Skip to main content

သဘာဝရဲ႕ ဘာသာစကားကို ရွာေဖြပါ !

zawgyi -

သဘာဝရဲ႕ ဘာသာစကားကို ရွာေဖြပါ !
------
ကြ်န္ေတာ္တို႕ဟာ အမ်ိဳးဇာတ္ , ဇာတိ , ဘာသာစကားေတြ မ်ိဳးစံုေအာင္ ကြဲျပားေနေပမယ့္လို႕ တကယ္တမ္းဟာ အလြန္သိမ္ေမြ႔နုညံ႕တဲ႕ ဘာသာတရားတစ္ခုက ဒီေလာကႀကီးထဲမွာ နက္နက္ရွိုင္းရႈိင္း သက္ဝင္ေနတယ္ဆိုတာကိုေတာ့ အနည္းငယ္ေသာ ပုဂၢိဳလ္ေတြကသာ ရွာေဖြေတြ႕ရွိႀကတယ္ ။ အဲ႔ဒီ႕ လူသားေတြဟာ မ်ားေသာအားျဖင့္ ထူးျခားတဲ႕ အျပဳအမူေတြနဲ႕သာ ေနထိုင္တက္ႀကတယ္ ။ သို႕ေသာ္ သူတို႕ ရွာေဖြ ေတြ႕ရွိမႈေတြကိုေတာ့ ေတြ႕ရွွိသူ အခ်င္းခ်င္းသာ သေဘာေပါက္ နားလည္နိုင္ႀကျပီး ဒီလူေတြဟာ ဝိဇၨာမိုရ္ပဲလို႕ မေတြ႔ရွိထားသူ ဘယ္သို႕ေသာ လူသားမ်ားကမဆို မဆံုးျဖတ္ , မသိရွိနိုင္ႀကဘူး ။ သူတို႕ဟာ အျမဲတမ္း သူတို႕ ရွာေဖြေတြ႕ရွိတဲ႕ အရာေတြနဲ႔သာ ရွင္သန္ေနထိုင္ႀကတယ္ ။ ထို ပုဂၢိဳလ္ေတြမွာ အထီးက်န္ျခင္းဆိုတာ ဘယ္ေတာ့မွ ရွိမလာေတာ့ဘူး ။

ဝိဇၨာမိုရ္ေတြဟာ တေလာကလံုးရဲ႕ ဘာသာစကားကို နားလည္ဖို႕ အျမဲတမ္း သတၳဳေတြကို မီး ရဲရဲေတာက္ေလာင္ေနတဲ႕ ဖိုထဲမွာ သန္႔စင္ပစ္ႀကတယ္ ။ မီးဖိုရဲ႕ ေဘးနားမွာ ဖိုထိုးရင္း ပတ္ဝန္းက်င္နဲ႕ အဆက္အစပ္ ပ်က္သြားကာ လူ႕စရိုက္ အမ်ိဳးမ်ိဳးထဲကေန ပထမဆံုး ကင္းလြတ္သြားေတာ့တယ္ ။ မီးဖိုနဲ႕ အခ်ိန္ႀကာႀကာ ထိေတြ႕လာေလ က်န္တဲ႕ လူ႔ပတ္ဝန္းက်င္က ကိစၥအေတာ္မ်ားမ်ားကို ပယ္ပစ္လာေလပဲ ။

သူတို႕ဟာ မီးဖိုရဲ႕ ေဘးနားမွာ ဖိုထိုးရင္း သူတို႕ရဲ႔ စိတ္အညစ္ေႀကးေတြကိုလဲ သူတို႕ သန္႕စင္ေနတဲ႕ သတၳဳနဲ႕အတူ အႀကိမ္ႀကိမ္ သန္႕စင္ပစ္ႀကတယ္ ။ သူတို႕ဟာ ေလာကရဲ႕ ဘာသာစကားကို ရွာေဖြလို႕ မေတြ႕မခ်င္း ပန္ပဲသမားတစ္ဦးရဲ႕ အဆင့္ထက္ ဘယ္ေတာ့မွ မတိုးတက္ႀကဘူး ။

သဘာဝရဲ႕ ဘာသာစကားကို နားလည္လာတဲ႕အခါမွာေတာ့ သူတို႕ရဲ႕ ရည္မွန္းခ်က္ ပန္းတိုင္ျဖစ္တဲ႕ အရာေတြကို ရွာေဖြေတြ႕ရွိႀကေတာ့တာပဲ ။ အဲ႕ဒီ႕အခ်ိန္ဟာ ဝိဇၨာမိုရ္အျဖစ္ ေရာက္ရွိသြားတဲ႕ အခ်ိန္ျဖစ္တယ္ ။

အဲ႕ဒီ႕ ဘာသာစကားမွာ လူမ်ိဳးဇာတ္ , ဇာတိ , ဘယ္လိုဘာသာစကားဆိုျပီး ကြဲလႊဲမႈေတြ မရွိႀကသလို အရာရာတိုင္းရဲ႕ ေျပာဆိုေနမႈေတြကိုလဲ နားမလည္နိုင္စရာ မရွိႀကေတာ့ဘူး ။ သူတို႕က တိရိစၦာန္ေတြတင္မက သစ္ပင္ , ေတာင္တန္း , တိမ္တိုက္ , ႀကယ္တာယာနဲ႕ ေန , လ , ျဂိဳလ္ေတြ အထိတိုင္ စကား ေျပာဆိုနိုင္ႀကတယ္ ။ ထိုအရာေတြရဲ႕ ျပန္လည္ ေျပာဆိုမႈေတြကိုလဲ သူတို႕ နားလည္ႀကတယ္ ။ မ်ားေသာအားျဖင့္ သူတို႕က အရာရာကို စတင္စကားမေျပာႀကဘူး ။ ေျပာဆိုမႈေတြကိုသာ နားေထာင္ေနႀကတယ္ ။

သူတို႕မွာ ေလာဘ ေဒါသ မရွိေတာ့တဲ႕အေႀကာင္းကို ေနာက္လူ ေတာ္ေတာ္မ်ားမ်ားက သတိမထားႀကဘူး ။ ဒါေႀကာင့္လည္း ဓါတ္လံုး ျဖစ္ေျမာက္ေရးကိုသာ တာစူ ေနႀကတာ ျဖစ္တယ္ ။ အဲ႕ဒီလို လူေတြဟာ သဘာဝရဲ႕ ဘာသာစကားကို အေပၚယံေလးေလာက္တာ စမ္းမိထားႀကတဲ႕ နကၡတၱာရာႀကည့္ျပီး ရာသီဥတုအေျခအေနကို ေဟာေျပာနိုင္တဲ႔ သူေတြေလာက္ေတာင္ မသိျမင္ႀကဘူး ။

ထိုသူမ်ိဳးဟာ ဖိုထိုးေနေပမယ့္လို႕ ဘယ္မွာလာျပီး ဝိဇၨာမိုရ္ ျဖစ္ေတာ့မလဲ ။ ေနာက္ဆံုးေတာ့ သူတို႕မွာ သတၳဳခဲ တစ္လံုးတာ လက္ဝယ္က်က် ပိုင္ဆိုင္ႀကလိမ့္မယ္ ။ ဒါ သူတို႕ ရလဒ္ပဲ ။ ဒါ့ထက္မပိုဘူး ။ ဝိဇၨာမိုရ္လဲ ဘယ္ေတာ့မွ ျဖစ္မလာေတာ့ဘူး ။

ဒါေႀကာင့္ သဘာဝရဲ႕ ဘာသာစကားကိုနားလည္ဖို႕ ဖိုထဲက သတၳဳကို သန္႕စင္ဖယ္ထုတ္ပစ္သလို မိမိရဲ႕ အတြင္းစိတ္စြမ္းအားကိုလဲ တစ္ဆင့္ျခင္းဆီ သန္႕စင္ဖယ္ထုတ္ပစ္ပါ ။ သဘာဝရဲ႕ ေျပာဆိုေနတဲ႕ စကားေတြကို အာရံုစိုက္ပါ။ စိတ္နဲ႕ နားေထာင္ပါ ။ အႀကိမ္ႀကိမ္ နားလည္နိုင္ေအာင္ ႀကိဳးစားပါ ။ သဘာဝႀကီးက သင့္ကို စကားေျပာလာရင္ လက္ခံနိုင္ေလာက္တဲ႕ စိတ္စြမ္းအားက အဆင္သင့္ ရွိေနဖို႕ လိုပါတယ္ ။ 

( အခ်ိဳ႕ေသာသူမ်ားကို ရည္ရြယ္သည္ )

#htoohtoolay



unicode -

သဘာဝရဲ့ ဘာသာစကားကို ရှာဖွေပါ !
------
ကျွန်တော်တို့ဟာ အမျိုးဇာတ် , ဇာတိ , ဘာသာစကားတွေ မျိုးစုံအောင် ကွဲပြားနေပေမယ့်လို့ တကယ်တမ်းဟာ အလွန်သိမ်မွေ့နုညံ့တဲ့ ဘာသာတရားတစ်ခုက ဒီလောကကြီးထဲမှာ နက်နက်ရှိုင်းရှိုင်း သက်ဝင်နေတယ်ဆိုတာကိုတော့ အနည်းငယ်သော ပုဂ္ဂိုလ်တွေကသာ ရှာဖွေတွေ့ရှိကြတယ် ။ အဲ့ဒီ့ လူသားတွေဟာ များသောအားဖြင့် ထူးခြားတဲ့ အပြုအမူတွေနဲ့သာ နေထိုင်တက်ကြတယ် ။ သို့သော် သူတို့ ရှာဖွေ တွေ့ရှိမှုတွေကိုတော့ တွေ့ရှှိသူ အချင်းချင်းသာ သဘောပေါက် နားလည်နိုင်ကြပြီး ဒီလူတွေဟာ ဝိဇ္ဇာမိုရ်ပဲလို့ မတွေ့ရှိထားသူ ဘယ်သို့သော လူသားများကမဆို မဆုံးဖြတ် , မသိရှိနိုင်ကြဘူး ။ သူတို့ဟာ အမြဲတမ်း သူတို့ ရှာဖွေတွေ့ရှိတဲ့ အရာတွေနဲ့သာ ရှင်သန်နေထိုင်ကြတယ် ။ ထို ပုဂ္ဂိုလ်တွေမှာ အထီးကျန်ခြင်းဆိုတာ ဘယ်တော့မှ ရှိမလာတော့ဘူး ။

ဝိဇ္ဇာမိုရ်တွေဟာ တလောကလုံးရဲ့ ဘာသာစကားကို နားလည်ဖို့ အမြဲတမ်း သတ္ထုတွေကို မီး ရဲရဲတောက်လောင်နေတဲ့ ဖိုထဲမှာ သန့်စင်ပစ်ကြတယ် ။ မီးဖိုရဲ့ ဘေးနားမှာ ဖိုထိုးရင်း ပတ်ဝန်းကျင်နဲ့ အဆက်အစပ် ပျက်သွားကာ လူ့စရိုက် အမျိုးမျိုးထဲကနေ ပထမဆုံး ကင်းလွတ်သွားတော့တယ် ။ မီးဖိုနဲ့ အချိန်ကြာကြာ ထိတွေ့လာလေ ကျန်တဲ့ လူ့ပတ်ဝန်းကျင်က ကိစ္စအတော်များများကို ပယ်ပစ်လာလေပဲ ။

သူတို့ဟာ မီးဖိုရဲ့ ဘေးနားမှာ ဖိုထိုးရင်း သူတို့ရဲ့ စိတ်အညစ်ကြေးတွေကိုလဲ သူတို့ သန့်စင်နေတဲ့ သတ္ထုနဲ့အတူ အကြိမ်ကြိမ် သန့်စင်ပစ်ကြတယ် ။ သူတို့ဟာ လောကရဲ့ ဘာသာစကားကို ရှာဖွေလို့ မတွေ့မချင်း ပန်ပဲသမားတစ်ဦးရဲ့ အဆင့်ထက် ဘယ်တော့မှ မတိုးတက်ကြဘူး ။

