ဆဲလ် ဆိုတာ ဘာလဲ ?
--------
အဆောက်အအုံတစ်ခုကို ဆောက်လုပ်ဖို့ဆိုရင် အုတ်ခဲတို့ ဘိလပ်မြေတို့ လိုသလိုပါပဲ မိတ်ဆွေရဲ့ ခန္ဓာကိုယ်ကြီးကို ဖွဲ့စည်းတည်ဆောက်တဲ့အခါမှာတော့ ဒီ ဆဲလ်တွေဟာ အုတ်ခဲတွေဖြစ်တယ် ။ ဆဲလ်ဟာ ခန္ဓာကိုယ်ထဲမှာ အသေးဆုံးသော တည်ဆောက်ရေးပစ္စည်းလေး ဖြစ်ပါတယ် ။
သင့်ရဲ့ ခန္ဓာကိုယ်ဟာ ဆဲလ်တစ်ခုတည်းနဲ့ စတင်ခဲ့တာဖြစ်တယ် ။ အဲ့ဒီ့ ဆဲလ်ကမှ ထပ် ထပ်ပြီး ကွဲပြား များပြားလာတာ ဖြစ်ပါတယ် ။
ဆဲလ်တွေအကြောင်း လေ့လာမယ်ဆိုရင် အဏုကြည့် မှန်ဘီလူး ( မိုက်ကရိုစကုပ်ပ်) ရဲ့ အကူအညီ လိုအပ်တယ် ။ ဘာကြောင့်လဲဆိုရင်တော့ သူတို့ထဲက အများစုဟာ အလွန့်အလွန်ကို သေးငယ်လွန်းလို့ ဖြစ်ပါတယ် ။ သင့်ခန္ဓာကိုယ်ထဲမှာ ဆဲလ်တွေ အမျိုးမျိုး ရှိတယ် ။ သူတို့တွေမှာ ကွဲပြားတဲ့ ပုံသဏ္ဍာန်နဲ့ အရွယ်အစား အမျိုးမျိုး ရှိနေကြပါတယ် ။
ဆဲလ်တစ်ခုစီမှာ လုပ်ဆောင်ရမဲ့ အရာ ! ကွဲပြားခြားနားတဲ့ လုပ်ငန်းတွေအတွက် တာဝန်တစ်ခုစီ ရှိနေကြပါတယ် ။ သွေးနီဥ ဆဲလ်လေးတွေရဲ့ ပုံသဏ္ဍာန်က ဝိုင်းဝိုင်းပြားပြားလေးတွေဖြစ်ပြီး ဦးနှောက်ဆဲလ်တွေကတော့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဆဲလ်တွေအနက် အသေးငယ်ဆုံး ဆဲလ်တွေ ဖြစ်တယ်လို့ ဒီလိုဆိုပါတယ် ။
#htoohtoolay

Comments
Post a Comment