zawgyi -
ေတြ႕ဖူးသမွ် လူ႕ဘ၀ ၿမွပ္ကြက္မ်ား . . .
-----
အဲ႕ဒီေန႕က သူဟာ ညဥ့္နက္တဲ႔အထိ စာဖတ္မေနေတာ့ပဲ လသာေဆာင္ဘက္ကို ထြက္လာကာ ေလညည္း ခံေနပါတယ္ ။ ပတ္၀န္းက်င္က မဲေမွာင္ေနေပမယ့္လို႕ လေရာင္ၿဖၿဖေအာက္မွာ ရွိေနရတဲ့အတြက္ ၿမင္ကြင္းဟာ သိပ့္ေတာ့လည္း မဆိုးလွပါ ။ သူ ေဆးေပါလိပ္ တစ္လိတ္ထုက္ကာ မီးညွိလိုက္တယ္ ။ ေနာက္ၿပီး အသင့္ရွိေနတဲ႕ ကုလားထိုင္ေပၚ ေက်ာမွီထိုင္ခ်လိုက္ရင္း လမင္းရဲ႕ပံုရိပ္ကို စိုက္ၾကည့္ေနပါတယ္ ။ သူၿမင္ေနရတာက တစ္ခါတစ္ရံ လမင္းကို တိပ္ေတြ ဖံုးသြားတယ္ ။ ခဏအၾကာေတာ့ တိပ္ေတြ လြင့္စင္ၿပီး မူလအတိုင္း လမင္းဟာ ၿပန္လည္ ထြန္းေတာက္လာတယ္ ။ လင္းဆြဲတစ္ေကာင္ ေအာ္ဟစ္ရင္း ပ်ံသန္းသြားတာကိုလည္း သူေတြ႕လိုက္တယ္ ။ သူဟာ ဘာ ရည္ရြယ္ခ်က္မွမရွိပဲ အခ်ိန္အၾကာၾကီး ထိုင္ေနခဲ႕ပါတယ္ ။
အဲ႕ဒီေနာက္ သူ ေရးလက္စ စာအုပ္ကို အခန္းထဲကေန လသာေဆာင္ အၿပင္ဘက္ထိ ယူလာတယ္ ။ ေနာက္ၿပီး စာပြဲ တစ္လံုးကိုလည္း သူ ထုတ္လာၿပန္တယ္ ။ ဒီေနရာမွာ သူ႕ရဲ႕ ေရးလက္စ စာတမ္းကို အဆံုးသတ္မယ္လို႕လဲ သူ ေတြးထားတယ္ ။ ဒါေၾကာင့္ သူလိုအပ္တဲ႕ စာရြက္ေတြရယ္ ၊ မွင္တန္ တစ္ေခ်ာင္းရယ္ ၊ မီးအိမ္တစ္ခုရယ္နဲ႕ အေငြ႕ တစ္ေထာင္းေထာင္းထေနတဲ႕ ေကာ္ဖီတစ္ခြက္ကို စာပြဲေပၚမွာ တင္လိုက္ပါတယ္ ။ သူ ေကာင္းကင္အထက္ကို ေမာ့ၾကည့္ၿပီး အနည္းငယ္ ၿပံဳးရယ္လိုက္တယ္ ။ ဒီေန႕ ေတာ္ေတာ္ လ သာတာပဲလို႕လည္း သူေတြးတယ္ ။
ခဏအၾကာေတာ့ သူ မွင္တန္ကို ေကာက္ကိုင္ၿပီး ေရးလက္စ စာတမ္္းကို စတင္ဖို႕ ၿပင္ဆင္လိုက္တယ္ ။ ဒါေပမယ့္ သူ မေရးခင္မွာ သူ႕ရဲ႕ အေတြးေတြက လူ႕သဘာ၀ စရိုက္လကၡဏာထဲကို ခပ္ေၿဖးေၿဖး တိုး၀င္ၾကည့္ေနတယ္ ။ ကမၻာေပၚမွာ စိတ္၀င္စားစရာ အေကာင္းဆံုးက လူ႕ခႏၶာနဲ႕ အေတြးအေခၚေတြပဲ မဟုတ္လား . . .
