zawgyi -
ပံုေသနည္း
-----
သူအိပ့္ရာကနိုးေတာ့ မနက္ ေၿခာက္နာရီ ရွိေနၿပီ ။ စာပြဲတင္နာရီကိုၾကည့္ေတာ့ ေၿခာက္နာရီထိုးၿပီး ငါးမိနစ္ ။ ဒါကသူ႕ရဲ႕ ေဖၚၿမဴလာ ။ သူ႕အိမ္မွာရွိတဲ႕ နာရီအားလံုးဟာ စံေတာ္ခ်ိန္ထက္ ငါးမိနစ္ၿမန္ေနၾကတာခ်ည္းပင္ ။ အဲ႕ဒီ႕ေနာက္ သူမ်က္ႏွာသစ္တယ္ ။ ေကာ္ဖီပူပူေလးတစ္ခြက္ကို သူေဖ်ာ္တယ္ ။ လက္ပတ္နာရီကိုယူၿပီး ဒီေန႕ဘယ္ႏွစ္ရက္လဲဆိုတာ သူၾကည့္ေတာ့ သံုးဆယ္ဆိုတဲ႕ဂဏန္းကို သူေတြ႕ရတယ္ ။ ဒီလက ေမလပဲလို႕သူေတြးရင္း အလုပ္အိတ္ကို ယူလိုက္ပါတယ္ ။ ေကာ္ဖီပူပူေလးကို သူေသာက္ခ်လိုက္တဲ႕အခါ လည္ေခ်ာင္းထဲမွာေႏြးၿပီးဆင္းသြားတယ္ ။ အဲ႕ဒီ႕ေနာက္ ေကာ္ဖီခြက္ကို ဒီအတိုင္းထားခဲ႕ၿပီး ဒါးမိန္းခ် ၊ အိမ္တံခါးပိတ္ကာ ကားဂိတ္ကို ထြက္လာခဲ႕ေတာ့တယ္ ။ ဒီေန႕က ေမလရဲ႕ သံုးဆယ္ရက္ေန႕ေၿမာက္ ၊ မနက္ၿဖန္ဆိုလကုန္ၿပီ ။ ဒါ သူ႕ရဲ႕ တစ္လစာ ပန္းတိုင္ပဲ . . .
အဲ႕ဒီ႕ေန႕ေရာက္ရင္ သူ႕လက္ထဲကို ေငြေတြ၀င္လာေတာ့မယ္ ။ သူလုပ္ခ်င္တာ ၊ သူစားခ်င္တာ ၊ သူသြားခ်င္တာနဲ႕ သူ၀ယ္ခ်င္တာေတြကို ၿဖည့္ဆည္းနိုင္ခြင့္ရၿပီမဟုတ္လား ။ သို႕ေသာ္ အခုေတာ့ သူ႕လက္ထဲမွာ ေငြေလး တစ္ေထာင့္ရွစ္ရာသာ က်န္ေတာ့တယ္ ။ ရွစ္ရာက ဒီေန႕နဲ႕ မနက္ၿဖန္ ဘက္စ္ကားခ ၊ ၁၀၀၀ က ထမင္းဖိုး ။ ႏွစ္ရက္ေပါင္းမွ တစ္ေထာင္ဆိုေတာ့ ေတာ္ေတာ္နည္းတာေပါ့ ။ ေတာက္ . . . ဆိုၿပီး သူ ေတာက္ေခါက္လိုက္တယ္ ။ အဲ႕ဒီ႕အခ်ိန္မွာ ဘက္စ္ကားလာတာနဲ႕ သူ တက္လိုက္သြားပါေတာ့တယ္ ။
ကံေကာင္းခ်င္ေတာ့ သူ႕အတြက္ ထိုင္ခံုတစ္ခုကလြတ္ေနတယ္ ။ ျပဴတင္းေပါက္ဘက္ၿဖစ္ေနေတာ့ စိတ္ကူးယဥ္လို႕ အေကာင္းဆံုးေနရာတစ္ခုပဲလို႕ သူေတြးမိတယ္ ။ သူ အဲ႕ဒီ႕ေနရာကို ၀င္ထိုင္လိုက္တယ္ ။ ဘက္စ္ကားက လ်င္လ်င္ၿမန္ၿမန္ၾကီးလမ္းေပၚမွာ ေမာင္းႏွင္ေနပါၿပီ ။
သူ႕အတြက္ ဒါေတြဟာ ပံုေသနည္းလို ၿဖစ္ေနပါတယ္ ။ ဒီေန႕ေတြ႕ရတဲ႕ ၿမင္ကြင္းမ်ိဳးဟာ မေန႕ကေတြ႕ခဲ႕တဲ႕ ၿမင္ကြင္းမ်ိဳးပဲ ။ ဒီေန႕လုပ္ရမယ့္အလုပ္ကလဲ မေန႕ကလုပ္ခဲ႕တဲ႕ အလုပ္မ်ိဳးပဲ ။ ဒီဘက္စ္ကားေပၚက လူေတြရဲ႕မ်က္ႏွာေတြဟာ သူ႕အတြက္ သူစိမ္းသက္သက္မဟုတ္ေတာ႕သလို ခံစားေနရတယ္ ။ သူ အဲ႕ဒီလိုခံစားေနရတာ ဒီတစ္ရက္ထဲလည္းမဟုတ္ ၊ မေန႕ကလည္း သူ ဒီလိုခံစားခဲ႕တယ္ဆိုတာ သူသိတယ္ ။ အဲ႕ဒီ႕အခ်ိန္မွာ ဘက္စ္ကားက ရုတ္တရပ္ ဘရိတ္နင္းလိုက္ေတာ့ “ အမေလး . . . ” ဆိုၿပီး လူေတြအားလံုး အေရွ႕ကို ယိမ္းယႈိင္သြားၾကပါတယ္ ။ ေနာက္ေတာ့ ဘက္စ္ကား ဒရိုက္ဘာက အၿပင္ကို လွမ္းေအာ္ေၿပာေနသံ သူၾကားရတယ္ ။ “ ေသခ်င္လို႕လား . . . မင္း ကားမေမာင္းတက္ဘူးလား . . . ” တဲ႕ ။
