တစ်ထောင့်တစ်ညပုံပြင်ရဲ့ ဖြစ်ပေါ်လာပုံ အုတ်မြစ် !
-----
တစ်ထောင့်တစ်ညပုံပြင်ရဲ့ ဖြစ်ပေါ်လာပုံရာဇဝင်လေးကို အကျဥ်းချုံးပြီး ပြောပြပါမယ် ။ ကျွန်တော်တို့ သိထားတဲ့ ပုံပြင်ဖြစ်ပေါ်လာပုံဟာ အလွန်ဆိုးရွားတဲ့ ဘုရင်ကြီးတစ်ပါးကို အကြောင်းပြုပြီး ဖြစ်ပေါ်လာကြောင်း မှတ်သားဖူးခဲ့တယ် ။ ဒါပေမယ့် အဲ့ဒီ့ဘုရင်ဟာ ဘာကြောင့် ဆိုးသွန်းရတယ်ဆိုတာကိုတော့ အသေအခြာ မလေ့လာခဲ့ကြပါဘူး ။ ဆိုတော့ကာ အခုက အဲ့ နောက်ခံလေးကို ဖော်ထုတ်ပေးမှာဖြစ်တယ် ။ ဒါပေမယ့် အဲ့ဒီ့ရာဇဝင်ဆိုတာဟာလည်း ပုံပြင်ဆိုတာတော့ သိထားရမှာဖြစ်တယ် ။
ဆိုတော့ကာ ဘုရင်အမည်တွေ ၊ လူအမည်တွေက ခေါ်ရခက်တော့ ဆိုလိုရင်းပဲ သုံးပါမယ် ။ ဟိုးလွန်လေပြီးသော နှစ်ပေါင်း ထောင်ကျော်လောက်က တိုင်းပြည်ကြီးတစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးရှိသတဲ့ ။ သူ့မှာ အင်မတန် ယဥ်ကျေးလိမ္မာတဲ့ သားတော်နှစ်ပါးလည်း ရှိပါတယ် ။ တစ်နေ့တော့ ညီနောင်နှစ်ဦးဟာ ဘုရင်ကြီး နတ်ရွာလားတော့ တိုင်းပြည်ကို ခွဲဝေအုပ်ချုပ်ကြတယ် ။ အကြီးက တိုင်းပြည် အများစုကို အုပ်ချုပ်ပြီး အငယ်ကတော့ တိုင်းပြည်အနည်းငယ်ကို အုပ်ချုပ်သတဲ့ ။ မင်းကျင့်တရားနဲ့အညီ အုပ်ချုပ်တာကြောင့် အဲ့ဒီ့တိုင်းပြည်နှစ်ခုစလုံးဟာ သာယာဝပြောလှပါတယ် ။
တစ်နေ့တော့ အစ်ကိုဖြစ်သူက ညီဖြစ်သူကို သတိရပြီး တွေ့ချင်တဲ့ဆန္ဒဖြစ်လာတယ် ။ ဒါကြောင့် ညီဖြစ်သူထံကို သူ့ဆီအလည်လာရောက်ဖို့ ဖိတ်ကြားစာလွှာကို ပို့လိုက်တယ် ။ ညီကလည်း ဝမ်းသာအားရရှိတာကြောင့် ချက်ချင်းဆိုသလို လာရောက်ဖို့ ပြန်စာပေးလိုက်သတဲ့ ။ အဲ့နေ့ညမှာပဲ ညီဖြစ်သူဟာ နန်းတော်ထဲကနေ ခရီးစတင်ထွက်လာတယ် ။ ညသန်းခေါင် လမ်းပေါ်အရောက်မှာ သူ့ရဲ့ မိဖုရားခေါင်ကို သတိရတဲ့စိတ်ဖြစ်တာကြောင့် ဝင်နှုတ်ဆက်ဖို့ နန်းတော်ထဲကို ပြန်လာခဲ့ပါတယ် ။ အဲ့မှာ မိဖုရားက စားတော်မူးနဲ့ ဖောက်ပြန်နေတာကို တွေ့လိုက်ရပါတယ် ။ ဒေါသထွက်ပြီး မနက်ရောက်တော့ နှစ်ဦးစလုံးကို ကွပ်မျက်ကာ သူ့အစ်ကိုရှိရာ တိုင်းပြည်ကို ခရီးထွက်လာတော့သတဲ့ ။