အဲ႕ဒီလို တိုး၀င္တဲ႕အခါ သူ အရင္က သြားေရာက္ေလ့လာဖူးတဲ႕ စိတၲဇအက်ဥ္းေထာင္တစ္ခုကို သတိရမိသြားတယ္ ။ သူ အဲ႕ဒီ႕အေႀကာင္းကို ေသေသျခာျခာ အခ်ိန္ေပးစဥ္းစားတဲ႕အခါ . . .
အဲ႕ဒီမွာ အင္မတန္ ေဖၚေရြတဲ႕ ေထာင္မွဴးနဲ႕ ေတြ႕ဆံုခဲ႕သလို သူ အံ႕ၾသေလာက္ေအာင္ သတိထားမိတဲ႕ လူနာတစ္ဦးကိုလည္း ေလ့လာနိုင္ခဲ႕ရတယ္ ။ အဲ႕ဒီ႕လူနာရဲ႕ အေၾကာင္းကို ေထာင္မွဴးဆီ ေမးၾကည့္ေတာ့ သူ႕ရဲ႕အမည္ဟာ ေဂ်ာဒီ ၿဖစ္ေၾကာင္းနဲ႕ သူဟာ သူ႕ညီမကို ေစာ္ကားဖို႕ ၾကံစည္တယ္ဆိုၿပီး လူတစ္ေယာက္ကို သတ္လိုက္တဲ႕အတြက္ သူဟာ ရာဇ၀တ္မႈသားေကာင္ ၿဖစ္သြားရတဲ႕အေၾကာင္း ၊ အဲ႕ဒီေနာက္ သူ႕ရဲ႕စိတ္ေတြ ကဇင္ကလ်ား ၿဖစ္လာတဲ႕အတြက္ အခုလို ဒီေဆးရံုကို ေရာက္လာရတဲ႕အေၾကာင္း ေၿပာၿပပါတယ္ ။ လူနာကို အကဲခက္ၾကည့္ၿပီး ေထာင္မွဴးကို သူ ေမးတယ္ ။ “ အခု သူ ေနေကာင္းၿပီ မဟုတ္လား ” ဆိုေတာ့ ေထာင္မွဴးက ေဂ်ာဒီက လံုးလံုးမေကာင္းေသးပါဘူးလို႕ ၿပန္ေၿဖတယ္ ။
အဲ႕ဒီေဆးရံုမွာ သူ တစ္လေလာက္ အခ်ိန္ယူၿပီး လူနာကို အနီးကပ္ ေလ့လာခြင့္ ရခဲ႕တယ္ ။ ေဂ်ာဒီဟာ စိတ္သေဘာထား ၿပည့္၀တဲ႕ လူတစ္ေယာက္ပဲလို႕ သူ မွတ္ခ်က္ ခ်တယ္ ။ ေဂ်ာဒီနဲ႕အတူ မနက္တိုင္း သူ ေဘာလံုးကစားတယ္ ။ ေကာ္ဖီေသာက္ခ်ိန္ေရာက္တဲ႕အခါလည္း ေဂ်ာဒီဟာ သူ႕ရဲ႕ အရင္က ၿဖတ္သန္းခဲ႕ရတဲ႕ ဘ၀အေတြ႕အၾကံဳေတြကို ေၿပာၿပတယ္ ။ သူလည္း သူ႕ရဲ႕ အေတြ႕အၾကံဳေတြကို ေၿပာၿပၿပီး စိတ္အပန္းေၿဖၾကပါတယ္ ။ ေဂ်ာဒီကေၿပာတယ္ ဒီေဆးရံုမွာ သူေရာက္ေနရတဲ႕အေၾကာင္းကိုလည္း သူ ေကာင္းေကာင္း သိတဲ႕အေၾကာင္းနဲ႕ သူ႕ရဲ႕ လုပ္ရပ္ေတြအတြက္လည္း သူ ဘယ္ေတာ့မွ ေနာင္တမရတဲ႕အေၾကာင္းကို ေၿပာၿပတယ္ ။ အဲ႕ဒီ႕အခါ ေဂ်ာဒီရဲ႕စိတ္ကို သူ နားလည္လိုက္ၿပီး အရင္က အဲ႕ကိစၥေတြ ၿဖစ္လာေတာ့ ေဂ်ာဒီရဲ႕စိတ္ေတြ ကဇင္ကလ်ား ၿဖစ္သြားရတဲ႕အေၾကာင္းကိုလည္း သူ ကိုယ္ခ်င္းစာနုိင္တယ္လို႕ ထင္လိုက္တယ္ ။ သူ႕ရဲ႕ ခ်စ္လွစြာေသာ ညီမအတြက္ သူ႕ေဒါသကို မထိန္းနိုင္ပဲ ညီမအေပၚ အခြင့္ေကာင္းယူ ေစာ္ကားဖို႕ၾကံသူကို သတ္လိုက္မိတာဟာ ၿဖစ္တက္တဲ႕ ကိစၥတစ္ခုပါပဲ . . .
