zawgyi -
အသက္တစ္ေခ်ာင္း ကယ္ေကာင္းပါ၏
-----
ကြ်န္ေတာ္ေကာ္ဖီ ေသာက္ေနသည့္အခ်ိန္၌ အိမ္ေရွ႕တံခါးေပါက္မွ လူတစ္ေယာက္သည္ ကြ်န္ေတာ့္ဆီသို႔ တည့္တည့္မတ္မတ္ ေလွ်ာက္လာၿခင္းအား ေတြ႕ရ၏ ။ သူ႕ပံုစံမွာ ခက္ႏြမ္းႏြမ္းၿဖစ္သည္ ။ ေပေပေတေတ အေနအထားမ်ိဳး မဟုတ္ေစကာမူ ခ်မ္းသာေသာ အေနအထားရွိမည္မဟုတ္ေၾကာင္း ကြ်န္ေတာ္သိသည္ ။ သူက ကြ်န္ေတာ့္အေရွ႕သို႕ ေရာက္လာေသာအခါ ေဆာင္းထားသည့္ ကတ္ဦးထုပ္ကို ခြ်တ္လ်က္ အရိုအေသ ေပးပါသည္ ။ အၿပင္မွာ မိုးမ်ား ရြာသြန္းေနသည့္အတြက္ သူ႕တစ္ကိုယ္လံုးတြင္ မိုးေရမ်ား စိုရႊဲေနေလ၏ ။
“ ေဒါက္တာ . . . ေၿပာရမွာ အေတာ္ေလး ဂြက်ေနေပမယ့္ ကြ်န္ေတာ့္အေမရဲ႕ က်န္းမာေရးကုသစရိတ္ကို တစ္၀က္ေလာက္ ေလွ်ာ့ခ်ၿပီး ကုသေပးနိုင္မလားခင္ဗ်ာ ။ ကြ်န္ေတာ့္အေမက အသက္ ၈၀ ရွိေနပါၿပီ ။ အခုုခ်ိန္ထိ က်န္းမာေရးက ေဒါင္ေဒါင္ၿမည္ ၿဖစ္ေနေသးေပမယ့္ သားသမီး ၀တၲရားအရ တစ္ေခါက္တစ္ခါေတာ့ က်န္းမာေရးေလး ၿပေပးသင့္တယ္မဟုတ္လား ။ ကြ်န္ေတာ့္အေမက သိပ့္ကို ဆင္းရဲပါတယ္ ေဒါက္တာ ။ တကယ္ေတာ့ ကြ်န္ေတာ္လည္း ဒီေလာက္ က်န္းမာေရး မေကာင္းပါဘူး ။ အေမ့အတြက္ ကုန္က်စရိတ္ကို တစ္၀က္ေလာက္ ေလ်ာ့ခ်ၿပီး ကုသေပးနိုင္မယ္ မဟုတ္လားခင္ဗ်ာ ” ။
ထိုသူ၏စကားက ရိုေသက်ိဳးႏြံလြန္းလွသည္ ။ ေမတၲာရပ္ခံခ်က္အတြက္ ကြ်န္ေတာ့္မွာ မလိုက္ေရာနိုင္စရာ ဘာအေၾကာင္းမွ် မရွိ ။ သို႕ေသာ္ ယခုေၿပာေနသူ၏ ေနာက္ေၾကာင္းက ကြ်န္ေတာ့္ကို အလ်င္အၿမန္ ဆံုးၿဖတ္ခ်က္ မေပးနိုင္ေအာင္ တားဆီးထားသည္ ။ ထို႕ေၾကာင့္ ကြ်န္ေတာ္သည္ စဥ္းစားေပးမည္ဟု ၿပန္ေၿပာလိုက္၏ ။ ထိုအခါ သူသည္ အလြန္ ေက်းဇူးတင္ေသာအမူအရာၿဖင့္ အရိုအေသေပးကာ လက္ထဲမွ ကတ္ဦးထုပ္ကို ေဆာင္း၍ မိုးေရထဲသို႕ ၿပန္လည္ ထြက္ခြါသြားေလသည္ ။
သူထြက္ခြါသြားၿပီးေသာအခါ သူ႕အေၾကာင္းကို ကြ်န္ေတာ္ စဥ္းစားေနမိသည္ ။ သူ႕အမည္က ဂါမိ ။ သူ႕မွာ သမီးႏွစ္ေယာက္ရွိၿပီး ဇနီးသည္ႏွင့္အတူ ေနထိုင္ေၾကာင္း ကြ်န္ေတာ္ မွတ္မိသည္ ။ ထို မိသားစုထဲ၌ အရာသြင္းၿခင္း မခံရေသာ သနားစရာ အဘြားအိုတစ္ေယာက္ရွိသည္ ။ ထိုသူမွာ ယခုေၿပာေသာ သူ၏ မိခင္ၿဖစ္၏ ။
သူ႕အေမက သူေၿပာသလို အသက္ ရွစ္ဆယ္ရွိသည္မွာ မွန္သည္ ။ ေနထိုင္ရသည္က က်ဥ္းေၿမာင္းေသာ အထပ္ခိုးကေလး တစ္ခုမွ်သာ ။ သူ႕အခန္းထဲတြင္ သူ႕အတြက္ ရတနာဟူ၍ ရႈေဆးဗူးႏွင့္ ေခ်ာင္းဆိုးေပ်ာက္ေဆးရည္ တစ္ပုလင္း ၊ သံပံုးအ၀ိုင္းေလး တစ္ခုထဲတြင္ ထည့္သိမ္းထားေသာ ပူရွိန္းၿပား အနည္းငယ္သာ ၿဖစ္သည္ ။ ထမင္းစားလွ်င္ ေအာက္ထပ္သို႕ ဆင္းလာရၿပီး သူတို႔နဲ႕အတူ စားရသည္ ။ သို႕ေသာ္ သူ႕သား၏ ဧည့္သည္မ်ား ေရာက္လာေသာ ေန႕မ်ားတြင္ေတာ့ ထပ္ခိုး၌သာ ေနထိုင္စားေသာက္ရ၏ ။ အမ်ားအားၿဖင့္ သူသည္ သူ႕ ထပ္ခိုးအခန္းေလးထဲရွိ ပက္လက္ကုလားထိုင္ အက်ိဳးတစ္လံုးေပၚ အခ်ိန္ကုန္ေနသည္က မ်ားသည္ ။ တစ္ခါတစ္ေလ ေႏြဦးေပါက္ ကာလမ်ားတြင္ တိတ္တဆိတ္ အၿပင္ကို ထြက္လည္တက္၏ ။ သို႔ေသာ္ သူ႔သားႏွင့္ သူ႕ေခြ်းမသည္ေတာ့ ထိုအၿပဳအမူအား လံုး၀ မႏွစ္သက္ေပ ။
