နွားနှင့် မြင်း
-----
တစ်ခါက မြင်းနဲ့နွားဟာ တောင်သူကြီးတစ်ယောက်ဆီမှာ မွေးထားခြင်း ခံရသတဲ့ ။ တောင်သူကြီးဟာ အလွန်ထူးဆန်းတယ် ။ ဘာကြောင့်လဲဆိုတော့ သူဟာ တိရိစ္ဆာန်တွေရဲ့စကားကို နားလည်လို့ပဲ ဖြစ်တယ် ။ ဒါပေမယ့် သူက နားလည်ပေမယ့် ပြန်မပြောရဘူးတဲ့ ။ အဲ့လို တစ်ဦးတစ်ယောက်ကို ပြန်ပြောလိုက်မယ်ဆိုရင် သူဟာ အဲ့ဒီ့နေရာမှာပဲ သေရမှာဖြစ်တယ် ။
တစ်နေ့တော့ တောင်သူကြီးဟာ မြင်းနဲ့ နွားတို့ရဲ့ အချင်းချင်း ပြောဆိုကြပုံကို အမှတ်မထင် ကြားလိုက်ရတာကြောင့် အနားနားတိုးပြီး သူတို့မသိအောင် နားထောင်နေသတဲ့ ။
နွားကပြောတယ် ။ မင်းဟာ တော်တော် ကံကောင်းတဲ့ကောင်ပဲ ။ အလုပ်ဆိုလဲ ပေါ့ပေါ့ပါးပါးလေးတွေ လုပ်ရတယ် ။ စားစရာဆိုရင်လဲ ကောင်းပေ့ဆိုတဲ့ အရာတွေပဲ ။ သခင်က မင်းကို ဂရုတစိုက်နဲ့ ဆူပူသံတောင် သိပ့်မကြားရဘူး ။ ငါတို့နွားတွေကတော့ ကံမကောင်းဘူး ။ တစ်နေကုန် လေးလံတဲ့ ထမ်းပိုးကိုတင်ပြီး ရွှံ့ညွှံထဲမှာ ရှုန်းကန်နေရပေမယ့် မြက်တွေပဲ စားရတယ် ။ သခင်က ဆူလိုက်ပူလိုက်နဲ့ ရိုက်နှက်တာလဲ ခံရသတဲ့ ။
အဲ့အခါ မြင်းကပြောတယ် ။ မင်းတို့ နွားတွေဟာ သိပ့်ကို နွားကျလွန်းတာကြောင့် အခုလို သခင်ဆက်ဆံတာကို ခံရတာပေါ့တဲ့ ။ မင်းတို့က ညာဏ်သုံးသင့်တယ်လို့ပြောတယ် ။ အဲ့အခါ နွားက မြင်းရဲ့ ညာဏ်သုံးပုံကိုမေးတော့ မြင်းက အကြံပေးတယ် ။ သခင်ခိုင်းရင် ပေကပ်ကပ်လုပ် ၊ မြက်ကျွေးရင် မစားနဲ့ ။ ထမ်းပိုးတင်ရင် ရှုန်းပစ် ။ နေမကောင်းချင်သလိုလို ခွေနေ လို့ ပြောတယ် ။
အဲ့အခါ နွားကလည်း အဲ့ဒီ့အကြံအတိုင်း လုပ်ဖို့ ဝန်ခံလေသတဲ့ ။
သူတို့နှစ်ကောင်ပြောနေတာကို တောင်သူကြီးက ကြားတော့ ရယ်တယ် ။ ဒါပေမယ့် မသိချင်ယောင်ပဲဆောင်ပြီး မနက်လင်းတဲ့အခါ ခါတိုင်းလိုပဲ နွားကို လယ်ထွန်သွားဖို့ ပြင်ဆင်သတဲ့ ။ အဲ့မှာ နွားက မြင်းရဲ့အကြံအတိုင်း ဆန္ဒပြတာပေါ့ ။ ဘယ်လိုမှ လုပ်လို့ မရတဲ့အဆုံး တောင်သူကြီးဟာ နွားကို အစားကောင်းတွေလည်း ကျွေးတယ် ။ အလုပ်လည်း မခိုင်းတော့ပဲ သက်သက်သာသာပဲ နေစေသတဲ့ ။
ဒါပေမယ့် မြင်းကတော့ မသက်သာပါဘူး ။ နွားမရှိတဲ့အခါ တောင်သူကြီးက မြင်းကို နွားရဲ့ အလုပ်တွေ ခိုင်းစေသတဲ့ ။ ဒါကြောင့် မြင်းဟာ နွားရဲ့အလုပ်တွေကို တစ်နေကုန် ပင်ပင်ပန်းပန်း လုပ်နေရတာပေါ့ ။
ဒီလိုနဲ့ ညဘက်ရောက်တဲ့အခါ မြင်းနဲ့နွားဟာ တစ်ဖန် စကားပြောပြန်သတဲ့ ။ တောင်သူကြီးကလည်းသူတို့တွေ ဘာတွေပြောလဲဆိုတာ သိချင်တာမို့ တိုးတိုးလေး နားထောင်နေသတဲ့ ။
အဲ့အခါ နွားက စပြောတယ် ။ အဆွေပေးတဲ့အကြံဟာ သိပ့်ကောင်းတာပဲ ။ မိတ်ဆွေကောင်းဆိုတာ ဒါမျိုးကို ပြောတာနေမယ် ။ အခု အဆွေပေးတဲ့အကြံကြောင့် ဒီနေ့ဟာ ပင်ပန်းတာတွေ မလုပ်ရတဲ့အပြင် စားကောင်းသောက်ဖွယ်တွေလဲ အများချည်း စားလိုက်ရသတဲ့ ။ နွားက မြင်းကို ကျေးဇူးတင်ကြောင်း ပြောဆိုနေတဲ့အချိန်မှာ မြင်းကတော့ ပင်ပန်းလွန်းတာကြောင့် စကားတောင် ကောင်းကောင်း ပြန်မပြောနိုင်ရှာဘူးတဲ့လေ ။
အဲ့အခါ နွားက ဆက်ပြောတယ် ။ မနက်ဖြန်လဲ ဒီအတိုင်းပဲ ဆန္ဒပြရမယ်လို့ ပြောတော့ မြင်းက ပြာပြာသလဲ ဒီစကားကို ဆိုသတဲ့ ။
မလုပ်နဲ့ မလုပ်နဲ့ ။ မင်း မနက်ဖြန်မှ ဆက်လုပ်နေရင် သခင်က မင်းကို နွားသတ်ရုံ ပို့လိုက်လိမ့်မယ်တဲ့လေ ။
အဲ့အခါမှ နောက်တစ်နေ့ မနက်လဲရောက်ရော နွားလည်း နွားရဲ့ အလုပ်ကို ပုံမှန်ပြန်လုပ်ပြီး မြင်းလည်း မြင်းရဲ့အလုပ်မှာ ပြန်လည် ရောက်ရှိပါတော့သတဲ့ ။
- မှတ်သားဖွယ်
လောကမှာ သူ့နေရာနှင့်သူ ရှိနေခြင်းဟာ အကောင်းဆုံး ဆုလာဘ် ဖြစ်တယ် ။
#ဆက်ရန် . . .
#htoohtoolay

Comments
Post a Comment