အဲ႕ဒီ႕အေၾကာင္းကို သူ ေထာင္မွဴးဆီ ဖြင့္ေၿပာၿပီး “ ေဂ်ာဒီ ေနၿပန္ေကာင္းေနၿပီၿဖစ္ေၾကာင္းနဲ႕ သူ႕ကို ေဆးရံုကေန ဆင္းခြင့္ၿပဳလိုက္ရင္ေတာင္ ရေနၿပီၿဖစ္ေၾကာင္း ” ဆိုေတာ့ ေထာင္မွဴးက အရင္တစ္ေခါက္ကအတိုင္းပဲ ၿပန္ေၿပာတယ္ ။ “ သူ လံုးလံုး ေနမေကာင္းေသးပါဘူး ” တဲ႕ . . .
တစ္ေန႕ ေဂ်ာဒီ လူနာတစ္ေယာက္ကို သတ္လိုက္ၿပီၿဖစ္ေၾကာင္း သတင္းတစ္ခု ၾကားရတယ္ ။ သူ အလွ်င္အၿမန္ေၿပးသြားၿပီး ေထာင္မွဴးကို ေမးတယ္ ။ ဟုတ္မွန္ေၾကာင္း သိရေတာ့ ေဂ်ာဒီကို တိုက္ပိတ္လိုက္တဲ႕ ေနရာဆီ သူလိုက္သြားမိတယ္ ။ ဒီသတင္းကို သူမယံုနိုင္ဘူးေလ . . . ။ အခန္းေရွ႕ေရာက္ေတာ့ သံတိုင္တံခါးေပါက္ကိုဖြင့္ၿပီး အထဲကို လွမ္းၾကည့္လိုက္တဲ႕အခါ ေဂ်ာဒီက အခန္းေထာင့္မွာ ကုတ္ကုတ္ေလး ထိုင္ေနတာကို ေတြ႕ရပါတယ္ ။ သူ အထဲကို ၀င္ဖို႕လုပ္တဲ႕အခါ ေထာင္မွဴးက တားတယ္ ။ ဒီအခ်ိန္က အခ်ိန္ေကာင္းမဟုတ္ဘူးလို႕ ေၿပာတယ္ ။ သူက ခဏပဲ စကားေၿပာမဲ႕အေၾကာင္း ေၿပာၿပီး အခန္းထဲကို ဖြင့္၀င္လိုက္တယ္ ။ ေထာင္မွဴးနဲ႕ အေစာင့္ႏွစ္ေယာက္က အေနာက္ကေန လိုက္၀င္ဖို႕လုပ္တုန္း ေဂ်ာဒီဟာ ရုတ္တရပ္ သူ႕ကိုထၿပီး လည္ပင္း ညွစ္တာပဲ ။ အဲ႕ဒီ႕အခ်ိန္ ေဂ်ာဒီဟာ သူသိတဲ႕ ေဂ်ာဒီနဲ႕ မတူဘူး ။ သူ႕လက္ေတြက အရမ္း သန္မာေနတယ္ ။ ေထာင္မွဴးနဲ႕ အေစာင့္ေတြက ေဂ်ာဒီကို ၀ိုင္းဆြဲေနၾကၿပီး သူ႕လည္ပင္းက ေဂ်ာဒီရဲ႕ လက္ကိုလည္း ၀ိုင္းၿဖဳတ္ခြါေနၾကတယ္ ။ ေဂ်ာဒီက သူ႕ကို “ ငါ့ညီမကို မေစာ္ကားနဲ႕ ” ဆိုၿပီး အတင္း တိုက္ခိုက္တယ္ ။ ခဏအၾကာေတာ့ သူ ေမ့လဲသြားပါေတာ့တယ္ ။
သူသတိရလာေတာ့ ကုတင္ေပၚမွာ သူေရာက္ေနၿပီ ။ သူ႕ေဘးမွာ ေထာင္မွဴးနဲ႕ ဆရာ၀င္တစ္ဦး ၊ ေနာက္ေတာ့ ဆရာမ ႏွစ္ဦးရွိတယ္ ။ သူ႕ကို ဂရုတစိုက္ ၾကည့္ရႈေနၾကေၾကာင္း သူ သတိထားမိပါတယ္ ။ အဲ႕ဒီေနာက္ ေထာင္မွဴးက “ ကံ သီလို႕သာပဲ. . . ေဂ်ာဒီရဲ႕လက္နဲ႕ လည္ပင္းညစ္ခံရတဲ႕ လူတိုင္း သတိေမ႕ၿပီး ၿပန္လည္နိုးထလာတယ္ဆိုတာ မရွိဘူး ” လို႕ ေၿပာတယ္ ။ အဲ႕ဒီ႕အခါမွ သူ ေဂ်ာဒီအေၾကာင္းကို သတိရမိတယ္ ။ ဒါေၾကာင့္ ေထာင္မွဴးကို သူ ေမးလိုက္တယ္ ။ “ ေဂ်ာဒီ က ဘယ္လိုၿဖစ္တာလဲ . . . ” ။ အဲ႕အခါ ေထာင္မွဴးက “ ေဂ်ာဒီဟာ အႏၲရာယ္မ်ားတဲ႕ လူနာပဲ ။ သူက မင္းကို သူ႕ရဲ႕ညီမကို ေစာ္ကားတဲ႕သူလို႕ ထင္ၿပီး သတ္တာ ။ အဲ႕လိုထင္ၿပီး သတ္ခဲ႕လို႕လည္း လူနာ ႏွစ္ေယာက္ထက္မနည္း ေသၿပီးၿပီ ။ အခုေတာ့ မင္းအလွည့္ ေရာက္လာတာေပါ႕ ။ ေတာ္ေသးတယ္ . . . မင္းကို ေဂ်ာဒီရဲ႕လက္ထဲကေန အခ်ိန္မွီ ကယ္လိုက္နိုင္လို႕သာပဲ ” လို႔ ေၿပာတယ္ ။
သူဟာ ေဂ်ာဒီအေၾကာင္းကို ၾကားၿပီး သက္ၿပင္းခ်လိုက္မိတယ္ ။ ေဂ်ာဒီကိုလည္း သနားမိတယ္ ။ သူ ခံစားရတဲ႕အတိုင္း ေထာင္မွဴးကို ဖြင့္ေၿပာလိုက္ပါတယ္ ။ “ ေဂ်ာဒီက သူ႕ညီမကို ေတာ္ေတာ္ခ်စ္ရွာတာပဲ ” ဆိုေတာ့ ေထာင္မွဴးက “ မဟုတ္ဘူး . . . ေဂ်ာဒီဆီမွာ ဘယ္တုန္းကမွ ညီမ မရွိခဲ႕ဘူး ” တဲ႕ ။
အဲ႕ဒီအေၾကာင္းကို စဥ္းစားရင္း သူ သတိရတာ တစ္ခု ရွိေသးတယ္ ။ သူ စိတၲဇေဆးရံုကေန ၿပန္လာေတာ့ ေထာင္ေပါက္၀ရဲ႕ သံတိုင္ေတြေနာက္မွာ ေဂ်ာဒီကို ေတြ႕တယ္ ။ အခုေတာ့ ေဂ်ာဒီဟာ ပံုမွန္ လူေကာင္းပါပဲ ။ သူနဲ႕ ေဘာလံုးအတူကစားခဲ႕တဲ႕ ေဂ်ာဒီ ၊ သူနဲ႕ စကားလက္ဆံု က်ခဲ႕တဲ႕ ေဂ်ာဒီ ၊ အလြန္ စိတ္သေဘာထားေကာင္းတဲ႕ ေဂ်ာဒီကို သူေတြ႕တယ္ ။ သူ႕ကို ေဂ်ာဒီက လွမ္းေၿပာတယ္ ။ ၿဖစ္ခဲ႕တာေတြအတြက္ ေတာင္းပန္ပါတယ္တဲ႕ ။ ငါ့ညီမေလးကို မင္းက ေစာ္ကားေတာ့ ငါလည္း စိတ္ ဘယ္ထိန္းနိုင္ေတာ့မလဲလို႕ ေၿပာတယ္ ။ သူလည္း ေဂ်ာဒီကိုၾကည့္ၿပီး အၿပံဳးနဲ႕အတူ ေခါင္းညွိပ့္ၿပလိုက္တယ္ ။ အဲ့ဒီ့ေနာက္ ေဆးရံုကေန သူ ထြက္ခြါလာၿပီး သူစဥ္းစားတယ္ ။ လူတစ္ေယာက္ဟာ တစ္ခါမွ မရွိခဲ႕တဲ႕ညီမအတြက္ ဘာေၾကာင့္ စိုးရိမ္ခံစားေနရတာလဲ . . . ?
