Skip to main content

Posts

Showing posts from March, 2017

ကမ္ဘာ့ပထမဆုံး တက္ကသိုလ် Taxila (သို့) တက္ကသီလာ !

ကမ္ဘာ့ပထမဆုံး တက္ကသိုလ် Taxila (သို့) တက္ကသီလာ ------ တက္ကသီလာ ခေါ် တက္ကသိုလ်ပြည် ဆိုတဲ့ စကားလုံးကို စာတွေထဲမှာ မကြာခဏတွေ့ဖူး ကြားဖူးကြမှာပါ။ ရှေးရာဇ၀င် ပုံပြင်တွေထဲမှာ မင်းည...

ခရိုနီ ဆိုတာ !

ခရိုနီဆိုတာ ! ---- ဂျာနယ်လစ်များနဲ့ ပြည်သူလူထုတစ်ရပ်လုံးဟာ  Crony  ဆိုတဲ့ အဓိပ္ပါယ်ကို နားလည်မှု လွဲမှားစွာ သုံးစွဲနေကြပါတယ် ။ ခရိုနီ(Crony )ဆိုတာက အပေါင်းအသင်း ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ် ။ နိုင်ငံတော်ရဲ့ အကျိုးစီးပွားများကို ကာကွယ်ထိမ်းသိမ်းစောက်ရှောက်နေသော နိုင်ငံတော်နှင့် တသားတည်းရှိသည့် နိုင်ငံတော်၏ အပေါင်းအသင်းဖြစ်တယ် ။ အဲ့ဒီ့ ခရိုနီဆိုတဲ့  အဓိပ္ပါယ်ကို လူယုတ်မာ သဘောမျိုးနဲ့ သုံးနှုန်းနေတာဟာ နားလည်မှု လွှဲမှားနေတယ်လို့ ဆိုပါတယ် ။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ၊ စာမျက်နှာ (၁၂) ၊အခန်း(၁) ၊ပုဒ်မ (၄၇)မှာ " ဤဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံတော်ဆိုသည်မှာ ဥပဒေပြုမူအခွင့်အာဏာကိုသော်လည်းကောင်း အုပ်ချုပ်မူအခွင့်အာဏာကိုသော်လည်းကောင်း ကျင့်သုံးနေသော အဖွဲ့အစည်း လူပုဂ္ဂိုလ် " ကို ဆိုလိုကြောင်း ဖော်ပြထားပါတယ် ။ ဒါကြောင့် ခရိုနီရဲ့ အဓိပ္ပာယ်ကို မြန်မာဘာသာပြန်ဆိုမယ်ဆိုရင်  “နိုင်ငံတော်၏အကျိုးစီးပွားကို ဆောင်ရွက်သည့် နိုင်ငံတော်နှင့် တသားတည်း ရှိသော နိုင်ငံတော်၏ အပေါင်းအသင်း” လို့  သုံးနှုန်းရမှာဖြစ်တယ် ။ #htoohtoolay

ရုပ်ကြွင်းသက်တမ်းတွေ ဘယ်လိုတွက်ချက်လဲ !

