Skip to main content

ရှောင်လင်ဘုန်းကြီးတွေက ဘာလို့ သိုင်းလေ့ကျင့်တာလဲ !

ရှောင်လင်ဘုန်းကြီးတွေက ဘာလို့ သိုင်းလေ့ကျင့်တာလဲ !
-----

တရုတ်မဟာဂန္ဓာရီပညာရဲ့ တက်စဉ်နဲ့ ကျင့်စဉ်မှာ ယောဂသမထကျင့်စဉ် နှစ်မျိုး ရှိပါတယ် ။ ငြိမ်သက်တဲ့ ယောဂကျင့်စဉ်နဲ့ လှုပ်ရှားယောဂကျင့်စဉ်ဆိုပြီး နှစ်မျိုး ရှိတာဖြစ်တယ် ။ ရွှေကြာပန်းအလင်း ဘာဝနာခေါ် ပုဏ္ဍရိက မဏ္ဍလဘာဝနာက  ငြိမ်သက်ယောဂကျင့်စဉ်ဖြစ်ပြီး လှုပ်ရှားဘာဝနာမှာ တိုက်ချိချွမ် ဖြစ်တယ် ။

တိုက်ချိချွမ်သိုင်းပညာကတော့ ကျွန်တော်တို့ မြန်မာများအနေနဲ့တော့ မစိမ်းတော့ပါဘူး ။ သို့သော် အများသိရှိထားကြတာကတော့ ကိုယ်ခံသိုင်းပညာအနေနဲ့သာ သိထားကြသူတွေတာ များကြပါတယ် ။

အိန္ဒိယ ယောဂကျင့်စဉ်များက မူလကတော့ နာမ်ပိုင်းဆိုင်ရာ သမာဓိထူထောင်ဖို့အတွက် ဖြစ်သော်လည်း နောင်အခါမှာ ကျန်းမာရေးအတွက် လေ့ကျင့် လာခဲ့ကြတယ် ။ ထို့အတူပဲ တိုက်ချိချွမ်ကိုလဲ မူလက နာမ်ပိုင်းဆိုင်ရာ သမာဓိ ထူထောင်ဖို့အတွက် ဘာဝနာကျင့်စဉ်ဖြစ်ပေမယ့်လို့ အခုအခါမှာတော့ ကျန်းမာရေးနဲ့ ကိုယ်ခံပညာသိုင်းအနေဖြင့်တာ လေ့ကျင့်နေကြတာဖြစ်ပါတယ် ။ တကယ်တော့ တိုက်ချိချွမ်ဟာ တရုတ် မဟာဂန္ဓာရီပညာရဲ့ အတွင်း လျှိုဝှက်လမ်းစဉ်ဖြစ်တဲ့ အန္တေဝါသိက ဘာဝနာကျင့်စဉ်ဖြစ်တယ် ။ အထူးသဖြင့် တောက် အန္တေဝါသိက ဘာဝနာကျင့်စဉ်လို့ ဆိုပါတယ် ။ တောက်ကို ဒဿနအနေနဲ့ဖြစ်စေ ကိုးကွယ်မှု ဘာသာအနေနဲ့ဖြစ်စေ ဂန္ဓာရီပညာအနေနဲ့ဖြစ်စေ ချဉ်းကပ်ကျင့်သုံးနိုင်ကြောင်းကိုလဲ တွေ့ရှိရတယ် ။

တရုတ်ရှေးဟောင်း ' စင် ' ဘာသာကို အခြေပြုထားတဲ့ တောက်တဲ့ကျင်း ဓမ္မအဆိုအရ သင်္ခတလောက ,  သင်္ခတဓါတ်များ မဖြစ်ပေါ်မီက ပြုပြင်စီရင်မှုကင်းတဲ့ မူရင်းပရမတ္ထဓါတ်စွမ်းအင်ကြီး အသင်္ခတဓါတ်ကြီး ရှိတယ်လို့ ဆိုပါတယ် ။ အဲ့ဒီ့ ဓါတ် စွမ်းအင်ကြီးကနေ သတ္တလောက သင်္ခါရလောက သြကာသလောက ဆိုပြီး ရုပ်နာမ်တွေ ဖြစ်ပေါ်လာတာလို့ ဆိုပါတယ် ။

#htoohtoolay

#မှတ်ချက် ။ ။   post ပါ photo မှာ ရေးဆွဲထားတဲ့ ပန်းချီဆရာဟာ အမှန်တော့ အဲ့လို အဖြစ်သဘောနဲ့ မရေးသင့်ဘူး ။ တကယ်က ဘယ်အရာမဆို သူ့ တရားနဲ့ သူရှိတာမို့ ကိုယ်မသိတဲ့အရာအတွက် ကိုယ်သိသလောက်နဲ့ ပျက်တဲ့အခါ ပေါက်ပန်း ပွင့်လေးတွေလို အမြင်ခံရမှာဖြစ်တယ် ။ ဒါဟာ ကာတွန့်ဆရာတွေ သတိထားသင့်တဲ့ အချက်ဖြစ်တယ် ။

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...