Skip to main content

online ​ပေါ်မှ အပြစ်များ ရှင်းလင်းချက် !

လူတစ်ယောက်ဟာ Facebook ထဲမှာ ရေးပြီးတော့ လိမ်တယ်။ မဟုတ်တာတွေကို လိမ်ပြီး Facebook ကနေ ရေးမယ်ပေါ့။ "မုသာဝါဒမဖြစ်ဘူးလား"လို့ မေးရင် "ဖြစ်တယ်"။ အဲ့ဒီမုသာဝါဒကို ဘယ်လိုခေါ်လဲဆိုရင် "ကာယဒွါရ၀စီကံ"လို့ ခေါ်တယ်။ ဒွါရဆိုတာ ဖော်ဆောင်တဲ့အရာ။ ပါးစပ်ကပြောတာ မဟုတ်ပေမယ့်လို့ လက်နဲ့ရေးပြီး လိမ်တာလည်း မုသာဝါဒပဲ။

 ★ Facebook ထဲက ဆဲတယ်။ ဖရုသဝါစာ မဖြစ်ဘူးလား။ ဖြစ်တယ်။ ဆဲတာဟာ ပါးစပ်က ဆဲတာမဟုတ်ဘူး။ ဒါပေမဲ့ လက်နဲ့ရေးပြီးတော့ ဆဲတာ။ ☆ ရဟန်းတွေအနေနဲ့ သေခြင်းတရားကို ချီးမွမ်းပြီးတော့ “အေး သေတာမြတ်တယ်ကွာ.. ကောင်းကင်ဘုံရောက်တယ်၊ ဘယ်လိုသေလိုက်၊ ဘယ်လိုသေလို့ရှိရင် နတ်ပြည်ရောက်တယ်”လို့ ဘာတို့ သေခြင်းတရားကို ချီးမွမ်းပြီးတော့ တကယ်သေစေလိုတဲ့စိတ်နဲ့ ရေးထားပြီး၊ တကယ်တစ်ယောက်ယောက်က ဒါကိုဖတ်ပြီး သဘောကျပြီး သူ့ကိုယ်သူ သတ်သေရင် ဒီရဟန်း ပါရာဇိကကျတယ်။ ဒါတွေဟာ ယေဘုယျအားဖြင့် ပြောတာ။

 ★ "သတ်တယ်" ဆိုတာ ကာယကံနဲ့သတ်တယ်။ "လိမ်တယ်" ဆိုတာ ၀စီကံနဲ့ လိမ်တယ်။ သို့သော် ကာယဒွါရနဲ့ လုပ်ဆောင်တာကျတော့လည်း ဒါ မုသာဝါဒပဲ။(အဋ္ဌကာလိနီ အဋ္ဌာကထာ၊ ကမ္မဒွါရဆိုတဲ့ ဒွါရကထာ) အကြောင်းညီညွတ်တဲ့အခါ အဲ့ဒီဒွါရကထာကို သင်ပေးမယ်။ စာပေတွေက သင်စရာတွေ အများကြီးရှိတယ်။ ဒါတွေအားလုံး စာထဲမှာ ရှိတယ်။ ဒါကို အခုခေတ် ပေါ်ပြူလာဖြစ်နေတာနဲ့ ပြောပြတာပါ။

 ★ Facebook ထဲကနေ လိမ်တယ်။ မဟုတ်တာတွေ လျှောက်ရေးတယ်။ မမှန်ကန်တာတွေကို အမှန်လုပ်ပြီးရေးတယ်ဆို အဲ့ဒါတွေကို ဘာခေါ်လဲဆိုရင် "ကာယဒွါရ၀စီကံ - ကိုယ်ဖြင့်ပြုတဲ့ ၀စီကံ" လို့ ခေါ်တယ်။ ကံကတော့ ၀စီကံပဲ။ နှုတ်နဲ့လိမ်တာကို စာနဲ့ရေးလိမ်တယ်။ အဲ့ဒါကို "ကာယဒွါရ၀စီကံ"လို့ ခေါ်တယ်။

 ★ နောက်တစ်ခုက ဆဲတယ်။ Facebook ကနေ ဆဲတယ်။ အဲ့ဒါလည်း ဖရုသဝါစာ-ကာယဒွါရ၀စီကံပဲ။ Facebook ကနေ ကုန်းတိုက်တယ်။ ပိသုဏဝါစာဖြစ်တယ်။ ကာယဒွါရပိသုဏဝါစာ။ မဟုတ်တမ်းတရား သမ္ဖပ္ပလာပတွေ စာနဲ့ရေးပြောတယ်။

★ အဲ့ဒါတွေအကုန်လုံးက မုသာဝါဒ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပဆိုတဲ့ ၀စီကံလေးမျိုးကို ကျူးလွန်ခြင်းပဲ ဖြစ်တယ်တဲ့။ ပါးစပ်က ထုတ်ပြောသလိုပဲ အပြစ်ရှိတယ်လို့ ဆိုလိုတာ။ အဲ့ဒီလို ကံဟာ ဒွါရဖော်ဆောင်မှုလေးတွေ မတူတာရှိတယ်။ ဒွါရဆိုတာ ဖော်ဆောင်တဲ့အရာ။ 

★ လိမ်တာကို ကာယကံ - ကာယဒွါရနဲ့လိမ်တယ်။ ပါးစပ်နဲ့လိမ်တာ မဟုတ်ဘူး။ စာနဲ့ရေးပြီး လိမ်တာကလည်း လိမ်တာပဲ။ ဒွါရကတော့ အပြောင်းအလဲ ရှိတတ်တယ်။ ကံကတော့ ပုံမှန်ပဲ။ အခုခေတ်မှာ မုသာဝါဒဟာ ပိုပြီးတော့ ခေတ်စားလာတယ်။ ၀စီကံလေးပါးမကတော့ဘဲ Facebook မုသာဝါဒ၊ Facebook ဖရုသဝါစာ၊ Facebook သမ္ဖပ္ပလာပ၊ Facebook ပိသုဏဝါစာ ဆိုပြီး လေးပါးတိုးပြီး ရှစ်ပါးဖြစ်လာပြီ။ ခေတ်က အဲ့ဒီလိုဖြစ်လာပြီနဲ့တူတယ်။ မြှောက်လိုက်ရင် ရှစ်မျိုးဖြစ်နေတယ်။ဒါတွေ အားလုံး Generally Speaking အဖြစ်များဟာကို ရည်ရွယ်ပြီးပြောတာ။

ဒေါက်တာ နန္ဒမာလာဘိဝံသဆရာတော် 
************
မဟာဗောဓိရုပ်သံလိုင်းမှထုတ်လွှင့်လျက်ရှိသောပါမောက္ခချုပ်ဆရာတော်ကြီးဟောကြားပို့ချတော်မူသည့်"အဘိဓမ္မာ အနှစ်ချုပ်တရားတော်" အပိုင်း (၁၇) မှ ထုတ်နှုတ်ပူဇော်ပါသည်။ Credit:ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏ ဓမ္မစာစုများ စာမျက်နှာမှတဆင့်ဖေါ်ပြပါသည်။

 #AshinNandamalabhivamsa

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...