Skip to main content

နာရီတို့၏ သမိုင်း​ကောက်​​​ကြောင်း !

နာရီတို့၏​ကောက်​ကြောင်း
_____
 ပြည်တွင်းမှာလည်း နာရီ အမှတ်တံဆိပ် မျိုးစုံ ဈေးကွက်ဝင်လာနေပါပြီ။ ဘယ်လို အမှတ်တံဆိပ်တွေက ကမ္ဘာမှာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတယ် ဆိုတာက စိတ်ဝင်စားစရာပါ။ လက်ရှိ ဈေးကွက်ထဲမှာ ရနိုင်သလို အကောင်းဆုံး လို့ သတ်မှတ်ခံထားရတဲ့ နာရီ အမှတ်တံဆိပ်တွေ အကြောင်း ပြောပြပါမယ်။

 (၁၀) Casio ။ ။ ဒီအမှတ်တံဆိပ်က လျှပ်စစ်စနစ်သုံး နာရီတွေကိုပဲ အများဆုံး ထုတ်လုပ်သူပါ။ ၁၉၅၇ ခုနှစ် ဇွန်လ ၁ တတည်းက Casio Computer Co., Ltd အဖြစ် တည်ထောင် လုပ်ကိုင်လာတာ ဖြစ်ပါတယ်။ နာရီတွေ အပြင် ကင်မရာတွေ၊ ဂဏန်းပေါင်းစက်၊ ဖုန်းနဲ့ လျှပ်စစ်သုံး ဂီတ ပစ္စည်းတွေလည်း ထုတ်လုပ်ပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမှာ ရုံးချုပ်ရှိပြီး ဝန်ထမ်း အင်အား ၁၂၀၀၀ လောက်နဲ့ လည်ပတ်နေတာပါ။ Edifice လို မော်ဒယ်တွေ G-Shock လို မော်ဒယ်တွေက လူငယ်ကြိုက် အဖြစ် ဈေးကွက် နေရာရနေပါတယ်။

 (၉) Tag Heuer ။ ။ ၁၈၆၀ ကတည်းက ဆွစ်ဇာလန်မှာ တည်ထောင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီပါ။ ကုမ္ပဏီကို Edouard Heuer က တည်ထောင်ခဲ့ပါတယ်။ အားကစားသုံး နာရီတွေ ထုတ်လုပ်တယ်၊ မြေပုံတွေ၊ ဖက်ရှင်ဆိုင်ရာ အသုံးအဆောင်တွေ လည်း ထုတ်လုပ်ပါတယ်။ ကုမ္ပဏီထုတ် အများစုသော နာရီတွေက ကားပြိုင်ပွဲလို အသေးစိပ် အချိန်တိကျမှု လိုအပ်တဲ့ ပြိုင်ပွဲတွေမှာ သုံးပါတယ်။ နာမည်ကျော် Formula One, Aquaracer, Link, Carrera, Grand Carrera နဲ့ Monaco ကားပြိုင်ပွဲတွေရဲ့ နာရီတွေကို Tag က ထုတ်လုပ်ပါတယ်။

 (၈) Seiko ။ ။ ၁၈၈၁ ခုနှစ်ကတည်းက ဂျပန်နိုင်ငံ၊ တိုကျိုမှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အနုစိပ် ဖန်တီးမှု၊ ကျောက်မျက်တွေ ထည့်သွင်းဖန်တီးမှုနဲ့ စက် အရည်အသွေး ကောင်းမွန်မှုတွေကြောင့် နာမည်ရပါတယ်။ ၁၉၆၄ ခုနှစ် တိုကျို အိုလံပစ်မှာ အချိန်မှတ်သူ အဖြစ်ရော၊ ၁၉၇၈ ခုနှစ် အာဂျင်တီးနား ကမ္ဘာ့ ဘောလုံးပြိုင်ပွဲမှာရော၊ ၁၉၈၂ ခုနှစ် ကမ္ဘာ့ဖလား၊ ၁၉၈၆ နဲ့ ၁၉၉၀ ကမ္ဘာ့ဖလားပွဲစဉ်တွေမှာပါ အချိန်မှတ်သူ ဖြစ်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် အမေရိကန် ဆောင်းရာသီ အိုလံပစ်မှာလည်း အချိန်မှတ်သူ အဖြစ် ရွေးချယ် လုပ်ကိုင်ခွင့်ရခဲ့သူပါ။