သူက ပ်က္သြားတဲ႕အေတြးဆကို ၿပန္ၿပီးေကာက္ယူတယ္ ။ သူမ်က္ႏွာမူထားတဲ႕ ေနရာက လက္ဖက္ရည္ဆိုင္တစ္ခု ။ သူၿမင္ေနရတာက ဆိုင္ထဲမွာ လူေတြ ၿပည့္ေနပါတယ္ ။ စားပြဲထိုးက ခေလးေတြၿဖစ္ေနၿပီး တစ္ခါတစ္ေလ ဆိုင္တံဆိပ္နဲ႕ အိကၤ်ီအစိမ္းေလးေတြ ၀တ္ထားၾကတာ သူေတြ႕ေနရတယ္ ။ ဒါေတြဟာ အထူးအဆန္းေတြေတာ့မဟုတ္ပါ ။ ဒါေပမယ့္ သူ႕အတြက္ စိတ္မေကာင္းစရာၿမင္ကြင္းက တစ္ခါတစ္ေလ တိုက္ဆိုင္လာတက္တာေတာ့ ရွိေနတယ္ ။ အဲ႕ဒါက လက္ဖက္ရည္ဆိုင္ကို ေစ်းလာ၀ယ္တဲ့ ေစ်း၀ယ္ေတြဟာ ေက်ာင္း၀တ္စံုေလးေတြ ၀တ္ထားၿပီး သူ႕အရြယ္ စားပြဲထိုးေလးက မုန္႕လာေပးတဲ႕ အေၿခအေနမ်ိဳးပဲ ။ အဲ႕ဒီ႕အခါ သူအၿမဲေတြးတက္တာက ရြယ္တူကေလးႏွစ္ေယာက္မွာ တစ္ေယာက္က ေက်ာင္းတက္ေနရၿပီး တစ္ေယာက္က ရႈန္းကန္ေနရတယ္တဲ႕ ။ အဲ႕ဒီ႕ၿမင္ကြင္းဟာ သူ႕အတြက္ သက္ၿပင္းခ်ဖို႕ အၿမဲတမ္း လႈံ႕ေဆာ္ေနခဲ႕ပါတယ္ ။
သူ႕စိတ္ေတြဟာ ေမ်ာက္တစ္ေကာင္နဲ႕တူေနၿပီး ဟိုဘက္ကို ခုန္ကူးလိုက္ ၊ ဒီဘက္ကို ခုန္ကူးလိုက္နဲ႕ ၿဖစ္ေနတာလည္း သူ သတိထားမိၿပန္တယ္ ။ အခုေတာ့ ဘက္စ္ကားက လမ္းအေပၚမွာ ေမာင္းႏွင္ေနၿပီ ။ ၿမင္ကြင္းေတြဟာ ခုနကလို ၿငိမ္သပ္မေနေတာ့ပဲ အားလံုးဟာ လႈပ္လႈပ္ရွားရွားနဲ႕ အေနာက္ကို က်န္က်န္ေနခဲ႕တယ္ ။ အဲ႕ဒီ႕အခ်ိန္ သူ႕ရဲ႕ေဘးက အသံတစ္ခု ထြက္ေပၚလာတာကို သူ ၾကားလိုက္ပါတယ္ ။ “ ဒီ YBS air–con ေတြက လူေတြကို သတ္ေနတာပဲ ” တဲ႕ ။
ဒီၿငီးသံကို သူနားလည္တယ္ ။ ရာသီဥတုက မိုးဖြဲဖြဲက်ေနၿပီး ေတာ္ေတာ္ေလးကို ေအးစက္မႈဒဏ္ေတြ ၿပင္းထန္ေနတဲ႕အခ်ိန္မွာ air-con ကို ဂိတ္ဆံုးတင္ဖြင့္ထားရင္ အဲ႕ထဲကလူေတြ ဘယ္လိုေနမလဲ . . . ။ ဒါေၾကာင့္ သူနားလည္တယ္ ။ သူနားလည္သလို ဒီကားေပၚကလူေတြလဲ အားလံုးနားလည္ၾကတယ္ ။ နားမလည္တာက ဒရိုက္ဘာပဲ ။ ဒါေပမယ့္ သူဘာမွမတက္နိုင္ ၊ ဘယ္သူမွလည္း ဘာမွမေၿပာေတာ့ သူလည္း မွန္ရဲ႕ အၿပင္ဘက္ၿခမ္းကအရာေတြကို ေငးေမာေနၿပန္လိုက္တယ္ ။
သူၿမင္ေနရတဲ႕အရာေတြက ၊ ၿမင္ေနက်ပံုစံအတိုင္း ၊ ေတြ႕ၿမင္ေနရတာၾကာေတာ့ သူ႕အၿမင္အာရံုေတြကို သူ ၿငီးေငြ႔လာၿပန္ေတာ့တယ္ ။ ေတြ႕ကရာ ဆိုင္းဘုတ္ေတြကိုလည္း ဦးတည္ခ်က္မရွိပဲ လိုက္ဖတ္တယ္ ။ ေအာင္ မိတၲဴကူးဆိုင္ ၊ သမီးေလး ကုန္စံုဆိုင္ ၊ မႏၲေလးဖိနပ္ ၊ ေနာက္ေတာ့ ၾကိဳက္တာယူ ၅၀၀၀ ဆိုၿပီး ဆိုင္းဘုတ္ၾကီးေတြ တင္ထားတာကိုလည္း သူေတြ႕တယ္ ။ တစ္ခါတစ္ေလ တစ္ခ်ိဳ႕ဆိုင္ေတြဟာ ဟိုးအရင္ကတည္းက ပံုစံအတိုင္း ရွိေနၾကေပမယ့္ တစ္ခါတစ္ေလ တစ္ခ်ိဳ႕ဆိုင္းဘုတ္ေတြကေတာ့ အမ်ိဳးမ်ိဳး ေၿပာင္းလဲေနပါတယ္ ။
လြန္ခဲ႕တဲ႕ တစ္ႏွစ္က Electronic Showroom ၾကီးၿဖစ္ခဲ႕ေပမယ့္ အခုေတာ့ ဆံပင္ညွပ္ဆိုင္ၿဖစ္ေနတယ္ ။ အရင္က ၾကီးမားတဲ႕ ကားကုမၸဏီၾကီး ၿဖစ္ခဲ႕ေပမယ့္လည္း အခုေတာ့ အဲ႕ဒီ႕ေနရာမွာ စားေသာက္ဆိုင္ၾကီး ၿဖစ္ေနၿပန္ေကာ ။ အဲ႕ဒီလိုေတြ ေတြ႕ရၿပန္ေတာ့ သူ႕ကိုယ္သူ နည္းနည္းသက္သာရာ ရသြားတဲ႕ ခံစားခ်က္မ်ိဳး ၿဖာထြက္လာၿပန္တယ္ ။ “ ငါ့ဘ၀ၾကီးနဲ႕ ငါ့အလုပ္ေတြဟာ အခုခ်ိန္ထိ အရံႈးအၿမတ္ေပၚမွာ မွီခိုမေနပါလား . . . ”
