Skip to main content

စေတနာဆိုတာ အချိန်အခါနဲ့ပါ !

စေတနာ ဆိုတာ အချိန်အခါနဲ့ပါ
----

တစ်ခါက အဘိုးအို အဖွားအိုနှစ်ယောက်ဆီမှာ အရွယ်ရောက်ပြီးသား သမီးငယ် သုံးဦးရှိသတဲ့ ။ သူတို့မိသားစု တစ်စုလုံးက အဖွားအိုချက်ပြုတ်ပေးတာကိုပဲ စားကြရတယ်တဲ့ ။ အဖွားအိုက အသက်က ကြီးပြီဆိုတော့ အငံကိုရှောင်ပြီး ဟင်းတိုင်းကို ပေါ့ပျက်ပျက်တာ ချက်လေ့ရှိပါတယ် ။ အဲ့ဒီ့ ဟင်းဟာ အလွန်ကို ပေါ့လွန်းတာကြောင့် အိမ်သူအိမ်သားအားလုံးက အငံလေး ထည့်ပြီး ဟင်းကို ချက်စေချင်ပေမယ့် အဖွားအိုကို ကြောက်ရွံ့ရတာကြောင့် အဖွားအို ချက်တဲ့ ဆားမပါတဲ့ ဟင်းကိုပဲ စားလာခဲ့ရတာ သမီးငယ်သုံးဦး စလုံး ဒီအရွယ် ရောက်တဲ့ အချိန်ထိပါပဲတဲ့လေ ။

တစ်နေ့တော့ သူတို့အိမ်ကို ဧည့်သည် လူရွယ်တစ်ယောက် ရောက်လာသတဲ့ ။ ဧည့်သည် ရောက်လာတာကို သမီးငယ်သုံးဦးစလုံးဟာ အင်မတန်မှ ဝမ်းသာသွားပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ဒီနေ့ သူတို့ဟာ အဖွားအိုချက်တဲ့ ဟင်းကောင်းကို စားရတော့မှာကြောင့်ဖြစ်တယ် ။

အဖွားအိုဟာ ဧည့်သည်အတွက် ကြက်သားဟင်းကို ချက်ပါတယ် ။ အဖွားအို ချက်နေတဲ့အချိန်ကို အကြီးဆုံး သမီးကြီးက အဖွားအို အလစ်ကိုချောင်းနေတယ်တဲ့ ။ ဘာလုပ်ဖို့လဲဆိုတော့ သူဟာ အဖွားအိုက အမြဲတမ်း ဟင်းချက်တဲ့အခါ ဆားမထည့်တာကြောင့် ဧည့်သည် ကိုကျွေးလျှင် ပေါ့ပျက်ပျက်အရသာ မရှိပဲဖြစ်နေမှာစိုးတာကြောင့် အဖွားအိုအလစ်မှာ ဆားကို ထည့်ဖို့ ဖြစ်ပါတယ် ။

ခဏအကြာတော့ အဖွားအိုဟာ ဟင်းခက်အမွှေးကြိုင် သွားယူတုန်း ဆူပွက်နေတဲ့ ကြက်သားခွက်ထဲ ဆား တစ်ဇွန်း ထည့်လိုက်သတဲ့ ။

ဒီလိုနဲ့ ခဏ အကြာမှာ သမီးလတ်ကလည်း  ကြက်သားအိုးနား ရောက်လာပြန်တယ် ။ သူလည်း သူ့အစ်မလို အတွေးကြောင့် အဖွားအို အလစ်ကိုစောင့်နေပြန်သတဲ့ ။ အဖွားအို အလစ်ကို ရောက်တဲ့အခါ ဟင်းခွက်ထဲ ဆားတစ်ဇွန်း ထည့်လိုက်ပြန်တယ် ။

အဖွားအိုဟာ ဟင်းခက်အမွှေးအကြိုင်တွေကို ယူဆောင်လာပြီး ကြက်သားအိုးထဲကို ထည့်ကာ နောက်ဘေးကို ခဏထွက်သွားပြန်တယ် ။ အဲ့အချိန်မှာ အငယ်ဆုံးသမီးလေးက သူ့အစ်မတွေရဲ့ အတွေးလိုပဲ တွေးယူထားတာကြောင့် အဖွားအိုအလစ်မှာ ဆားတစ်ဇွန်းကို ထည့်လိုက်ပြန်သတဲ့လေ ။

အဲ့လို လုပ်နေတာကို ဧည့်သည် လူရွယ်က အားလုံးမြင်နေတဲ့အခါ သူက စဉ်းစားတယ် ။ ဒီအိမ်က ဟင်းစားတဲ့အခါ ဟင်းခွက်ထဲ ဆားတစ်ဇွန်းဆီ ထည့်ပြီး စားကြရတဲ့ ဓလေ့ ရှိဟန်တူတယ်ဆိုပြီး သူကလည်း ဟင်းထဲကို ဆားတစ်ဇွန်း ထည့်လိုက်ပြန်သတဲ့ ။

ခဏအကြာတော့ အဘိုးအို ရောက်လာတယ် ။ သူလည်း အဖွားအိုရဲ့ ဟင်းတိုင်း ပေါ့ပျက်ပျက်နိုင်လွန်းတာကြောင့် ဧည့်သည် စားတဲ့အခါ အဆင်မပြေမှာစိုးတဲ့အတွက် ဆားတစ်ဇွန်း ထည့်လိုက်ပြန်လေရဲ့ ။

ကြက်သားဟင်းလည်း ကျက်ခါနီးအချိန်ရောက်တဲ့အခါ အဖွားအိုလည်း ဟင်းအိုးနားကို ရောက်လာတော့တာပေါ့ ။ အဖွားအိုက စဉ်းစားတယ် ။ ငါ အမြဲတမ်း ဆားမထည့်ပဲ ပေါ့ပျက်ပျက် ချက်နေတာ ဧည့်သည်အတွက် အဆင်မပြေဖြစ်မှာပဲလို့ တွေးယူပြီး ခါတိုင်းလို မချက်ပဲ ဆားတစ်ဇွန်း ထည့်လိုက်လေသတဲ့ ။

ကဲ မိတ်ဆွေ !

တစ်အိမ်သားလုံးရဲ့ ဆားတစ်ဇွန်းဆီ ထည့်ထားတဲ့ ဒီ ကြက်သား ခွက်လေးဟာ ဘယ်လို အရသာ ဖြစ်နေပြီလဲ နော် ။

နောက်ဆုံး ဒီ ကြက်သားခွက်ဟာ ဆားဖျက်လို့ ပျက်သွားရလေပြီပေါ့ ။

မိတ်ဆွေရေ ! တစ်ခု မေးချင်တယ် ။

သင် ဒီပုံပြင်လေးမှာ ဘာ သင်ခန်းစာ ရလိုက်သလဲ ?

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...