အမွန္ေတာ့ သူသည္ အဆင့္အတန္း ႏွိပ့္က်သူ မဟုတ္ပါ ။ ဘာသာတရား ကိုင္းရႈိင္းၿပီး ယဥ္ေက်းသိမ္ေမြ႕ေသာ မ်ိဳးေကာင္း မ်ိဳးသန္႕မ်ား ၿဖစ္သည္ ။ အလုပ္ ၾကိဳးစားသည္ ၊ ဂုဏ္သိကၡာ ထိန္းသိမ္းၿပီး အင္မတန္ စိတ္ထားေကာင္းေသာ အမ်ိဳးသမီးၾကီး ၿဖစ္၏ ။ သို႕ေသာ္ သူ႕တြင္ အင္မတန္ မႏႈိင္းယွဥ္လွေအာင္ ၿခားနားလြန္းလွေသာ သားတစ္ေယာက္ ရွိေနသည္မွာ မည္သူမွ် အေၿဖထုတ္နိုင္မည္ မထင္ ။ ယခုတြင္ေတာ့ သူ၏ စည္းစိမ္မ်ား အားလံုးသည္ သားၿဖစ္သူ၏ သိမ္းပိုက္ၿခင္းကို ခံရရံုသာမက သူ၏ အသက္ အာမခံေၾကးကိုပါ မ်ားစြာ မ်က္ေစာင္းထိုးခံရေနေလၿပီ ။
“ ဘယ္လိုလဲ အေမ . . . ကိုယ့္အသက္ကိုလည္း ၾကည့္အုန္းမွေပါ့ ။ အေမ႕ၾကည့္ရတာ ဒီေန႕ အေတာ္ ေနမေကာင္းသလိုပဲ ။ အေမ အိပ့္ယာထဲ လဲွေတာ့မလား ။ ကြ်န္ေတာ္ ဘုန္းၾကီး ပင့္ေပးရေတာ့မလား ” ဟု ဂါမိက အၿမဲ ေၿပာတက္၏ ။ တစ္ခါတစ္ေလ အဘြားအိုသည္ အေႏြးဓါတ္ လိုခ်င္သၿဖင့္ ေက်ာက္မီးေသြး အနည္းငယ္ ပိုသံုးမိေသာအခါ ဂါမိႏွင့္ သူ႕မိန္းမက မ်က္ႏွာ ရႈံ႕မဲ႕ေနတက္သည္ ။ သူ႕အေမ မနားမေန လုပ္ကိုင္ေနၿခင္းကို မၾကိဳက္လို႕မဟုတ္ ၊ သူ႕ ေက်ာက္မီးေသြးကို သူ႕အေမ သံုးေန၍ၿဖစ္သည္ ။ သူတို႕ႏွစ္ေယာက္လံုး စဥ္းစားမရသည္မွာ အဘယ္ေၾကာင့္ ဒီအဘြားၾကီး နမိုးနီးယားေခၚ အဆုပ္ေရာင္ ေရာဂါမွအစ ၀က္ရူးၿပန္ ေရာဂါအထိ အဘယ္ေၾကာင့္ ၿဖစ္မလာေသးသနည္း . . .
တစ္ေန႕ ကြ်န္ေတာ့္ထံ ထိုအဘြားအိုေရာက္လာသည္ ။ ခါတိုင္းလိုပင္ ေႏြဦးေပါက္မို႕ တိတ္တဆိတ္ ၿမိဳ႕ထဲ လည္ပတ္ၿခင္းၿဖစ္၏ ။ ကြ်န္ေတာ့္ ေဆးခန္းသို႕ ေရာက္လာသည္မွာ ေနထိုင္မေကာင္း၍ မဟုတ္ပါ ။ သူသည္ တစ္ေနကုန္ သြားခ်င္ရာ သြားထားသၿဖင့္ ခဏတၿဖဳတ္ ၀င္နားၿခင္းသာ ၿဖစ္၏ ။
“ ေဒါက္တာ့ အမည္ကို ၾကားဖူးေနတာ အေတာ္ၾကာၿပီ ။ အခုမွပဲ လူကို ေတြ႕ဖူးေတာ့တယ္ ။ က်ဳပ္အတြက္ ေခ်ာင္းဆိုးေပ်ာက္ေဆးရည္ နည္းနည္း ေပးမယ္မဟုတ္လား ။ ညည က်ဳပ္ ရင္ သိပ့္က်ပ္တယ္ ”
အဘြားက ၿပံဳးၿပံဳးရယ္ရယ္ၿဖင့္ ေၿပာသည္ ။ သူ႕တြင္ ၾကည္လင္ေတာက္ပသည့္ မ်က္၀န္းတစ္စံု ရွိ၏ ။ ခ်က္ခ်င္းပင္ ကြ်န္ေတာ္လည္း ခင္မင္စိတ္ၿဖစ္သြားကာ “ ေပးရမွာေပါ့ အဘြားရဲ႕ ။ ကြ်န္ေတာ္ ခပ္ၿပင္းၿပင္းေလး စပ္ေပးလိုက္မယ္ ” . . . ။ အဘြားက ရယ္ေနသည္ ။
ထို႕ေနာက္ ကြ်န္ေတာ္က ေဆးရည္ကို ခလိုရိုဒင္း မ်ားမ်ားထည့္စပ္သည္ ။ အဘြား၏ အေၿခေနႏွင့္ အသင့္ေလွ်ာ္ဆံုးၿဖစ္ေအာင္ စပ္ေပးၿခင္းၿဖစ္ၿပီး “ ညဆိုရင္ လက္ဖက္ရည္ဇြန္းနဲ႕ တစ္ဇြန္းပဲ ေသာက္ရမယ္ေနာ္ ” ဟု မွာလိုက္သည္ ။
“ ေဒါက္တာက သိပ့္ခင္စရာေကာင္းတယ္ ။ ေဒါက္တာ့ကို ဘုရားသခင္ ေကာင္းခ်ီးေပးပါေစ . . . ”
ေနာက္တစ္ေန႕ မနက္တြင္ အဘြားအိုမွာ ခါတုိင္းအခ်ိန္၌ အိမ္ေအာက္သို႕ မဆင္းလာေပ ။ အိမ္ေအာက္ထပ္ရွိ ထမင္းစား၀ိုင္းတြင္လည္း လူစံု တပ္စံု ရွိေနေလၿပီ ။ ထိုအခါ သူ႕မိန္းမက “ ရွင့္အေမက ဘယ္လိုလဲ ။ အခုထိ မထေသးဘူးလား ။ ကြ်န္မၿဖင့္ ဆန္ၿပဳတ္ေတြ ၿပဳတ္ထားရတာ ထင္းေတြ မနည္း ကုန္ၿပီ ။ အခုထိ ဆင္းမလာေသးရင္ သူ႕ရဲ႕ ဆန္ၿပဳတ္ကို ေႏြးေနရတာနဲ႕ ထင္းေတြ မနည္း ကုန္ေတာ့မွာပဲ ” ။ ထိုအခါ သူတို႕သမီးအၾကီးက “ အဘြားအိပ့္ေနတာ ၿဖစ္မယ္ ” ဟု ၀င္ေၿပာ၏ ။
“ ကဲ ကဲ . . . နင့္အဘြားကို သြားနိုးစမ္း ” ဟု ေၿပာကာ ဂါမိက အလိုမက်ၿဖစ္ေနေသာ မ်က္ႏွာၿဖင့္ အဘြားအို၏ ထပ္ခိုးကို စိုက္ၾကည့္ေနသည္ ။ သူ႕သမီးၾကီးက ကြက္ကီးမုန္႕တစ္ခုကို ပါးစပ္ထဲထည့္ကာ ထပ္ခိုးေပၚသို႕ အလွ်င္အၿမန္ ေၿပးတက္သြားေလ၏ ။ ထို႕အခ်ိန္၌ အိမ္တစ္ခုလံုးသည္ တိတ္ဆိတ္ၿငိမ္သပ္ေနသည္ ။