ထို႕ေနာက္ သူဟာ လသာေဆာင္ေပၚက အေတြးအမွ်င္အတန္းကို ၿဖတ္ေတာက္လိုက္ပါတယ္ ။ သူဟာ အေတြးေတြကို အခ်ိန္အလံုအေလာက္ ေပးလိုက္ရတဲ႕အတြက္ အဲ႕ဒီ႕ညက အဆံုးသတ္စာတမ္းကို မေရးၿဖစ္ခဲ႕ပါ . . .
#htoohtoolay
unicode -
တွေ့ဖူးသမျှ လူ့ဘ၀ မြှပ်ကွက်များ . . .
-----
အဲ့ဒီနေ့က သူဟာ ညဥ့်နက်တဲ့အထိ စာဖတ်မနေတော့ပဲ လသာဆောင်ဘက်ကို ထွက်လာကာ လေညည်း ခံနေပါတယ် ။ ပတ်ဝန်းကျင်က မဲမှောင်နေပေမယ့်လို့ လရောင်ဖြဖြအောက်မှာ ရှိနေရတဲ့အတွက် မြင်ကွင်းဟာ သိပ့်တော့လည်း မဆိုးလှပါ ။ သူ ဆေးပေါလိပ် တစ်လိတ်ထုက်ကာ မီးညှိလိုက်တယ် ။ နောက်ပြီး အသင့်ရှိနေတဲ့ ကုလားထိုင်ပေါ် ကျောမှီထိုင်ချလိုက်ရင်း လမင်းရဲ့ပုံရိပ်ကို စိုက်ကြည့်နေပါတယ် ။ သူမြင်နေရတာက တစ်ခါတစ်ရံ လမင်းကို တိပ်တွေ ဖုံးသွားတယ် ။ ခဏအကြာတော့ တိပ်တွေ လွင့်စင်ပြီး မူလအတိုင်း လမင်းဟာ ပြန်လည် ထွန်းတောက်လာတယ် ။ လင်းဆွဲတစ်ကောင် အော်ဟစ်ရင်း ပျံသန်းသွားတာကိုလည်း သူတွေ့လိုက်တယ် ။ သူဟာ ဘာ ရည်ရွယ်ချက်မှမရှိပဲ အချိန်အကြာကြီး ထိုင်နေခဲ့ပါတယ် ။
အဲ့ဒီနောက် သူ ရေးလက်စ စာအုပ်ကို အခန်းထဲကနေ လသာဆောင် အပြင်ဘက်ထိ ယူလာတယ် ။ နောက်ပြီး စာပွဲ တစ်လုံးကိုလည်း သူ ထုတ်လာပြန်တယ် ။ ဒီနေရာမှာ သူ့ရဲ့ ရေးလက်စ စာတမ်းကို အဆုံးသတ်မယ်လို့လဲ သူ တွေးထားတယ် ။ ဒါကြောင့် သူလိုအပ်တဲ့ စာရွက်တွေရယ် ၊ မှင်တန် တစ်ချောင်းရယ် ၊ မီးအိမ်တစ်ခုရယ်နဲ့ အငွေ့ တစ်ထောင်းထောင်းထနေတဲ့ ကော်ဖီတစ်ခွက်ကို စာပွဲပေါ်မှာ တင်လိုက်ပါတယ် ။ သူ ကောင်းကင်အထက်ကို မော့ကြည့်ပြီး အနည်းငယ် ပြုံးရယ်လိုက်တယ် ။ ဒီနေ့ တော်တော် လ သာတာပဲလို့လည်း သူတွေးတယ် ။
ခဏအကြာတော့ သူ မှင်တန်ကို ကောက်ကိုင်ပြီး ရေးလက်စ စာတမ်းကို စတင်ဖို့ ပြင်ဆင်လိုက်တယ် ။ ဒါပေမယ့် သူ မရေးခင်မှာ သူ့ရဲ့ အတွေးတွေက လူ့သဘာ၀ စရိုက်လက္ခဏာထဲကို ခပ်ဖြေးဖြေး တိုးဝင်ကြည့်နေတယ် ။ ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးက လူ့ခန္ဓာနဲ့ အတွေးအခေါ်တွေပဲ မဟုတ်လား . . .