သူ့အစ်ကိုဆီရောက်ပေမယ့်လို အဲ့စိတ်က မပြေသေးပဲ ထိုင်းမှိုင်းနေတာကြောင့် အစ်ကိုဖြစ်သူက မေးတယ် ။ မပြောပဲ ခရီးပန်းတာကိုအကြောင်းပြုပြီးနေတော့ အစ်ကိုဖြစ်သူက ညီ စိတ်ပြေလက်ပျောက်ဖြစ်အောင် တောကစားထွက်ဖို့ ခေါ်သတဲ့ ။ ဒါပေမယ့် ညီဖြစ်သူဟာ မလိုက်ချင်ကြောင်း ငြင်းလွှတ်လိုက်တာကြောင့် အစ်ကိုဖြစ်သူတစ်ယောက်တည်း တောကစား ထွက်သွားတယ် ။
အဲ့ဒီ့ညမှာပဲ ညီဖြစ်သူဟာ လေသာတံတွင်းပေါက်ကို မှီပြီး ငေးမောနေတဲ့အချိန် အစ်ကိုဖြစ်သူရဲ့ မိဖုရားခေါင်ကြီးဟာ အပျိုတော်တစ်သိုက်နဲ့ နန်းဥယာဥ်ကို ထွက်လာတာတွေ့လိုက်တယ် ။ ခဏအကြာမှာပဲ အပျိုတော်တွေဟာ လူသူရှင်းတယ်အထင်နဲ့ အဆင်တန်ဆာတွေကို ချွတ်ချတဲ့အခါ တစ်ဝက်က ယောက်ျားတွေဖြစ်နေပြီး ကျန်တစ်ဝက်က မိန်းမတွေ ဖြစ်နေကြသတဲ့ ။ မိဖုရားခေါင်ကြီးကလည်း တိတ်တဆိတ်နဲ့ ထက်မံရောက်လာတဲ့ ယောက်ျားတစ်ယောက်နဲ့ ရှိနေပြီး ကိုယ်စီ ပျော်မွေ့နေကြသတဲ့ ။ အဲ့ အဖြစ်အပျက်ကို အစအဆုံး မြင်လိုက်သူက ညီတော်ဖြစ်တယ် ။
ညီတော်ဟာ အဲ့အဖြစ်ပျက်ကို အကြောင်းပြုပြီး မရွှင်မပြစိတ်တွေ ပျောက်သွားတယ် ။ ဘာကြောင့်လဲဆိုတော့ သူကတွေးတယ် ။ ငါ့အစ်ကိုလို ကြီးမြတ်တဲ့ဘုရင်တောင် သူ့ရဲ့မျက်ကွယ်မှာ မိဖုရားရဲ့ ဖောက်ပြန်ခြင်းကို ခံရတယ်ဆိုရင် ငါလို ဘုရင်နုနုလေးက ဘာမှဆိုဖွယ်ရာ မရှိတော့ဘူးပေါ့ ။ အဲ့နေ့ကနေစပြီး သူ့ရဲ့မျက်နှာဟာ ပြန်လည် ရွှင်ပြလာပါတော့တယ် ။
အစ်ကိုဖြစ်သူ တောကစားထွက်ရာကနေ ပြန်လာတော့ ညီရဲ့ ရွှင်ပြနေတဲ့မျက်နှာကို မြင်ရတဲ့အခါ ဘာကြောင့်လည်းဆိုတဲ့အကြောင်းကို မေးတယ် ။ ဖြစ်ကြောင်းကုန်စင်ကို ပြန်လည်ကြားသိရတဲ့အခါ သိပ့်ကို စိတ်ဓါတ်ကျသွားပြီး ငါတို့ ညီအကိုနှစ်ယောက် မိန်းမတွေနဲ့ ဝေးရာကို သွားမယ်လို့ ဆုံးဖြတ်ကြသတဲ့ ။
ဒီလိုနဲ့ သူတို့နှစ်ဦးဟာ ပင်လယ်ကမ်းတစ်ခုကို ရောက်လာတယ် ။ အဲ့မှာ အမောအပန်းဖြေနေချိန် ရေသရဲတစ်ဦးက ကျောက်သေတ္တာတစ်လုံးကို ထမ်းပြီး သူတို့ရှိတဲ့ဆီ လာနေတာတွေ့တော့ ကြောက်ကြောက်နဲ့ ညီအစ်ကိုနှစ်ယောက်ဟာ သစ်ပင်ပေါ် တက်ပုန်းနေကြသတဲ့ ။
