနေ၏ ။
 
  • hummingbird သည် ကမ္ဘာပေါ်တွင် အသေးငယ်ဆုံးသော သက်ရှိငှက်မျိုးစိတ်ဖြစ်သည် ။ ကော်ဖီစေ့ အရွယ်အစားရှိသည့် ဉများကို ဉချလေ့ရှိပြီး ၎င်းသည် ကျူးဘားဇာတိဖြစ်ကာ ပန်းဝတ်မှုန်ကူးခြင်းဖြင့် ပျားများကဲ့သို့ နေထိုင်သော သတ္တဝါဖြစ်၏ ။
 
  • လွန်ခဲ့သော နှစ်ပေါင်း ၉၉ သန်းက အလားတူ အရွယ်အစားရှိသည့် ငှက်တစ်ကောင်သည် ပယင်းတစ်ခု၏ အတွင်း၌ ပိတ်မိလျက်ရှိကာ သူ၏ ခန္ဓာကိုယ်သည်တော့ အင်းစက်ပိုးများ၏ စားသုံးခြင်းကို ခံရသည့်အတွက် မရှိတော့ပေ ။ သူ့ ဉီးခေါင်းခွံသည် ပယင်းအတွင်း ကျန်ရှိနေသဖြင့် ၎င်းအား မီးအလင်းရောင်၌ ထောင်ကြည့်လိုက်မည်ဆိုလျှင် ပိုမိုရှင်းလင်းစွာ တွေ့မြင်နိုင်လေ၏ ။
 
  • သုတေသီများ၏ ထုတ်ပြန်ချက်အရ ထိုပယင်းကို မြန်မာနိုင်ငံမြောက်ပိုင်းမှ ပထမဆုံး ရရှိခဲ့ခြင်းဖြစ်သည်ဟု မှတ်တမ်းတင်ထားလေသည် ။ ၎င်းသည် Mesozoic ခတ်က အသေးငယ်ဆုံးသော ဒိုင်နိုဆောမျိုးစိတ်အား ကိုယ်စားပြုသည်ဟု သုတေသီများက ဆိုကြ၏ ။
 
  • ဒိုင်နိုဆောများသည် ဤကမ္ဘာမြေသမိုင်းတွင် လွှမ်းမိုးနေထိုင်ခဲ့ကြပြီး ယခု ထိန်းသိမ်းထားသော ဉီးခေါင်းခွံသည် အခြား ရှေးဟောင်းမျိုးစိတ်များကို ပြန်လည်တွေ့ရှိရသည့် ပယင်းများ ဖြစ်သည်ဟု ဆိုသည် ။
 
  • ပယင်းများသည် သုတေသီများအတွက် တန်ဖိုးမဖြတ်နိုင်သော ရတနာများဖြစ်ကာ ထိုပယင်းများ၏ ရုပ်ကျွင်းများက သုတေသီများအတွက် ယနေ့အချိန်ထိတိုင် များစွာ စိတ်လှုပ်ရှားခြင်းများကို ဖြစ်ပေါ်စေလျက်ပင် ရှိကြ၏ ။
 
  • #htoohtoolay





Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...