ခဏအၾကာေတာ့ သူ႕ေဘးမွာထိုင္ေနတဲ႕ အမ်ိဳးသမီးၾကီးက ဆင္းသြားတယ္ ။ အဲ႕ဒီ႕ေနရာကို အေရွ႕ကလူက ၀င္ထိုင္တယ္ ။ ဒီတစ္ခါထိုင္တာက ေယာက်္ားေလး ။ သူနဲ႕အသက္အရြယ္က မတိမ္းမယႈိင္းလို႕ ထင္ရေပမယ့္ ထိုသူက အေတာ္ေလးကို ရုပ္ရင့္ေနတာ သူသတိထားမိၿပန္ေကာ ။ အဲ႕ဒီ႕လူရဲ႕ လက္ေတြက ၾကမ္းတမ္းေနတယ္ ။ အသားအေရက မြဲေၿခာက္ေၿခာက္ ။ ေနာက္ၿပီး ေက်ာပိုးအိတ္အမဲေရာင္ကို ေရွ႕မွာခ်ၿပီး ႏွစ္ဆင့္ထမင္းခ်ိဳင့္ကို အဲ႕အေပၚမွာ တင္ထားတယ္ ။ ဆံပင္ေတြက ခပ္ဖြဖြ ၊ အဲ႕အေပၚမွာ နီေၾကာင္ေၾကာင္အေရာင္ေတြ သန္းေနတာကို သူေတြ႕တယ္ ။ ထိုအခါ သူ ထပ္ၿပီး အကဲခက္စရာမလိုေတာ့ေၾကာင္း သူရိပ့္မိၿပီး “ ေဆာက္လုပ္ေရးသမားေတြလဲ ထင္သေလာက္ မလြယ္ပါဘူး ” လို႕ သူေတြးလိုက္ပါေတာ့တယ္ ။
အဲ႕ဒီ႕လူရဲ႕ေဘးမွာ မတ္တပ္ရပ္ေနတာက ခပ္ငယ္ငယ္ ေကာင္မေလးတစ္ေယာက္ ။ ငယ္လည္းငယ္သလို ေခ်ာလည္း ေခ်ာတယ္ ။ အသားအေရလဲ ၀င္းပေနတယ္ ။ ဆံပင္က နီညိဳေရာင္စိုးထားၿပီး ေၿဖာင့္စင္းေနေတာ့ အေတာ္ေလးကို ၾကည့္လို႕ေကာင္းပါတယ္ ။ သူက သူ႕အေရွ႕မွာ ထိုင္ေနတဲ႕ ေဆာက္လုပ္ေရး လုပ္သားအနား ကပ္ေနရတာ မႏွစ္သက္သလို ၿဖစ္ေနတယ္ ။ ေနာက္ေတာ့ သူ႕လက္ထဲကဖုန္းကို ငုတ္ၾကည့္ေနေတာ့တယ္ ။ အဲ႕ဒီ႕အခါ သူစဥ္းစားမိၿပန္ေကာ ။ သူ႕ၿမင္ကြင္းမွာ ပံုေသနည္းလိုၿဖစ္ေနတဲ႕ ႏွစ္လိုဖြယ္နဲ႕ မႏွစ္လိုဖြယ္ ဒြန္တြဲေနၿပန္တာ သူေတြ႕ရၿပန္တယ္ ။ အဲ႕ဒီ႕ေနာက္ ဒီႏွစ္ေယာက္ဘက္မွာေရာက္ေနတဲ႕ သူ႕အာရံုေတြကို ရုတ္သိမ္းလိုက္ၿပီး လမ္းမဘက္ေပၚ ၿပန္တင္လိုက္ေတာ့တယ္ ။ ထိုအခ်ိန္ ဘက္စ္ကားက လူတင္လူခ် လုပ္ေနတယ္ ။ ဒရိုက္ဘာက “ အိကၤ်ီအနီနဲ႕တစ္ေယာက္ ပံုးထဲကို ပိုက္ဆံထည့္သြားအုန္း . . . ” လို႕ လွမ္းေအာ္ေနပါတယ္ ။
ဒုတ္ဆိုၿပီး အသံတစ္ခုၾကားလိုက္ကာ ဘက္စ္ကားၾကီး လႈပ္ရွားအသက္၀င္သြားၿပန္တယ္ ။ ဂီယာ ထိုးလိုက္တဲ႕အသံ ၿဖစ္မယ္လို႕ သူေတြးတယ္ ။ ကားေခါင္မိုးမ်က္ႏွာၾကပ္ေတြမွာရွိတဲ႕ စပီကာေတြကေန ေရဒီယိုေရလႈိင္းတစ္ခု ထုတ္လႊင့္ေနၿပီး ၊ သီခ်င္းသံေတြ ထြက္ေနတယ္ ။ ကားေပၚကလူေတြကေတာ့ အေတြးကိုယ္စီနဲ႕ ၿငိမ္သက္ေနၾကပါတယ္ ။
သူဟာ မ်က္လံုးကို အသာအယာမွိတ္ေနလိုက္ၿပီး သီခ်င္းအသံထဲမွာ စီးေမ်ာေနလိုက္တယ္ ။ ေရဒီယိုကေန ထုတ္လႊင့္ေနတာက လႊမ္းမိုးရဲ႕ အေဖဆိုတဲ႕သီခ်င္း ။ သူ႕အေတြးထဲမွာေတာ့ သံငါသည္ေတြ ေနထိုင္လႈပ္ရွားတဲ႕ ပင္လယ္ကမ္းစပ္ကို ေရာက္ေနတယ္ ။ မုန္တိုင္းေတြ ၿငိမ္သပ္သြားတဲ႕အခါ ပင္လယ္ထဲကေန သူ႔အေဖၿပန္အလာကို သူေစာင့္ေမွ်ာ္ေနတယ္ ။ သူ႕ရင္ထဲမွာလည္း ၀မ္းနည္းသလိုလို သူခံစားလာရပါတယ္ ။ အဲ႕ဒီ႕ခံစားခ်က္က ဒီသီခ်င္း ၿပီးဆံုးသြားတဲ႕အထိ ဆြဲငင္ေခၚေဆာင္သြားတယ္ ။ ေနာက္ေတာ့ ဆိုကို(soco) ေရပိုက္ေၾကၿငာလာတာနဲ႕ အဲ႕ဒီ႕ခံစားခ်က္ေလးလည္း ပ်က္ပယ္သြားေတာ့တယ္ ။