ထို႕ေနာက္ အလန္႕တၾကား သူ႕သမီးေအာ္သံကို ၾကားရ၏ ။
“ အေမေရ . . . အဘြား ေသေနၿပီ ”
ဂါမိ ေသာက္ေနေသာ ေကာ္ဖီမ်ားသည္ သူ၏ ပါးစပ္အတြင္းမွ ဖီးခနဲၿဖင့္ ေထြးထုတ္လိုက္မိၿပီး သူ႕အေမ၏ ထပ္ခိုးေဆာင္ေပၚသို႕ ေငးၾကည့္ေနမိသည္ ။ သူ႕အတြက္ ေပ်ာ္ရႊင္ၿခင္းႏွင့္ ပူေဆြးၿခင္းမွာ ဘယ္အရာ ဦးေဆာင္ေနသည္ကို သူသာ သိေပမည္ ။ ထိုအခါ သူ၏ မိန္းမက “ ဟဲ႕ . . . ေသၿခာလို႕လား ” ဟု သူ႕သမီးကို လွမ္းေမး၏ ။ သူ႕သမီးက “ ေသၿခာတယ္ ။ အဘြားရဲ႕ ခႏၶာကိုယ္က ေတာက္ေတာက္ၾကီး ၿဖစ္ေနတယ္ ” ဟု ေၿပာ၏ ။ ဂါမိက “ သြားၾကည့္ရေအာင္ ။ ၿမန္ၿမန္သြား ” ဟု သူ႕မိန္းမကို ေၿပာသည္ ။
သူတို႕သည္ အဘြားအို၏ ထပ္ခိုးေပၚသို႕ ေရာက္ၾကေသာအခါ သူတို႕အားလံုး ေတာက္ေတာက္ၾကီးၿဖစ္ေနေသာ အဘြားအိုအား ေငးေနၾကသည္ ။ ထို႕ေနာက္ သူ႕မိန္းမက သံေ၀ဂ အသံၿဖင့္ “ ဆံုးသြားရွာၿပီ ဂါမိ ။ သူ႕အတြက္ ေအးခ်မ္းမႈကို ရွာေတြ႕နိုင္မွာပါ ” လို႕ ေၿပာလိုက္သည္ ။ ဂါမိမွာ မလႈပ္မရွားၿဖင့္ သူ႕အေမအား စိုက္ၾကည့္ေနသည္ ။ ေနာက္ၿပီး ဒူးေထာက္လဲကာ “ အေမေသတာ ယံုေတာင္ မယံုနိုင္ဘူး ” ဟု ငိုယိုေၿပာေလ၏ ။ သူ႕မိန္းမက သူ႕ကို ႏွစ္သိမ့္သည္ ။ “ ဒါေတြက ကြ်န္မတို႕ မတက္နိုင္တဲ႕ အရာေတြပါ ။ ရွင္က သားေကာင္းတစ္ေယာက္ပါရွင္ ။ ကြ်န္မလဲ အေမ့ကို တက္နိုင္သေလာက္ ေစာင့္ေရွာက္ခဲ႕ပါတယ္ ။ အခုေတာ့ ဘုရားသခင္ အလိုေတာ္က်ေပါ့ ” လို႕ ေၿပာ၏ ။
ထို႕ေနာက္ သူ႕ေယာက္်ားကို သူေၿပာသည္ ။
“ ၿဖစ္ၿပီးတာေတြအတြက္ ၿပန္လုပ္လို႕မွ မရတာ ၊ ၿဖစ္နိုင္ရင္ ရွင့္ရဲ႕ ၀မ္းနည္းမႈေတြ ေၿပေပ်ာက္ဖို႕ အေမ႕ကို ၿပန္အသက္ သြင္းေပးခ်င္ပါတယ္ ။ ရွင္ စိတ္မေကာင္းသလို ကြ်န္မလဲ နာက်င္ခံစားရတာပါပဲ ” ဟု ေၿပာကာ ငိုေလ၏ ။ သူတို႕ သမီးႏွစ္ေယာက္သည္ေတာ့ ေအာက္ထပ္သို႕ ၿပန္ဆင္းကာ မုန္႕ဆက္စားေနၾကသည္ ။
ဂါမိက ကုလားထိုင္နားသြား၍ အရုပ္ၾကိဳးပ်က္ ထိုင္ခ်လိုက္သည္ ။ “ ငါ့ကုိ သနားၾကပါ . . . ေနာက္ဆံုးေတာ့ သူ သြားရွာၿပီ ” ဟု ၿမည္တမ္း၏ ။ ထိုအခါ သူ႕မိန္းမက “ ကိုယ့္ကိုကိုယ္ အၿပစ္ၿမင္ၿပီး ေနာင္တ ရမေနပါနဲ႕ေတာ့ ဂါမိရယ္ ။ အခုဆို သူလည္း ၿငိမ္းခ်မ္းေနပါၿပီ ။ ၾကည့္စမ္း ဘယ္ေလာက္ေကာင္းလိုက္သလဲ ။ လုပ္စရာ ရွွိတာေတြကိုပဲ တို႕ေတြ ဆက္လုပ္ၾကရမယ္ မဟုတ္လား ” ဟု အားေပးစကားေၿပာၾကားသည္ ။ ဂါမိက “ ေအး ဟုတ္တယ္ . . . အသက္အာမခံ ကိစၥက ရွိေသးတယ္ ။ လုပ္ရမွာ မေကာင္းေပမယ့္ ဒီကိစၥက မလုပ္ပဲလည္း ေနလို႕မွ မရတာ ။ တကယ္ဆို ငါ မလုပ္ခ်င္ပါဘူး ” ဟု ေၿပာ၏ ။
ထို႕ေနာက္ သူသည္ ထိုင္ရာမွထကာ ကတ္ဦးထုပ္ ေဆာင္း၍ ကြ်န္ေတာ့္ဆီသို႕ ေရာက္ခ်လာပါသည္ ။ “ ေဒါက္တာေရ . . . ကြ်န္ေတာ့္ရဲ႕ အခ်စ္ရဆံုး ေမေမ ေသၿပီးဗ် . . . ” ဟုဆိုကာ မႈိင္ေထြေနသည္ ။ ကြ်န္ေတာ္ကလည္း “ ေၾသာ္ . . . သနားစရာ ေကာင္းလိုက္တာ ။ မေန႕ကမွ ငါ့ေဆးခန္းကို သူ ေရာက္လာေသးတယ္ ” ဟု ဆိုကာ ထိုင္ရာမွထ၍ ဂါမိအေနာက္သို႕ ေဆးအိတ္ကိုင္ကာ လိုက္သြားသည္ ။ အဘယ္ေၾကာင့္ဆိုေသာ္ ကြ်န္ေတာ့္တြင္ ေသဆံုးေၾကာင္း အတည္ၿပဳလက္မွတ္ေပးရန္ တာ၀န္ရွိေနေသးသည္ မဟုတ္လား . . .
