ဘီစီ ၁၃ ရာစုက ဆယ်ကျော်သက်မိန်းကလေးတို့၏
ဖက်ရှင်
-----
- Egtved Girl ဟုခေါ်သည့် ကြေးနီခေတ် အမျိုးသမီးဆယ်ကျော်သက်များ၏ အဝတ်အစားဒီဇိုင်းကို ဒိန်မတ် အမျိုးသားပြတိုက်တွင် ပြသထားသည် ။ ၎င်း၏ သက်တမ်းသည် ဘီစီ ၁၃၇၀ သက်တမ်းရှိကာ ထိုနမူနာအား တွေ့ရှိစဉ်က ထိုပစ္စည်း ရှိနေသောနေရာသည် အောက်စီဂျင်လုံးဝမရှိသည့် အခြေနေ၏ကျေးဇူးကြောင့် ယခုကဲ့သို့ မပျက်မဆီး ကျန်ရှိနေခြင်းဖြစ်သည်ဟု သုတေသီများက ဆိုသည် ။ သိုးမွှေးသည် အောက်ဆီဂျင်မရှိသော အခြေနေတွင် ကောင်းစွာ ထိန်းသိမ်းထားနိုင်သော ဂုဏ်သတ္တိရှိသည် ။ ၎င်းနမူနာအား ဝတ်စဉ်ထားသည့် ခန္ဓာသည်တော့ ပျက်ဆီးသွားပြီးဖြစ်၏ ။
#htoohtoolay

Comments
Post a Comment