 (၇) Timex ။ ။ ကုမ္ပဏီ အမည် အရှည်ကောက်က Time Group USA Inc. ဖြစ်ပါတယ်။ အမေရိကန် အခြေစိုက် ကုမ္ပဏီ ဖြစ်ပြီး ၁၈၅၄ ခုနှစ်ကတည်းက တည်ထောင် လုပ်ကိုင်လာတာ ဖြစ်ပေမယ့် အဆိုပါ အချိန်ကတော့ Waterbury Clock Company အဖြစ် တည်ထောင်ခဲ့တာပါ။ ဝန်ထမ်းအင်အား ၂၀၀၀ လောက်ထိ ရှိနေပြီး ၂၀၀၈ ခုနှစ် အတွင်းက နယ်သာလန် အခြေစိုက် Timex Group B.V ကနေ ဝယ်ယူခြင်း ခံရပြီး အခုလက်ရှိမှာ Timex B.V ရဲ့ လက်အောက်ခံ အဖြစ် ရှိနေတာပါ။

 (၆) Citizen ။ ။ ၁၉၁၈ ခုနှစ်က တည်ထောင်ခဲ့တဲ့ Shokosha Watch Research Institute ကနေ အခု Citizen ဖြစ်လာတာပါ။ ၁၉၃၀ မေ ၂၈ ရက်မှာ Citizen အဖြစ် ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမှာပဲ အခြေစိုက် ပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာ နာရီ အလုံးရေ အများဆုံး ရောင်းချနေရတဲ့ အမှတ်တံဆိပ် တခုပါ။ အရည်အသွေး အသင့်အတင့်လောက်ပဲ ရှိပြီး ဈေးနှုန်း ချိုချိုနဲ့ ရွေးချယ်နိုင်စရာ မော်ဒယ်အများအပြား ထွက်ရှိတာက ဈေးကွက်မှာ အောင်မြင်မှု ရနေစေပေမယ့် တန်းမြင့်မော်ဒယ် လိုချင်သူတွေကတော့ နှစ်သက်မှု သိပ်မရှိတာ တွေ့ရပါတယ်။ 

(၅) Titan ။ ။ ၁၉၈၇ ခုနှစ် အတွင်း Ratan Tata နဲ့ Xerxes Desai တို့ နှစ်ယောက်က ကုမ္ပဏီကို တည်ထောင်ခဲ့ကြ တာပါ။ အိန္ဒိယနိုင်ငံ၊ ချန်နိုင်မှာ အခြေစိုက်ထားပါတယ်။ ကုမ္ပဏီက နာရီ ထုတ်လုပ်မှုကို သူ တဦးတည်း အပြီးသတ် မလုပ်ဆောင်ဘဲ ချိတ်ဆက် ဖန်တီးမှု အဖြစ် Tamil Nadu Industrial Development Coporation နဲ့ ကားထုတ်လုပ်သူ Tata Group တွေနဲ့ပါ နည်းပညာပေါင်းစည်း လုပ်ကိုင်နေတာ တွေ့ရပါတယ်။ နာရီတွေ အပြင် ကျောက်မျက်ထည်တွေ၊ လူ့အသုံးအဆောင် ပစ္စည်းတွေပါ ထုတ်လုပ်ပါတယ်။ ကျောက်မျက်တွေကိုတော့ Tanishq အမည်နဲ့ ထုတ်လုပ်ပြီး နာရီတွေ ကို ကမ္ဘာ့နိုင်ငံပေါင်း ၃၂ နိုင်ငံကို ရောင်းချနေတယ် လို့ သိရပါတယ်။

 (၄) Patek Philippe ။ ။ ဒီအမှတ်တံဆိပ်က တန်ဖိုးမြင့် နာရီတွေ ထုတ်လုပ်သူပါ။ အထူးသဖြင့်တော့ ဖန်တီးမှု ရှုပ်ထွေးဆန်းကျယ်တဲ့ သူတို့ရဲ့ နာရီဖန်တီးမှု ပုံစံကြောင့် လူသိများပါတယ်။ ၁၈၅၁ ခုနှစ်က တည်ထောင်လုပ်ကိုင်နေတာ ဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမှာ ရုံးစိုက်ပါတယ်။ နောက်ဆုံး စာရင်းတွေ အရ တနှစ်ကို ယူရို ၁၀၅ သန်း လောက်ထိ ဝင်ငွေရအောင် လူကြိုက်များနေတာပါ။ ကုမ္ပဏီထုတ် နာရီတွေထဲက စံချိန်အတင် အဖြစ်လည်း ဈေးအမြင့်ဆုံး အနေနဲ့ ဒေါ်လာ ၁ ဒသမ ၄၉ သန်းနဲ့ ရောင်းချထားရတာ တွေ့နိုင်ပါတယ်။

