အီဂျစ်နိုင်ငံ၏ ပထမဆုံးမြို့တော် Memphis
=============================
အီဂျစ်နိုင်ငံရှိ ရှေးဟောင်းမြို့ပျက်ကြီး မမ်းဖစ်(စ်)(Memphis) မြို့ဟာ ရှေး ခေတ်က အီဂျစ်နိုင်ငံတော်ဟောင်းရဲ့မြို့တော်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော် ၃၁၀၀ ဘီစီကတည်းက စတင်တည်ထောင်ခဲ့တာဆိုတော့ အတော့်ကို ရှေးကျတဲ့မြို့ တော်ကြီးပါ။ အီဂျစ်နိုင်ငံရဲ့ ပထမဆုံးမြို့တော်လည်းပဲဖြစ်ပါတယ်။ ဖာရိုဘုရင်လေး တူတန်ခမန်အပါအဝင် ဖာရိုဘုရင်ပေါင်းများစွာ မင်းဆက်ပေါင်း ၈ ဆက် နန်းစံခဲ့တဲ့မြို့ တော်ဖြစ်ပြီး သမိုင်းတစ်လျှောက် အရေးပါခဲ့တဲ့မြို့ကြီးပါ။ မမ်းဖစ်(စ်)ရဲ့ ရှေးခေတ်အီဂျစ်နာမည်ကတော့ အဖြူရောင်နံရံလို့ အဓိပ္ပာယ်ရတဲ့ Inaeb Hedj ဖြစ်ခဲ့ပြီး နောက်မှ ဂရိဘာသာစကားနဲ့ မမ်းဖစ်(စ်)ဆိုပြီး ပြောင်းခေါ်ခဲ့ ကြတာပါ။
ခရစ်ယာန်ကျမ်းစာထဲမှာတော့ မမ်းဖစ်(စ်) ကို Moph or Noph လို့ သုံးနှုန်း ထားပါတယ်။ အထက်အီဂျစ်ပြည်နဲ့ အောက်အီဂျစ်ပြည်ကို ပထမဆုံးပေါင်းစည်းပေး နိုင်ခဲ့တဲ့ ဖာရိုဘုရင်မီနိစ်ကတည်ထောင်ခဲ့ပြီး အထက်အီဂျစ်ပြည်နဲ့ အောက်အီဂျစ်ပြည် နှစ်ခုကြား နယ်မြေအရ အရေးပါတဲ့နေရာမှာရှိနေလို့ မြေနှစ်ခုကိုပေါင်းစည်းပေးတဲ့အရာ Ankh Tawy လို့လည်း မမ်းဖစ်(စ်)ကို သိခဲ့ကြပါတယ်။ မြို့ပျက်ကြီးရဲ့တည်နေရာက မြို့တော်ကိုင်ရိုရဲ့ တောင်ဘက် ၁၂ မိုင်အကွာရှိ ရွာတွေကြားမှာဖြစ်ပြီး နိုင်းမြစ်အနောက်ဘက်ကမ်းမှာရှိပါတယ်။ မမ်းဖစ်(စ်)ဟာ ဧရာမ ပိရမစ်ကြီးတွေတည်ဆောက်ခဲ့စဉ်ကာလတွေမှာလည်း ရှေးခေတ်အီဂျစ်နိုင်ငံတော်ရဲ့ မြို့တော်ကြီးဆက်ဖြစ်နေဆဲပဲလို့ သိရပါတယ်။ အီဂျစ်နိုင်ငံတော်အသစ်လက်ထက်မှာ Thebes လူမျိုးတွေခေတ်ရောက်လာတာနဲ့အမျှ မမ်းဖစ်(စ်)မြို့တော်ကြီး တဖြည်း ဖြည်းဆုတ်ယုတ်လာခဲ့ပေမယ့် ဒုတိယမြို့တော်အဖြစ် ဆက်လက်တည်ရှိခဲ့ပါတယ်။ ခရစ်ယာန်ဘာသာနိုးထလာချိန်မှာတော့ ဆိပ်ကမ်းမြို့ အလက်ဇန်းဒရီးယားပေါ်ပေါက် လာပြီး မမ်းဖစ်(စ်) မှာရှိတဲ့ ကျောင်းဆောင်အများစု ဖျက်စီးခံရကာ မြို့တော်ကြီးလည်း စွန့်ခွာပစ်ပယ်ခံခဲ့ရပါတယ်။
