အီဂျစ်မှ ပိရိမစ်ကြီးများအတွင်းတည်ဆောက်ပုံ
ကမ္ဘာ့အံ့ဩဖွယ် ၇ ခုတွင်ပါဝင်သော အီဂျစ်မှ ဂီဇာပိရိမစ်များသည် ရှေးအကျဆုံးနှင့် အီဂျစ်မှ ရှေးဟောင်းနိုင်ငံတော်ကြီး၏ ရှေးဟောင်းပစ္စည်းများဖြစ်လေသည် ။
ဖာရော၊ Khufu၊ Khafre နှင့် Menkaure တို့က ဆောက်လုပ်ခဲ့သော Giza ၏ ဧရာမသင်္ချိုင်းဂူကြီးများသည် နှစ်ပေါင်း ၃၈၀၀ ကျော်သည့်တိုင်အောင် အမြင့်တွင် ပြိုင်ဘက်ကင်းခဲ့ကြသည်။
ရှေးဟောင်းသုတေသနပညာရှင်များနှင့် သမိုင်းပညာရှင်များသည် ၎င်းအား အဘယ်နည်းပညာဖြင့် မည်သည့်ရည်ရွယ်ချက်ကြောင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းကို မသိရှိကြပေ ။
ဤအကြောင်းအရာနှင့်ပတ်သတ်၍ ငြင်းခုံမှုများမှာ ကမ္ဘာပေါ်တွင် ဂီဇာပိရိမစ်၏ အမြင့်လောက်ပင် ရှိကြ၏ ။ ဒီနေရာတွင် ဂရိတ်ပိရိမစ်ကြီးအတွင်း ဘယ်လိုရှိသည်ဆိုခြင်းအား post ပါ photo တွင် လေ့လာနိုင်လေသည် ။


Comments
Post a Comment