ရေသရဲက သူတို့ပုန်းနေတဲ့ သစ်ပင်အောက်မှာ လာထိုင်ပြီး ထမ်းလာတဲ့ သတ္တောကို ဖွင့်လိုက်တယ် ။ အဲ့မှာ အလွန်လှပတဲ့ အမျိုးသမီးတစ်ယောက် ထွက်လာသတဲ့ ။ ရေသရဲက အမျိုးသမီးကို ပြောတယ် ။ မိန်းမရေ ငါ မင်းရဲ့ပေါင်ပေါ်မှာ ခေါင်းအုံးပြီး ခဏအိပ့်ပါရစေတဲ့ ။ အဲ့လို ရေသရဲလဲ အိပ့်သွားကော မိန်းမဖြစ်သူဟာ အပေါ်မော့ကြည့်မိပြီး ပုန်းနေတဲ့ ညီအစ်ကိုနှစ်ယောက်ကို တွေ့သွားတယ် ။ နောက်တော့ ရေသရဲမနိုးခင် အောက်ကိုဆင်းလာခိုင်းပြီး သူ့နဲ့ ပျော်မွေ့ဖို့ ဆိုသတဲ့ ။
ညီအစ်ကို နှစ်ယောက်စလုံးဟာ အလိုမရှိကြောင်းပြောတော့ အဲ့ အမျိုးသမီးက သူ့ယောက်ျားရေသရဲကို နိုးပြီး စားခိုင်းမဲ့အကြောင်းကို ပြောရာကနေ အမျိုးသမီးရဲ့ ဆန္ဒအတိုင်း ညီအစ်ကို နှစ်ယောက်စလုံးဟာ နေပေးလိုက်ကြပါတယ် ။ နောက်တော့ အမျိုးသမီးကပြောတယ် ။ သူ့လည်ပင်းမှာ ၅၇၀ သော လက်စွပ်တွေကိုပြပြီး ဒီလက်စွပ်တစ်ကွင်းတိုင်းဟာ သူနဲ့အတူတူ ပေါင်းဖက်ခဲ့တဲ့ ယောက်ျားတွေဆီက ရတာဖြစ်လို့ အခုလဲ ရတနာ လက်စွပ် တစ်ယောက်တစ်ကွင်းပေးဖို့ တောင်းသတဲ့ ။
ညီအစ်ကိုနှစ်ယောက်လည်း ပေးကမ်းလိုက်တဲ့အခါ အဲ့အမျိုးသမီးက ပြောတယ် ။ ငါ့လင်ရေသရဲဟာ ငါ့ကို သတ္တောထဲ ထည့်ပိတ်ပြီး ပင်လယ်အောက်မှာ ထားတယ် ။ သူတစ်ယောက်ပဲ ငါ့ကို ပိုင်တယ်လို့ထင်နေတာတဲ့ ... တဲ့ ။ ဒီလိုနဲ့ ညီအကိုနှစ်ဟာ ရေသရဲမနိုးခင်မှာပဲ ထွက်ခွာလာခဲ့တော့တယ် ။ အဲ့ကိစ္စတွေကို အကြောင်းပြုပြီး ညီအကိုနှစ်ယောက် ဆုံးဖြတ်ကြတယ် ။ ဒီလို တန်ခိုးရှိတဲ့သူတောင် သူ့ရဲ့ မျက်မှောက်မှာပဲ မိန်းမရဲ့ သစ္စာဖောက်ခြင်းကို ခံရတယ် ။ ငါတို့လို ဘာမဟုတ်တဲ့ သာမန်လူသားဘုရင်လေးတွေအတွက် ဆိုဖွယ်ရာ မရှိတော့ဘူး ။ ဒါကြောင့် ငါတို့ဟာ ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီး ကလဲ့စား ချေရမယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ် ။
နန်းတော်ဆီ ပြန်ရောက်တဲ့အခါ ညီဖြစ်သူလည်း သူ့တိုင်းပြည်ကို သူပြန်သွားတယ် ။ အစ်ဖြစ်သူဘုရင်ကတော့ သူ့ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ပါတော့တယ် ။ အဲ့ အရာကတော့ အပျိုစင် မိဖုရား တစ်ပါးကို တစ်ညတာပေါင်းသင်းပြီး မနက်ရောက်တာနဲ့ သတ်ဖို့ပဲဖြစ်တယ် ။ ထို သတ်ဖြတ်ခြင်းအမှုကို နန်းရေးဝန်ကြီးက လုပ်ဆောင်ပေးရပါတယ် ။
အဲ့ဒီလို ရက်စက်ကြမ်းယုတ်သွားတဲ့ မင်းကြီးရဲ့ အမည်ဟာ ယှာဠိယမင်းကြီး ဖြစ်လေသတဲ့ ... ။
#htoohtoolay

Comments
Post a Comment