အဲ့ဒီလို တိုးဝင်တဲ့အခါ သူ အရင်က သွားရောက်လေ့လာဖူးတဲ့ စိတ္တဇအကျဉ်းထောင်တစ်ခုကို သတိရမိသွားတယ် ။ သူ အဲ့ဒီ့အကြောင်းကို သေသေခြာခြာ အချိန်ပေးစဉ်းစားတဲ့အခါ . . .
အဲ့ဒီမှာ အင်မတန် ဖေါ်ရွေတဲ့ ထောင်မှူးနဲ့ တွေ့ဆုံခဲ့သလို သူ အံ့သြလောက်အောင် သတိထားမိတဲ့ လူနာတစ်ဦးကိုလည်း လေ့လာနိုင်ခဲ့ရတယ် ။ အဲ့ဒီ့လူနာရဲ့ အကြောင်းကို ထောင်မှူးဆီ မေးကြည့်တော့ သူ့ရဲ့အမည်ဟာ ဂျောဒီ ဖြစ်ကြောင်းနဲ့ သူဟာ သူ့ညီမကို စော်ကားဖို့ ကြံစည်တယ်ဆိုပြီး လူတစ်ယောက်ကို သတ်လိုက်တဲ့အတွက် သူဟာ ရာဇဝတ်မှုသားကောင် ဖြစ်သွားရတဲ့အကြောင်း ၊ အဲ့ဒီနောက် သူ့ရဲ့စိတ်တွေ ကဇင်ကလျား ဖြစ်လာတဲ့အတွက် အခုလို ဒီဆေးရုံကို ရောက်လာရတဲ့အကြောင်း ပြောပြပါတယ် ။ လူနာကို အကဲခက်ကြည့်ပြီး ထောင်မှူးကို သူ မေးတယ် ။ “ အခု သူ နေကောင်းပြီ မဟုတ်လား ” ဆိုတော့ ထောင်မှူးက ဂျောဒီက လုံးလုံးမကောင်းသေးပါဘူးလို့ ပြန်ဖြေတယ် ။
အဲ့ဒီဆေးရုံမှာ သူ တစ်လလောက် အချိန်ယူပြီး လူနာကို အနီးကပ် လေ့လာခွင့် ရခဲ့တယ် ။ ဂျောဒီဟာ စိတ်သဘောထား ပြည့်ဝတဲ့ လူတစ်ယောက်ပဲလို့ သူ မှတ်ချက် ချတယ် ။ ဂျောဒီနဲ့အတူ မနက်တိုင်း သူ ဘောလုံးကစားတယ် ။ ကော်ဖီသောက်ချိန်ရောက်တဲ့အခါလည်း ဂျောဒီဟာ သူ့ရဲ့ အရင်က ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေကို ပြောပြတယ် ။ သူလည်း သူ့ရဲ့ အတွေ့အကြုံတွေကို ပြောပြပြီး စိတ်အပန်းဖြေကြပါတယ် ။ ဂျောဒီကပြောတယ် ဒီဆေးရုံမှာ သူရောက်နေရတဲ့အကြောင်းကိုလည်း သူ ကောင်းကောင်း သိတဲ့အကြောင်းနဲ့ သူ့ရဲ့ လုပ်ရပ်တွေအတွက်လည်း သူ ဘယ်တော့မှ နောင်တမရတဲ့အကြောင်းကို ပြောပြတယ် ။ အဲ့ဒီ့အခါ ဂျောဒီရဲ့စိတ်ကို သူ နားလည်လိုက်ပြီး အရင်က အဲ့ကိစ္စတွေ ဖြစ်လာတော့ ဂျောဒီရဲ့စိတ်တွေ ကဇင်ကလျား ဖြစ်သွားရတဲ့အကြောင်းကိုလည်း သူ ကိုယ်ချင်းစာနိုင်တယ်လို့ ထင်လိုက်တယ် ။ သူ့ရဲ့ ချစ်လှစွာသော ညီမအတွက် သူ့ဒေါသကို မထိန်းနိုင်ပဲ ညီမအပေါ် အခွင့်ကောင်းယူ စော်ကားဖို့ကြံသူကို သတ်လိုက်မိတာဟာ ဖြစ်တက်တဲ့ ကိစ္စတစ်ခုပါပဲ . . .