သူ႕လက္က နာရီကို သူငုံ႔ႀကည့္လိုက္တယ္ ။ နာရီက လက္ေဆာင္ရထားတဲ႕ Auto နာရီ ။ လက္တံေလးက အပိုင္းအၿခားမရွိပဲ အဆက္မပ်က္ လည္ပတ္ေနတယ္ ။ ဒိုင္ခြက္ထဲမွာရွိေနတဲ႕ စကၠန္႕တံ အေသးေလးေတြကလည္း လႈပ္ရွားေနတယ္ ။ ေန႕ရက္ေတြကေတာ့ ကိန္းဂဏန္းတစ္ခုကို ေဖၚၿပေနပါတယ္ ။ သူ အခုအခ်ိန္ထိ ဘယ္ႏွစ္နာရီရွိၿပီလဲဆိုတာ သူမၿမင္ပဲ နာရီအေပၚ သေဘာက်တဲ့စိတ္နဲ႕ တစ္မိနစ္ေလာက္ထိ သူစိုက္ၾကည့္ေနတယ္ ။ ေနာက္ေတာ့ ေဘးပတ္၀န္းက်င္ကို သူသတိရသြားၿပီး သူ႕ကိုယ္သူ ရွက္သလိုလိုၿဖစ္သြားကာ လက္ကို ၿပန္ခ်လိုက္တယ္ ။ ၿမင္လိုက္ရတဲ႕အခ်ိန္ေတြကေတာ့ မသဲမကြဲပါ ။ ထို႕ေနာက္ သူမသိမသာေလး နာရီအခ်ိန္ကို ၿပန္ၾကည့္လိုက္တယ္ ။ ဒီတစ္ေခါက္ေတာ့ အခ်ိန္ကို မွတ္သားတဲ႕အၾကည့္ ။ လက္တံေတြက ၈ နာရီကို ညႊန္ၿပေနပါတယ္ ။ ဒီအခ်ိန္ေရာက္ရင္ ဒီပတ္၀န္းက်င္မွာ ရွိေနမွန္းလဲ သူထက္ၿပီး သတိထားမိလိုက္ၿပန္တယ္ ။ ဒါေတြဟာ ပံုေသနည္းေတြပဲ ။
မီးပြိဳင့္ကေနေက်ာ္ေတာ့ မွတ္တိုင္တစ္ခုမွာ ကားရပ္ၿပန္တယ္ ။ လူႏွစ္ေယာက္ဆင္းသြားၿပီး ၅ ေယာက္ ၿပန္တက္လာတယ္ ။ လြယ္လြယ္ကူကူေတာ့မဟုတ္ ။ ရံုးအခ်ိန္ၿဖစ္ေနတဲ႕အတြက္ ကားက အေတာ္ေလးကို ၾကပ္သိမ္႕ေနေလၿပီ ။ မွတ္တိုင္မွာလဲ လူေတြ အမ်ားခ်ည္း ။ တစ္ခ်ိဳ႕က ယူနီေဖါင္းေတြနဲ႕ ၊ တစ္ခ်ိဳ႕က အေႏြးထည္နဲ႕ ၊ တစ္ခ်ိဳ႕ကေတာ့ ေပစုပ္စုပ္ အိကၤ်ိီ ခပ္ႏြမ္းႏြမ္းေလး ၀တ္ဆင္ထားၿပီး တစ္ခ်ိဳ႕ကေတာ့ ရင္ခြင္ပိုက္ခေလးငယ္ေတြနဲ႕ ေစ်းေရာင္းေနၾကတယ္ ။ ေနာက္တစ္မွတ္တိုင္ဆို သူ ဆင္းရၿပီ ။ ဒရိုက္ဘာက “ အေရွ႕က လူေတြ တိုးေပးၾကပါ ၊ ဒီအခ်ိန္က ရံုးခ်ိန္မို႕လို႕ ကူညီေပးၾကပါ ” တဲ႕ ။
ေနာက္ေတာ့ ဘက္စ္ကားၾကီး စတင္ထြက္ခြါၿပန္ေကာ ။ သူလည္း ကားေပၚကဆင္းဖို႕ အလ်င္အၿမန္ ၿပင္ဆင္တယ္ ။ ထိုင္ေနတာက ေနာက္ဆံုးခံုဆုိေတာ့ ေတာ္ရံုနဲ႕ တိုးလို႕မရ ။ လူႏွစ္ေယာက္ရဲ႕ ေက်ာၿပင္အေနာက္က ပြတ္သပ္ထြက္ခြါရတာဟာ ထင္သေလာက္ေတာ့ မလြယ္ပါ ။ ထိုအထဲ မိန္းကေလးေတြၿဖစ္ေနလွ်င္ ေနရထိုင္ရခက္လွ၏ ။ သူ႕ကိုလည္း ဘယ္တစ္မ်ိဳးမွ အထင္မခံနိုင္ ။ ဒါေၾကာင့္ သတိထားရၿပန္သည္ ။
သူတိုးသြားတယ္ ။ ဆင္းမည့္အေပါက္ ေရာက္ဖို႕ကို အေရွ႕မွာ လူႏွစ္ေယာက္က ခံေနတဲ႕အတြက္ သူ ထြက္လို႕မရ ။ ဆင္းမဲ႕ဘဲလ္ကိုလဲ တီးမည့္သူမေပၚ ။ အဲ႕ဒီေနာက္ သူက အတင္းတိုးလိုက္ၿပီး ဘဲလ္ကို တီးလိုက္ပါတယ္ ။ အဲ႕အခ်ိန္မွာ မွတ္တိုင္ကို ကားက ေက်ာ္စၿပဳေနၿပီ ။ ေနာက္ေတာ့ တေၿဖးေၿဖးနဲ႕ ကားအရွိန္ေလ်ာ့သြားတယ္ ။ ခဏအၾကာေတာ့ တံခါးပြင့္လာတယ္ ။ သူ အတင္းတိုးၿပီး ဆင္းေနတဲ႕အခ်ိန္ ဒရိုက္ဘာက အသံ က်ယ္က်ယ္နဲ႕ ေၿပာတယ္ ။ “ ဆင္းမဲ႕သူေတြ ဘဲလ္ကို ၾကိဳတီးၾကပါ ။ မတီးရင္ မရပ္ဘူး ” တဲ႕ ။
မွတ္တိုင္မွာ ဆင္းလာတာက သူရယ္ ၊ ေနာက္ၿပီး အိကၤ်ီအ၀ါေရာင္၀တ္ထားတဲ႕ အန္တီၾကီး တစ္ေယာက္ရယ္ ။ ကားမွတ္တိုင္မွာေတာ့ အိမ္ေၿခရာမဲ႕တစ္ဦး ပုစိုးၿခံဳၿပီး အိပ္ေနပါတယ္ . . .
