နာရီတို့၏ကောက်ကြောင်း _____ ပြည်တွင်းမှာလည်း နာရီ အမှတ်တံဆိပ် မျိုးစုံ ဈေးကွက်ဝင်လာနေပါပြီ။ ဘယ်လို အမှတ်တံဆိပ်တွေက ကမ္ဘာမှာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတယ် ဆိုတာက စိတ်ဝင်စားစရာပါ။ လက်ရှိ ဈေးကွက်ထဲမှာ ရနိုင်သလို အကောင်းဆုံး လို့ သတ်မှတ်ခံထားရတဲ့ နာရီ အမှတ်တံဆိပ်တွေ အကြောင်း ပြောပြပါမယ်။ (၁၀) Casio ။ ။ ဒီအမှတ်တံဆိပ်က လျှပ်စစ်စနစ်သုံး နာရီတွေကိုပဲ အများဆုံး ထုတ်လုပ်သူပါ။ ၁၉၅၇ ခုနှစ် ဇွန်လ ၁ တတည်းက Casio Computer Co., Ltd အဖြစ် တည်ထောင် လုပ်ကိုင်လာတာ ဖြစ်ပါတယ်။ နာရီတွေ အပြင် ကင်မရာတွေ၊ ဂဏန်းပေါင်းစက်၊ ဖုန်းနဲ့ လျှပ်စစ်သုံး ဂီတ ပစ္စည်းတွေလည်း ထုတ်လုပ်ပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမှာ ရုံးချုပ်ရှိပြီး ဝန်ထမ်း အင်အား ၁၂၀၀၀ လောက်နဲ့ လည်ပတ်နေတာပါ။ Edifice လို မော်ဒယ်တွေ G-Shock လို မော်ဒယ်တွေက လူငယ်ကြိုက် အဖြစ် ဈေးကွက် နေရာရနေပါတယ်။ (၉) Tag Heuer ။ ။ ၁၈၆၀ ကတည်းက ဆွစ်ဇာလန်မှာ တည်ထောင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီပါ။ ကုမ္ပဏီကို Edouard Heuer က တည်ထောင်ခဲ့ပါတယ်။ အားကစားသုံး နာရီတွေ ထုတ်လုပ်တယ်၊ မြေပုံတွေ၊ ဖက်ရှင်ဆိုင်ရာ အသုံးအဆောင်တွေ လည်း ထုတ်လုပ်ပါတယ်။ ကုမ္ပဏီထုတ် အများစုသော...
သင်၏ ငါးမိနစ်တာအချိန်သည် အကျိုးရှိသော စာတစ်ပိုဒ်နှင့် ကုန်ဆုံးရန် သင့်၏ ။