ရှေးဟောင်း ရုပ်ကြွင်းတွေကို သက်တမ်းဘယ်လို တွက်ချက် စစ်ယူတာလဲ ? ----- ဒီစကားဟာ အင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့အမေးတစ်ခုပါ ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တွေဟာ တူးဖေါ်ရရှိလာတဲ့ ရုပ်ကြွင်းတွေနဲ့ အဆောက်အဦးတွေ ,  ဗိသုကာလက်ရာတွေကနေမှ အစရှိတဲ့ အရာတွေကို သက်တမ်းတွက်ချက်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းဘယ်လောက်ဆိုတဲ့ အချက်ကို ဖေါ်ညွှန်းကြတယ်ဆိုတာ သိထားပြီးဖြစ်တယ် ။ ဒါပေမယ့် အဲ့ဒီ့ သက်တမ်းကို ကျွန်တော်တို့ ဘယ်လို စစ်ကြည့်လို့သိတာလဲဆိုတာတော့ အသေအခြာ သိသူတွေ ရှားပါးလှပါတယ် ။ ကျွန်တော်တို့ အကြမ်းဖျင်း သိရှိထားတာကတော့ ကာဗွန်စစ်ဆေးမှုကနေ သိကြရတယ်လို့ ဒီလို နားလည်ထားကြတယ် ။ ဒါကြောင့်မို့ ဒီ post ကတော့ သက်တမ်းတွက်ချက်နည်းကို  အနည်းငယ် လေ့လာမှာဖြစ်ပါတယ် ။ အဲ့ဒီ့လို သက်တမ်းတွက်ချက်နည်းများ လေ့လာကြည့်မယ်ဆိုရင် ရှေ့ဦးဆုံး ကာဗွန်(၁၄)အိုင်ဆိုတုပ် အကြောင်းကို သိရှိဖို့ လိုပါတယ် ။ အက်တမ်တစ်ခုဟာ မူလအခြေခံ ဖွဲ့စည်းမှုကနေ အခြေနေတစ်ခုကြောင့် နယူထရွန်တစ်လုံး ဒါမှမဟုတ် အများ ပိုလာတဲ့ အခြေနေကို ရောက်လာပြီဆိုပါစို့ ။ အဲ့ဒီ့အခြေနေဟာ အဲ့ဒီ့ အက်တမ်အတွက် မတည်ငြိမ်တဲ့ အခြေနေဖြစ်တယ် ။ အဲ့ဒီ့ အခြေအနေမှာ...

ကောင်းခြင်းလား ဆိုးခြင်းလား !

ကောင်းခြင်းလား ဆိုးခြင်းလား ? ----- လေ့လာမှုများအရ ကျွန်တော်တို့ အခု အခြေချနေထိုင်တဲ့ ကမ္ဘာနည်းတူ အခြားကမ္ဘာပေါင်း ၄၀ ဘီလီယံအထိ ရှိနိုင်တယ်ဆိုတာကို သိပ္ပံပညာရှင်တို့က ကောက်ချက် ဆွဲလိုက်ပါပြီ ။ ဒါကြောင့် သူတို့ဟာ မဟာစကြာဝဠာအတွင်းက အသိညာဏ် မြင့်မားကြတဲ့ လူသားမျိုးနွယ်စုတွေ တည်ရှိနေထိုင်နိုင်တဲ့ဆီကို သတင်းစကားလှိုင်းများ နဲ့ အချက်ပြ နှုတ်ဆက်စကားများကို ၁၉၇၄ ခုနှစ်က (အချက်ပြမှု) နှင့် ၁၆၇၉ခု ပါဝင်တဲ့ နှုတ်ဆက်စကားများကို ပူအာတိုရီကို(Puerto Rico)  နိုင်ငံမှာရှိတဲ့ အာရီစီပို(Arecibo) ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုတ် ကြီးနဲ့ အလင်းနှစ် 2500 ဝေးကွာသော အမ်မ် 31 အမည်ရှိ ကြယ်အစုအဝေးကြီးဆီကို ပစ်လွှတ်လိုက်ပြီးဖြစ်ပါတယ် ။ အဲ့ဒီ့ သတင်းစကားတွေထဲမှာ ဒီကမ္ဘာပေါ်က သက်ရှိများရဲ့  အခြေခံအချက်များကို ထည့်သွင်းထားကာ အခြေခံအနေနဲ့ အကြမ်းပျှမ်းပြောရလျှင်မူ ကိန်းဂဏန်းများ , ကမ္ဘာပေါ်က သက်ရှိများအတွက် မရှိမဖြစ်လိုအပ်တဲ့ ဒြပ်စင်များ , သက်ရှိများအတွက် အရေးကြီးသည့် မော်လီကျူးများ တင်မက သတ္တဝါတို့ရဲ့ အခြေခံအသက်ဖြစ်သော ဒီအင်န်အေ ပုံစံတွေကိုပါ ထည့်သွင်းထားပါတယ် ။ ဒါ့အပြင် ဒီကမ္ဘာကြီးက ဘယ်အကွာအဝေးမှာရှိကြောင်းအပြင် လ...

စေတနာဆိုတာ အချိန်အခါနဲ့ပါ !

စေတနာ ဆိုတာ အချိန်အခါနဲ့ပါ ---- တစ်ခါက အဘိုးအို အဖွားအိုနှစ်ယောက်ဆီမှာ အရွယ်ရောက်ပြီးသား သမီးငယ် သုံးဦးရှိသတဲ့ ။ သူတို့မိသားစု တစ်စုလုံးက အဖွားအိုချက်ပြုတ်ပေးတာကိုပဲ စားကြရတယ်တဲ့ ။ အဖွားအိုက အသက်က ကြီးပြီဆိုတော့ အငံကိုရှောင်ပြီး ဟင်းတိုင်းကို ပေါ့ပျက်ပျက်တာ ချက်လေ့ရှိပါတယ် ။ အဲ့ဒီ့ ဟင်းဟာ အလွန်ကို ပေါ့လွန်းတာကြောင့် အိမ်သူအိမ်သားအားလုံးက အငံလေး ထည့်ပြီး ဟင်းကို ချက်စေချင်ပေမယ့် အဖွားအိုကို ကြောက်ရွံ့ရတာကြောင့် အဖွားအို ချက်တဲ့ ဆားမပါတဲ့ ဟင်းကိုပဲ စားလာခဲ့ရတာ သမီးငယ်သုံးဦး စလုံး ဒီအရွယ် ရောက်တဲ့ အချိန်ထိပါပဲတဲ့လေ ။ တစ်နေ့တော့ သူတို့အိမ်ကို ဧည့်သည် လူရွယ်တစ်ယောက် ရောက်လာသတဲ့ ။ ဧည့်သည် ရောက်လာတာကို သမီးငယ်သုံးဦးစလုံးဟာ အင်မတန်မှ ဝမ်းသာသွားပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ဒီနေ့ သူတို့ဟာ အဖွားအိုချက်တဲ့ ဟင်းကောင်းကို စားရတော့မှာကြောင့်ဖြစ်တယ် ။ အဖွားအိုဟာ ဧည့်သည်အတွက် ကြက်သားဟင်းကို ချက်ပါတယ် ။ အဖွားအို ချက်နေတဲ့အချိန်ကို အကြီးဆုံး သမီးကြီးက အဖွားအို အလစ်ကိုချောင်းနေတယ်တဲ့ ။ ဘာလုပ်ဖို့လဲဆိုတော့ သူဟာ အဖွားအိုက အမြဲတမ်း ဟင်းချက်တဲ့အခါ ဆားမထည့်တာကြောင့် ဧည့်သည် ကိုကျွေးလျှင် ပေါ့ပျက်ပျ...

ဒုက္ခဆိုတဲ့အကောင်

ဒုက္ခဆိုတဲ့ အကောင် ! ---- တစ်ခါက အလွန်ကို နက်ရှိုင်းလှတဲ့ တောနက်ကြီးတစ်ခုထဲမှာ အင်မတန်မှ သီလ သမာဓိနဲ့ ပြီးပြည့်စုံတဲ့ ရသေ့ကြီး တစ်ပါး သီတင်းသုံး နေထိုင်နေသတဲ့ ။ အဲ့ ရသေ့ကြီးဟာ ဈာန်အဘိညာဏ်နဲ့ ပြည့်စုံတာကြောင့် ဆွမ်းခံထွက်တဲ့အခါ ရွာနီးစပ်နားထိ ဈာန်နဲ့ကြွကာ ရွာထဲ ဆွမ်းခံလေ့ ရှိတယ် ။ ရသေ့ကြီးဟာ သူ့ရဲ့ တစ်နပ်စာ စားဖွယ်အတွက် လုံလောက်ကာမျှဖြင့် ပိုလျှံတဲ့ ဆွမ်းတွေကို အနီးနားမှာရှိတဲ့ တိရိစ္ဆာန်လေးတွေအတွက် အမြဲတမ်း ကျွေးမွေးလေ့ရှိပါသတဲ့ ။ ရသေ့ကြီးဟာ တိရိစ္ဆာန်တို့ရဲ့ စကားကိုလဲ ကောင်းစွာ နားလည်နေတဲ့အတွက် တိရိစ္ဆာန်တို့ရဲ့ ကျင်လည်ရာ ဘဝအဖုံဖုံကို နှလုံးသွင်းဆင်ခြင်ရုံမျှဖြင့် ဒုက္ခ ဒုက္ခဆိုပြီး မည်တမ်းလေ့ ရှိသတဲ့ ။ ဒါ့အတူပဲ ရသေ့ကြီးဟာ ထင်းခွေတဲ့အခါလဲ ဒုက္ခပါကလား လို့ ဆင်ခြင်မည်တမ်းတယ် ။ ရေခပ်တဲ့အခါမှာလည်း ဒုက္ခလို့ နှုတ်က ရွတ်မိတယ် ။ အစာ စားတဲ့အခါ ညောင်းညာတဲ့အခါ အစရှိသလို အမှုတွေအပေါ် ဒုက္ခ , ဒုက္ခဆိုပြီး အမြဲတမ်း မည်တမ်းဆင်ခြင်လေ့ရှိပါသတဲ့ ။ ရသေ့ကြီးရဲ့ ဆွမ်းကျန်တွေကို လာရောက်စားလေ့ရှိကြတဲ့ တိရိစ္ဆာန်တွေထဲမှာ မျောက်လေးတစ်ကောင်လဲ ပါဝင်ပါတယ် ။ အဲ့မျောက်လေးကတော့ အခြား တိရိစ္ဆာန်တွေလို အစာ စားပြီးကာမျှ...

ဆဲလ် ဆိုတာ ဘာလဲ ?

ဆဲလ် ဆိုတာ ဘာလဲ ? -------- အဆောက်အအုံတစ်ခုကို ဆောက်လုပ်ဖို့ဆိုရင် အုတ်ခဲတို့ ဘိလပ်မြေတို့ လိုသလိုပါပဲ မိတ်ဆွေရဲ့ ခန္ဓာကိုယ်ကြီးကို ဖွဲ့စည်းတည်ဆောက်တဲ့အခါမှာတော့ ဒီ ဆဲလ်တွေဟာ အုတ်ခဲတွေဖြစ်တယ် ။ ဆဲလ်ဟာ ခန္ဓာကိုယ်ထဲမှာ အသေးဆုံးသော တည်ဆောက်ရေးပစ္စည်းလေး ဖြစ်ပါတယ် ။ သင့်ရဲ့ ခန္ဓာကိုယ်ဟာ ဆဲလ်တစ်ခုတည်းနဲ့ စတင်ခဲ့တာဖြစ်တယ် ။ အဲ့ဒီ့ ဆဲလ်ကမှ ထပ် ထပ်ပြီး ကွဲပြား များပြားလာတာ ဖြစ်ပါတယ် ။ ဆဲလ်တွေအကြောင်း လေ့လာမယ်ဆိုရင် အဏုကြည့် မှန်ဘီလူး ( မိုက်ကရိုစကုပ်ပ်) ရဲ့ အကူအညီ လိုအပ်တယ် ။ ဘာကြောင့်လဲဆိုရင်တော့ သူတို့ထဲက အများစုဟာ အလွန့်အလွန်ကို သေးငယ်လွန်းလို့ ဖြစ်ပါတယ် ။ သင့်ခန္ဓာကိုယ်ထဲမှာ ဆဲလ်တွေ အမျိုးမျိုး ရှိတယ် ။ သူတို့တွေမှာ ကွဲပြားတဲ့ ပုံသဏ္ဍာန်နဲ့ အရွယ်အစား အမျိုးမျိုး ရှိနေကြပါတယ် ။ ဆဲလ်တစ်ခုစီမှာ လုပ်ဆောင်ရမဲ့ အရာ ! ကွဲပြားခြားနားတဲ့ လုပ်ငန်းတွေအတွက် တာဝန်တစ်ခုစီ ရှိနေကြပါတယ် ။ သွေးနီဥ ဆဲလ်လေးတွေရဲ့ ပုံသဏ္ဍာန်က ဝိုင်းဝိုင်းပြားပြားလေးတွေဖြစ်ပြီး ဦးနှောက်ဆဲလ်တွေကတော့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဆဲလ်တွေအနက် အသေးငယ်ဆုံး ဆဲလ်တွေ ဖြစ်တယ်လို့ ဒီလိုဆိုပါတယ် ။ #htoohtoolay

ရှောင်လင်ဘုန်းကြီးတွေက ဘာလို့ သိုင်းလေ့ကျင့်တာလဲ !

ရှောင်လင်ဘုန်းကြီးတွေက ဘာလို့ သိုင်းလေ့ကျင့်တာလဲ ! ----- တရုတ်မဟာဂန္ဓာရီပညာရဲ့ တက်စဉ်နဲ့ ကျင့်စဉ်မှာ ယောဂသမထကျင့်စဉ် နှစ်မျိုး ရှိပါတယ် ။ ငြိမ်သက်တဲ့ ယောဂကျင့်စဉ်နဲ့ လှုပ်ရှားယောဂကျင့်စဉ်ဆိုပြီး နှစ်မျိုး ရှိတာဖြစ်တယ် ။ ရွှေကြာပန်းအလင်း ဘာဝနာခေါ် ပုဏ္ဍရိက မဏ္ဍလဘာဝနာက  ငြိမ်သက်ယောဂကျင့်စဉ်ဖြစ်ပြီး လှုပ်ရှားဘာဝနာမှာ တိုက်ချိချွမ် ဖြစ်တယ် ။ တိုက်ချိချွမ်သိုင်းပညာကတော့ ကျွန်တော်တို့ မြန်မာများအနေနဲ့တော့ မစိမ်းတော့ပါဘူး ။ သို့သော် အများသိရှိထားကြတာကတော့ ကိုယ်ခံသိုင်းပညာအနေနဲ့သာ သိထားကြသူတွေတာ များကြပါတယ် ။ အိန္ဒိယ ယောဂကျင့်စဉ်များက မူလကတော့ နာမ်ပိုင်းဆိုင်ရာ သမာဓိထူထောင်ဖို့အတွက် ဖြစ်သော်လည်း နောင်အခါမှာ ကျန်းမာရေးအတွက် လေ့ကျင့် လာခဲ့ကြတယ် ။ ထို့အတူပဲ တိုက်ချိချွမ်ကိုလဲ မူလက နာမ်ပိုင်းဆိုင်ရာ သမာဓိ ထူထောင်ဖို့အတွက် ဘာဝနာကျင့်စဉ်ဖြစ်ပေမယ့်လို့ အခုအခါမှာတော့ ကျန်းမာရေးနဲ့ ကိုယ်ခံပညာသိုင်းအနေဖြင့်တာ လေ့ကျင့်နေကြတာဖြစ်ပါတယ် ။ တကယ်တော့ တိုက်ချိချွမ်ဟာ တရုတ် မဟာဂန္ဓာရီပညာရဲ့ အတွင်း လျှိုဝှက်လမ်းစဉ်ဖြစ်တဲ့ အန္တေဝါသိက ဘာဝနာကျင့်စဉ်ဖြစ်တယ် ။ အထူးသဖြင့် တောက် အန္တေဝါသိက ဘာဝနာကျင့်စဉ်လို့ ဆိုပါတယ် ။ ေ...