အိမ္ေရာက္ေတာ့ ဂါမိ၏ မိန္းမက ထြက္ၾကိဳ၏ ။ ဂါမိသည္ ဧည့္ခန္းသို႕ ေရာက္ေသာအခါ သူ႕မိန္းမအား အစားအေသာက္မ်ားႏွင့္ ၀ီစကီ တစ္ၿပား ယူလာရန္ ေၿပာသည္ ။ ကြ်န္ေတာ့္ကိုလည္း “ ေဒါက္တာေရ . . . ကြ်န္ေတာ္ေတာ့ အေမ့ရဲ႕ မထနိုင္တဲ႕ ခႏၶာၾကီးကို ၾကည့္နိုင္တဲ႕ အင္အား မရွိေတာ့ပါဘူး ။ ကြ်န္ေတာ့္ကို သနားပါ ။ ေဒါက္တာ တစ္ေယာက္ပဲ သြားၾကည့္လိုက္ပါေနာ္ ။ အားနာေပမယ့္ အေပၚထပ္ရဲ႕ ေဒါက္ဆံုးခန္းက အေမ႕ အခန္းပါ ” လို႕ ေၿပာသည္ ။
ထို႕ေနာက္ ကြ်န္ေတာ္တစ္ေယာက္တည္း သူေၿပာသည့္အတိုင္း တက္လာသည့္အခါ ေတာက္ေတာက္ၾကီးၿဖစ္ေနေသာ အဘြားအိုကို ေတြ႕ရ၏ ။ အဘြားအို၏ မ်က္ခြံမ်ားကို ၿဖဲၾကည့္သည္ ။ သူငယ္အိမ္မ်ား အလြန္ က်ဥ္းေနသည္ကို ေတြ႕ရ၏ ။ အဘြားအို၏ လက္ေကာက္၀တ္ကို စမ္းၾကည့္မိေသာအခါ ကြ်န္ေတာ့္မ်က္ႏွာတြင္ အၿပံဳးရိပ့္မ်ား ၀င္လာသည္ ။ ေဆးအိတ္ကို ဖြင့္၍ ဇ၀က္သာ ပုလင္းကို ထုတ္ယူကာ အဘြား၏ႏွာေခါင္း၀၌ ေတ႕ထားလိုက္သည္ ။ ပထမေတာ့ ဘာမွ် ၿဖစ္မလာ ။ ခဏအၾကာေတာ့ အဘြားအို၏ ႏွာေခါင္းသည္ ရႈံ႕ခ်ီ ပြခ်ီ ၿဖစ္လာကာ တအားကုန္ ေခ်လိုက္ေတာ့သည္ ။
သူ႕မ်က္လံုးမ်ား မူးေႏွာက္ေႏွာက္ၿဖင့္ ပြင့္လာသည္ ။ ကြ်န္ေတာ့္ကို ေၾကာင္ေတာင္ေတာင္ၿဖင့္ ၾကည့္ေနရင္း အားရပါးရ သူသန္း၏ ။
“ ေဒါက္တာ ဘာလုပ္ေနတာလဲ . . . အမေလး . . . အိပ့္လို႕ သိပ့္ေကာင္းတာပဲ ” ဟု အဘြားက ေၿပာ၏ ။ ကြ်န္ေတာ္က အဘြားကို မေန႕က ေပးလိုက္တဲ႕ေဆးအား ဘယ္ေလာက္ေတာင္ ေသာက္လိုက္သလဲဟု ေမးေသာအခါ “ လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္း ေသာက္လိုက္တာေလ ” ဟု ၿပန္ေၿဖ ေလ၏ ။ “ အဘြားကလည္း . . . ကြ်န္ေတ္ာက တစ္ဇြန္းပဲ ေသာက္ခိုင္းတာေလ ” လို႕ ေၿပာေတာ့ “ ဟုတ္သားပဲ ။ အသက္ၾကီးလာေတာ့ မွတ္ညာဏ္ေတြ မေကာင္းေတာ့ဘူး ” ဟု ၿပန္ေၿပာသည္ ။ “ ကဲ အဘြားလဲ အိပ့္တာ ေတာ္ေလာက္ၿပီ ။ ကြ်န္ေတာ္လည္း ၿပန္အုန္းမယ္ ” ဟုေၿပာကာ ေအာက္ထပ္သို႕ ဆင္းလာခဲ႕သည္ ။
ေအာက္ေရာက္ေတာ့ ဂါမိႏွင့္ သူ႔မိန္းမက ၀မ္းနည္းေၾကကြဲေနေသာ မ်က္ႏွာမ်ားၿဖင့္ “ ကြ်န္ေတာ့္အေမ ဒီလို ရုတ္တရပ္ၾကီး ၿဖစ္သြားတာ လံုး၀ မယံုနိုင္ဘူး . . . သိပ့္သနားစရာေကာင္းတဲ့အေမ ။ အခုေတာ့ ကြ်န္ေတာ္တို႕ကို ထားသြားရွာၿပီေပါ့ ” ဟု ေၿပာေၿပာဆိုဆိုၿဖင့္ ဂါမိက ၀ီစကီတစ္ခြက္ငွဲ႕ကာ ကြ်န္ေတာ့္ကို ေပးသည္ ။ ကြ်န္ေတာ္က “ လူနာၾကည့္ဖို႕ ေခၚတဲ႕အိမ္တိုင္း ၀ီစကီနဲ႕ တစ္ခါမွ ဧည့္မခံဖူးဘူး ” ဟု ၿပံဳးၿပံဳးရႊင္ရႊင္ၿဖင့္ေၿပာကာ ၀ီစကီခြက္ကို ယူလိုက္သည္ ။ သူ႕ မိန္းမက “ ကြ်န္မရဲ႕ ေယာကၡမက အင္မတန္ စိတ္သေဘာထား ေကာင္းတဲ႕သူပါ ။ သူေသသြားတယ္ဆိုတာ ကြ်န္မၿဖင့္ အခုထိ မယံုနိုင္ေသးဘူး ။ ၿဖစ္နိုင္ရင္ အခုလို ေသာကအပူမီးေတြ ေၿပေပ်ာက္ဖို႕ အေမ႕ကို အသက္ၿပန္သြင္းေပးခ်င္တာပါပဲ . . . ” ဟု ေၿပာကာ မႈိင္ေထြေနသည္ ။
ဂါမိက “ ေဒါက္တာ . . . ကြ်န္ေတာ့္အေမရဲ႕ ေသဆံုးေၾကာင္း အတည္ၿပဳလက္မွတ္ေလး ေပးပါအုန္း ။ အခုခ်ိန္မွာ မလုပ္ခ်င္ေပမယ့္လည္း အသက္အာမခံကိစၥက ရွိေနေသးတယ္မဟုတ္လား ။ ဘာပဲၿဖစ္ၿဖစ္ အေမ့ရဲ႕ ဆႏၵကိုေတာ့ ၿဖည့္ေပးရမွာေပါ့ ” ဟု ဆိုလာေတာ့ ကြ်န္ေတာ္က ခပ္ၿမန္ၿမန္ပဲ လက္ထဲက ၀ီစကီကို ေမာ့ေသာက္လိုက္သည္ ။ ထိုအခ်ိန္၌ အဘြားအိုသည္ ေလွကားထစ္မွ ေအာက္သို႕ ဆင္းလာ၏ ။
“ ဘုရား ဘုရား . . . ” ဂါမိက ေရရြတ္သည္ ။ သူ႕ပါးစပ္မွ ၀ီစကီမ်ားလည္း အိကၤ်ီအထက္သို႕ ဖိတ္စင္က်သြားသည္ ။ သူ႕မိန္းမက အဘြားအိုအား ေၾကာင္ေတာင္ေတာင္ၿဖင့္ ေငးေန၏ ။
ထို႕ေနာက္ အဘြားအိုက “ ဒီေန႕ ညစာ စားပြဲက တယ္လဲ ေကာင္းပါလား ။ ငါလဲ ဗိုက္ဆာေနတာနဲ႕ အေတာ္ပဲ ေဟ႕ . . . ”
အဘြားအိုက အစားအေသာက္မ်ားကို အားပါးတရ စားေနသည္ ။ ဂါမိတို႕မွာ ၾကက္ေသ ေသေနၾက၏ ။ ကြ်န္ေတာ္က အသာကေလး ထြက္လာသည္ ။
#htoohtoolay
unicode -
အသက်တစ်ချောင်း ကယ်ကောင်းပါ၏
-----
ကျွန်တော်ကော်ဖီ သောက်နေသည့်အချိန်၌ အိမ်ရှေ့တံခါးပေါက်မှ လူတစ်ယောက်သည် ကျွန်တော့်ဆီသို့ တည့်တည့်မတ်မတ် လျှောက်လာခြင်းအား တွေ့ရ၏ ။ သူ့ပုံစံမှာ ခက်နွမ်းနွမ်းဖြစ်သည် ။ ပေပေတေတေ အနေအထားမျိုး မဟုတ်စေကာမူ ချမ်းသာသော အနေအထားရှိမည်မဟုတ်ကြောင်း ကျွန်တော်သိသည် ။ သူက ကျွန်တော့်အရှေ့သို့ ရောက်လာသောအခါ ဆောင်းထားသည့် ကတ်ဦးထုပ်ကို ချွတ်လျက် အရိုအသေ ပေးပါသည် ။ အပြင်မှာ မိုးများ ရွာသွန်းနေသည့်အတွက် သူ့တစ်ကိုယ်လုံးတွင် မိုးရေများ စိုရွှဲနေလေ၏ ။
“ ဒေါက်တာ . . . ပြောရမှာ အတော်လေး ဂွကျနေပေမယ့် ကျွန်တော့်အမေရဲ့ ကျန်းမာရေးကုသစရိတ်ကို တစ်ဝက်လောက် လျှော့ချပြီး ကုသပေးနိုင်မလားခင်ဗျာ ။ ကျွန်တော့်အမေက အသက် ၈၀ ရှိနေပါပြီ ။ အခုချိန်ထိ ကျန်းမာရေးက ဒေါင်ဒေါင်မြည် ဖြစ်နေသေးပေမယ့် သားသမီး ဝတ္တရားအရ တစ်ခေါက်တစ်ခါတော့ ကျန်းမာရေးလေး ပြပေးသင့်တယ်မဟုတ်လား ။ ကျွန်တော့်အမေက သိပ့်ကို ဆင်းရဲပါတယ် ဒေါက်တာ ။ တကယ်တော့ ကျွန်တော်လည်း ဒီလောက် ကျန်းမာရေး မကောင်းပါဘူး ။ အမေ့အတွက် ကုန်ကျစရိတ်ကို တစ်ဝက်လောက် လျော့ချပြီး ကုသပေးနိုင်မယ် မဟုတ်လားခင်ဗျာ ” ။
ထိုသူ၏စကားက ရိုသေကျိုးနွံလွန်းလှသည် ။ မေတ္တာရပ်ခံချက်အတွက် ကျွန်တော့်မှာ မလိုက်ရောနိုင်စရာ ဘာအကြောင်းမျှ မရှိ ။ သို့သော် ယခုပြောနေသူ၏ နောက်ကြောင်းက ကျွန်တော့်ကို အလျင်အမြန် ဆုံးဖြတ်ချက် မပေးနိုင်အောင် တားဆီးထားသည် ။ ထို့ကြောင့် ကျွန်တော်သည် စဉ်းစားပေးမည်ဟု ပြန်ပြောလိုက်၏ ။ ထိုအခါ သူသည် အလွန် ကျေးဇူးတင်သောအမူအရာဖြင့် အရိုအသေပေးကာ လက်ထဲမှ ကတ်ဦးထုပ်ကို ဆောင်း၍ မိုးရေထဲသို့ ပြန်လည် ထွက်ခွါသွားလေသည် ။
သူထွက်ခွါသွားပြီးသောအခါ သူ့အကြောင်းကို ကျွန်တော် စဉ်းစားနေမိသည် ။ သူ့အမည်က ဂါမိ ။ သူ့မှာ သမီးနှစ်ယောက်ရှိပြီး ဇနီးသည်နှင့်အတူ နေထိုင်ကြောင်း ကျွန်တော် မှတ်မိသည် ။ ထို မိသားစုထဲ၌ အရာသွင်းခြင်း မခံရသော သနားစရာ အဘွားအိုတစ်ယောက်ရှိသည် ။ ထိုသူမှာ ယခုပြောသော သူ၏ မိခင်ဖြစ်၏ ။
သူ့အမေက သူပြောသလို အသက် ရှစ်ဆယ်ရှိသည်မှာ မှန်သည် ။ နေထိုင်ရသည်က ကျဉ်းမြောင်းသော အထပ်ခိုးကလေး တစ်ခုမျှသာ ။ သူ့အခန်းထဲတွင် သူ့အတွက် ရတနာဟူ၍ ရှုဆေးဗူးနှင့် ချောင်းဆိုးပျောက်ဆေးရည် တစ်ပုလင်း ၊ သံပုံးအဝိုင်းလေး တစ်ခုထဲတွင် ထည့်သိမ်းထားသော ပူရှိန်းပြား အနည်းငယ်သာ ဖြစ်သည် ။ ထမင်းစားလျှင် အောက်ထပ်သို့ ဆင်းလာရပြီး သူတို့နဲ့အတူ စားရသည် ။ သို့သော် သူ့သား၏ ဧည့်သည်များ ရောက်လာသော နေ့များတွင်တော့ ထပ်ခိုး၌သာ နေထိုင်စားသောက်ရ၏ ။ အများအားဖြင့် သူသည် သူ့ ထပ်ခိုးအခန်းလေးထဲရှိ ပက်လက်ကုလားထိုင် အကျိုးတစ်လုံးပေါ် အချိန်ကုန်နေသည်က များသည် ။ တစ်ခါတစ်လေ နွေဦးပေါက် ကာလများတွင် တိတ်တဆိတ် အပြင်ကို ထွက်လည်တက်၏ ။ သို့သော် သူ့သားနှင့် သူ့ချွေးမသည်တော့ ထိုအပြုအမူအား လုံး၀ မနှစ်သက်ပေ ။
