Skip to main content

ေပ်ာ္ရႊင္ျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္ဆိုတာ !

zawgyi -

ေပ်ာ္ရႊင္းၿခင္းရဲ႕ လွိ်ဳ႕၀ွက္ခ်က္ ဆိုတာ !
---------

ေရွးတုန္းက ကုန္စံုဆိုင္ပိုင္ရွင္တစ္ေယာက္က သူ႕သားကို ကမၻာေပၚမွာ ပညာအရွိဆံုး ပုဂၢိဳလ္ၾကီးဆီ ေစလႊတ္ၿပီး ေပ်ာ္ရႊင္ၿခင္းရဲ႕ အနက္အဓိပၸါယ္ကို ေလ့လာသင္ယူခိုင္းလိုက္တယ္ ။ သားၿဖစ္တဲ႕သူက သဲကႏၲာရကို ရက္ ေလးဆယ္ၾကာ ၿဖတ္ေက်ာ္လာတဲ႕အခါမွာ အလြန္လွပတဲ႕ ရဲတိုက္တစ္ခုဆီ ေရာက္လာခဲ႕တယ္ ။ အဲ႕ဒီ့ရဲတိုက္ဟာ ပညာရွိေနတဲ႕ ရဲတိုက္ၾကီးေပါ့ . . .

အဲ႕ေရာက္ေတာ့ လူငယ္က သူထင္ထားသလို တိတ္ဆိတ္ၿငိမ္သတ္ေနတာမ်ိဳးမဟုတ္တဲ႕အတြက္ အထဲက အရာေတြကို ၾကည့္ရႈလိုက္ပါတယ္ ။ ရဲတိုက္ထဲမွာ လူေတြက အလုပ္ေတြ ရႈပ္ေနတာ ေတြ႕ရတယ္ ။ ကုန္သည္ေတြက ၀င္လိုက္ ထြက္လိုက္ ။ တခ်ိဳ႕လူေတြက အခန္းေထာင့္လို ေနရာမွာ စုစုၿပီး စကားေတြ ေၿပာေနလိုက္ ၊ တီး၀ိုင္းအေသးေလးတစ္ခုကလည္း ဆိုေန တီးေန လိုက္နဲ႕ေပါ့ ။

စားပြဲတစ္ခုေပၚမွာေတာ့ အဲ႕ဒီ့ေဒသရဲ႕ အေကာင္းဆံုး လက္ရာ စားစရာ ဟင္းခြက္မ်ိဳးစံုနဲ႕ ပညာရွိၾကီးက လူေတြနဲ႕ တစ္ေယာက္ၿပီး တစ္ေယာက္ စကားေၿပာေနလိုက္တာ ကုန္စံုဆိုင္ပိုင္ရွင္သားက သူနဲ႕ စကားေၿပာဖို႕ ႏွစ္နာရီေလာက္ ေစာင့္လိုက္ရတယ္ ။

အဲ႕ဒီေနာက္ လူငယ္က သူ႔ ခရီးစဥ္ရဲ႕ ရည္ရြယ္ခ်က္ကို ေၿပာၿပတဲ႕အခါ ပညာရွိၾကီးက ေသေသၿခာၿခာ နားေထာင္တယ္ ။ ဒါေပမယ့္ . . .  ေပ်ာ္ရႊင္ၿခင္းဆိုတာရဲ႕ လွ်ိဳ႕၀ွက္ခ်က္ေလာက္ကေလးကို ေၿပာၿပဖို႕ေတာင္ အခ်ိန္မေပးနိုင္ဘူးလို႕ ေၿပာလိုက္တယ္ ။

အဲ႕ဒီအခါ ပညာရွိက -

‘ ရဲတိုက္ထဲမွာ ႏွစ္နာရီေလာက္ ေလွ်ာက္ၾကည့္ပါလား ။ ၿပီးေတာ့ ဒီၿပန္လာခဲ႕ေလ ။
မင္းေလွ်ာက္ၾကည့္ေနရင္းနဲ႕ ဒီလက္ဖက္ရည္ဇြန္းေလးထဲက ဆီကို ဖိတ္မက်ေအာင္ ကိုင္ၿပီး သယ္သြားေပးပါ ’ လို႕ ေၿပာၿပီး ဆီ ႏွစ္စက္ေလာက္ပါတဲ႕ ဇြန္းေလးတစ္ေခ်ာင္းကို ေပးလိုက္တယ္ ။

ကုန္သည္သားက ရဲတိုက္ထဲမွာ တက္လိုက္ဆင္းလိုက္နဲ႕ေတာ့ သြားေနပါရဲ႕ ။ ဒါေပမယ့္ သူ႕မ်က္လံုးေတြကေတာ့ ဆီဇြန္းကေန မခြါရဲဘူး ။ ႏွစ္နာရီေလာက္ၾကာေတာ့ ပညာရွိၾကီးနဲ႕ ေတြ႕တဲ႕ေနရာကို ၿပန္သြားခဲ႕တယ္ ။

‘ ဘယ္လိုလဲ ေကာင္ေလး ။ ပါရွားၿပည္ကလာတဲ႕ အလွအပ ပစၥည္းေတြ ၊ ထမင္းစားခန္းထဲမွာ ေတြ႕ခဲ႕တယ္ မဟုတ္လား ။ ငါ့ပန္းၿခံက ဆယ္ႏွစ္ၾကာေအာင္ ၿပဳစု ပ်ိဳးေထာင္ထားရတာ ။ မင္း ဘယ္လိုထင္လဲ ။ ငါ့ စာၾကည့္တိုက္ထဲက အနုပညာေတြေကာ ၾကိဳက္ရဲ႕လား ’ စသည္ၿဖင့္ ေမးလိုက္တယ္ ။

ရွက္သြားတဲ႕ ကုန္သည္သားက သူ  ဘာကိုမွ သတိမထားမိခဲ့ေၾကာင္း ၿပန္ေၿဖတယ္ ။ သူ႕ကို ေပးလိုက္တဲ႕ ဇြန္းထဲက ဆီ ဖိတ္က်မွာ စိုးတာနဲ႕ သူ ဘာကိုမွ ေသေသၿခာၿခာ မၾကည့္ၿဖစ္ခဲ႕ေၾကာင္း ရွင္းၿပတယ္ ။

အဲ့ဒီ့ေတာ့ ပညာရွိၾကီးက ‘ ဒါဆို မင္းၿပန္သြားၿပီး ငါ့ရဲ႕အိမ္ကို ေလ့လာစမ္းပါအုန္း ။ မင္း လူတစ္ေယာက္ရဲ႕အိမ္ကို မသိရင္ အဲ႕ဒီလူကို ဘယ္လိုမွ မယုံၾကည္သင့္ဘူး ’ လို႕ေၿပာလိုက္တယ္ ။

နည္းနည္း စိတ္ခ်မ္းသာသြားတဲ႕ လူငယ္က သူ႕ ဆီဇြန္းကို ေကာက္ကိုင္ၿပီး အိမ္ကို ၿပန္ပတ္ၾကည့္ၿပန္တယ္ ။ ဒီတစ္ခါေတာ့ နံရံေပၚက အနုပညာ ပစၥည္းေတြေကာ မ်က္နာခ်ပ္ေပၚက အလွအပ ေတြကိုေရာ သတိထား ၾကည့္ၿဖစ္တယ္ ။ သူ ပန္းၿခံကိုလည္း ၿမင္တယ္ ။ ပတ္လည္က ေတာင္တန္းေတြကိုလည္း ၾကည့္ခဲ႕တယ္ ။ ပန္းေတြပြင့္တာ လွလို႕လည္း ၾကည္နူးမိတယ္ ။ အိမ္ပိုင္ရွင္က ဂရုတစုိက္ ေရြးခ်ယ္ထားတဲ႕ ပစၥည္းေတြကို ၾကည့္ၿခင္းအားၿဖင့္ ဒီ အိမ္ပိုင္ရွင္ ဘာကို ႏွစ္သက္တယ္ ဘာကို သေဘာက်တယ္ဆိုတာကို ခန္႕မွန္းလိုက္နိုင္တယ္ ။ သူ ပညာရွိၾကီးကို ၿပန္ေတြ႕တဲ႕အခါေတာ့ သူ႔ အၿမင္ အေတြးေတြကို ၿပန္ေၿပာၿပၿဖစ္တယ္ ။

“ ဒါဆို မင္းကို ငါေပးလိုက္တဲ႕ ဇြန္းထဲက ဆီေတြေရာ ” လို႕ ပညာရွိၾကီးက ေမးလိုက္တယ္ ။

သူ ဇြန္းထဲကို ငံု႕ၾကည့္လိုက္ေတာ့ ဆီ တစ္စက္မွ မရွိေတာ့ဘူး ။ အဲ့ဒီေတာ့ ပညာရွိၾကီးက ေၿပာတယ္ . . .

“ မင္းကို အၾကံတစ္ခုေတာ့ ငါ ေပးလိုက္မယ္ ။ ေပ်ာ္ရႊင္ၿခင္းရဲ႕ လွ်ိဳ႕၀ွက္ခ်က္ အနက္အဓိပၸါယ္ဟာ ဒီကမၻာၾကီးရဲ႕ လွပမႈအေပါင္းကို ခံစားမိနိုင္ၿပီး တစ္ခ်ိန္ထဲမွာပဲ ဇြန္းထဲက ဆီကို မေမ့မေလ်ာ့ အာရံုစိုက္ထားနိုင္ၿခင္းပဲ ” တဲ႕ ။

#htoohtoolay





unicode -

ပျော်ရွှင်းခြင်းရဲ့ လျှို့ဝှက်ချက် ဆိုတာ !
---------

ရှေးတုန်းက ကုန်စုံဆိုင်ပိုင်ရှင်တစ်ယောက်က သူ့သားကို ကမ္ဘာပေါ်မှာ ပညာအရှိဆုံး ပုဂ္ဂိုလ်ကြီးဆီ စေလွှတ်ပြီး ပျော်ရွှင်ခြင်းရဲ့ အနက်အဓိပ္ပါယ်ကို လေ့လာသင်ယူခိုင်းလိုက်တယ် ။ သားဖြစ်တဲ့သူက သဲကန္တာရကို ရက် လေးဆယ်ကြာ ဖြတ်ကျော်လာတဲ့အခါမှာ အလွန်လှပတဲ့ ရဲတိုက်တစ်ခုဆီ ရောက်လာခဲ့တယ် ။ အဲ့ဒီ့ရဲတိုက်ဟာ ပညာရှိနေတဲ့ ရဲတိုက်ကြီးပေါ့ . . .

အဲ့ရောက်တော့ လူငယ်က သူထင်ထားသလို တိတ်ဆိတ်ငြိမ်သတ်နေတာမျိုးမဟုတ်တဲ့အတွက် အထဲက အရာတွေကို ကြည့်ရှုလိုက်ပါတယ် ။ ရဲတိုက်ထဲမှာ လူတွေက အလုပ်တွေ ရှုပ်နေတာ တွေ့ရတယ် ။ ကုန်သည်တွေက ဝင်လိုက် ထွက်လိုက် ။ တချို့လူတွေက အခန်းထောင့်လို နေရာမှာ စုစုပြီး စကားတွေ ပြောနေလိုက် ၊ တီးဝိုင်းအသေးလေးတစ်ခုကလည်း ဆိုနေ တီးနေ လိုက်နဲ့ပေါ့ ။

စားပွဲတစ်ခုပေါ်မှာတော့ အဲ့ဒီ့ဒေသရဲ့ အကောင်းဆုံး လက်ရာ စားစရာ ဟင်းခွက်မျိုးစုံနဲ့ ပညာရှိကြီးက လူတွေနဲ့ တစ်ယောက်ပြီး တစ်ယောက် စကားပြောနေလိုက်တာ ကုန်စုံဆိုင်ပိုင်ရှင်သားက သူနဲ့ စကားပြောဖို့ နှစ်နာရီလောက် စောင့်လိုက်ရတယ် ။

အဲ့ဒီနောက် လူငယ်က သူ့ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို ပြောပြတဲ့အခါ ပညာရှိကြီးက သေသေခြာခြာ နားထောင်တယ် ။ ဒါပေမယ့် . . .  ပျော်ရွှင်ခြင်းဆိုတာရဲ့ လျှို့ဝှက်ချက်လောက်ကလေးကို ပြောပြဖို့တောင် အချိန်မပေးနိုင်ဘူးလို့ ပြောလိုက်တယ် ။

အဲ့ဒီအခါ ပညာရှိက -

‘ ရဲတိုက်ထဲမှာ နှစ်နာရီလောက် လျှောက်ကြည့်ပါလား ။ ပြီးတော့ ဒီပြန်လာခဲ့လေ ။
မင်းလျှောက်ကြည့်နေရင်းနဲ့ ဒီလက်ဖက်ရည်ဇွန်းလေးထဲက ဆီကို ဖိတ်မကျအောင် ကိုင်ပြီး သယ်သွားပေးပါ ’ လို့ ပြောပြီး ဆီ နှစ်စက်လောက်ပါတဲ့ ဇွန်းလေးတစ်ချောင်းကို ပေးလိုက်တယ် ။

ကုန်သည်သားက ရဲတိုက်ထဲမှာ တက်လိုက်ဆင်းလိုက်နဲ့တော့ သွားနေပါရဲ့ ။ ဒါပေမယ့် သူ့မျက်လုံးတွေကတော့ ဆီဇွန်းကနေ မခွါရဲဘူး ။ နှစ်နာရီလောက်ကြာတော့ ပညာရှိကြီးနဲ့ တွေ့တဲ့နေရာကို ပြန်သွားခဲ့တယ် ။

‘ ဘယ်လိုလဲ ကောင်လေး ။ ပါရှားပြည်ကလာတဲ့ အလှအပ ပစ္စည်းတွေ ၊ ထမင်းစားခန်းထဲမှာ တွေ့ခဲ့တယ် မဟုတ်လား ။ ငါ့ပန်းခြံက ဆယ်နှစ်ကြာအောင် ပြုစု ပျိုးထောင်ထားရတာ ။ မင်း ဘယ်လိုထင်လဲ ။ ငါ့ စာကြည့်တိုက်ထဲက အနုပညာတွေကော ကြိုက်ရဲ့လား ’ စသည်ဖြင့် မေးလိုက်တယ် ။

ရှက်သွားတဲ့ ကုန်သည်သားက သူ  ဘာကိုမှ သတိမထားမိခဲ့ကြောင်း ပြန်ဖြေတယ် ။ သူ့ကို ပေးလိုက်တဲ့ ဇွန်းထဲက ဆီ ဖိတ်ကျမှာ စိုးတာနဲ့ သူ ဘာကိုမှ သေသေခြာခြာ မကြည့်ဖြစ်ခဲ့ကြောင်း ရှင်းပြတယ် ။

အဲ့ဒီ့တော့ ပညာရှိကြီးက ‘ ဒါဆို မင်းပြန်သွားပြီး ငါ့ရဲ့အိမ်ကို လေ့လာစမ်းပါအုန်း ။ မင်း လူတစ်ယောက်ရဲ့အိမ်ကို မသိရင် အဲ့ဒီလူကို ဘယ်လိုမှ မယုံကြည်သင့်ဘူး ’ လို့ပြောလိုက်တယ် ။

နည်းနည်း စိတ်ချမ်းသာသွားတဲ့ လူငယ်က သူ့ ဆီဇွန်းကို ကောက်ကိုင်ပြီး အိမ်ကို ပြန်ပတ်ကြည့်ပြန်တယ် ။ ဒီတစ်ခါတော့ နံရံပေါ်က အနုပညာ ပစ္စည်းတွေကော မျက်နာချပ်ပေါ်က အလှအပ တွေကိုရော သတိထား ကြည့်ဖြစ်တယ် ။ သူ ပန်းခြံကိုလည်း မြင်တယ် ။ ပတ်လည်က တောင်တန်းတွေကိုလည်း ကြည့်ခဲ့တယ် ။ ပန်းတွေပွင့်တာ လှလို့လည်း ကြည်နူးမိတယ် ။ အိမ်ပိုင်ရှင်က ဂရုတစိုက် ရွေးချယ်ထားတဲ့ ပစ္စည်းတွေကို ကြည့်ခြင်းအားဖြင့် ဒီ အိမ်ပိုင်ရှင် ဘာကို နှစ်သက်တယ် ဘာကို သဘောကျတယ်ဆိုတာကို ခန့်မှန်းလိုက်နိုင်တယ် ။ သူ ပညာရှိကြီးကို ပြန်တွေ့တဲ့အခါတော့ သူ့ အမြင် အတွေးတွေကို ပြန်ပြောပြဖြစ်တယ် ။

“ ဒါဆို မင်းကို ငါပေးလိုက်တဲ့ ဇွန်းထဲက ဆီတွေရော ” လို့ ပညာရှိကြီးက မေးလိုက်တယ် ။

သူ ဇွန်းထဲကို ငုံ့ကြည့်လိုက်တော့ ဆီ တစ်စက်မှ မရှိတော့ဘူး ။ အဲ့ဒီတော့ ပညာရှိကြီးက ပြောတယ် . . .

“ မင်းကို အကြံတစ်ခုတော့ ငါ ပေးလိုက်မယ် ။ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက် အနက်အဓိပ္ပါယ်ဟာ ဒီကမ္ဘာကြီးရဲ့ လှပမှုအပေါင်းကို ခံစားမိနိုင်ပြီး တစ်ချိန်ထဲမှာပဲ ဇွန်းထဲက ဆီကို မမေ့မလျော့ အာရုံစိုက်ထားနိုင်ခြင်းပဲ ” တဲ့ ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...