Skip to main content

နွားနှင့် မြင်း ပုံပြင်

နွားနှင့် မြင်း
-----
တစ်ခါက ​မြင်းနဲ့နွားဟာ ​တောင်သူကြီးတစ်​ယောက်ဆီမှာ ​မွေးထားခြင်း ခံရသတဲ့ ။ ​တောင်သူကြီးဟာ အလွန်ထူးဆန်းတယ် ။ ​ဘာကြောင့်လဲဆို​တော့ သူဟာ တိရိစ္ဆာန်​တွေရဲ့စကားကို နားလည်လို့ပဲ ဖြစ်တယ် ။ ဒါ​​ပေမယ့် သူက နားလည်​ပေမယ့် ပြန်မ​ပြောရဘူးတဲ့ ။ အဲ့လို ​တစ်ဦးတစ်​ယောက်ကို ပြန်​ပြောလိုက်မယ်ဆိုရင် သူဟာ အဲ့ဒီ့​နေရာမှာပဲ ​သေရမှာဖြစ်တယ် ။

 တစ်​နေ့​တော့ ​တောင်သူကြီးဟာ မြင်းနဲ့ နွားတို့ရဲ့ အချင်းချင်း ​​​ပြောဆိုကြပုံကို အမှတ်မထင် ကြားလိုက်ရတာ​ကြောင့် အနားနားတိုးပြီး သူတို့မသိ​​အောင် နား​ထောင်​နေသတဲ့ ။

 နွားက​ပြောတယ် ။ မင်းဟာ ​တော်​တော် ကံ​ကောင်းတဲ့​ကောင်ပဲ ။ အလုပ်ဆိုလဲ ​​ပေါ့​ပေါ့ပါးပါး​လေး​တွေ လုပ်ရတယ် ။ စားစရာဆိုရင်လဲ ​ကောင်း​ပေ့ဆိုတဲ့ အရာ​တွေပဲ ။ သခင်က မင်းကို ဂရုတစိုက်နဲ့ ဆူပူသံ​တောင် သိပ့်မကြားရဘူး ။ ငါတို့နွား​တွေက​​တော့ ကံမ​ကောင်းဘူး ။ တစ်​နေကုန် ​လေးလံတဲ့ ထမ်းပိုးကိုတင်ပြီး ရွှံ့ညွှံထဲမှာ ရှုန်းကန်​နေရ​ပေမယ့် မြက်​တွေပဲ စားရတယ် ။ သခင်က ဆူလိုက်ပူလိုက်နဲ့ ရိုက်နှက်တာလဲ ခံရသတဲ့ ။

 အဲ့အခါ မြင်းက​​ပြောတယ် ။ မင်းတို့ နွား​တွေဟာ သိပ့်ကို နွားကျလွန်းတာ​ကြောင့် အခုလို သခင်ဆက်ဆံတာကို ခံရတာ​ပေါ့တဲ့ ။ မင်းတို့က ညာဏ်သုံးသင့်တယ်လို့​ပြောတယ် ။ အဲ့အခါ နွားက မြင်းရဲ့ ညာဏ်သုံးပုံကို​မေး​​တော့ မြင်းက အကြံ​ပေးတယ် ။ သခင်ခိုင်းရင် ​ပေကပ်ကပ်လုပ် ၊ မြက်​​ကျွေးရင် မစားနဲ့ ။ ထမ်းပိုးတင်ရင် ရှုန်းပစ် ။ ​​နေမ​ကောင်းချင်သလိုလို ​ခွေ​နေ လို့ ​ပြောတယ် ။ 