#htoohtoolay
unicode -
ပုံသေနည်း
-----
သူအိပ့်ရာကနိုးတော့ မနက် ခြောက်နာရီ ရှိနေပြီ ။ စာပွဲတင်နာရီကိုကြည့်တော့ ခြောက်နာရီထိုးပြီး ငါးမိနစ် ။ ဒါကသူ့ရဲ့ ဖေါ်မြူလာ ။ သူ့အိမ်မှာရှိတဲ့ နာရီအားလုံးဟာ စံတော်ချိန်ထက် ငါးမိနစ်မြန်နေကြတာချည်းပင် ။ အဲ့ဒီ့နောက် သူမျက်နှာသစ်တယ် ။ ကော်ဖီပူပူလေးတစ်ခွက်ကို သူဖျော်တယ် ။ လက်ပတ်နာရီကိုယူပြီး ဒီနေ့ဘယ်နှစ်ရက်လဲဆိုတာ သူကြည့်တော့ သုံးဆယ်ဆိုတဲ့ဂဏန်းကို သူတွေ့ရတယ် ။ ဒီလက မေလပဲလို့သူတွေးရင်း အလုပ်အိတ်ကို ယူလိုက်ပါတယ် ။ ကော်ဖီပူပူလေးကို သူသောက်ချလိုက်တဲ့အခါ လည်ချောင်းထဲမှာနွေးပြီးဆင်းသွားတယ် ။ အဲ့ဒီ့နောက် ကော်ဖီခွက်ကို ဒီအတိုင်းထားခဲ့ပြီး ဒါးမိန်းချ ၊ အိမ်တံခါးပိတ်ကာ ကားဂိတ်ကို ထွက်လာခဲ့တော့တယ် ။ ဒီနေ့က မေလရဲ့ သုံးဆယ်ရက်နေ့မြောက် ၊ မနက်ဖြန်ဆိုလကုန်ပြီ ။ ဒါ သူ့ရဲ့ တစ်လစာ ပန်းတိုင်ပဲ . . .
အဲ့ဒီ့နေ့ရောက်ရင် သူ့လက်ထဲကို ငွေတွေဝင်လာတော့မယ် ။ သူလုပ်ချင်တာ ၊ သူစားချင်တာ ၊ သူသွားချင်တာနဲ့ သူဝယ်ချင်တာတွေကို ဖြည့်ဆည်းနိုင်ခွင့်ရပြီမဟုတ်လား ။ သို့သော် အခုတော့ သူ့လက်ထဲမှာ ငွေလေး တစ်ထောင့်ရှစ်ရာသာ ကျန်တော့တယ် ။ ရှစ်ရာက ဒီနေ့နဲ့ မနက်ဖြန် ဘက်စ်ကားခ ၊ ၁၀၀၀ က ထမင်းဖိုး ။ နှစ်ရက်ပေါင်းမှ တစ်ထောင်ဆိုတော့ တော်တော်နည်းတာပေါ့ ။ တောက် . . . ဆိုပြီး သူ တောက်ခေါက်လိုက်တယ် ။ အဲ့ဒီ့အချိန်မှာ ဘက်စ်ကားလာတာနဲ့ သူ တက်လိုက်သွားပါတော့တယ် ။
ကံကောင်းချင်တော့ သူ့အတွက် ထိုင်ခုံတစ်ခုကလွတ်နေတယ် ။ ပြူတင်းပေါက်ဘက်ဖြစ်နေတော့ စိတ်ကူးယဉ်လို့ အကောင်းဆုံးနေရာတစ်ခုပဲလို့ သူတွေးမိတယ် ။ သူ အဲ့ဒီ့နေရာကို ဝင်ထိုင်လိုက်တယ် ။ ဘက်စ်ကားက လျင်လျင်မြန်မြန်ကြီးလမ်းပေါ်မှာ မောင်းနှင်နေပါပြီ ။
သူ့အတွက် ဒါတွေဟာ ပုံသေနည်းလို ဖြစ်နေပါတယ် ။ ဒီနေ့တွေ့ရတဲ့ မြင်ကွင်းမျိုးဟာ မနေ့ကတွေ့ခဲ့တဲ့ မြင်ကွင်းမျိုးပဲ ။ ဒီနေ့လုပ်ရမယ့်အလုပ်ကလဲ မနေ့ကလုပ်ခဲ့တဲ့ အလုပ်မျိုးပဲ ။ ဒီဘက်စ်ကားပေါ်က လူတွေရဲ့မျက်နှာတွေဟာ သူ့အတွက် သူစိမ်းသက်သက်မဟုတ်တော့သလို ခံစားနေရတယ် ။ သူ အဲ့ဒီလိုခံစားနေရတာ ဒီတစ်ရက်ထဲလည်းမဟုတ် ၊ မနေ့ကလည်း သူ ဒီလိုခံစားခဲ့တယ်ဆိုတာ သူသိတယ် ။ အဲ့ဒီ့အချိန်မှာ ဘက်စ်ကားက ရုတ်တရပ် ဘရိတ်နင်းလိုက်တော့ “ အမလေး . . . ” ဆိုပြီး လူတွေအားလုံး အရှေ့ကို ယိမ်းယှိုင်သွားကြပါတယ် ။ နောက်တော့ ဘက်စ်ကား ဒရိုက်ဘာက အပြင်ကို လှမ်းအော်ပြောနေသံ သူကြားရတယ် ။ “ သေချင်လို့လား . . . မင်း ကားမမောင်းတက်ဘူးလား . . . ” တဲ့ ။
