ရေခဲမြစ်ကြီးတစ်စင်း အရည်ပျော်သွားပြီးနောက်ရုရှားက ကျွန်းသစ်ငါးခုရှာဖွေတွေ့ရှိ
==============================================
အာတိတ်ဒေသတွင် ရေခဲမြစ်ကြီး တစ်စင်းအရည်ပျော်သွားပြီးနောက် ကျွန်း သစ်ငါးခုကိုရှာဖွေတွေ့ရှိခဲ့ကြောင်း ရုရှား စစ်တပ်က ကြေညာခဲ့သည်ဟု သိရသည်။ ကျွန်းများသည် ၉၆၀၀ စတုရန်းပေမှ ၅၈၀၀၀၀ စတုရန်းပေအရွယ်အစားအထိ ရှိသည်။ ၂၀၁၆ ခုနှစ်တွင် အင်ဂျင်နီယာ Marina Migunova က အာတိတ်သမု ဒ္ဒရာထဲရှိ Franz Josef Land ကျွန်းစုသို့ စူးစမ်းလေ့လာရေးခရီးထွက်ရင်း ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါမှသာ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ ရုရှားရေတပ်သည် Josef Land နှင့် Novaya Zemlya ကျွန်းစုများ၏ကမ်းရိုးတန်းတစ်လျှောက်မှ အပြောင်းအလဲများကို နှစ်ပေါင်းများစွာ ကြာအောင် စောင့်ကြည့်လေ့လာခဲ့ခြင်း ဖြစ်သည်ဟု သုတေသီများက ဆိုခဲ့သည်။
အသစ်ရှာဖွေတွေ့ရှိသည့်ကျွန်းသစ်များ သည် Novaya Zemlya ကျွန်း၏ Kara ကမ်းရိုးတန်းအလွန် Vise Bay တွင်တည် ရှိသည်။ ၁၀ မိုင်မှ မိုင် ၃၀ အထိရှည်လျား သော Nansen ရေခဲပြင်ကြီးအနီးရှိ ရေခဲ မြစ်တစ်စင်းအရည်ပျော်ရာမှ ကျွန်းသစ် များကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိ ရသည်။
(AP,2.9.19) အေးယုနိုင်
#htoohroolay

Comments
Post a Comment