သဘာဝရဲ့ ဘာသာစကားကို နားလည်လာတဲ့အခါမှာတော့ သူတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ အရာတွေကို ရှာဖွေတွေ့ရှိကြတော့တာပဲ ။ အဲ့ဒီ့အချိန်ဟာ ဝိဇ္ဇာမိုရ်အဖြစ် ရောက်ရှိသွားတဲ့ အချိန်ဖြစ်တယ် ။

အဲ့ဒီ့ ဘာသာစကားမှာ လူမျိုးဇာတ် , ဇာတိ , ဘယ်လိုဘာသာစကားဆိုပြီး ကွဲလွှဲမှုတွေ မရှိကြသလို အရာရာတိုင်းရဲ့ ပြောဆိုနေမှုတွေကိုလဲ နားမလည်နိုင်စရာ မရှိကြတော့ဘူး ။ သူတို့က တိရိစ္ဆာန်တွေတင်မက သစ်ပင် , တောင်တန်း , တိမ်တိုက် , ကြယ်တာယာနဲ့ နေ , လ , ဂြိုလ်တွေ အထိတိုင် စကား ပြောဆိုနိုင်ကြတယ် ။ ထိုအရာတွေရဲ့ ပြန်လည် ပြောဆိုမှုတွေကိုလဲ သူတို့ နားလည်ကြတယ် ။ များသောအားဖြင့် သူတို့က အရာရာကို စတင်စကားမပြောကြဘူး ။ ပြောဆိုမှုတွေကိုသာ နားထောင်နေကြတယ် ။

သူတို့မှာ လောဘ ဒေါသ မရှိတော့တဲ့အကြောင်းကို နောက်လူ တော်တော်များများက သတိမထားကြဘူး ။ ဒါကြောင့်လည်း ဓါတ်လုံး ဖြစ်မြောက်ရေးကိုသာ တာစူ နေကြတာ ဖြစ်တယ် ။ အဲ့ဒီလို လူတွေဟာ သဘာဝရဲ့ ဘာသာစကားကို အပေါ်ယံလေးလောက်တာ စမ်းမိထားကြတဲ့ နက္ခတ္တာရာကြည့်ပြီး ရာသီဥတုအခြေအနေကို ဟောပြောနိုင်တဲ့ သူတွေလောက်တောင် မသိမြင်ကြဘူး ။

ထိုသူမျိုးဟာ ဖိုထိုးနေပေမယ့်လို့ ဘယ်မှာလာပြီး ဝိဇ္ဇာမိုရ် ဖြစ်တော့မလဲ ။ နောက်ဆုံးတော့ သူတို့မှာ သတ္ထုခဲ တစ်လုံးတာ လက်ဝယ်ကျကျ ပိုင်ဆိုင်ကြလိမ့်မယ် ။ ဒါ သူတို့ ရလဒ်ပဲ ။ ဒါ့ထက်မပိုဘူး ။ ဝိဇ္ဇာမိုရ်လဲ ဘယ်တော့မှ ဖြစ်မလာတော့ဘူး ။

ဒါကြောင့် သဘာဝရဲ့ ဘာသာစကားကိုနားလည်ဖို့ ဖိုထဲက သတ္ထုကို သန့်စင်ဖယ်ထုတ်ပစ်သလို မိမိရဲ့ အတွင်းစိတ်စွမ်းအားကိုလဲ တစ်ဆင့်ခြင်းဆီ သန့်စင်ဖယ်ထုတ်ပစ်ပါ ။ သဘာဝရဲ့ ပြောဆိုနေတဲ့ စကားတွေကို အာရုံစိုက်ပါ။ စိတ်နဲ့ နားထောင်ပါ ။ အကြိမ်ကြိမ် နားလည်နိုင်အောင် ကြိုးစားပါ ။ သဘာဝကြီးက သင့်ကို စကားပြောလာရင် လက်ခံနိုင်လောက်တဲ့ စိတ်စွမ်းအားက အဆင်သင့် ရှိနေဖို့ လိုပါတယ် ။ 

( အချို့သောသူများကို ရည်ရွယ်သည် )

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...