အမှန်တော့ သူသည် အဆင့်အတန်း နှိပ့်ကျသူ မဟုတ်ပါ ။ ဘာသာတရား ကိုင်းရှိုင်းပြီး ယဉ်ကျေးသိမ်မွေ့သော မျိုးကောင်း မျိုးသန့်များ ဖြစ်သည် ။ အလုပ် ကြိုးစားသည် ၊ ဂုဏ်သိက္ခာ ထိန်းသိမ်းပြီး အင်မတန် စိတ်ထားကောင်းသော အမျိုးသမီးကြီး ဖြစ်၏ ။ သို့သော် သူ့တွင် အင်မတန် မနှိုင်းယှဉ်လှအောင် ခြားနားလွန်းလှသော သားတစ်ယောက် ရှိနေသည်မှာ မည်သူမျှ အဖြေထုတ်နိုင်မည် မထင် ။ ယခုတွင်တော့ သူ၏ စည်းစိမ်များ အားလုံးသည် သားဖြစ်သူ၏ သိမ်းပိုက်ခြင်းကို ခံရရုံသာမက သူ၏ အသက် အာမခံကြေးကိုပါ များစွာ မျက်စောင်းထိုးခံရနေလေပြီ ။
“ ဘယ်လိုလဲ အမေ . . . ကိုယ့်အသက်ကိုလည်း ကြည့်အုန်းမှပေါ့ ။ အမေ့ကြည့်ရတာ ဒီနေ့ အတော် နေမကောင်းသလိုပဲ ။ အမေ အိပ့်ယာထဲ လဲှတော့မလား ။ ကျွန်တော် ဘုန်းကြီး ပင့်ပေးရတော့မလား ” ဟု ဂါမိက အမြဲ ပြောတက်၏ ။ တစ်ခါတစ်လေ အဘွားအိုသည် အနွေးဓါတ် လိုချင်သဖြင့် ကျောက်မီးသွေး အနည်းငယ် ပိုသုံးမိသောအခါ ဂါမိနှင့် သူ့မိန်းမက မျက်နှာ ရှုံ့မဲ့နေတက်သည် ။ သူ့အမေ မနားမနေ လုပ်ကိုင်နေခြင်းကို မကြိုက်လို့မဟုတ် ၊ သူ့ ကျောက်မီးသွေးကို သူ့အမေ သုံးနေ၍ဖြစ်သည် ။ သူတို့နှစ်ယောက်လုံး စဉ်းစားမရသည်မှာ အဘယ်ကြောင့် ဒီအဘွားကြီး နမိုးနီးယားခေါ် အဆုပ်ရောင် ရောဂါမှအစ ဝက်ရူးပြန် ရောဂါအထိ အဘယ်ကြောင့် ဖြစ်မလာသေးသနည်း . . .
တစ်နေ့ ကျွန်တော့်ထံ ထိုအဘွားအိုရောက်လာသည် ။ ခါတိုင်းလိုပင် နွေဦးပေါက်မို့ တိတ်တဆိတ် မြို့ထဲ လည်ပတ်ခြင်းဖြစ်၏ ။ ကျွန်တော့် ဆေးခန်းသို့ ရောက်လာသည်မှာ နေထိုင်မကောင်း၍ မဟုတ်ပါ ။ သူသည် တစ်နေကုန် သွားချင်ရာ သွားထားသဖြင့် ခဏတဖြုတ် ဝင်နားခြင်းသာ ဖြစ်၏ ။
“ ဒေါက်တာ့ အမည်ကို ကြားဖူးနေတာ အတော်ကြာပြီ ။ အခုမှပဲ လူကို တွေ့ဖူးတော့တယ် ။ ကျုပ်အတွက် ချောင်းဆိုးပျောက်ဆေးရည် နည်းနည်း ပေးမယ်မဟုတ်လား ။ ညည ကျုပ် ရင် သိပ့်ကျပ်တယ် ”
အဘွားက ပြုံးပြုံးရယ်ရယ်ဖြင့် ပြောသည် ။ သူ့တွင် ကြည်လင်တောက်ပသည့် မျက်ဝန်းတစ်စုံ ရှိ၏ ။ ချက်ချင်းပင် ကျွန်တော်လည်း ခင်မင်စိတ်ဖြစ်သွားကာ “ ပေးရမှာပေါ့ အဘွားရဲ့ ။ ကျွန်တော် ခပ်ပြင်းပြင်းလေး စပ်ပေးလိုက်မယ် ” . . . ။ အဘွားက ရယ်နေသည် ။
ထို့နောက် ကျွန်တော်က ဆေးရည်ကို ခလိုရိုဒင်း များများထည့်စပ်သည် ။ အဘွား၏ အခြေနေနှင့် အသင့်လျှော်ဆုံးဖြစ်အောင် စပ်ပေးခြင်းဖြစ်ပြီး “ ညဆိုရင် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းပဲ သောက်ရမယ်နော် ” ဟု မှာလိုက်သည် ။
“ ဒေါက်တာက သိပ့်ခင်စရာကောင်းတယ် ။ ဒေါက်တာ့ကို ဘုရားသခင် ကောင်းချီးပေးပါစေ . . . ”
နောက်တစ်နေ့ မနက်တွင် အဘွားအိုမှာ ခါတိုင်းအချိန်၌ အိမ်အောက်သို့ မဆင်းလာပေ ။ အိမ်အောက်ထပ်ရှိ ထမင်းစားဝိုင်းတွင်လည်း လူစုံ တပ်စုံ ရှိနေလေပြီ ။ ထိုအခါ သူ့မိန်းမက “ ရှင့်အမေက ဘယ်လိုလဲ ။ အခုထိ မထသေးဘူးလား ။ ကျွန်မဖြင့် ဆန်ပြုတ်တွေ ပြုတ်ထားရတာ ထင်းတွေ မနည်း ကုန်ပြီ ။ အခုထိ ဆင်းမလာသေးရင် သူ့ရဲ့ ဆန်ပြုတ်ကို နွေးနေရတာနဲ့ ထင်းတွေ မနည်း ကုန်တော့မှာပဲ ” ။ ထိုအခါ သူတို့သမီးအကြီးက “ အဘွားအိပ့်နေတာ ဖြစ်မယ် ” ဟု ဝင်ပြော၏ ။