မြို့တော်ထဲက ကျန်ရှိနေတဲ့ အဆောက်အအုံတွေကိုလည်း တစ်စစီဖြိုဖျက်ခဲ့ကြပြီး အခုလက်ရှိမြို့တော်ကိုင်ရိုနဲ့ အခြားရွာတွေတည်ဆောက်ရာမှာ အသုံးပြုခဲ့ကြပါတယ်။ အခုချိန်မှာတော့ မမ်းဖစ်(စ်)ဟာ မြို့ရိုးတွေ၊ အုတ်မြစ်တွေနဲ့ ရုပ်တုအနည်းငယ်သာ ကျန်တော့တဲ့ မြို့ပျက်ကြီးဖြစ်လို့နေပါတယ်။ အဲဒီထဲမှာ အကောင်းနီးပါးအတိုင်း ကျန် နေတာကတော့ ရမ်ဆစ်(စ်)(၂) ဖာရိုဘုရင်ကြီးရဲ့ ဧရာမရုပ်တုကြီးပါ။ အမြင့်ပေ ၄၀ ရှည်တဲ့ရုပ်တုကြီးက ခြေထောက်တွေပြတ်နေလို့ လှဲထားပြီး ထပ်မပျက်စီးအောင် မိုး လုံလေလုံအဆောက်အအုံထဲမှာ ထားရှိတာကိုတွေ့ခဲ့ရပါတယ်။
တစ်ချိန်တုန်းကတော့ Ptah ဘုရားကျောင်းထဲမှာကိုးကွယ်ခံခဲ့ရတဲ့ ရုပ်တုကြီးပေါ့။ နောက်ထပ်ကျန်ရှိနေ တာကတော့ (Saqqara) မနုဿီဟရုပ်တုကြီးပါ။ ဂီဇာမှာရှိတဲ့ မနုဿီဟရုပ်တုကြီး ထက်သေးပေမဲ့ အမြင့်ပေ ၁၃ ပေရှိပြီး အရှည်ကတော့ ၂၄ ပေထိရှိပါတယ်။ မြို့ပျက်ကြီး မမ်ဖစ်(စ်)နားမှာ ရှေးဟောင်းအီဂျစ်နိုင်ငံတော်ရဲ့ ဖာရိုဘုရင်တွေကို မြှုပ်နှံလေ့ရှိတဲ့ ဆာကာရာ (Saqqara) သချုØင်းကြီးလည်းရှိလို့နေပါတယ်။
သချုØင်း ကြီးက ၄ စတုရန်းမိုင် ကျယ်ဝန်းပြီး ဒီသချုØင်းနေရာကနေ မိုင် ၂၀ အကွာရှိ ဂီဇာ ပိရမစ်ကြီးတွေအထိ ပိရမစ်တွေ တန်းစီပြီးရှိနေတာပါ။ အီဂျစ်ဘုရင် ၁၆ ပါးရဲ့ ပိရ မစ်တွေအပြင် တော်ဝင်မိသားစုမဟုတ်ပေမယ့် ထင်ရှားပြီးအရေးပါခဲ့တဲ့သူတွေက လည်း ဆာကာရာမှာ အလောင်းတွေကို လာမြှုပ်နှံထားကြပါတယ်။ ၁၉၇၉ ခုနှစ်မှာ ဆာကာရာသချုØင်းကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ယူနက်စကိုက အသိအမှတ်ပြုခဲ့ ကြပါတယ်။ သချုØင်းတွေထဲ အသုံးပြုခဲ့ကြတဲ့ အသုဘပစ္စည်းတွေကိုလည်း ရှေးခေတ် ကမ္ဘာ့အံ့ဖွယ် ၇ ခုထဲကတစ်ခုအဖြစ် သတ်မှတ်ထားရတယ်လို့ သိရပါတယ်။ ထူးခြားဆန်းပြားတဲ့ သမိုင်းကြောင်းတွေရှိတဲ့ အီဂျစ်နိုင်ငံကိုရောက်ခဲ့ပါက ပထမ ဆုံးမြို့တော်ဖြစ်တဲ့မမ်းဖစ်(စ်)ကိုလည်း သွားရောက်လေ့လာသင့်ကြောင်း ရေးသား လိုက်ရတာဖြစ်ပါတယ်။
ဒေါက်တာနုမြတ်သိင်္ဂီဦး
#htoohtoolay

Comments
Post a Comment