 (၃) Oakley ။ ။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား အခြေစိုက် အမှတ်တံဆိပ် ဖြစ်ပြီး ဈေးကွက်မှာတော့ သူ့ကို နာရီထုတ်လုပ်သူ ဆိုတာထက် မျက်မှန်တွေ၊ အဝတ်အစားတွေနဲ့ လူပိုသိပါတယ်။ ဒါပေမယ့် Okaley ကတော့ ဆွစ်ဇာလန် နာရီတွေထက် ဖန်တီးမှု ပိုကောင်းတယ်၊ ပိုပြီး ရေရှည်သုံးနိုင်မယ်၊ ဖန်တီးမှုချင်းလည်း ရိုးရှင်းတယ်၊ Okaley ဟာ ကမ္ဘာ့ အကောင်းဆုံး နာရီတွေကို ထုတ်လုပ်နိုင်သူ တဦးလို့ ဆိုပြီး ဈေးကွက်မှာလည်း အောင်မြင်မှုရနေတာ တွေ့ရပါတယ်။ ၁၉၇၅ ခုနှစ်က တည်ထောင်ခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပြီး မိခင် ကုမ္ပဏီ Luxottica ရဲ့ ပိုင်ဆိုင်မှုအတွင်းမှာ ရှိနေပါတယ်။


 (၂) Omega ။ ။ ဆွစ်ဇာလန် အခြေစိုက် နာရီ အမှတ်တံဆိပ် ဖြစ်ပြီး ကမ္ဘာပေါ်မှာ မသိသူ မရှိလောက်တဲ့ အမှတ်တံဆိပ်ပါ။ ၁၉၁၇ ခုနှစ်က ဆိုရင် အင်္ဂလန် Royal Flying Corps က သူတို့ရဲ့ အချိန်မှတ်သူ အဖြစ် Omega ကို ရွေးချယ်ခဲ့လို့ အခုထိ ဂုဏ်ယူစရာ အဖြစ် မှတ်တမ်းဝင်နေဆဲပါ။ ၁၉၁၈ ခုနှစ်မှာ အမေရိကန် စစ်တပ်ကလည်း Omega ကို အချိန်မှတ်သူ အဖြစ် ထပ်မံ ရွေးချယ်ခဲ့ပါတယ်။ လကမ္ဘာကို ပထမဆုံး သယ်ဆောင် အသုံးပြုခံခဲ့ရတဲ့ နာရီ အဖြစ်လည်း မှတ်တမ်းဝင် နေပါတယ်။ ၁၈၄၈ ခုနှစ်က Louis Brandt က တည်ထောင်ခဲ့တာပါ။ မိခင်ကုမ္ပဏီ Swatch Group ရဲ့ လက်ခွဲ အဖြစ် ရှိနေပါတယ်။

 (၁) Rolex ။ ။ အရည်အသွေးမြင့်မားတယ်၊ ဇိမ်ခံ တန်ဖိုးကြီး နာရီတွေကို ထုတ်လုပ်ပါတယ်။ အထူးသဖြင့်တော့ နာရီတိုင်းမှာ သတ်မှတ် နံပါတ်တွေ ပါရှိတာက နာမည်ကြီး လူသိများစေပါတယ်။ ချမ်းသာကြွယ်ဝမှုရဲ့ ပြယုဂ်လည်း ဖြစ်စေပါတယ်။ ၁၉၀၅ ခုနှစ်က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မှာ စတင် တည်ထောင်ခဲ့တာ ဖြစ်ပေမယ့် အခုတော့ ဆွစ်ဇာလန်၊ ဂျနီဗာမှာ အခြေစိုက်ထားပါတယ်။ တရက်ကို နာရီ အလုံးရေ ၂၀၀၀ လောက် နေ့စဉ် ထုတ်လုပ်နေတယ်လို့ သိရပါတယ် ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...