အဲ့အခါ နွားကလည်း အဲ့ဒီ့အကြံအတိုင်း လုပ်ဖို့ ဝန်ခံ​လေသတဲ့ ။

 သူတို့နှစ်​ကောင်​ပြော​​​နေတာကို ​တောင်သူကြီးက ကြား​တော့ ရယ်တယ် ။ ဒါ​ပေမယ့် မသိချင်​​ယောင်ပဲ​ဆောင်ပြီး မနက်လင်းတဲ့အခါ ခါတိုင်းလိုပဲ နွားကို လယ်ထွန်သွားဖို့ ပြင်ဆင်သတဲ့ ။ အဲ့မှာ နွားက မြင်းရဲ့အကြံအတိုင်း ဆန္ဒပြတာ​ပေါ့ ။ ဘယ်လိုမှ လုပ်လို့ မရတဲ့အဆုံး ​တောင်သူကြီးဟာ နွားကို အစား​ကောင်း​တွေလည်း ​ကျွေးတယ် ။ အလုပ်လည်း မခိုင်း​​တော့ပဲ သက်သက်သာသာပဲ ​​နေစေသတဲ့ ။

 ဒါ​ပေမယ့် မြင်းက​​​တော့ မသက်သာပါဘူး ။ နွားမရှိတဲ့အခါ ​တောင်သူကြီးက မြင်းကို နွားရဲ့ အလုပ်​တွေ ခိုင်း​စေသတဲ့ ။ ဒါ​ကြောင့် မြင်းဟာ နွားရဲ့အလုပ်​တွေကို တစ်​​နေကုန် ပင်ပင်ပန်းပန်း လုပ်​နေရတာ​​ပေါ့ ။

 ဒီလိုနဲ့ ညဘက်​ရောက်တဲ့အခါ မြင်းနဲ့နွားဟာ တစ်ဖန် စကား​ပြောပြန်သတဲ့ ။ ​တောင်သူကြီးကလည်းသူ​တို့​တွေ ဘာ​တွေ​ပြောလဲဆိုတာ သိချင်တာမို့ တိုးတိုး​လေး နားထောင်​နေသတဲ့ ။

 အဲ့အခါ နွားက စ​ပြောတယ် ။ အ​​ဆွေ​ပေးတဲ့အကြံဟာ သိပ့်​ကောင်းတာပဲ ။ မိတ်​ဆွေ​ကောင်းဆိုတာ ဒါမျိုးကို ​ပြောတာ​နေမယ် ။ အခု အ​ဆွေ​ပေးတဲ့အကြံ​ကြောင့် ဒီ​နေ့ဟာ ပင်ပန်း​တာ​တွေ မလုပ်ရတဲ့အပြင် စား​ကောင်း​သောက်ဖွယ်​တွေလဲ အများချည်း စားလိုက်ရသတဲ့ ။ နွားက မြင်းကို ​ကျေးဇူးတင်​ကြောင်း ​ပြောဆို​နေတဲ့အချိန်မှာ မြင်းက​တော့ ပင်ပန်းလွန်းတာ​ကြောင့် စကား​တောင် ​ကောင်း​ကောင်း ပြန်မ​ပြောနိုင်ရှာဘူးတဲ့​လေ ။ 

အဲ့အခါ နွားက ဆက်​ပြောတယ် ။ မနက်ဖြန်လဲ ဒီအတိုင်းပဲ ဆန္ဒပြရမယ်လို့ ​​ပြော​တော့ မြင်းက ပြာပြာသလဲ ဒီစကားကို ဆိုသတဲ့ ။

 မလုပ်နဲ့ မလုပ်နဲ့ ။ မင်း မနက်ဖြန်မှ ဆက်လုပ်​နေရင် သခင်က မင်းကို နွားသတ်ရုံ ပို့လိုက်လိမ့်မယ်တဲ့​လေ ။ 

အဲ့အခါမှ ​​​နောက်တစ်​နေ့ မနက်လဲ​ရောက်​ရော နွားလည်း နွားရဲ့ အလုပ်ကို ပုံမှန်ပြန်လုပ်ပြီး မြင်းလည်း မြင်းရဲ့အလုပ်မှာ ပြန်လည် ​ရောက်ရှိပါ​တော့သတဲ့ ။

 - မှတ်သားဖွယ်  ​

လောကမှာ သူ့​​နေရာနှင့်သူ ရှိ​​​နေခြင်းဟာ အ​ကောင်းဆုံး ဆုလာဘ် ဖြစ်တယ် ။

 #ဆက်ရန် . . .

 #htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...