“ ကဲ ကဲ . . . နင့်အဘွားကို သွားနိုးစမ်း ” ဟု ပြောကာ ဂါမိက အလိုမကျဖြစ်နေသော မျက်နှာဖြင့် အဘွားအို၏ ထပ်ခိုးကို စိုက်ကြည့်နေသည် ။ သူ့သမီးကြီးက ကွက်ကီးမုန့်တစ်ခုကို ပါးစပ်ထဲထည့်ကာ ထပ်ခိုးပေါ်သို့ အလျှင်အမြန် ပြေးတက်သွားလေ၏ ။ ထို့အချိန်၌ အိမ်တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သပ်နေသည် ။
ထို့နောက် အလန့်တကြား သူ့သမီးအော်သံကို ကြားရ၏ ။
“ အမေရေ . . . အဘွား သေနေပြီ ”
ဂါမိ သောက်နေသော ကော်ဖီများသည် သူ၏ ပါးစပ်အတွင်းမှ ဖီးခနဲဖြင့် ထွေးထုတ်လိုက်မိပြီး သူ့အမေ၏ ထပ်ခိုးဆောင်ပေါ်သို့ ငေးကြည့်နေမိသည် ။ သူ့အတွက် ပျော်ရွှင်ခြင်းနှင့် ပူဆွေးခြင်းမှာ ဘယ်အရာ ဦးဆောင်နေသည်ကို သူသာ သိပေမည် ။ ထိုအခါ သူ၏ မိန်းမက “ ဟဲ့ . . . သေခြာလို့လား ” ဟု သူ့သမီးကို လှမ်းမေး၏ ။ သူ့သမီးက “ သေခြာတယ် ။ အဘွားရဲ့ ခန္ဓာကိုယ်က တောက်တောက်ကြီး ဖြစ်နေတယ် ” ဟု ပြော၏ ။ ဂါမိက “ သွားကြည့်ရအောင် ။ မြန်မြန်သွား ” ဟု သူ့မိန်းမကို ပြောသည် ။
သူတို့သည် အဘွားအို၏ ထပ်ခိုးပေါ်သို့ ရောက်ကြသောအခါ သူတို့အားလုံး တောက်တောက်ကြီးဖြစ်နေသော အဘွားအိုအား ငေးနေကြသည် ။ ထို့နောက် သူ့မိန်းမက သံဝေဂ အသံဖြင့် “ ဆုံးသွားရှာပြီ ဂါမိ ။ သူ့အတွက် အေးချမ်းမှုကို ရှာတွေ့နိုင်မှာပါ ” လို့ ပြောလိုက်သည် ။ ဂါမိမှာ မလှုပ်မရှားဖြင့် သူ့အမေအား စိုက်ကြည့်နေသည် ။ နောက်ပြီး ဒူးထောက်လဲကာ “ အမေသေတာ ယုံတောင် မယုံနိုင်ဘူး ” ဟု ငိုယိုပြောလေ၏ ။ သူ့မိန်းမက သူ့ကို နှစ်သိမ့်သည် ။ “ ဒါတွေက ကျွန်မတို့ မတက်နိုင်တဲ့ အရာတွေပါ ။ ရှင်က သားကောင်းတစ်ယောက်ပါရှင် ။ ကျွန်မလဲ အမေ့ကို တက်နိုင်သလောက် စောင့်ရှောက်ခဲ့ပါတယ် ။ အခုတော့ ဘုရားသခင် အလိုတော်ကျပေါ့ ” လို့ ပြော၏ ။
ထို့နောက် သူ့ယောက်ျားကို သူပြောသည် ။
“ ဖြစ်ပြီးတာတွေအတွက် ပြန်လုပ်လို့မှ မရတာ ၊ ဖြစ်နိုင်ရင် ရှင့်ရဲ့ ဝမ်းနည်းမှုတွေ ပြေပျောက်ဖို့ အမေ့ကို ပြန်အသက် သွင်းပေးချင်ပါတယ် ။ ရှင် စိတ်မကောင်းသလို ကျွန်မလဲ နာကျင်ခံစားရတာပါပဲ ” ဟု ပြောကာ ငိုလေ၏ ။ သူတို့ သမီးနှစ်ယောက်သည်တော့ အောက်ထပ်သို့ ပြန်ဆင်းကာ မုန့်ဆက်စားနေကြသည် ။
ဂါမိက ကုလားထိုင်နားသွား၍ အရုပ်ကြိုးပျက် ထိုင်ချလိုက်သည် ။ “ ငါ့ကို သနားကြပါ . . . နောက်ဆုံးတော့ သူ သွားရှာပြီ ” ဟု မြည်တမ်း၏ ။ ထိုအခါ သူ့မိန်းမက “ ကိုယ့်ကိုကိုယ် အပြစ်မြင်ပြီး နောင်တ ရမနေပါနဲ့တော့ ဂါမိရယ် ။ အခုဆို သူလည်း ငြိမ်းချမ်းနေပါပြီ ။ ကြည့်စမ်း ဘယ်လောက်ကောင်းလိုက်သလဲ ။ လုပ်စရာ ရှှိတာတွေကိုပဲ တို့တွေ ဆက်လုပ်ကြရမယ် မဟုတ်လား ” ဟု အားပေးစကားပြောကြားသည် ။ ဂါမိက “ အေး ဟုတ်တယ် . . . အသက်အာမခံ ကိစ္စက ရှိသေးတယ် ။ လုပ်ရမှာ မကောင်းပေမယ့် ဒီကိစ္စက မလုပ်ပဲလည်း နေလို့မှ မရတာ ။ တကယ်ဆို ငါ မလုပ်ချင်ပါဘူး ” ဟု ပြော၏ ။
ထို့နောက် သူသည် ထိုင်ရာမှထကာ ကတ်ဦးထုပ် ဆောင်း၍ ကျွန်တော့်ဆီသို့ ရောက်ချလာပါသည် ။ “ ဒေါက်တာရေ . . . ကျွန်တော့်ရဲ့ အချစ်ရဆုံး မေမေ သေပြီးဗျ . . . ” ဟုဆိုကာ မှိုင်ထွေနေသည် ။ ကျွန်တော်ကလည်း “ သြော် . . . သနားစရာ ကောင်းလိုက်တာ ။ မနေ့ကမှ ငါ့ဆေးခန်းကို သူ ရောက်လာသေးတယ် ” ဟု ဆိုကာ ထိုင်ရာမှထ၍ ဂါမိအနောက်သို့ ဆေးအိတ်ကိုင်ကာ လိုက်သွားသည် ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့်တွင် သေဆုံးကြောင်း အတည်ပြုလက်မှတ်ပေးရန် တာဝန်ရှိနေသေးသည် မဟုတ်လား . . .
အိမ်ရောက်တော့ ဂါမိ၏ မိန်းမက ထွက်ကြို၏ ။ ဂါမိသည် ဧည့်ခန်းသို့ ရောက်သောအခါ သူ့မိန်းမအား အစားအသောက်များနှင့် ဝီစကီ တစ်ပြား ယူလာရန် ပြောသည် ။ ကျွန်တော့်ကိုလည်း “ ဒေါက်တာရေ . . . ကျွန်တော်တော့ အမေ့ရဲ့ မထနိုင်တဲ့ ခန္ဓာကြီးကို ကြည့်နိုင်တဲ့ အင်အား မရှိတော့ပါဘူး ။ ကျွန်တော့်ကို သနားပါ ။ ဒေါက်တာ တစ်ယောက်ပဲ သွားကြည့်လိုက်ပါနော် ။ အားနာပေမယ့် အပေါ်ထပ်ရဲ့ ဒေါက်ဆုံးခန်းက အမေ့ အခန်းပါ ” လို့ ပြောသည် ။
ထို့နောက် ကျွန်တော်တစ်ယောက်တည်း သူပြောသည့်အတိုင်း တက်လာသည့်အခါ တောက်တောက်ကြီးဖြစ်နေသော အဘွားအိုကို တွေ့ရ၏ ။ အဘွားအို၏ မျက်ခွံများကို ဖြဲကြည့်သည် ။ သူငယ်အိမ်များ အလွန် ကျဉ်းနေသည်ကို တွေ့ရ၏ ။ အဘွားအို၏ လက်ကောက်ဝတ်ကို စမ်းကြည့်မိသောအခါ ကျွန်တော့်မျက်နှာတွင် အပြုံးရိပ့်များ ဝင်လာသည် ။ ဆေးအိတ်ကို ဖွင့်၍ ဇဝက်သာ ပုလင်းကို ထုတ်ယူကာ အဘွား၏နှာခေါင်းဝ၌ တေ့ထားလိုက်သည် ။ ပထမတော့ ဘာမျှ ဖြစ်မလာ ။ ခဏအကြာတော့ အဘွားအို၏ နှာခေါင်းသည် ရှုံ့ချီ ပွချီ ဖြစ်လာကာ တအားကုန် ချေလိုက်တော့သည် ။
သူ့မျက်လုံးများ မူးနှောက်နှောက်ဖြင့် ပွင့်လာသည် ။ ကျွန်တော့်ကို ကြောင်တောင်တောင်ဖြင့် ကြည့်နေရင်း အားရပါးရ သူသန်း၏ ။
“ ဒေါက်တာ ဘာလုပ်နေတာလဲ . . . အမလေး . . . အိပ့်လို့ သိပ့်ကောင်းတာပဲ ” ဟု အဘွားက ပြော၏ ။ ကျွန်တော်က အဘွားကို မနေ့က ပေးလိုက်တဲ့ဆေးအား ဘယ်လောက်တောင် သောက်လိုက်သလဲဟု မေးသောအခါ “ လက်ဖက်ရည်ဇွန်း နှစ်ဇွန်း သောက်လိုက်တာလေ ” ဟု ပြန်ဖြေ လေ၏ ။ “ အဘွားကလည်း . . . ကျွန်တေ်ာက တစ်ဇွန်းပဲ သောက်ခိုင်းတာလေ ” လို့ ပြောတော့ “ ဟုတ်သားပဲ ။ အသက်ကြီးလာတော့ မှတ်ညာဏ်တွေ မကောင်းတော့ဘူး ” ဟု ပြန်ပြောသည် ။ “ ကဲ အဘွားလဲ အိပ့်တာ တော်လောက်ပြီ ။ ကျွန်တော်လည်း ပြန်အုန်းမယ် ” ဟုပြောကာ အောက်ထပ်သို့ ဆင်းလာခဲ့သည် ။
အောက်ရောက်တော့ ဂါမိနှင့် သူ့မိန်းမက ဝမ်းနည်းကြေကွဲနေသော မျက်နှာများဖြင့် “ ကျွန်တော့်အမေ ဒီလို ရုတ်တရပ်ကြီး ဖြစ်သွားတာ လုံး၀ မယုံနိုင်ဘူး . . . သိပ့်သနားစရာကောင်းတဲ့အမေ ။ အခုတော့ ကျွန်တော်တို့ကို ထားသွားရှာပြီပေါ့ ” ဟု ပြောပြောဆိုဆိုဖြင့် ဂါမိက ဝီစကီတစ်ခွက်ငှဲ့ကာ ကျွန်တော့်ကို ပေးသည် ။ ကျွန်တော်က “ လူနာကြည့်ဖို့ ခေါ်တဲ့အိမ်တိုင်း ဝီစကီနဲ့ တစ်ခါမှ ဧည့်မခံဖူးဘူး ” ဟု ပြုံးပြုံးရွှင်ရွှင်ဖြင့်ပြောကာ ဝီစကီခွက်ကို ယူလိုက်သည် ။ သူ့ မိန်းမက “ ကျွန်မရဲ့ ယောက္ခမက အင်မတန် စိတ်သဘောထား ကောင်းတဲ့သူပါ ။ သူသေသွားတယ်ဆိုတာ ကျွန်မဖြင့် အခုထိ မယုံနိုင်သေးဘူး ။ ဖြစ်နိုင်ရင် အခုလို သောကအပူမီးတွေ ပြေပျောက်ဖို့ အမေ့ကို အသက်ပြန်သွင်းပေးချင်တာပါပဲ . . . ” ဟု ပြောကာ မှိုင်ထွေနေသည် ။
ဂါမိက “ ဒေါက်တာ . . . ကျွန်တော့်အမေရဲ့ သေဆုံးကြောင်း အတည်ပြုလက်မှတ်လေး ပေးပါအုန်း ။ အခုချိန်မှာ မလုပ်ချင်ပေမယ့်လည်း အသက်အာမခံကိစ္စက ရှိနေသေးတယ်မဟုတ်လား ။ ဘာပဲဖြစ်ဖြစ် အမေ့ရဲ့ ဆန္ဒကိုတော့ ဖြည့်ပေးရမှာပေါ့ ” ဟု ဆိုလာတော့ ကျွန်တော်က ခပ်မြန်မြန်ပဲ လက်ထဲက ဝီစကီကို မော့သောက်လိုက်သည် ။ ထိုအချိန်၌ အဘွားအိုသည် လှေကားထစ်မှ အောက်သို့ ဆင်းလာ၏ ။
“ ဘုရား ဘုရား . . . ” ဂါမိက ရေရွတ်သည် ။ သူ့ပါးစပ်မှ ဝီစကီများလည်း အိင်္ကျီအထက်သို့ ဖိတ်စင်ကျသွားသည် ။ သူ့မိန်းမက အဘွားအိုအား ကြောင်တောင်တောင်ဖြင့် ငေးနေ၏ ။
ထို့နောက် အဘွားအိုက “ ဒီနေ့ ညစာ စားပွဲက တယ်လဲ ကောင်းပါလား ။ ငါလဲ ဗိုက်ဆာနေတာနဲ့ အတော်ပဲ ဟေ့ . . . ”
အဘွားအိုက အစားအသောက်များကို အားပါးတရ စားနေသည် ။ ဂါမိတို့မှာ ကြက်သေ သေနေကြ၏ ။ ကျွန်တော်က အသာကလေး ထွက်လာသည် ။
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment