Skip to main content

ကောင်းခြင်းလား ဆိုးခြင်းလား !

ကောင်းခြင်းလား ဆိုးခြင်းလား ?
-----

လေ့လာမှုများအရ ကျွန်တော်တို့ အခု အခြေချနေထိုင်တဲ့ ကမ္ဘာနည်းတူ အခြားကမ္ဘာပေါင်း ၄၀ ဘီလီယံအထိ ရှိနိုင်တယ်ဆိုတာကို သိပ္ပံပညာရှင်တို့က ကောက်ချက် ဆွဲလိုက်ပါပြီ ။

ဒါကြောင့် သူတို့ဟာ မဟာစကြာဝဠာအတွင်းက အသိညာဏ် မြင့်မားကြတဲ့ လူသားမျိုးနွယ်စုတွေ တည်ရှိနေထိုင်နိုင်တဲ့ဆီကို သတင်းစကားလှိုင်းများ နဲ့ အချက်ပြ နှုတ်ဆက်စကားများကို ၁၉၇၄ ခုနှစ်က (အချက်ပြမှု) နှင့် ၁၆၇၉ခု ပါဝင်တဲ့ နှုတ်ဆက်စကားများကို ပူအာတိုရီကို(Puerto Rico)  နိုင်ငံမှာရှိတဲ့ အာရီစီပို(Arecibo) ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုတ် ကြီးနဲ့ အလင်းနှစ် 2500 ဝေးကွာသော အမ်မ် 31 အမည်ရှိ ကြယ်အစုအဝေးကြီးဆီကို ပစ်လွှတ်လိုက်ပြီးဖြစ်ပါတယ် ။

အဲ့ဒီ့ သတင်းစကားတွေထဲမှာ ဒီကမ္ဘာပေါ်က သက်ရှိများရဲ့  အခြေခံအချက်များကို ထည့်သွင်းထားကာ အခြေခံအနေနဲ့ အကြမ်းပျှမ်းပြောရလျှင်မူ ကိန်းဂဏန်းများ , ကမ္ဘာပေါ်က သက်ရှိများအတွက် မရှိမဖြစ်လိုအပ်တဲ့ ဒြပ်စင်များ , သက်ရှိများအတွက် အရေးကြီးသည့် မော်လီကျူးများ တင်မက သတ္တဝါတို့ရဲ့ အခြေခံအသက်ဖြစ်သော ဒီအင်န်အေ ပုံစံတွေကိုပါ ထည့်သွင်းထားပါတယ် ။ ဒါ့အပြင် ဒီကမ္ဘာကြီးက ဘယ်အကွာအဝေးမှာရှိကြောင်းအပြင် လူသားတွေရဲ့ ပုံစံ အရွယ်အစား အနိမ့်အမြင့်နဲ့  ဒီသတင်းစကားတွေကို တယ်လီစကုတ်ကြီးနဲ့ ပို့လွှတ်ခဲ့တယ်ဆိုတဲ့ အကြောင်း ပုံရိပ့်တွေကို တည့်သွင်းထားတယ်လို့ ဆိုပါတယ် ။

အဲ့ဒီ့ အချက်အလက်တွေကို ပို့လွှတ်ခဲ့တာကတော့ အခုဆိုရင် နှစ်ပေါင်း လေးဆယ် ကျော်အောင် ကြာခဲ့ပါပြီ ။ ဒါပေမယ့် ဦးတည် ပို့လွှတ်ခဲ့တဲ့ M31 ကြယ်အစုအဝေးကြီးဟာ အလင်းနှစ်ပေါင်း ၂၅၀၀ ကျော်တဲ့အတွက် ဒီနှုတ်ဆက်စကားတွေက သူတို့ဆီကို မရောက်သေးပဲ လမ်းခုလတ်မှာတင် ရှိနေပါသေးတယ် ။

ဒီသတင်းစကားတွေကို မပို့လွှတ်မီက အမျိုးမျိုး ကောက်ချက်ဆွဲမှုတွေလဲ ရှိနေခဲ့ပါတယ် ။ အဲ့ဒါတွေကတော့ ! အကယ်လို့ ဒီသတင်းစကားတွေတာ အသိညာဏ်မြင့်မားတဲ့ အခြားကမ္ဘာမှ လူသားတွေဆီရောက်သွားခဲ့မယ်ဆိုရင်တော့ သူတို့ဟာ သတင်းအချက်အလက်တို့အရ ကျွန်တော်တို့ တည်ရှိတဲ့ ကမ္ဘာကြီးကို အလွယ်တကူ ရှာဖွေ တွေ့ရှိနိုင်မှာဖြစ်ပြီး သူတို့ရဲ့ စွမ်းအင်အရင်းအမြစ်တွေ ကုန်ခမ်းနေတဲ့ ဂြိုလ်ကို စွန့်ခွါကာ ဒီကမ္ဘာမြေကို ကျူးကျော်လာနိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ် ။ အဲ့လို ကျူးကျော်မှုမှာလဲ ကျွန်တော်တို့ဆီက အဓိကကျသော အချက်အလက်များ အားလုံးကို ထည့်သွင်းထားတဲ့အတွက် ပျော့ကွက် ဟာကွက်တွေကို အသုံးပြုပြီး အလွယ်တကူ သိမ်းယူနိုင်မှာဖြစ်တယ်လို့ ဆိုတယ် ။ ဒါပေမယ့် ကျွန်တော်တို့ လူသားတွေကတော့ စေတနာကြီးစွာနှင့်ပင် သတင်းစကားတွေကို ပို့လွှတ်ခဲ့ပြီးပါပြီ ။ အသိညာဏ်မြင့်မားတဲ့ အခြားကမ္ဘာမှ လူသားတွေဟာ ကောင်းခြင်းတွေနဲ့အတူ ဆက်သွယ်လာနိုင်ဖို့ကိုပဲ ကျွန်တော်တို့ စောင့်ဆိုင်းနေကြရမှာဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ကမ္ဘာမြေမှ လူသားအားလုံး သိထားသင့်တဲ့ အကြောင်းတစ်ရပ်ဖြင့် ယူဆရပါတယ် ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...