အဲ့ဒီ့အကြောင်းကို သူ ထောင်မှူးဆီ ဖွင့်ပြောပြီး “ ဂျောဒီ နေပြန်ကောင်းနေပြီဖြစ်ကြောင်းနဲ့ သူ့ကို ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ရင်တောင် ရနေပြီဖြစ်ကြောင်း ” ဆိုတော့ ထောင်မှူးက အရင်တစ်ခေါက်ကအတိုင်းပဲ ပြန်ပြောတယ် ။ “ သူ လုံးလုံး နေမကောင်းသေးပါဘူး ” တဲ့ . . .
တစ်နေ့ ဂျောဒီ လူနာတစ်ယောက်ကို သတ်လိုက်ပြီဖြစ်ကြောင်း သတင်းတစ်ခု ကြားရတယ် ။ သူ အလျှင်အမြန်ပြေးသွားပြီး ထောင်မှူးကို မေးတယ် ။ ဟုတ်မှန်ကြောင်း သိရတော့ ဂျောဒီကို တိုက်ပိတ်လိုက်တဲ့ နေရာဆီ သူလိုက်သွားမိတယ် ။ ဒီသတင်းကို သူမယုံနိုင်ဘူးလေ . . . ။ အခန်းရှေ့ရောက်တော့ သံတိုင်တံခါးပေါက်ကိုဖွင့်ပြီး အထဲကို လှမ်းကြည့်လိုက်တဲ့အခါ ဂျောဒီက အခန်းထောင့်မှာ ကုတ်ကုတ်လေး ထိုင်နေတာကို တွေ့ရပါတယ် ။ သူ အထဲကို ဝင်ဖို့လုပ်တဲ့အခါ ထောင်မှူးက တားတယ် ။ ဒီအချိန်က အချိန်ကောင်းမဟုတ်ဘူးလို့ ပြောတယ် ။ သူက ခဏပဲ စကားပြောမဲ့အကြောင်း ပြောပြီး အခန်းထဲကို ဖွင့်ဝင်လိုက်တယ် ။ ထောင်မှူးနဲ့ အစောင့်နှစ်ယောက်က အနောက်ကနေ လိုက်ဝင်ဖို့လုပ်တုန်း ဂျောဒီဟာ ရုတ်တရပ် သူ့ကိုထပြီး လည်ပင်း ညှစ်တာပဲ ။ အဲ့ဒီ့အချိန် ဂျောဒီဟာ သူသိတဲ့ ဂျောဒီနဲ့ မတူဘူး ။ သူ့လက်တွေက အရမ်း သန်မာနေတယ် ။ ထောင်မှူးနဲ့ အစောင့်တွေက ဂျောဒီကို ဝိုင်းဆွဲနေကြပြီး သူ့လည်ပင်းက ဂျောဒီရဲ့ လက်ကိုလည်း ဝိုင်းဖြုတ်ခွါနေကြတယ် ။ ဂျောဒီက သူ့ကို “ ငါ့ညီမကို မစော်ကားနဲ့ ” ဆိုပြီး အတင်း တိုက်ခိုက်တယ် ။ ခဏအကြာတော့ သူ မေ့လဲသွားပါတော့တယ် ။
သူသတိရလာတော့ ကုတင်ပေါ်မှာ သူရောက်နေပြီ ။ သူ့ဘေးမှာ ထောင်မှူးနဲ့ ဆရာဝင်တစ်ဦး ၊ နောက်တော့ ဆရာမ နှစ်ဦးရှိတယ် ။ သူ့ကို ဂရုတစိုက် ကြည့်ရှုနေကြကြောင်း သူ သတိထားမိပါတယ် ။ အဲ့ဒီနောက် ထောင်မှူးက “ ကံ သီလို့သာပဲ. . . ဂျောဒီရဲ့လက်နဲ့ လည်ပင်းညစ်ခံရတဲ့ လူတိုင်း သတိမေ့ပြီး ပြန်လည်နိုးထလာတယ်ဆိုတာ မရှိဘူး ” လို့ ပြောတယ် ။ အဲ့ဒီ့အခါမှ သူ ဂျောဒီအကြောင်းကို သတိရမိတယ် ။ ဒါကြောင့် ထောင်မှူးကို သူ မေးလိုက်တယ် ။ “ ဂျောဒီ က ဘယ်လိုဖြစ်တာလဲ . . . ” ။ အဲ့အခါ ထောင်မှူးက “ ဂျောဒီဟာ အန္တရာယ်များတဲ့ လူနာပဲ ။ သူက မင်းကို သူ့ရဲ့ညီမကို စော်ကားတဲ့သူလို့ ထင်ပြီး သတ်တာ ။ အဲ့လိုထင်ပြီး သတ်ခဲ့လို့လည်း လူနာ နှစ်ယောက်ထက်မနည်း သေပြီးပြီ ။ အခုတော့ မင်းအလှည့် ရောက်လာတာပေါ့ ။ တော်သေးတယ် . . . မင်းကို ဂျောဒီရဲ့လက်ထဲကနေ အချိန်မှီ ကယ်လိုက်နိုင်လို့သာပဲ ” လို့ ပြောတယ် ။
သူဟာ ဂျောဒီအကြောင်းကို ကြားပြီး သက်ပြင်းချလိုက်မိတယ် ။ ဂျောဒီကိုလည်း သနားမိတယ် ။ သူ ခံစားရတဲ့အတိုင်း ထောင်မှူးကို ဖွင့်ပြောလိုက်ပါတယ် ။ “ ဂျောဒီက သူ့ညီမကို တော်တော်ချစ်ရှာတာပဲ ” ဆိုတော့ ထောင်မှူးက “ မဟုတ်ဘူး . . . ဂျောဒီဆီမှာ ဘယ်တုန်းကမှ ညီမ မရှိခဲ့ဘူး ” တဲ့ ။
အဲ့ဒီအကြောင်းကို စဉ်းစားရင်း သူ သတိရတာ တစ်ခု ရှိသေးတယ် ။ သူ စိတ္တဇဆေးရုံကနေ ပြန်လာတော့ ထောင်ပေါက်ဝရဲ့ သံတိုင်တွေနောက်မှာ ဂျောဒီကို တွေ့တယ် ။ အခုတော့ ဂျောဒီဟာ ပုံမှန် လူကောင်းပါပဲ ။ သူနဲ့ ဘောလုံးအတူကစားခဲ့တဲ့ ဂျောဒီ ၊ သူနဲ့ စကားလက်ဆုံ ကျခဲ့တဲ့ ဂျောဒီ ၊ အလွန် စိတ်သဘောထားကောင်းတဲ့ ဂျောဒီကို သူတွေ့တယ် ။ သူ့ကို ဂျောဒီက လှမ်းပြောတယ် ။ ဖြစ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်တဲ့ ။ ငါ့ညီမလေးကို မင်းက စော်ကားတော့ ငါလည်း စိတ် ဘယ်ထိန်းနိုင်တော့မလဲလို့ ပြောတယ် ။ သူလည်း ဂျောဒီကိုကြည့်ပြီး အပြုံးနဲ့အတူ ခေါင်းညှိပ့်ပြလိုက်တယ် ။ အဲ့ဒီ့နောက် ဆေးရုံကနေ သူ ထွက်ခွါလာပြီး သူစဉ်းစားတယ် ။ လူတစ်ယောက်ဟာ တစ်ခါမှ မရှိခဲ့တဲ့ညီမအတွက် ဘာကြောင့် စိုးရိမ်ခံစားနေရတာလဲ . . . ?
ထို့နောက် သူဟာ လသာဆောင်ပေါ်က အတွေးအမျှင်အတန်းကို ဖြတ်တောက်လိုက်ပါတယ် ။ သူဟာ အတွေးတွေကို အချိန်အလုံအလောက် ပေးလိုက်ရတဲ့အတွက် အဲ့ဒီ့ညက အဆုံးသတ်စာတမ်းကို မရေးဖြစ်ခဲ့ပါ . . .
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment