zawgyi -
ေရွ႕ျဖစ္ေဟာ စတမ္း !
-----
လူေတြက ငါ့ကို ေမးႀက ျမန္းႀက လုပ္ႀကတဲ႕အခါ တကယ္တမ္းက ငါ သူတို႕ရဲ႕ အနာဂတ္ကို အတိအက် ဖတ္ျပေနတာ မဟုတ္ဘူး ။ သူတို႕ေရွ႕မွာ ႀကံဳနိုင္တဲ႕ အျဖစ္အပ်က္ေတြကို ေတြးႀကည့္ျပီး ေျပာျပတာ ။
ဘာလို႕လဲဆိုေတာ့ အနာဂတ္ဆိုတာ အနာဂတ္နဲ႕ပဲ ဆိုင္တယ္ ။ အရမ္း ထူးျခားဆန္းႀကယ္တဲ႕ အခ်ိန္တစ္ခ်ိန္မွာ အနာဂတ္မွာ ဘာျဖစ္မယ္ဆိုတာကို ပစၥဳပၸန္က ေျပာျပေနတယ္ ။
တစ္ခု ေမးစရာရွိတာက ငါ လူေတြရဲ႕ ေရွ႕ေရးကို ဘယ္လို ဘယ္ပံု ဘယ္လိုနည္းနဲ႕ ေတြးႀကည့္သလဲ ဆိုတာပဲ ။
အေျဖကို ေျပာရရင္ေတာ့ အခုလက္ရွိမွာ ရွိေနတဲ႕ အတိတ္နိမိတ္ေတြကိုႀကည့္ျပီး ခန္႕မွန္းခ်က္ ေပးတာပါပဲ ။ အနာဂတ္ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို ေဖၚျပနိုင္တဲ႕ အခ်က္အလက္ , အေထာက္အထားေတြဟာ အခုေလာေလာဆယ္ ပစၥဳပၸန္ကာလမွာ ရွိေနတယ္ ။ ပစၥဳပၸန္ကိုသာ အခ်ိန္ေပး ေလ့လာေနရင္ အနာဂတ္ေကာင္းေအာင္ ဘယ္လို လုပ္ရမယ္ဆိုတာကို သိနိုင္တယ္ ။
ပစၥဳပၸန္မွာ မေကာင္းတာေတြကို ေကာင္းေအာင္ ျပဳျပင္နိုင္မယ္ဆိုရင္ အနာဂတ္ကလည္း ေကာင္းလာမွာပဲ ။
အဲ႕ဒါေႀကာင့္ . . . အမွန္ေတာ့ အနာဂတ္ကို ေမ့ထားျပီး ပစၥဳပၸန္မွာ ပညာရွိစကားအတိုင္း ဘဝကို ေကာင္းေကာင္းမြန္မြန္ ျဖတ္ေက်ာ္သင့္တယ္ ။
တကယ္ေတာ့ . . . ပစၥဳပၸန္ျဖစ္တဲ႕ ဒီေန႕မွာ ေကာင္းေကာင္း ေနထိုင္ျခင္းဟာ အဆံုးမရွိတဲ႕ အနာဂတ္ကို ေကာင္းေကာင္း လုပ္တာနဲ႕ အတူတူပဲ ။
( Paulo Coelho ) - THE ALCHEMIST စာ - ၁၂၇
#htoohtoolay
unicode -
ရှေ့ဖြစ်ဟော စတမ်း !
-----
လူတွေက ငါ့ကို မေးကြ မြန်းကြ လုပ်ကြတဲ့အခါ တကယ်တမ်းက ငါ သူတို့ရဲ့ အနာဂတ်ကို အတိအကျ ဖတ်ပြနေတာ မဟုတ်ဘူး ။ သူတို့ရှေ့မှာ ကြုံနိုင်တဲ့ အဖြစ်အပျက်တွေကို တွေးကြည့်ပြီး ပြောပြတာ ။
ဘာလို့လဲဆိုတော့ အနာဂတ်ဆိုတာ အနာဂတ်နဲ့ပဲ ဆိုင်တယ် ။ အရမ်း ထူးခြားဆန်းကြယ်တဲ့ အချိန်တစ်ချိန်မှာ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာကို ပစ္စုပ္ပန်က ပြောပြနေတယ် ။
တစ်ခု မေးစရာရှိတာက ငါ လူတွေရဲ့ ရှေ့ရေးကို ဘယ်လို ဘယ်ပုံ ဘယ်လိုနည်းနဲ့ တွေးကြည့်သလဲ ဆိုတာပဲ ။
အဖြေကို ပြောရရင်တော့ အခုလက်ရှိမှာ ရှိနေတဲ့ အတိတ်နိမိတ်တွေကိုကြည့်ပြီး ခန့်မှန်းချက် ပေးတာပါပဲ ။ အနာဂတ်ရဲ့ လျှို့ဝှက်ချက်ကို ဖေါ်ပြနိုင်တဲ့ အချက်အလက် , အထောက်အထားတွေဟာ အခုလောလောဆယ် ပစ္စုပ္ပန်ကာလမှာ ရှိနေတယ် ။ ပစ္စုပ္ပန်ကိုသာ အချိန်ပေး လေ့လာနေရင် အနာဂတ်ကောင်းအောင် ဘယ်လို လုပ်ရမယ်ဆိုတာကို သိနိုင်တယ် ။
ပစ္စုပ္ပန်မှာ မကောင်းတာတွေကို ကောင်းအောင် ပြုပြင်နိုင်မယ်ဆိုရင် အနာဂတ်ကလည်း ကောင်းလာမှာပဲ ။
အဲ့ဒါကြောင့် . . . အမှန်တော့ အနာဂတ်ကို မေ့ထားပြီး ပစ္စုပ္ပန်မှာ ပညာရှိစကားအတိုင်း ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်ကျော်သင့်တယ် ။
တကယ်တော့ . . . ပစ္စုပ္ပန်ဖြစ်တဲ့ ဒီနေ့မှာ ကောင်းကောင်း နေထိုင်ခြင်းဟာ အဆုံးမရှိတဲ့ အနာဂတ်ကို ကောင်းကောင်း လုပ်တာနဲ့ အတူတူပဲ ။
( Paulo Coelho ) - THE ALCHEMIST စာ - ၁၂၇
#htoohtoolay
မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...
Comments
Post a Comment