Skip to main content

2017 ရဲ႕ သိပၸံေတြ႕ရွိခ်က္မ်ား !



zawgyi -

၂၀၁၇ သိပၸံဆိုင္ရာ ေတြ႔ရွိခ်က္မ်ား

လူသားေတြၾကား ခါးသည္းတဲ့ ကြဲျပားမႈေတြ ျမင္ေနရတဲ့ ၂၀၁၇ မွာ ထူးထူး ျခားျခားပဲ စၾကၤာဝဠာရဲ့ ျဖစ္စဥ္ တခုျဖစ္တဲ့ ေနၾကပ္တာကို ၾသဂုတ္လ ၂၁ ရက္ေန႔မွာ အေမရိကန္ႏိုင္ငံသား သန္း ၁၅၀ ေက်ာ္ စိတ္လႈပ္ရွားမႈအျပည့္နဲ႔ အတူတကြ ကိုယ္တိုင္ခံစား ၾကည့္ရႈခဲ့ၾကသလို သုေတသနေတြလည္း လုပ္ႏုိင္ခဲ့တာပါ။

“အေမရိကန္ႏိုင္ငံမွာ ၁၉၇၉ ခုႏွစ္က လုံးဝေနၾကပ္ခဲ့ပါတယ္။ ဆိုေတာ့ ၃၅ ႏွစ္ေလာက္ မွာမွ ဒီတခါ လုံးဝေနၾကပ္တာကို ေတြ႔ရပါတယ္။ သိပၸံေတြ႔ရွိခ်က္ တခုအေနနဲ႔ မွတ္တမ္း တင္ၾကပါတယ္။ ေနၾကပ္တဲ့အခ်ိန္မွာ ေနရဲ႕အျပင္ဆုံး အကာမွာရွိတဲ့ အမီးဇုန္းႀကီးေတြ ေတာက္ေနတဲ့ ဆိုလာဆဲလ္ကို သုေတသန ေလ့လာဖို႔အတြက္ အေမရိကန္ NASA နဲ႔ အျခားသုေတသန ဌာနေတြက လုပ္ခဲ့ၾကပါတယ္။ ေနၾကပ္တာက ၂၀၂၄ ခုႏွစ္မွာ တခါ လုံးဝေနၾကပ္ဦးမွာပါ။ ျမန္မာျပည္မွာေတာ့ လုံးဝေနၾကပ္မွာက ၂၀၇၀ - ေနာက္လာမယ့္ အႏွစ္ ၅၀ မွာတခါ ေနၾကပ္တဲ့ဟာကို ျမန္မာျပည္သူျပည္သားေတြ ျမင္ရမွာျဖစ္ပါတယ္။”

လူသားေတြ အဆင့္ဆင့္ တိုးတက္ ေျပာင္းလဲလာတဲ့သမိုင္းကို ေျပာတဲ့အခါ ေတြ႔လာတဲ့ ေက်ာက္ျဖစ္ရုပ္ႂကြင္းေတြနဲ႔ သက္တမ္းမွတ္တိုင္ေတြ ထူၾကပါတယ္။ သမိုင္းဦးလူသား Homo sapiens ေတြ လြန္ခဲ့တဲ့ ႏွစ္္ေပါင္း ၂ သိန္းေလာက္က အာဖရိကတိုက္မွာ ေနထိုင္ခဲ့ တယ္လို႔ ႏွစ္ေပါင္းမ်ားစြာ လက္ခံလာခဲ့တာဟာ ၂၀၁၇ မွာေတာ့ ေမာ္႐ိုကိုမွာ သက္တမ္း ၃ သိန္းခြဲရွိတဲ့ သမိုင္းဦးလူသား ၅ ေယာက္ရဲ့ အရိုးစေတြေၾကာင့္ ေျပာင္းလဲ သြားခဲ့ပါတယ္။

ဒီႏွစ္ထဲမွာပဲ ေရွးအက်ဆံုး အဏုဇီဝ ႐ုပ္ႂကြင္းေတြကိုေရာ အႀကီးမားဆံုး ႐ုပ္ႂကြင္းေတြကိုပါ ေတြ႔ရွိခဲ့တာပါ။

“ကမၻာဦးအစ လြန္ခဲ့တဲ့ႏွစ္သန္း ၄,၅၀၀ ေလာက္မွာ ႐ွိႏိုင္ခဲ့တဲ့ သက္႐ွိသတၱဝါ မိုက္ခ႐ို ႐ုပ္ႂကြင္းေတြဟာ အလြန္ေသးလွၿပီးေတာ့ ဒီဇီဝ႐ုပ္ႂကြင္းေတြကို ကေနဒါႏိုင္ငံ ကြိဘက္ ေဒသက ေရအိုင္ေတြရဲ႕ ေအာက္ကထြက္တဲ့ ေရပူစမ္း ေနရာေတြမွာ ေတြ႔ခဲ့ပါတယ္။ ဒါဟာ ေ႐ွးအက်ဆုံး သက္႐ွိလို႔ မွန္းဆၾကပါတယ္။ တခ်ိန္တည္းမွာပဲ ေသးတာအျပင္ ဒိုင္ႏိုေဆာလို အေကာင္ႀကီးေတြရဲ႕ ႐ုပ္ႂကြင္းေတြလည္း ေတြ႔ခဲ့ပါတယ္။ ကမၻာေပၚမွာ အႀကီးဆုံး ဒိုင္ႏိုေဆာရဲ႕ ေျခရာဟာ ၆ ေပ ေလာက္ရွိတယ္။ အဲဒီေတာ့ အဲဒီအ႐ိုးစုႀကီး ထဲက တပိုင္းတစကို သူတို႔ စေတြ႔တဲ့အခါက်ေတာ့ သူတို႔ျပန္တြက္ၾကည့္တယ္။ အဲဒီ အခါက်ေတာ့ ဒီ ဒိုင္ႏိုေဆာရဲ႕ေခါင္းကေနၿပီးေတာ့ အၿမီးဖ်ားထိ အရွည္ဟာ ေပ ၁၂၀ ေက်ာ္တယ္လို႔ ေျပာပါတယ္။”

လြန္ခဲ့တဲ့ႏွစ္ေပါင္း သန္း ၁၀၀ ေလာက္က အသက္ရွင္ ေနထိုုင္ခဲ့တဲ့ ဒိုုင္ႏိုုေဆာရဲ႕ အၿမီး ပိုုင္းကိုု ပထမဆံုးအျဖစ္ ျမန္မာႏိုုင္ငံ ဟူးေကာင္းေတာင္ၾကားထြက္ ပယင္းထဲမွာ ႐ုပ္ႂကြင္း အျဖစ္ ရွားရွားပါးပါး ေတြ႔ရွိခဲ့ပါတယ္။

“ျမန္မာႏိုင္ငံေျမာက္ပိုင္းက ပယင္းေတြထြက္တဲ့ ေနရာမွာေပါ့.. တြားသြားသတၱဝါ ဒိုင္ႏိုေဆာ တင္မက ပါဘူး ဒိုင္ႏိုေဆာငွက္မ်ဳိးေတြလည္း အဲဒီအခ်ိန္တုန္းက ရွိခဲ့ပါတယ္။ အဲဒီ ပယင္းအတုံး တခုထဲကေန ေတြ႔ခဲ့ပါတယ္.. အဲဒါ ျမန္မာျပည္မွာပါ။”

မီးစုန္းေတာက္တဲ့ ဖားတမ်ိဳးကိုလည္း ေတြ႔ခဲ့ပါတယ္။

“ငါးတုိ႔၊ လိပ္တုိ႔၊ ငွက္တို႔ကေန မီးစုန္းေတာက္တယ္ (Fluorescence) ဆိုတာ ေတြ႔တာ ၾကာပါၿပီ။ ဒါေပမယ့္ ကုန္းတပိုင္း ေရတပုိင္း သတၱဝါျဖစ္တဲ့ ဖါးမွာ .. အာဂ်င္တီးနားႏိုင္ငံ က ေတာထဲက ဖားေလးေတြမွာ သြားေတြ႔ပါတယ္။ အဲဒီေတာ့ ခရမ္းလြန္ေရာင္ျခည္နဲ႔ ဒီဖားေလးေတြကို ထုိးလိုက္တဲ့အခါက်ေတာ့ သူတို႔ကေနၿပီးေတာ့ မီးစုန္းေတာက္တာကို ပမထဦးဆုံးေတြ႔ဖူးတယ္။”

ဒီႏွစ္ထဲ သိပၸံဆိုင္ရာ အထူးျခားဆံုး ေအာင္ျမင္မႈကေတာ့ ျဒပ္ဆြဲအားလႈိင္းကို တုိင္းတာ ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

“ ျဒပ္ဆြဲအားလႈိင္းလို႔ေခၚတဲ့ Gravitational Wave ကို စၿပီးေတာ့ ေနရာ ၃ ေနရာမွာ ၿပဳိင္တူ တိုင္းႏိုင္ပါတယ္။ ဒီျဒပ္လႈိင္းေတြဟာ တြင္းနက္ႀကီး လို႔ ေခၚတဲ့ Black Hole ႏွစ္ခု တခုနဲ႔တခု ဆြဲအား သိပ္မ်ားလြန္းအားႀကီးတဲ့အတြက္ ေပါင္းသြားတဲ့အခါက်ေတာ့ သူတို႔ေပါက္ကြဲမႈ ျဖစ္ပါတယ္။ ဒီလိုပဲ ႏ်ဴထရြန္ၾကယ္ေတြကလည္း တခုနဲ႔တခု ဝင္တိုက္ တဲ့ အခါက်လို႔ရွိရင္ Binary Stars လို႔ေခၚပါတယ္။ အဲဒီၾကယ္ေတြ ၂ ခု တိုက္တဲ့အခါ ေပါက္ကြဲမႈ အႀကီးႀကီး ျဖစ္ပါတယ္။ အဲဒီအခါမွာ ခုနက Gravitational Wave ဆိုတဲ့ လႈိင္းေတြ ထြက္လာပါတယ္။

လြန္ခဲ့တဲ့ အႏွစ္ တရာေလာက္က သိပၸံပညာရွင္ Albert Enstein က ဒီ Gravitational Wave ေတြ ရွိႏိုင္တယ္။ ဒါေတြကိုေတာ့ တိုင္းလုိ႔ ရမယ္လို႔ သူက ေဟာကိန္းထုတ္ခဲ့ပါ တယ္။ ဒါေပမယ့္ သိပ္ခက္ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ဒီ ျဒပ္ဆြဲအားလႈိင္းကို တိုင္းဖို႔ဆိုတာက အပံု သန္းေပါင္း တေထာင္ပံုတပံု ထက္မက ေသးငယ္လွတဲ့ ေျပာင္းလဲမႈေလးက electromagnetic radiation ကို တိုင္းရတာ ျဖစ္ပါတယ္။ အခု ဒါကို တုိင္းႏိုင္တဲ့အတြက္ သိပၸံပညာရွင္ ၃ ဦး ရူပေဗဒ ႏိုဘယ္လ္ ဆုကိုလည္း ရခဲ့ပါတယ္။

Black holes ႀကီးေတြ တိုက္တဲ့အခါ ႏ်ဴထရြန္ ၾကယ္ေတြ တခုနဲ႔တခု ဝင္တိုက္တဲ့ အခါ မွာ ထြက္လာတဲ့ ျဒပ္လႈိင္းေတြက သိပ္ၿပီး ေသးငယ္တယ္။ အဲဒီျဖစ္ခဲ့တဲ့ အျဖစ္က လည္း အလင္းႏွစ္ သန္း ၂၀၀၀ ေလာက္ ေဝးတဲ့ ေနရာမွာ ျဖစ္တာ။ ဆိုေတာ့ ျပန္တြက္ ၾကည့္ရင္ လြန္ခဲ့တဲ့ အႏွစ္ တေထာင္ေလာက္က ေပါက္ကြဲခဲ့တဲ့ ၾကယ္စဥ္စုႀကီးေတြ၊ black holes ႀကီးေတြ ကေန ထြက္လာတဲ့ ျဒပ္လႈိင္းကို တိုင္းတာ ျဖစ္ပါတယ္။ သိပ္ေသးတဲ့အတြက္ အခု ေနာက္ဆံုးေပၚ နည္းပညာနဲ႔ တုိင္းမွပဲ စၿပီးေတာ့ ျဒပ္လႈိင္း ရွိခဲ့တယ္ ဆိုတာ မွန္ေၾကာင္းကို သက္ေသျပႏိုင္တာ ျဖစ္ပါတယ္။ ဒါဟာ အေတာ္ကို စိတ္ဝင္စားစရာ ေကာင္းသလို သိပၸံဆိုင္ရာမွာ ေအာင္ျမင္မႈ အေနနဲ႔ ဒီႏွစ္ထဲမွာ မွတ္တမ္း တင္ခဲ့ပါတယ္။”

ဒီႏွစ္ထဲမွာပဲ လူသားေတြ ေနႏိုင္မယ့္ ၿဂိဳဟ္သစ္ ကမာၻသစ္ ၇ ခုကို ရွာေတြ႔ခဲ့တာပါ။

“အလင္းႏွစ္ သန္းေပါင္း ၄၀ ေလာက္ ကြာတဲ့ေနရာမွာ Aquarius ဆိုတဲ့ ၾကယ္စဥ္တန္း က ေန စၾကၤာဝဠာတခု ရွိပါတယ္။ အဲဒီမွာ ကမာၻနဲ႔ တူတဲ့ ၿဂိဳဟ္ ၇ လံုး ရွိပါတယ္။ အလင္းႏွစ္ က ၄၀ ေပါ့ေနာ္။ တစကၠန္႔မွာ မိုင္ တသိန္း ၈ ေသာင္း ၆ ေထာင္ အျမန္နဲ႔ သြားေနတဲ့ အလင္းေရာင္ရဲ့ ႏႈန္းနဲ႔ တႏွစ္တာ သြားလိုက္ရင္ ဘယ္ေလာက္ ေဝးမလဲ ဆိုတာကို တိုင္းတာပါ။ အဲဒီေလာက္ ေဝးတဲ့ ေနရာမွာ Aquarius ဆိုတဲ့ ၾကယ္စဥ္စုႀကီး ထဲက ေနစၾကၤာဝဠာမွာ အဲဒီ ေနစၾကၤာဝဠာကို ပတ္ေနတဲ့ ၿဂိဳဟ္ေတြက အရြယ္တူေတြ ျဖစ္ေနတယ္ ဆိုတာကို ကမာၻကေန လွမ္းၿပီး တိုင္းခဲ့ပါတယ္။ ကမာၻနဲ႔ အရြယ္တူတယ္ ဆိုလို႔ ရွိရင္ ကမာၻရဲ့ သိပ္သည္းမႈ density လည္း တူတယ္။ ေနာက္ၿပီး ေန ကေနလည္း ပတ္ေနတဲ့ ပတ္လမ္းေတြက အကြာေဝး တူတယ္။ ဒါဆိုရင္ သတၱဝါေတြ ရွိႏုိင္တယ္။

ေနနဲ႔ ကမာၻေလာက္ ေဝးသလို သူ႔ရဲ့ ေနစၾကၤာဝဠာနဲ႔ ကမာၻနဲ႔က distance တူတယ္။ အကြာေဝးက အရမ္း ေဝးရင္လည္း အရမ္း ေအးသြားၿပီ။ အရမ္းနီးရင္လည္း အရည္ ေပ်ာ္ကုန္မယ္။ မနီးမေဝး ျဖစ္ေနတာ ေၾကာင့္ ကၽြန္ေတာ္တုိ႔ ကမာၻေပၚမွာ လူေတြ သတၱဝါေတြရွိတာ။ ေနာက္ ပတ္လမ္းေၾကာင္း တူတယ္။ အကြာေဝးတူတဲ့အျပင္ အရြယ္အစားလည္း တူရေသးတယ္။ ကမာၻရဲ့ အခ်င္းေလာက္ ထုရွိေတာ့မွ ကမာၻ႔ ဆြဲအားနဲ႔ မတိမ္းမယိမ္း ရွိမယ္။ အဲဒီ ဆြဲအား မတိမ္းမယိမ္း ရွိမွသာလ်င္ အလြန္တရာမွ ေပါ့ပါးတဲ့ ကာဗြန္တို႔၊ ေအာက္ဆီဂ်င္တို႔၊ ႏိုက္ထရိုဂ်င္တို႔၊ ဟီလီယမ္ တို႔လို ဓါတ္ေငြ႔ေတြ က ကမာၻရဲ့ မ်က္ႏွာျပင္ ေပၚကို ေရာက္လာမယ္။ သိပ္ေသးတဲ့ ၿဂိဳဟ္ဆိုရင္ ဒီဓါတ္ေတြ ဘယ္လိုမွ ေရာက္မလာ ႏိုင္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလို light atoms ေပါ့ပါးတဲ့ အက္တမ္ေတြက မေနႏိုင္ဘူးေပါ့။ သက္ရွိသတၱဝါေတြကို light atoms ေတြနဲ႔ ဖြဲ႔စည္းထားတာ မို႔ပါ။ ကၽြန္ေတာ္တုိ႔က ကာဗြန္ အေျခခံတဲ့ သတၱဝါေတြေလ။”

https://burmese.voanews.com/a/st-2017-science-in-the-curious-discover-12-29-17-mt/4191618.html

crd - VOA

copy - #htoohtoolay

unicode -

၂၀၁၇ သိပ္ပံဆိုင်ရာ တွေ့ရှိချက်များ

လူသားတွေကြား ခါးသည်းတဲ့ ကွဲပြားမှုတွေ မြင်နေရတဲ့ ၂၀၁၇ မှာ ထူးထူး ခြားခြားပဲ စင်္ကြာဝဠာရဲ့ ဖြစ်စဉ် တခုဖြစ်တဲ့ နေကြပ်တာကို သြဂုတ်လ ၂၁ ရက်နေ့မှာ အမေရိကန်နိုင်ငံသား သန်း ၁၅၀ ကျော် စိတ်လှုပ်ရှားမှုအပြည့်နဲ့ အတူတကွ ကိုယ်တိုင်ခံစား ကြည့်ရှုခဲ့ကြသလို သုတေသနတွေလည်း လုပ်နိုင်ခဲ့တာပါ။

“အမေရိကန်နိုင်ငံမှာ ၁၉၇၉ ခုနှစ်က လုံးဝနေကြပ်ခဲ့ပါတယ်။ ဆိုတော့ ၃၅ နှစ်လောက် မှာမှ ဒီတခါ လုံးဝနေကြပ်တာကို တွေ့ရပါတယ်။ သိပ္ပံတွေ့ရှိချက် တခုအနေနဲ့ မှတ်တမ်း တင်ကြပါတယ်။ နေကြပ်တဲ့အချိန်မှာ နေရဲ့အပြင်ဆုံး အကာမှာရှိတဲ့ အမီးဇုန်းကြီးတွေ တောက်နေတဲ့ ဆိုလာဆဲလ်ကို သုတေသန လေ့လာဖို့အတွက် အမေရိကန် NASA နဲ့ အခြားသုတေသန ဌာနတွေက လုပ်ခဲ့ကြပါတယ်။ နေကြပ်တာက ၂၀၂၄ ခုနှစ်မှာ တခါ လုံးဝနေကြပ်ဦးမှာပါ။ မြန်မာပြည်မှာတော့ လုံးဝနေကြပ်မှာက ၂၀၇၀ - နောက်လာမယ့် အနှစ် ၅၀ မှာတခါ နေကြပ်တဲ့ဟာကို မြန်မာပြည်သူပြည်သားတွေ မြင်ရမှာဖြစ်ပါတယ်။”

လူသားတွေ အဆင့်ဆင့် တိုးတက် ပြောင်းလဲလာတဲ့သမိုင်းကို ပြောတဲ့အခါ တွေ့လာတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ့ သက်တမ်းမှတ်တိုင်တွေ ထူကြပါတယ်။ သမိုင်းဦးလူသား Homo sapiens တွေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ သိန်းလောက်က အာဖရိကတိုက်မှာ နေထိုင်ခဲ့ တယ်လို့ နှစ်ပေါင်းများစွာ လက်ခံလာခဲ့တာဟာ ၂၀၁၇ မှာတော့ မော်ရိုကိုမှာ သက်တမ်း ၃ သိန်းခွဲရှိတဲ့ သမိုင်းဦးလူသား ၅ ယောက်ရဲ့ အရိုးစတွေကြောင့် ပြောင်းလဲ သွားခဲ့ပါတယ်။

ဒီနှစ်ထဲမှာပဲ ရှေးအကျဆုံး အဏုဇီဝ ရုပ်ကြွင်းတွေကိုရော အကြီးမားဆုံး ရုပ်ကြွင်းတွေကိုပါ တွေ့ရှိခဲ့တာပါ။

“ကမ္ဘာဦးအစ လွန်ခဲ့တဲ့နှစ်သန်း ၄,၅၀၀ လောက်မှာ ရှိနိုင်ခဲ့တဲ့ သက်ရှိသတ္တဝါ မိုက်ခရို ရုပ်ကြွင်းတွေဟာ အလွန်သေးလှပြီးတော့ ဒီဇီဝရုပ်ကြွင်းတွေကို ကနေဒါနိုင်ငံ ကွိဘက် ဒေသက ရေအိုင်တွေရဲ့ အောက်ကထွက်တဲ့ ရေပူစမ်း နေရာတွေမှာ တွေ့ခဲ့ပါတယ်။ ဒါဟာ ရှေးအကျဆုံး သက်ရှိလို့ မှန်းဆကြပါတယ်။ တချိန်တည်းမှာပဲ သေးတာအပြင် ဒိုင်နိုဆောလို အကောင်ကြီးတွေရဲ့ ရုပ်ကြွင်းတွေလည်း တွေ့ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး ဒိုင်နိုဆောရဲ့ ခြေရာဟာ ၆ ပေ လောက်ရှိတယ်။ အဲဒီတော့ အဲဒီအရိုးစုကြီး ထဲက တပိုင်းတစကို သူတို့ စတွေ့တဲ့အခါကျတော့ သူတို့ပြန်တွက်ကြည့်တယ်။ အဲဒီ အခါကျတော့ ဒီ ဒိုင်နိုဆောရဲ့ခေါင်းကနေပြီးတော့ အမြီးဖျားထိ အရှည်ဟာ ပေ ၁၂၀ ကျော်တယ်လို့ ပြောပါတယ်။”

လွန်ခဲ့တဲ့နှစ်ပေါင်း သန်း ၁၀၀ လောက်က အသက်ရှင် နေထိုင်ခဲ့တဲ့ ဒိုင်နိုဆောရဲ့ အမြီး ပိုင်းကို ပထမဆုံးအဖြစ် မြန်မာနိုင်ငံ ဟူးကောင်းတောင်ကြားထွက် ပယင်းထဲမှာ ရုပ်ကြွင်း အဖြစ် ရှားရှားပါးပါး တွေ့ရှိခဲ့ပါတယ်။

“မြန်မာနိုင်ငံမြောက်ပိုင်းက ပယင်းတွေထွက်တဲ့ နေရာမှာပေါ့.. တွားသွားသတ္တဝါ ဒိုင်နိုဆော တင်မက ပါဘူး ဒိုင်နိုဆောငှက်မျိုးတွေလည်း အဲဒီအချိန်တုန်းက ရှိခဲ့ပါတယ်။ အဲဒီ ပယင်းအတုံး တခုထဲကနေ တွေ့ခဲ့ပါတယ်.. အဲဒါ မြန်မာပြည်မှာပါ။”

မီးစုန်းတောက်တဲ့ ဖားတမျိုးကိုလည်း တွေ့ခဲ့ပါတယ်။

“ငါးတို့၊ လိပ်တို့၊ ငှက်တို့ကနေ မီးစုန်းတောက်တယ် (Fluorescence) ဆိုတာ တွေ့တာ ကြာပါပြီ။ ဒါပေမယ့် ကုန်းတပိုင်း ရေတပိုင်း သတ္တဝါဖြစ်တဲ့ ဖါးမှာ .. အာဂျင်တီးနားနိုင်ငံ က တောထဲက ဖားလေးတွေမှာ သွားတွေ့ပါတယ်။ အဲဒီတော့ ခရမ်းလွန်ရောင်ခြည်နဲ့ ဒီဖားလေးတွေကို ထိုးလိုက်တဲ့အခါကျတော့ သူတို့ကနေပြီးတော့ မီးစုန်းတောက်တာကို ပမထဦးဆုံးတွေ့ဖူးတယ်။”

ဒီနှစ်ထဲ သိပ္ပံဆိုင်ရာ အထူးခြားဆုံး အောင်မြင်မှုကတော့ ဒြပ်ဆွဲအားလှိုင်းကို တိုင်းတာ နိုင်ခဲ့တာ ဖြစ်ပါတယ်။

“ ဒြပ်ဆွဲအားလှိုင်းလို့ခေါ်တဲ့ Gravitational Wave ကို စပြီးတော့ နေရာ ၃ နေရာမှာ ပြိုင်တူ တိုင်းနိုင်ပါတယ်။ ဒီဒြပ်လှိုင်းတွေဟာ တွင်းနက်ကြီး လို့ ခေါ်တဲ့ Black Hole နှစ်ခု တခုနဲ့တခု ဆွဲအား သိပ်များလွန်းအားကြီးတဲ့အတွက် ပေါင်းသွားတဲ့အခါကျတော့ သူတို့ပေါက်ကွဲမှု ဖြစ်ပါတယ်။ ဒီလိုပဲ နျူထရွန်ကြယ်တွေကလည်း တခုနဲ့တခု ဝင်တိုက် တဲ့ အခါကျလို့ရှိရင် Binary Stars လို့ခေါ်ပါတယ်။ အဲဒီကြယ်တွေ ၂ ခု တိုက်တဲ့အခါ ပေါက်ကွဲမှု အကြီးကြီး ဖြစ်ပါတယ်။ အဲဒီအခါမှာ ခုနက Gravitational Wave ဆိုတဲ့ လှိုင်းတွေ ထွက်လာပါတယ်။

လွန်ခဲ့တဲ့ အနှစ် တရာလောက်က သိပ္ပံပညာရှင် Albert Enstein က ဒီ Gravitational Wave တွေ ရှိနိုင်တယ်။ ဒါတွေကိုတော့ တိုင်းလို့ ရမယ်လို့ သူက ဟောကိန်းထုတ်ခဲ့ပါ တယ်။ ဒါပေမယ့် သိပ်ခက်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီ ဒြပ်ဆွဲအားလှိုင်းကို တိုင်းဖို့ဆိုတာက အပုံ သန်းပေါင်း တထောင်ပုံတပုံ ထက်မက သေးငယ်လှတဲ့ ပြောင်းလဲမှုလေးက electromagnetic radiation ကို တိုင်းရတာ ဖြစ်ပါတယ်။ အခု ဒါကို တိုင်းနိုင်တဲ့အတွက် သိပ္ပံပညာရှင် ၃ ဦး ရူပဗေဒ နိုဘယ်လ် ဆုကိုလည်း ရခဲ့ပါတယ်။

Black holes ကြီးတွေ တိုက်တဲ့အခါ နျူထရွန် ကြယ်တွေ တခုနဲ့တခု ဝင်တိုက်တဲ့ အခါ မှာ ထွက်လာတဲ့ ဒြပ်လှိုင်းတွေက သိပ်ပြီး သေးငယ်တယ်။ အဲဒီဖြစ်ခဲ့တဲ့ အဖြစ်က လည်း အလင်းနှစ် သန်း ၂၀၀၀ လောက် ဝေးတဲ့ နေရာမှာ ဖြစ်တာ။ ဆိုတော့ ပြန်တွက် ကြည့်ရင် လွန်ခဲ့တဲ့ အနှစ် တထောင်လောက်က ပေါက်ကွဲခဲ့တဲ့ ကြယ်စဉ်စုကြီးတွေ၊ black holes ကြီးတွေ ကနေ ထွက်လာတဲ့ ဒြပ်လှိုင်းကို တိုင်းတာ ဖြစ်ပါတယ်။ သိပ်သေးတဲ့အတွက် အခု နောက်ဆုံးပေါ် နည်းပညာနဲ့ တိုင်းမှပဲ စပြီးတော့ ဒြပ်လှိုင်း ရှိခဲ့တယ် ဆိုတာ မှန်ကြောင်းကို သက်သေပြနိုင်တာ ဖြစ်ပါတယ်။ ဒါဟာ အတော်ကို စိတ်ဝင်စားစရာ ကောင်းသလို သိပ္ပံဆိုင်ရာမှာ အောင်မြင်မှု အနေနဲ့ ဒီနှစ်ထဲမှာ မှတ်တမ်း တင်ခဲ့ပါတယ်။”

ဒီနှစ်ထဲမှာပဲ လူသားတွေ နေနိုင်မယ့် ဂြိုဟ်သစ် ကမ္ဘာသစ် ၇ ခုကို ရှာတွေ့ခဲ့တာပါ။

“အလင်းနှစ် သန်းပေါင်း ၄၀ လောက် ကွာတဲ့နေရာမှာ Aquarius ဆိုတဲ့ ကြယ်စဉ်တန်း က နေ စင်္ကြာဝဠာတခု ရှိပါတယ်။ အဲဒီမှာ ကမ္ဘာနဲ့ တူတဲ့ ဂြိုဟ် ၇ လုံး ရှိပါတယ်။ အလင်းနှစ် က ၄၀ ပေါ့နော်။ တစက္ကန့်မှာ မိုင် တသိန်း ၈ သောင်း ၆ ထောင် အမြန်နဲ့ သွားနေတဲ့ အလင်းရောင်ရဲ့ နှုန်းနဲ့ တနှစ်တာ သွားလိုက်ရင် ဘယ်လောက် ဝေးမလဲ ဆိုတာကို တိုင်းတာပါ။ အဲဒီလောက် ဝေးတဲ့ နေရာမှာ Aquarius ဆိုတဲ့ ကြယ်စဉ်စုကြီး ထဲက နေစင်္ကြာဝဠာမှာ အဲဒီ နေစင်္ကြာဝဠာကို ပတ်နေတဲ့ ဂြိုဟ်တွေက အရွယ်တူတွေ ဖြစ်နေတယ် ဆိုတာကို ကမ္ဘာကနေ လှမ်းပြီး တိုင်းခဲ့ပါတယ်။ ကမ္ဘာနဲ့ အရွယ်တူတယ် ဆိုလို့ ရှိရင် ကမ္ဘာရဲ့ သိပ်သည်းမှု density လည်း တူတယ်။ နောက်ပြီး နေ ကနေလည်း ပတ်နေတဲ့ ပတ်လမ်းတွေက အကွာဝေး တူတယ်။ ဒါဆိုရင် သတ္တဝါတွေ ရှိနိုင်တယ်။

နေနဲ့ ကမ္ဘာလောက် ဝေးသလို သူ့ရဲ့ နေစင်္ကြာဝဠာနဲ့ ကမ္ဘာနဲ့က distance တူတယ်။ အကွာဝေးက အရမ်း ဝေးရင်လည်း အရမ်း အေးသွားပြီ။ အရမ်းနီးရင်လည်း အရည် ပျော်ကုန်မယ်။ မနီးမဝေး ဖြစ်နေတာ ကြောင့် ကျွန်တော်တို့ ကမ္ဘာပေါ်မှာ လူတွေ သတ္တဝါတွေရှိတာ။ နောက် ပတ်လမ်းကြောင်း တူတယ်။ အကွာဝေးတူတဲ့အပြင် အရွယ်အစားလည်း တူရသေးတယ်။ ကမ္ဘာရဲ့ အချင်းလောက် ထုရှိတော့မှ ကမ္ဘာ့ ဆွဲအားနဲ့ မတိမ်းမယိမ်း ရှိမယ်။ အဲဒီ ဆွဲအား မတိမ်းမယိမ်း ရှိမှသာလျင် အလွန်တရာမှ ပေါ့ပါးတဲ့ ကာဗွန်တို့၊ အောက်ဆီဂျင်တို့၊ နိုက်ထရိုဂျင်တို့၊ ဟီလီယမ် တို့လို ဓါတ်ငွေ့တွေ က ကမ္ဘာရဲ့ မျက်နှာပြင် ပေါ်ကို ရောက်လာမယ်။ သိပ်သေးတဲ့ ဂြိုဟ်ဆိုရင် ဒီဓါတ်တွေ ဘယ်လိုမှ ရောက်မလာ နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလို light atoms ပေါ့ပါးတဲ့ အက်တမ်တွေက မနေနိုင်ဘူးပေါ့။ သက်ရှိသတ္တဝါတွေကို light atoms တွေနဲ့ ဖွဲ့စည်းထားတာ မို့ပါ။ ကျွန်တော်တို့က ကာဗွန် အခြေခံတဲ့ သတ္တဝါတွေလေ။”

https://burmese.voanews.com/a/st-2017-science-in-the-curious-discover-12-29-17-mt/4191618.html

crd - VOA

copy - #htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...