သူက ပျက်သွားတဲ့အတွေးဆကို ပြန်ပြီးကောက်ယူတယ် ။ သူမျက်နှာမူထားတဲ့ နေရာက လက်ဖက်ရည်ဆိုင်တစ်ခု ။ သူမြင်နေရတာက ဆိုင်ထဲမှာ လူတွေ ပြည့်နေပါတယ် ။ စားပွဲထိုးက ခလေးတွေဖြစ်နေပြီး တစ်ခါတစ်လေ ဆိုင်တံဆိပ်နဲ့ အိင်္ကျီအစိမ်းလေးတွေ ဝတ်ထားကြတာ သူတွေ့နေရတယ် ။ ဒါတွေဟာ အထူးအဆန်းတွေတော့မဟုတ်ပါ ။ ဒါပေမယ့် သူ့အတွက် စိတ်မကောင်းစရာမြင်ကွင်းက တစ်ခါတစ်လေ တိုက်ဆိုင်လာတက်တာတော့ ရှိနေတယ် ။ အဲ့ဒါက လက်ဖက်ရည်ဆိုင်ကို ဈေးလာဝယ်တဲ့ ဈေးဝယ်တွေဟာ ကျောင်းဝတ်စုံလေးတွေ ဝတ်ထားပြီး သူ့အရွယ် စားပွဲထိုးလေးက မုန့်လာပေးတဲ့ အခြေအနေမျိုးပဲ ။ အဲ့ဒီ့အခါ သူအမြဲတွေးတက်တာက ရွယ်တူကလေးနှစ်ယောက်မှာ တစ်ယောက်က ကျောင်းတက်နေရပြီး တစ်ယောက်က ရှုန်းကန်နေရတယ်တဲ့ ။ အဲ့ဒီ့မြင်ကွင်းဟာ သူ့အတွက် သက်ပြင်းချဖို့ အမြဲတမ်း လှုံ့ဆော်နေခဲ့ပါတယ် ။
သူ့စိတ်တွေဟာ မျောက်တစ်ကောင်နဲ့တူနေပြီး ဟိုဘက်ကို ခုန်ကူးလိုက် ၊ ဒီဘက်ကို ခုန်ကူးလိုက်နဲ့ ဖြစ်နေတာလည်း သူ သတိထားမိပြန်တယ် ။ အခုတော့ ဘက်စ်ကားက လမ်းအပေါ်မှာ မောင်းနှင်နေပြီ ။ မြင်ကွင်းတွေဟာ ခုနကလို ငြိမ်သပ်မနေတော့ပဲ အားလုံးဟာ လှုပ်လှုပ်ရှားရှားနဲ့ အနောက်ကို ကျန်ကျန်နေခဲ့တယ် ။ အဲ့ဒီ့အချိန် သူ့ရဲ့ဘေးက အသံတစ်ခု ထွက်ပေါ်လာတာကို သူ ကြားလိုက်ပါတယ် ။ “ ဒီ YBS air–con တွေက လူတွေကို သတ်နေတာပဲ ” တဲ့ ။
ဒီငြီးသံကို သူနားလည်တယ် ။ ရာသီဥတုက မိုးဖွဲဖွဲကျနေပြီး တော်တော်လေးကို အေးစက်မှုဒဏ်တွေ ပြင်းထန်နေတဲ့အချိန်မှာ air-con ကို ဂိတ်ဆုံးတင်ဖွင့်ထားရင် အဲ့ထဲကလူတွေ ဘယ်လိုနေမလဲ . . . ။ ဒါကြောင့် သူနားလည်တယ် ။ သူနားလည်သလို ဒီကားပေါ်ကလူတွေလဲ အားလုံးနားလည်ကြတယ် ။ နားမလည်တာက ဒရိုက်ဘာပဲ ။ ဒါပေမယ့် သူဘာမှမတက်နိုင် ၊ ဘယ်သူမှလည်း ဘာမှမပြောတော့ သူလည်း မှန်ရဲ့ အပြင်ဘက်ခြမ်းကအရာတွေကို ငေးမောနေပြန်လိုက်တယ် ။
သူမြင်နေရတဲ့အရာတွေက ၊ မြင်နေကျပုံစံအတိုင်း ၊ တွေ့မြင်နေရတာကြာတော့ သူ့အမြင်အာရုံတွေကို သူ ငြီးငွေ့လာပြန်တော့တယ် ။ တွေ့ကရာ ဆိုင်းဘုတ်တွေကိုလည်း ဦးတည်ချက်မရှိပဲ လိုက်ဖတ်တယ် ။ အောင် မိတ္တူကူးဆိုင် ၊ သမီးလေး ကုန်စုံဆိုင် ၊ မန္တလေးဖိနပ် ၊ နောက်တော့ ကြိုက်တာယူ ၅၀၀၀ ဆိုပြီး ဆိုင်းဘုတ်ကြီးတွေ တင်ထားတာကိုလည်း သူတွေ့တယ် ။ တစ်ခါတစ်လေ တစ်ချို့ဆိုင်တွေဟာ ဟိုးအရင်ကတည်းက ပုံစံအတိုင်း ရှိနေကြပေမယ့် တစ်ခါတစ်လေ တစ်ချို့ဆိုင်းဘုတ်တွေကတော့ အမျိုးမျိုး ပြောင်းလဲနေပါတယ် ။
လွန်ခဲ့တဲ့ တစ်နှစ်က Electronic Showroom ကြီးဖြစ်ခဲ့ပေမယ့် အခုတော့ ဆံပင်ညှပ်ဆိုင်ဖြစ်နေတယ် ။ အရင်က ကြီးမားတဲ့ ကားကုမ္ပဏီကြီး ဖြစ်ခဲ့ပေမယ့်လည်း အခုတော့ အဲ့ဒီ့နေရာမှာ စားသောက်ဆိုင်ကြီး ဖြစ်နေပြန်ကော ။ အဲ့ဒီလိုတွေ တွေ့ရပြန်တော့ သူ့ကိုယ်သူ နည်းနည်းသက်သာရာ ရသွားတဲ့ ခံစားချက်မျိုး ဖြာထွက်လာပြန်တယ် ။ “ ငါ့ဘဝကြီးနဲ့ ငါ့အလုပ်တွေဟာ အခုချိန်ထိ အရှုံးအမြတ်ပေါ်မှာ မှီခိုမနေပါလား . . . ”
ခဏအကြာတော့ သူ့ဘေးမှာထိုင်နေတဲ့ အမျိုးသမီးကြီးက ဆင်းသွားတယ် ။ အဲ့ဒီ့နေရာကို အရှေ့ကလူက ဝင်ထိုင်တယ် ။ ဒီတစ်ခါထိုင်တာက ယောကျ်ားလေး ။ သူနဲ့အသက်အရွယ်က မတိမ်းမယှိုင်းလို့ ထင်ရပေမယ့် ထိုသူက အတော်လေးကို ရုပ်ရင့်နေတာ သူသတိထားမိပြန်ကော ။ အဲ့ဒီ့လူရဲ့ လက်တွေက ကြမ်းတမ်းနေတယ် ။ အသားအရေက မွဲခြောက်ခြောက် ။ နောက်ပြီး ကျောပိုးအိတ်အမဲရောင်ကို ရှေ့မှာချပြီး နှစ်ဆင့်ထမင်းချိုင့်ကို အဲ့အပေါ်မှာ တင်ထားတယ် ။ ဆံပင်တွေက ခပ်ဖွဖွ ၊ အဲ့အပေါ်မှာ နီကြောင်ကြောင်အရောင်တွေ သန်းနေတာကို သူတွေ့တယ် ။ ထိုအခါ သူ ထပ်ပြီး အကဲခက်စရာမလိုတော့ကြောင်း သူရိပ့်မိပြီး “ ဆောက်လုပ်ရေးသမားတွေလဲ ထင်သလောက် မလွယ်ပါဘူး ” လို့ သူတွေးလိုက်ပါတော့တယ် ။
အဲ့ဒီ့လူရဲ့ဘေးမှာ မတ်တပ်ရပ်နေတာက ခပ်ငယ်ငယ် ကောင်မလေးတစ်ယောက် ။ ငယ်လည်းငယ်သလို ချောလည်း ချောတယ် ။ အသားအရေလဲ ဝင်းပနေတယ် ။ ဆံပင်က နီညိုရောင်စိုးထားပြီး ဖြောင့်စင်းနေတော့ အတော်လေးကို ကြည့်လို့ကောင်းပါတယ် ။ သူက သူ့အရှေ့မှာ ထိုင်နေတဲ့ ဆောက်လုပ်ရေး လုပ်သားအနား ကပ်နေရတာ မနှစ်သက်သလို ဖြစ်နေတယ် ။ နောက်တော့ သူ့လက်ထဲကဖုန်းကို ငုတ်ကြည့်နေတော့တယ် ။ အဲ့ဒီ့အခါ သူစဉ်းစားမိပြန်ကော ။ သူ့မြင်ကွင်းမှာ ပုံသေနည်းလိုဖြစ်နေတဲ့ နှစ်လိုဖွယ်နဲ့ မနှစ်လိုဖွယ် ဒွန်တွဲနေပြန်တာ သူတွေ့ရပြန်တယ် ။ အဲ့ဒီ့နောက် ဒီနှစ်ယောက်ဘက်မှာရောက်နေတဲ့ သူ့အာရုံတွေကို ရုတ်သိမ်းလိုက်ပြီး လမ်းမဘက်ပေါ် ပြန်တင်လိုက်တော့တယ် ။ ထိုအချိန် ဘက်စ်ကားက လူတင်လူချ လုပ်နေတယ် ။ ဒရိုက်ဘာက “ အိင်္ကျီအနီနဲ့တစ်ယောက် ပုံးထဲကို ပိုက်ဆံထည့်သွားအုန်း . . . ” လို့ လှမ်းအော်နေပါတယ် ။
ဒုတ်ဆိုပြီး အသံတစ်ခုကြားလိုက်ကာ ဘက်စ်ကားကြီး လှုပ်ရှားအသက်ဝင်သွားပြန်တယ် ။ ဂီယာ ထိုးလိုက်တဲ့အသံ ဖြစ်မယ်လို့ သူတွေးတယ် ။ ကားခေါင်မိုးမျက်နှာကြပ်တွေမှာရှိတဲ့ စပီကာတွေကနေ ရေဒီယိုရေလှိုင်းတစ်ခု ထုတ်လွှင့်နေပြီး ၊ သီချင်းသံတွေ ထွက်နေတယ် ။ ကားပေါ်ကလူတွေကတော့ အတွေးကိုယ်စီနဲ့ ငြိမ်သက်နေကြပါတယ် ။
သူဟာ မျက်လုံးကို အသာအယာမှိတ်နေလိုက်ပြီး သီချင်းအသံထဲမှာ စီးမျောနေလိုက်တယ် ။ ရေဒီယိုကနေ ထုတ်လွှင့်နေတာက လွှမ်းမိုးရဲ့ အဖေဆိုတဲ့သီချင်း ။ သူ့အတွေးထဲမှာတော့ သံငါသည်တွေ နေထိုင်လှုပ်ရှားတဲ့ ပင်လယ်ကမ်းစပ်ကို ရောက်နေတယ် ။ မုန်တိုင်းတွေ ငြိမ်သပ်သွားတဲ့အခါ ပင်လယ်ထဲကနေ သူ့အဖေပြန်အလာကို သူစောင့်မျှော်နေတယ် ။ သူ့ရင်ထဲမှာလည်း ဝမ်းနည်းသလိုလို သူခံစားလာရပါတယ် ။ အဲ့ဒီ့ခံစားချက်က ဒီသီချင်း ပြီးဆုံးသွားတဲ့အထိ ဆွဲငင်ခေါ်ဆောင်သွားတယ် ။ နောက်တော့ ဆိုကို(soco) ရေပိုက်ကြေငြာလာတာနဲ့ အဲ့ဒီ့ခံစားချက်လေးလည်း ပျက်ပယ်သွားတော့တယ် ။
သူ့လက်က နာရီကို သူငုံ့ကြည့်လိုက်တယ် ။ နာရီက လက်ဆောင်ရထားတဲ့ Auto နာရီ ။ လက်တံလေးက အပိုင်းအခြားမရှိပဲ အဆက်မပျက် လည်ပတ်နေတယ် ။ ဒိုင်ခွက်ထဲမှာရှိနေတဲ့ စက္ကန့်တံ အသေးလေးတွေကလည်း လှုပ်ရှားနေတယ် ။ နေ့ရက်တွေကတော့ ကိန်းဂဏန်းတစ်ခုကို ဖေါ်ပြနေပါတယ် ။ သူ အခုအချိန်ထိ ဘယ်နှစ်နာရီရှိပြီလဲဆိုတာ သူမမြင်ပဲ နာရီအပေါ် သဘောကျတဲ့စိတ်နဲ့ တစ်မိနစ်လောက်ထိ သူစိုက်ကြည့်နေတယ် ။ နောက်တော့ ဘေးပတ်ဝန်းကျင်ကို သူသတိရသွားပြီး သူ့ကိုယ်သူ ရှက်သလိုလိုဖြစ်သွားကာ လက်ကို ပြန်ချလိုက်တယ် ။ မြင်လိုက်ရတဲ့အချိန်တွေကတော့ မသဲမကွဲပါ ။ ထို့နောက် သူမသိမသာလေး နာရီအချိန်ကို ပြန်ကြည့်လိုက်တယ် ။ ဒီတစ်ခေါက်တော့ အချိန်ကို မှတ်သားတဲ့အကြည့် ။ လက်တံတွေက ၈ နာရီကို ညွှန်ပြနေပါတယ် ။ ဒီအချိန်ရောက်ရင် ဒီပတ်ဝန်းကျင်မှာ ရှိနေမှန်းလဲ သူထက်ပြီး သတိထားမိလိုက်ပြန်တယ် ။ ဒါတွေဟာ ပုံသေနည်းတွေပဲ ။
မီးပွိုင့်ကနေကျော်တော့ မှတ်တိုင်တစ်ခုမှာ ကားရပ်ပြန်တယ် ။ လူနှစ်ယောက်ဆင်းသွားပြီး ၅ ယောက် ပြန်တက်လာတယ် ။ လွယ်လွယ်ကူကူတော့မဟုတ် ။ ရုံးအချိန်ဖြစ်နေတဲ့အတွက် ကားက အတော်လေးကို ကြပ်သိမ့်နေလေပြီ ။ မှတ်တိုင်မှာလဲ လူတွေ အများချည်း ။ တစ်ချို့က ယူနီဖေါင်းတွေနဲ့ ၊ တစ်ချို့က အနွေးထည်နဲ့ ၊ တစ်ချို့ကတော့ ပေစုပ်စုပ် အိင်္ကျီ ခပ်နွမ်းနွမ်းလေး ဝတ်ဆင်ထားပြီး တစ်ချို့ကတော့ ရင်ခွင်ပိုက်ခလေးငယ်တွေနဲ့ ဈေးရောင်းနေကြတယ် ။ နောက်တစ်မှတ်တိုင်ဆို သူ ဆင်းရပြီ ။ ဒရိုက်ဘာက “ အရှေ့က လူတွေ တိုးပေးကြပါ ၊ ဒီအချိန်က ရုံးချိန်မို့လို့ ကူညီပေးကြပါ ” တဲ့ ။
နောက်တော့ ဘက်စ်ကားကြီး စတင်ထွက်ခွါပြန်ကော ။ သူလည်း ကားပေါ်ကဆင်းဖို့ အလျင်အမြန် ပြင်ဆင်တယ် ။ ထိုင်နေတာက နောက်ဆုံးခုံဆိုတော့ တော်ရုံနဲ့ တိုးလို့မရ ။ လူနှစ်ယောက်ရဲ့ ကျောပြင်အနောက်က ပွတ်သပ်ထွက်ခွါရတာဟာ ထင်သလောက်တော့ မလွယ်ပါ ။ ထိုအထဲ မိန်းကလေးတွေဖြစ်နေလျှင် နေရထိုင်ရခက်လှ၏ ။ သူ့ကိုလည်း ဘယ်တစ်မျိုးမှ အထင်မခံနိုင် ။ ဒါကြောင့် သတိထားရပြန်သည် ။
သူတိုးသွားတယ် ။ ဆင်းမည့်အပေါက် ရောက်ဖို့ကို အရှေ့မှာ လူနှစ်ယောက်က ခံနေတဲ့အတွက် သူ ထွက်လို့မရ ။ ဆင်းမဲ့ဘဲလ်ကိုလဲ တီးမည့်သူမပေါ် ။ အဲ့ဒီနောက် သူက အတင်းတိုးလိုက်ပြီး ဘဲလ်ကို တီးလိုက်ပါတယ် ။ အဲ့အချိန်မှာ မှတ်တိုင်ကို ကားက ကျော်စပြုနေပြီ ။ နောက်တော့ တဖြေးဖြေးနဲ့ ကားအရှိန်လျော့သွားတယ် ။ ခဏအကြာတော့ တံခါးပွင့်လာတယ် ။ သူ အတင်းတိုးပြီး ဆင်းနေတဲ့အချိန် ဒရိုက်ဘာက အသံ ကျယ်ကျယ်နဲ့ ပြောတယ် ။ “ ဆင်းမဲ့သူတွေ ဘဲလ်ကို ကြိုတီးကြပါ ။ မတီးရင် မရပ်ဘူး ” တဲ့ ။
မှတ်တိုင်မှာ ဆင်းလာတာက သူရယ် ၊ နောက်ပြီး အိင်္ကျီအဝါရောင်ဝတ်ထားတဲ့ အန်တီကြီး တစ်ယောက်ရယ် ။ ကားမှတ်တိုင်မှာတော့ အိမ်ခြေရာမဲ့တစ်ဦး ပုစိုးခြုံပြီး အိပ်နေပါတယ် . . .
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment