zawgyi -
ဖို၀ိဇၨာ၏ ေနာက္ဆံုးေန႕ရက္မ်ား သို႔မဟုတ္ တာ၀န္ၿပီးဆံုးခ်ိန္
-----
ေနညိဳခ်ိန္ေရာက္လာေတာ့ သူမတ္တပ္ရပ္လိုက္တယ္ ။ သူ႕လက္ထဲက ပုတီးကိုလဲ လည္ပင္းမွာ ၿပန္ဆြဲလိုက္ၿပီး ခင္းထားတဲ႕အခင္းကို သူ ေခါက္သိမ္းတယ္ ။ ေၿမာက္အရပ္က လာတဲ႕ေလေတြက သူ႕မ်က္ႏွာကို တုိက္ခတ္လာပါတယ္ ။ သူကေတာ့ ပံုမွန္လုပ္ေနက် အလုပ္အတိုင္း အစီအစဥ္တက် သူလုပ္ကိုင္ေနတယ္ ။ သူ႕အမည္က အဂၤ တဲ႕ ။ သူ႕ကို ဆရာၾကီး အဂၤလို႕ သူ႕တပည့္ေတြက ေခၚေ၀ၚၾကသလို လူသူအမ်ားကလည္း ထိုအတိုင္းပဲ ေခၚစမွတ္ ၿပဳၾကပါတယ္ ။ သူက ေရွ႕ၿဖစ္ေဟာစာတမ္းမွာ ကြ်မ္းက်င္တယ္လို႕ လက္ခံထားၾကတယ္ ။
သူက ခန္႕မွန္ရ အေတာ္ခက္တဲ႕ လူထူးလူဆန္းတစ္ေယာက္ၿဖစ္သလို သူ႕ဘ၀ၾကီးကို သူကိုယ္တိုင္ ပေဟဠိဆန္စြာ ေမးခြန္းထုတ္ေလ့ရွိတယ္ ။ သူ႕ဘ၀ရဲ႕ ေရွ႕ေရးကို သူကိုယ္တိုင္ ဖတ္ၾကားတယ္ ။ ရလာတဲ႕အေၿဖအတြက္ သူေက်နပ္သြားတယ္ဆိုတာ မရွိဘူး ။ တစ္ခါက သူ႕တပည့္ေတြကိုေၿပာတယ္ ။ “ မင္းတို႕ေတြ ဘယ္ေတာ့မွ မၿဖစ္လာေသးတဲ႕အရာေတြကို ၾကိဳမသိခ်င္နဲ႕ ” တဲ႕ ။
တစ္ေန႕ သူ႕ဆီကို ဗင္ ဆိုတဲ႕ လူငယ္တစ္ေယာက္ ေရာက္လာတယ္ ။ ဗင္က သိုးေက်ာင္းသား ။ ဒါေပမယ့္ ထက္ၿမတ္တယ္ ။ သူ႕ရဲ႕ ဗီဇကိုက တစ္မူထူးၿခားတဲ႕အတြက္ တစ္ေနရာထဲမွာ ေနထိုင္ရတဲ႕ ဘ၀မ်ိဳးကို သူ မႏွစ္သက္ဘူး ။ ဒါေၾကာင့္လည္း သူဟာ သိုးေက်ာင္းသား ဘ၀နဲ႕ ေနထိုင္ေနတာၿဖစ္တယ္ ။ သူက ဆရာၾကီး အဂၤ သတင္းကိုၾကားလို႕ ဒီအထိလာၿပီး သူ႕ရဲ႕ ေရွ႕ၿဖစ္ေဟာစာတမ္းကို ဖတ္ၾကားေစခ်င္တာတဲ႕ ။
“ ကြ်န္ေတာ့္အမည္က ဗင္ပါ ။ ကြ်န္ေတာ္ အခုတေလာ တူညီတဲ႕ အိမ္မက္ေတြ မက္ေနတယ္ ။ အဲ႕ဒီ႕အိမ္မက္ေတြက နိမိတ္ေတြလို႕ ကြ်န္ေတာ့္စိတ္ထဲမွာ ထင္ေနတယ္ ။ အိမ္မက္ကလည္း ကြ်န္ေတာ့္အတြက္ ထူးၿခားတယ္ ။ အဲ႕ဒီ႕အိမ္မက္ကို ဆရာၾကီးက အဓိပၸါယ္ ဖြင့္ဆိုေပးနိုင္မလား ” လို႕ ေမးလိုက္တယ္ ။
ထိုအခါ ဆရာၾကီး အဂၤ က “ ငါ . . . ဖတ္လို႕ရရင္ ဖတ္ၾကားေပးမယ္ ” လို႕ ၿပန္ေၿဖတယ္ ။
“ ကြ်န္ေတာ့္အိမ္မက္ထဲမွာ ပုဂၢိဳလ္တစ္ေယာက္က ေၿပာတယ္ ။ မင္း . . . ပရမစ္ေတြဆီကိုသြား ။ မင္းရဲ႕ ရတနာေတြ ရွိတယ္တဲ႕ ” ။
အဲ႕ဒီ႕ေတာ့ ဆရာၾကီးက “ မင္းၿမင္တဲ႕ ပုဂၢိဳလ္က ဘယ္လိုမ်ိဳးလဲ ” ။
ထိုအခါ လူငယ္က “ အသက္ၾကီးၾကီးလို႕ ထင္ရေပမယ့္ ေသေသၿခာၿခာ သူ႕ကို မၿမင္ရဘူး ။ ေခါင္းကိုလည္း အ၀တ္ပိတ္နဲ႕ အုပ္ေဆာင္းထားတယ္ ။ အဲ႕ဒီ႕အ၀တ္က ခႏၶာကိုယ္တစ္ခုလံုးကိုလဲ ၿခံဳလႊမ္းထားတယ္ ” လို႕ ေၿပာတယ္ ။
ဆရာၾကီးက ထပ္ေမးတယ္ ။ “ မင္းအရင္က အဲ႕လိုလူမ်ိဳးကို အၿပင္မွာ ေတြ႕ဖူးလား ” ဆိုေတာ့ လူငယ္ေလးက “ ကြ်န္ေတာ္က သိုးေက်ာင္းသား. . . သိုးေတြရဲ႕ စာက်က္ေၿမကို ရွာရင္း ေနရာစံုေအာင္ ေရာက္ဖူးပါတယ္ ။ ကြ်န္ေတာ္ သတိထားမိေလာက္ေအာင္ အဲ႕လိုလူမ်ိဳး တစ္ခါမွ မၿမင္ဖူးဘူး ။ အဲ႕လိုပံုစံမ်ိဳး အၿပင္မွာ ေတြ႕ရရင္လည္း ကြ်န္ေတာ္ မွတ္မိေနမွာ ေသၿခာတယ္ ” လို႕ ၿပန္ေၿဖပါတယ္ ။ ထိုအခါ ဆရာၾကီးက “ မင္းရဲ႕ လက္ကို ေပးစမ္း ” လို႔ ေၿပာတယ္ ။ လူငယ္က ညာဘက္လက္ကို ၿပလိုက္ေတာ့ ဆရာၾကီးက ေသေသၿခာၿခာၾကည့္တယ္ ။ ေနာက္ၿပီး ဘယ္ဘက္လက္ပါ ထပ္ၿပဖို႕ ေၿပာတယ္ ။
အဲ႕ဒီ႕ေနာက္ ဆရာၾကီးက “ မင္း ပရမစ္ဆိုတာ ဘာၾကီးလဲဆိုတာေရာ မင္းရဲ႕သိလား ” လို႕ ေမးတယ္ ။ ေကာင္ေလးက ေခါင္းခါၿပတယ္ ။ ဆရာၾကီးက “ ဒါဆိုလဲ အဲ႕ဒီ႕ ပရမစ္ကို မင္း ေတြ႕ဖူးသင့္တယ္ ။ မင္းရတနာေတြကိုလည္း ယူရင္းေပါ့ ” လို႕ ေၿပာတဲ႕အခါ လူငယ္က စိတ္ပ်က္သြားသလို ၿပန္ေၿပာလိုက္တယ္ ။ “ ဒီလိုမွန္းသိရင္ ဒီေနရာထိေတာင္ အပင္ပန္းခံၿပီး မလာဘူး ” တဲ႕ ။
ဆရာၾကီးကေတာ့ တည္တည္ၿငိမ္ၿငိမ္နဲ႕ ထပ္ေၿပာတယ္ ။ “ မင္း ရတနာေတြကို မင္း ေသေသၿခာၿခာသြားယူပါ ။ အဲ႕ဒီ႕က ၿပန္လာမွ အခုလို ေရွ႕ၿဖစ္ေဟာေပးရတဲ႕အဖိုးအခအၿဖစ္ မင္းရဲ႕ ရတနာေတြထဲက ဆယ္ပံု ပံု တစ္ပံုကို ငါ့ကိုေပး ” လို႕ ေၿပာလိုက္တယ္ ။ အဲ႕ဒီ႕ေတာ့ လူငယ္ရဲ႕ မ်က္ႏွာလည္း တစ္မ်ိဳးေၿပာင္းသြားၿပီး အခုပိုက္ဆံ မေပးရရင္ ၿပီးေရာဆိုတဲ႕ အေတြးနဲ႕ သေဘာတူလက္ခံကာ ဆရာၾကီး အေရွ႕ကေန ထြက္ခြါသြားပါေတာ့တယ္ ။
ဆရာၾကီးက လူငယ္ေလး သူ႕အေရွ႕က ထြက္ခြါသြားေတာ့ မ်က္လံုးကိုမွိတ္ၿပီး ၿငိမ္သပ္ေနတယ္ ။ ခဏအၾကာေတာ့ သူ႕တပည့္ေတြကို ေၿပာတယ္ “ ဒီေကာင္ေလးဟာ ေနာက္ထပ္ တစ္လတိတိ ၾကာၿမင့္တဲ႕အခါ ဒီကိုတစ္ေခါက္ ၿပန္လာလိမ့္မယ္ ။ သူ ငါ့ကို အေၾကြးလာဆပ္လိမ့္မယ္ ” လို႕ ေၿပာလိုက္တယ္ ။
ဆရာၾကီး အဂၤ ဟာ အဲ႕ဒီ႕ေနာက္ပိုင္း လူေတြနဲ႕ အေတြ႕မခံေတာ့ဘူး ။ သူ႕ဘ၀ရဲ႕ အဓိပၸါယ္တစ္ခုကို သူကိုယ္တိုင္ရွာေဖြဖို႕ လူသူမနီးတဲ႕ ေတာင္ပူစာေလး တစ္ခုအေပၚမွာပဲ အေၿခခ်တယ္ ။ ေနညိဳခ်ိန္ေရာက္မွ အဲ႕ဒီ႕ကေန သူ႕တပည့္ေတြရွိတဲ႕ ေနရာဆီ သူၿပန္လာတက္တယ္ ။ မနက္လင္းရင္ အဲ႕ဒီ႕ ေတာင္ပူစာေလးေပၚမွာပဲ အခ်ိန္ကုန္ေနတက္ပါတယ္ ။
တစ္ေန႕ သူဟာ သူ႕ဘ၀ရဲ႕ ေရွ႕ေရးကို သူဖတ္တယ္ ။ ေနာက္ၿပီး သက္ၿပင္းတစ္ခ်က္ခ်ကာ သူ ညည္းညဴလိုက္တယ္ ။ “ ဒီေကာင္ေလးဟာ ငါ့အတြက္ ေသမင္းတမန္ပဲ ။ ငါ့တာ၀န္ေတြ ၿပီး ဆံုးဖို႕ပဲ ငါေမွ်ာ္လင့္ရေတာ့မယ္ ။ ဒီေကာင္ေလး လုပ္နိုင္ပါ့မလား ။ အို . . . နတ္ဘုရားေတြဟာ ဘာအတြက္မွ ပူပန္မေနသင့္ဘူး ” လို႕ သူ ေၿပာတယ္ ။ ေနာက္ၿပီး ေကာင္းကင္ၾကီးကို သူေမာ့ၾကည့္ၿပီး သူ႕ကိုယ္သူလည္း ရွက္သလိုလို ခံစားမိလိုက္တယ္ ။
ငါ့ရဲ႕ ေနထိုင္ခြင့္ရွိတဲ႕ အခ်ိန္ေတြဟာ တစ္ေၿဖးေၿဖးနဲ႕ ကုန္ၿမန္လြန္းေနပါလားလို႕ သူ ေတြးေနပါတယ္ ။ သူ႕အတြက္ အခုလို ရွင္သန္ၿခင္းဆိုတာေတြက ဘာမွ အဓိပၸါယ္မရွိသလို သူ ခံစားေနရတယ္ ။ သူ႕ရဲ႕ ဂုဏ္သတင္းေတြ ၊ သူ႕ရဲ႕ ေလ့လာဆည္းပူးခဲ႕တဲ႕ ပညာေတြ ၊ သူ႕ရဲ႕ စည္းစိမ္ဥစၥာေတြဟာ အခုခ်ိန္မွာ သူ႕ကို ပ်က္ရယ္ၿပဳေနသလို ထင္ေနရတယ္ ။ “ မင္းရဲ႕ ေအာင္ၿမင္မႈ ေက်ာ္ၾကားမႈေတြက အခုေတာ့ မင္းကို မကယ္နိုင္ေတာ့ဘူးလား ” ဆိုၿပီး ေလွာင္ေၿပာင္သေရာ္ေနသလို ။ သူ သက္ၿပင္း ခ်လိုက္တယ္ ။ ေနာက္ေတာ့ သိုးေက်ာင္းသားေလးအေၾကာင္း သတိရမိေတာ့ သူ ၿပံဳးမိၿပန္ေလရဲ႕ ။ ေနာက္ၿပီး ႏႈတ္ကေန ထပ္ရြက္လိုက္ၿပန္တယ္ ။ “ မင္းဟာ ငါ့ရဲ႕ ေသမင္းတမန္ပါလား . . . ”
သူဟာ သူ႕ဘ၀ကိုသူ သိပ့္၀မ္းနည္းမိတဲ႕အတြက္ ငိုလိုက္မိတယ္ ။ ဆရာၾကီးမ်က္ရည္ကို ေတြ႕လိုက္တဲ႕သူေတြရွိရင္ အထူးအဆန္း ၿဖစ္ၾကမွာပဲ ။ သို႕ေသာ္ သူမ်က္ရည္က်တာ ဘယ္သူမွ မေတြ႕လိုက္ပါဘူး ။ အဲ႕ဒီ႕အခ်ိန္ ေကာင္းကင္အထက္မွာ သိန္းငွက္တစ္ေကာင္ ပ်ံသန္းသြားတယ္ ။ သူလည္း ဦးတည္ရာမဲ႕တဲ႕အေတြးနဲ႕ အဲ႕ဒီ႕သိန္းငွက္ကို လိုက္ၾကည့္ေနမိတယ္ ။
ခဏအၾကာေတာ့ သိန္းငွက္က အၿမင့္ေနရာကေန အႏွိပ့္ေနရာကို ဆင္းလာတယ္ ။ သူ႕ၿမင္ကြင္းမွာ သိန္းငွက္ဟာ ပိုၿပီး ၾကီးထြားလာတယ္ ။ အဲ႕ဒီ႕သိန္းငွက္က ေလထဲမွာ စက္၀ိုင္းပံုသ႑ာန္ ပ်ံသန္းေနပါတယ္ ။ သူဘာေၾကာင့္ အဲ႕ဒီ႕သိန္းငွက္ကို သတိထားမိေနလည္းဆိုတာ သူမသိဘူး ။ အဲ႕ဒီ႕ေနာက္ သိန္းငွက္က ရုတ္တရပ္ ေၿမၿပင္ေပၚကို ထိုးဆင္းလာၿပီး ယုန္တစ္ေကာင္ကို ကုတ္ခ်ီသြားတယ္ ။ ခဏပင္မၾကာဘူး ယုန္ခ်ီသြားတဲ႕ သိန္းငွက္အေနာက္ကို က်ီးမဲေတြ ေအာ္ဟစ္ရင္း လိုက္ထိုးဆိတ္တာ ေတြ႕ရတယ္ ။ ဒီၿမင္ကြင္းကေတာ့ သူ႕ကို ေသေသၿခာၿခာ ဆြဲေဆာင္သြားေလၿပီ ။ သူ႔ၿမင္ကြင္းမွာ သိန္းငွက္နဲ႕ က်ီးကန္းတစ္သိုက္ ၊ ေနာက္ၿပီး ေလထဲမွာ ဘာမွ မစြမ္းေဆာင္နိုင္တဲ႕ ယုန္တစ္ေကာင္ရွိေနတာ သူၿမင္ေနရတယ္ ။ သူတို႕ ဘာေတြ ထက္ၿဖစ္မလဲဆိုတာလည္း သိခ်င္စိတ္ေတြ မ်ားလာတယ္ ။
သိန္းငွက္က ခပ္ၿမင့္ၿမင့္ကို ပ်ံတက္သြားတယ္ ။ သူ႕ေၿခေထာက္က ယုန္ကိုလည္း မလြတ္တမ္း ကုတ္ခ်ီထားတယ္ ။ က်ီးကန္းေတြက သိန္းငွက္ အၿမင့္ထိ မပ်ံနိုင္ေအာင္ တအာအာနဲ႕ ေအာ္ဟစ္ရင္း ထိုးဆိတ္ေနၾကတယ္ ။ ဟုန္ေလးကေတာ့ ဘာမွ မတက္နိုင္ဘူး ။ သူတို႕ၿပဳသမွ် နုေနရတာပါပဲ ။ အဲ႕ဒီ႕ေနာက္ သိန္းငွက္က ယုန္ကို လႊတ္ခ်လိုက္ၿပီး အရွိန္အဟုန္ၿပင္းၿပင္းနဲ႕ ေကာင္းကင္ေပၚကို တဟုန္ထိုးပ်ံတက္သြားတယ္ ။ က်ီးကန္းေတြ မလိုက္နိုင္ေတာ့တဲ႕ အၿမင့္ထိ ၿဖစ္တယ္ ။
အဲ႕ဒီ႔ေနာက္ က်ီးကန္းေတြဟာ ယုန္က်သြားတဲ႕ေနရာကို ထိုးဆင္းလာၾကတယ္ ။ ယုန္က ေက်ာက္တုံးေတြေပၚမွာ အရိုးေတြေက်ၿပီး ေသေနၿပီ ။ ဒီတစ္ခါ သူၿမင္ရတဲ႕ၿမင္ကြင္းက မ်ိဳးတူတိုက္ပြဲပဲ ။ က်ီးကန္းတစ္ေကာင္က ေပါက္ထြက္ေနတဲ႕ ယုန္ဗိုက္က အူေတြကို ထိုးသုတ္တယ္ ။ အဲ႕ဒီ႕အစာကိုပဲ ေနာက္တစ္ေကာင္က လုတယ္ ။ ယုန္ရဲ႕ အေသြးေတြ ၊ အသားေတြ ၊ မ်က္လံုးေတြကို ေအာ္ၾက ဟစ္ၾကရင္း လုယူသုတ္ခ်ီၾကတယ္ ။ အသားေတြ မ်ားစြာရွိေနေပမယ့္ သူတို႕ေတြ အေ၀မတည့္ၾကဘူး ။ ေနာက္ေတာ့ က်ီးကန္းေတြ ထြက္ခြါသြားတာကို သူၿမင္ေနရပါတယ္ ။
သူက သံေ၀ဂရတဲ႕စိတ္နဲ႕ ယုန္အေသကို လွမ္းၾကည့္ေနတယ္ ။ ယုန္က အၿမင့္က က်ထားတဲ႕ အရွိန္နဲ႕ က်ီးကန္းေတြ ေဖါက္စားထားတဲ႕ အေနအထားေတြေၾကာင့္ ရုပ္ပ်က္ဆင္းပ်က္ ၿဖစ္ေနတယ္ ။ အူေတြလဲ ေပါက္ထြက္ေနတယ္ ။ အညိဳေရာင္ အေမႊးအမွ်င္ေတြမွာ ေသြးခ်င္းခ်င္း နီေနတာကိုလည္း သူေတြ႕ေနရပါတယ္ ။ သူညည္းညဴလိုက္တယ္ ။ ေနာက္ၿပီး ႏႈတ္ကလည္း ေၿပာတယ္ ။ “ ဒီယုန္ေလး ေသသြားရွာၿပီပဲ . . . ” ။
ထံုးစံအတိုင္း သူဟာ အာရံုခံၿပီး နိမိတ္ဖတ္ပါတယ္ ။ အဲ႕ဒီ႕အခါ သူ႕ရဲ႕ အသက္ရႈသံေတြ ေႏွးေကြးသြားတယ္ ။ ေနာက္ၿပီး တိတ္ဆိတ္ေနတယ္ ။ ေလထဲမွာ ေရာေထြးသြားသလို သူခံစားေနရတယ္ ။ ဒါဟာ သူ႕အတြက္ ထူးၿခားမႈ တစ္ခုပဲ ။ သူဟာ အေသေကာင္တစ္ေကာင္ရဲ႕ ေရွ႕ၿဖစ္နိမိတ္ကို ပထမဆံုးအၾကိမ္ သူ ဖတ္ေနတာလဲ ၿဖစ္တယ္ ။ သူ႕ခႏၶာနဲ႕ ယုန္အေသနဲ႔ ေရာေထြးသြားတာကို သူၿမင္ေနရတယ္ ။ အဲ႕ဒီ႕ခဏမွာပဲ သူဟာ သဘာ၀တရားၾကီးနဲ႕ စတင္စကားေၿပာလိုက္ပါတယ္ ။ “ ယုန္ကေလး အခု ဘာၿဖစ္ေနၿပီလဲ . . . ”
ေလေတြက သဘာ၀စကားနဲ႕ သူ႕ကို ၿပန္ညႊန္ၿပၾကတယ္ ။ “ ယုန္ကေလးက ေပါ့ပါးလန္းဆန္းတဲ႕ ေလေၿပေလညင္းေလး ၿဖစ္သြားၿပီ ” တဲ႕ ။ အဲ႕ဒီ႕အခါ သူက ေမးတယ္ “ ယုန္က ေလအၿဖစ္ ေၿပာင္းလဲနိုင္လို႕လား ” ။ ေလက “ ငါ ေနရာအစံုကို ေရာက္ဖူးတယ္ ။ ရွိသမွ် အရာရာတိုင္းဟာ တစ္ေန႕က်ရင္ ေလေၿပေလညင္းေလးသာ ၿဖစ္သြားၾကတယ္ ” လို႕ ၿပန္အေၿဖေပးတယ္ ။
အဲ႕ဒီ႕ေနာက္ သူက ေၿမၾကီးနဲ႕ စကားေၿပာဖို႕ ၾကိဳးစားတယ္ ။ “ ယုန္ကေလးအခု ဘာၿဖစ္ေနၿပီလဲ . . .” ။ ထိုအခါ ေၿမၾကီးက “ ယုန္ကေလးဟာ တည္ၿငိမ္ေဖ်ာက္မတ္တဲ႕ ေၿမဆီလႊာေလး ၿဖစ္သြားၿပီ ” လို႕ ၿပန္ေၿဖတယ္ ။ ယုန္ကေန ေၿမၾကီးၿဖစ္နိုင္လို႕လားလို႕ သူ ေမးလိုက္တယ္ ။ “ ငါဟာ အရာရာကို သိတယ္ ။ ေတြ႕လည္း ေတြ႕ဖူးတယ္ ။ အရာရာတိုင္းဟာ ေနာက္ဆံုးမွာ ေၿမၾကီးတာ ၿဖစ္သြားၾကတယ္ ” လို႕ ၿပန္ေၿပာတယ္ ။
အဲ႕ဒီ႕ေနာက္ သူက ေနမင္းၾကီးကို စကားလွမ္းေၿပာတယ္ ။ “ ယုန္ကေလးအခု ဘာၿဖစ္ေနၿပီလဲ . . . ” ။ အဲ႕ဒီ႔အခါ ေနမင္းၾကီးက သူ႕ရဲ႕ ေတာက္ပပူေလာင္မႈအရာေတြကို ေလ်ာ့ခ်ၿပီး စကား ၿပန္ေၿပာတယ္ ။ “ ယုန္ကေလးအခု ငါ႕ရဲ႕ ေတာက္ပပူေလာင္မႈအရာေတြထဲ စီးေမ်ာသြားၿပီ ” တဲ႕ ။ အဲ႕ဒီ့အခါ သူက “ ယုန္က မီးေတာက္ၿဖစ္နိုင္လို႕လား ” လို႕ ေမးလိုက္တယ္ ။ ေနမင္းၾကီးက “ အရာရာတိုင္းဟာ မီးေတာက္မီးလွ်ံေတြပဲ ” လို႕ ၿပန္ေၿဖတယ္ ။
အဲ႕ဒီ႕အခါ သူဟာ သူ႕ရဲ႕ ရွာေဖြေနတဲ႕အေၿဖကို မေတြ႕ရေသးတဲ႕အတြက္ စီးဆင္းေနတဲ႕ စမ္းေခ်ာင္းေတြကို လွမ္းၿပီး စကားေၿပာလိုက္တယ္ ။ “ ယုန္ကေလးအခု ဘာၿဖစ္ေနၿပီလဲ ” ။ ေရစီးေတြကသူ႕ကို စကား ၿပန္ေၿပာတယ္ “ ယုန္ကေလးအခု ေရစီးေတြၾကားထဲ ေပ်ာ္၀င္သြားၿပီ ” တဲ႕ ။ အဲ႕ဒီ့အခါ သူက “ ယုန္ကေန ေရစီးေတြ ၿဖစ္နိင္လို႕လား “ လို႕ ေမးလိုက္တယ္ ။ ေရေတြက သူ႕ကို ၿပန္ေၿပာတယ္ ။ “ အရာရာတိုင္းဟာ ေရစီးေတြ ၾကားထဲမွာပဲ ေပ်ာ္၀င္လာရတာ ငါေတြ႕တယ္ ” တဲ႕ ။
အဲ႕ဒီ႕အခ်ိန္မွာ ေလက “ မင္းကို သက္ေသၿပမယ္ ” ဆိုၿပီး ၿပင္းၿပင္းထန္ထန္ တိုက္ခက္လိုက္ပါတယ္ ။ တိမ္ေတြၾကားမွာရွိတဲ႕ ေရခိုးေရေငြ႕ေတြကလဲ သူ႕ရဲ႕ စြမ္းအားကို ေလနဲ႕အၿပိဳင္ ထုတ္သံုးတယ္ ။ ေလာကၾကီးတစ္ခုလံုးဟာ ေၾကာက္မက္ဖြယ္ေကာင္းလွေအာင္ ေလၿပင္းမုန္တိုင္း က်ေရာက္ေနေလရဲ႕ ။ အဲ႕ဒီ႕ေနာက္ ေခ်ာက္ကဘားေတြဟာ ၿပိဳက်လာၿပီး မီးေတာက္မီးလွ်ံေတြက မိုးေကာင္းကင္ကေန က်ဆင္းလာေတာ့တယ္ ။ အဲ႕ဒီ႕အရာေတြ ၿဖစ္ၿပီးေတာ့ ေလာကၾကီးတစ္ခုလံုး ပ်က္ဆီးသြားတာကို သူၿမင္ေတြ႕လိုက္တယ္ ။ သို႕ေသာ္ ထိုအရာေတြဟာ သူ႕ရဲ႕ ၀ိဇၨာဥာဏ္ထဲမွာ ၿဖစ္ပ်က္ေနတာ ၿဖစ္တယ္ ။ “ ဓါတ္ေလးပါး အားၿပိဳင္ပြဲဟာ အင္မတန္ ေၾကာက္စရာေကာင္းပါလား ” လို႕ သူညည္းညဴလိုက္ပါတယ္ ။
သူဟာ ယုန္အေသရဲ႕ခႏၶာကေနထြက္ဖို႕ ၾကိဳးစားတယ္ ။ ယုန္အေသထဲမွာ စီးဆင္းေနတဲ႕ သူ႕ရဲ႕ ၀ိဇၨာဥာဏ္ေတြကို ၿပန္လည္ႏုတ္ယူတယ္ ။ သဘာ၀တရားၾကီးထဲမွာ ေရာေထြးေနတဲ႕သူ႕ခႏၶာဟာ အိပ္႕ေမာက်ေနသလို ၿငိမ္သပ္ေနပါတယ္ ။ ေနာက္ေတာ့ တေၿဖးေၿဖး သူ႕ရဲ႕ႏွလံုးခုန္သံကို သူၿပန္ၾကားလာရတယ္ ။ သူ႕ရဲ႕အာရံုေတြက ဒီခႏၶာကို ၿပန္ကပ္သြားတဲ႕အခါ သူ႕ရဲ႕၀မ္းဗိုက္ထဲမွာရွိေနတဲ႕ေလပူေတြကို သူ ေၿဖးေၿဖးခ်င္း မႈတ္ထုတ္လိုက္တယ္ ။ အဲ႕ဒီ႕ေနာက္ သူဟာ သူ႕ပတ္၀န္းက်င္ကအသံေတြကို ၿပန္လည္ ၾကားလာရပါတယ္ ။
သူမ်က္လံုးကို အသာအယာဖြင့္လိုက္ၿပီး ေကာင္းကင္ၾကီးကိုေမာ့ၾကည့္လိုက္တဲ႕အခါ ေကာင္းကင္ၾကီးက ၿပာလဲ႕ေနတယ္ ။ ေနာက္ေတာ့ ေနက ပူေနတယ္ ။ သူ႕ကို သဘာ၀တရားၾကီးက အရိပ့္ထဲသြားဖို႕ လွမ္းေၿပာေနေၾကာင္း သူၾကားလိုက္ပါတယ္ ။
အဲ႕ဒီ႕ေနာက္ အရိပ့္ထဲကိုသူသြားၿပီး ခပ္လွမ္းလွမ္းက လမ္းသြယ္ေလးကို သူ ေမွ်ာ္ၾကည့္လိုက္ပါတယ္ ။ လမ္းေလးက ေတာင္ေၿခအႏွိပ့္မွာၿဖစ္ၿပီး အေပၚစီးကေန ရွင္းရွင္းလင္းလင္း ၿမင္ေတြ႕ေနရတယ္ ။ လမ္းက ေၿမနီလမ္း ၊ အဲ႕ဒီ႕လမ္းေပၚမွာ သိုးေတြ အမ်ားခ်ည္း ။ သူတို႕ရဲ႕ အေနာက္မွာက သိုးေက်ာင္းသားေလးတစ္ေယာက္ ။ သူ႕အမည္က ဗင္တဲ႕ ။
ခဏအၾကာေတာ့ သိုးေက်ာင္းသားေလးက သူ႕ဆီေရာက္လာတယ္ ။ သူ႕သိုးေတြကို စာက်က္ေၿမမွာ ခ်န္ထားခဲ႕ၿပီး တစ္ေယာက္တည္း ေတာင္ပူဆာေလးအေပၚကို တက္လာတာ ၿဖစ္တယ္ ။ သိုးေက်ာင္းသားေလးက သူ႕အေရွ႕ေရာက္ေတာ့ သူ႕ကို ၿပံဳးၿပတယ္ ။ ေနာက္ေတာ့ “ ဆရာၾကီး အဂၤ ေၿပာတဲ႕အတိုင္း ကြ်န္ေတာ္ ပိရမစ္ေတြဆီသြားဖို႕ ဆံုးၿဖတ္ခဲ႕တယ္ ။ ကြ်န္ေတာ္က ရတနာေတြကို လိုခ်င္တယ္ေလ ။ ဒါေပမယ့္ . . . ပရမစ္ထိေရာက္ဖို႕က ကုန္က်စာရိတ္ေတြ အမ်ားခ်ည္း လိုတယ္ ။ ေနာက္ဆံုးေတာ့ ဒီသိုးေတြကိုပဲ ကြ်န္ေတာ္ ဆက္ေက်ာင္းေနရတာပဲ ” ။ လို႕ ထို႕သို႕ေၿပာကာ သူ႕သိုးေတြကို လွမ္းၿပီး လက္ညႈိးထိုးၿပတယ္ ။ ေနာက္ေတာ့ “ ဘာေၾကာင့္မွန္းမသိဘူး ဆရာၾကီးကို ကြ်န္ေတာ္ အေတာ္ေလး ခင္မင္စိတ္ၿဖစ္ေနတယ္ ၊ ေနာက္ၿပီး အိမ္မက္ထဲက ပုဂၢိဳလ္နဲ႕ ဆရာၾကီးဟာ သိပ့္တူတာပဲ ။ ကြ်န္ေတာ္နဲ႕ အရင္က ဆံုဖူးသလားလို႕ ဆရာၾကီးကို ေမးခ်င္တယ္ ။ ဘာလို႕လဲဲဆိုရင္ ဆရာၾကီးကိုကြ်န္ေတာ္ ရင္းရင္းႏွီးႏွီးကို ၿမင္ဖူးသလိုရွိေနလို႕ပဲ ” လို႕ ဆိုလိုက္တယ္ ။
ဆရာၾကီးအဂၤက ဘာမွ ၿပန္မေၿပာဘူး ။ မထင္ရွားတဲ့အၿပံဳးနဲ႕အတူ ေခါင္းေလး မသိမသာ ၿပန္ၿငိမ့္ၿပတယ္ ။ ေနာက္ေတာ့ သိုးေက်ာင္းသားလဲ သူ႕အေရွ႕ကေန ၿပန္လည္ထြက္ခြါဖို႕ မက္တပ္ထရပ္လိုက္တယ္ ။ သူက ဆရာၾကီးကို ထပ္ေၿပာတယ္ ။ “ ပရမစ္ေတြဆီ မေရာက္ေသးေတာ့ ဆရာၾကီးအတြက္ ေဟာစာတမ္းခလဲ မေပးနိုင္ေသးဘူးေပါ့ ” တဲ႕ ။ အဲ႕ဒီ႕ေနာက္ သိုးေက်ာင္းသားေလးဟာ ေတာင္ေအာက္မွာရွိတဲ႕ သူ႕ရဲ႕ သိုးေတြဆီ ၿပန္ထြက္ခြါသြားပါတယ္ ။
သူက ေကာင္ေလးကို လွမ္းၾကည့္ေနတယ္ ။ ေနာက္ၿပီး ၿငီးညဴလိုက္တယ္ ။ “ ပါရမီရွင္တစ္ေယာက္ ဆံုးရံႈးသြားၿပန္ၿပီ ” တဲ႕ ။ သူ႕ရဲ႕ ေသမင္းတမန္က သူ႕ကို တာ၀န္ထပ္ေပးလိုက္ေၾကာင္း သူ သိလိုက္တယ္ ။ သူ အသက္ဆက္ရွင္ရအုန္းမယ္ ၊ ေနာက္ၿပီး ဒီေကာင္ေလးကို ဖို၀ိဇၨာၿဖစ္ဖို႕ ေနာက္ထပ္္တစ္ၾကိမ္ နိမိတ္ၿပရအုန္းမယ္ ။ သူ သက္ၿပင္း ထပ္ခ်တယ္ ။ ေနာက္ၿပီး သိုးေက်ာင္းသားေလးကို လွမ္းၾကည့္ေနပါတယ္ ။ သိုးေက်ာင္းသားေလးက သိုးေတြကို ေမာင္း ေနတယ္ ။ အေရွ႕ဆံုးက သိုးတစ္ေကာင္က လမ္းေဘးက ၿမတ္နုေလးေတြအနား တိုးသြားတာ သူေတြ႕လိုက္တယ္ ။ ဒါဟာ သူ႔အတြက္ နိမိတ္မဟုတ္ေတာ့ပဲ သိုးေက်ာင္းသားေလးအတြက္ နိမိတ္ၿဖစ္ေနတာကို သူသိတယ္ ။ သိုးေက်ာင္းသားေလးကေတာ့ ဘာအေၾကာင္းကိုမွ မသိထားရွာဘူး ။ သိုးေက်ာင္းသားေလးရဲ႕ စိတ္ထဲမွာ ထူးၿခားမႈဆိုလို႕ တစ္ခုသာပဲ ရွိေနတယ္ ။ အဲ႕ဒါက ဆရာၾကီးအဂၤကို သူ ၿမင္ဖူးေနတယ္ ဆိုတာပဲ . . .
#htoohtoolay
unicode -
ဖိုဝိဇ္ဇာ၏ နောက်ဆုံးနေ့ရက်များ သို့မဟုတ် တာဝန်ပြီးဆုံးချိန်
-----
နေညိုချိန်ရောက်လာတော့ သူမတ်တပ်ရပ်လိုက်တယ် ။ သူ့လက်ထဲက ပုတီးကိုလဲ လည်ပင်းမှာ ပြန်ဆွဲလိုက်ပြီး ခင်းထားတဲ့အခင်းကို သူ ခေါက်သိမ်းတယ် ။ မြောက်အရပ်က လာတဲ့လေတွေက သူ့မျက်နှာကို တိုက်ခတ်လာပါတယ် ။ သူကတော့ ပုံမှန်လုပ်နေကျ အလုပ်အတိုင်း အစီအစဉ်တကျ သူလုပ်ကိုင်နေတယ် ။ သူ့အမည်က အင်္ဂ တဲ့ ။ သူ့ကို ဆရာကြီး အင်္ဂလို့ သူ့တပည့်တွေက ခေါ်ဝေါ်ကြသလို လူသူအများကလည်း ထိုအတိုင်းပဲ ခေါ်စမှတ် ပြုကြပါတယ် ။ သူက ရှေ့ဖြစ်ဟောစာတမ်းမှာ ကျွမ်းကျင်တယ်လို့ လက်ခံထားကြတယ် ။
သူက ခန့်မှန်ရ အတော်ခက်တဲ့ လူထူးလူဆန်းတစ်ယောက်ဖြစ်သလို သူ့ဘဝကြီးကို သူကိုယ်တိုင် ပဟေဠိဆန်စွာ မေးခွန်းထုတ်လေ့ရှိတယ် ။ သူ့ဘဝရဲ့ ရှေ့ရေးကို သူကိုယ်တိုင် ဖတ်ကြားတယ် ။ ရလာတဲ့အဖြေအတွက် သူကျေနပ်သွားတယ်ဆိုတာ မရှိဘူး ။ တစ်ခါက သူ့တပည့်တွေကိုပြောတယ် ။ “ မင်းတို့တွေ ဘယ်တော့မှ မဖြစ်လာသေးတဲ့အရာတွေကို ကြိုမသိချင်နဲ့ ” တဲ့ ။
တစ်နေ့ သူ့ဆီကို ဗင် ဆိုတဲ့ လူငယ်တစ်ယောက် ရောက်လာတယ် ။ ဗင်က သိုးကျောင်းသား ။ ဒါပေမယ့် ထက်မြတ်တယ် ။ သူ့ရဲ့ ဗီဇကိုက တစ်မူထူးခြားတဲ့အတွက် တစ်နေရာထဲမှာ နေထိုင်ရတဲ့ ဘဝမျိုးကို သူ မနှစ်သက်ဘူး ။ ဒါကြောင့်လည်း သူဟာ သိုးကျောင်းသား ဘဝနဲ့ နေထိုင်နေတာဖြစ်တယ် ။ သူက ဆရာကြီး အင်္ဂ သတင်းကိုကြားလို့ ဒီအထိလာပြီး သူ့ရဲ့ ရှေ့ဖြစ်ဟောစာတမ်းကို ဖတ်ကြားစေချင်တာတဲ့ ။
“ ကျွန်တော့်အမည်က ဗင်ပါ ။ ကျွန်တော် အခုတလော တူညီတဲ့ အိမ်မက်တွေ မက်နေတယ် ။ အဲ့ဒီ့အိမ်မက်တွေက နိမိတ်တွေလို့ ကျွန်တော့်စိတ်ထဲမှာ ထင်နေတယ် ။ အိမ်မက်ကလည်း ကျွန်တော့်အတွက် ထူးခြားတယ် ။ အဲ့ဒီ့အိမ်မက်ကို ဆရာကြီးက အဓိပ္ပါယ် ဖွင့်ဆိုပေးနိုင်မလား ” လို့ မေးလိုက်တယ် ။
ထိုအခါ ဆရာကြီး အင်္ဂ က “ ငါ . . . ဖတ်လို့ရရင် ဖတ်ကြားပေးမယ် ” လို့ ပြန်ဖြေတယ် ။
“ ကျွန်တော့်အိမ်မက်ထဲမှာ ပုဂ္ဂိုလ်တစ်ယောက်က ပြောတယ် ။ မင်း . . . ပရမစ်တွေဆီကိုသွား ။ မင်းရဲ့ ရတနာတွေ ရှိတယ်တဲ့ ” ။
အဲ့ဒီ့တော့ ဆရာကြီးက “ မင်းမြင်တဲ့ ပုဂ္ဂိုလ်က ဘယ်လိုမျိုးလဲ ” ။
ထိုအခါ လူငယ်က “ အသက်ကြီးကြီးလို့ ထင်ရပေမယ့် သေသေခြာခြာ သူ့ကို မမြင်ရဘူး ။ ခေါင်းကိုလည်း အဝတ်ပိတ်နဲ့ အုပ်ဆောင်းထားတယ် ။ အဲ့ဒီ့အဝတ်က ခန္ဓာကိုယ်တစ်ခုလုံးကိုလဲ ခြုံလွှမ်းထားတယ် ” လို့ ပြောတယ် ။
ဆရာကြီးက ထပ်မေးတယ် ။ “ မင်းအရင်က အဲ့လိုလူမျိုးကို အပြင်မှာ တွေ့ဖူးလား ” ဆိုတော့ လူငယ်လေးက “ ကျွန်တော်က သိုးကျောင်းသား. . . သိုးတွေရဲ့ စာကျက်မြေကို ရှာရင်း နေရာစုံအောင် ရောက်ဖူးပါတယ် ။ ကျွန်တော် သတိထားမိလောက်အောင် အဲ့လိုလူမျိုး တစ်ခါမှ မမြင်ဖူးဘူး ။ အဲ့လိုပုံစံမျိုး အပြင်မှာ တွေ့ရရင်လည်း ကျွန်တော် မှတ်မိနေမှာ သေခြာတယ် ” လို့ ပြန်ဖြေပါတယ် ။ ထိုအခါ ဆရာကြီးက “ မင်းရဲ့ လက်ကို ပေးစမ်း ” လို့ ပြောတယ် ။ လူငယ်က ညာဘက်လက်ကို ပြလိုက်တော့ ဆရာကြီးက သေသေခြာခြာကြည့်တယ် ။ နောက်ပြီး ဘယ်ဘက်လက်ပါ ထပ်ပြဖို့ ပြောတယ် ။
အဲ့ဒီ့နောက် ဆရာကြီးက “ မင်း ပရမစ်ဆိုတာ ဘာကြီးလဲဆိုတာရော မင်းရဲ့သိလား ” လို့ မေးတယ် ။ ကောင်လေးက ခေါင်းခါပြတယ် ။ ဆရာကြီးက “ ဒါဆိုလဲ အဲ့ဒီ့ ပရမစ်ကို မင်း တွေ့ဖူးသင့်တယ် ။ မင်းရတနာတွေကိုလည်း ယူရင်းပေါ့ ” လို့ ပြောတဲ့အခါ လူငယ်က စိတ်ပျက်သွားသလို ပြန်ပြောလိုက်တယ် ။ “ ဒီလိုမှန်းသိရင် ဒီနေရာထိတောင် အပင်ပန်းခံပြီး မလာဘူး ” တဲ့ ။
ဆရာကြီးကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ထပ်ပြောတယ် ။ “ မင်း ရတနာတွေကို မင်း သေသေခြာခြာသွားယူပါ ။ အဲ့ဒီ့က ပြန်လာမှ အခုလို ရှေ့ဖြစ်ဟောပေးရတဲ့အဖိုးအခအဖြစ် မင်းရဲ့ ရတနာတွေထဲက ဆယ်ပုံ ပုံ တစ်ပုံကို ငါ့ကိုပေး ” လို့ ပြောလိုက်တယ် ။ အဲ့ဒီ့တော့ လူငယ်ရဲ့ မျက်နှာလည်း တစ်မျိုးပြောင်းသွားပြီး အခုပိုက်ဆံ မပေးရရင် ပြီးရောဆိုတဲ့ အတွေးနဲ့ သဘောတူလက်ခံကာ ဆရာကြီး အရှေ့ကနေ ထွက်ခွါသွားပါတော့တယ် ။
ဆရာကြီးက လူငယ်လေး သူ့အရှေ့က ထွက်ခွါသွားတော့ မျက်လုံးကိုမှိတ်ပြီး ငြိမ်သပ်နေတယ် ။ ခဏအကြာတော့ သူ့တပည့်တွေကို ပြောတယ် “ ဒီကောင်လေးဟာ နောက်ထပ် တစ်လတိတိ ကြာမြင့်တဲ့အခါ ဒီကိုတစ်ခေါက် ပြန်လာလိမ့်မယ် ။ သူ ငါ့ကို အကြွေးလာဆပ်လိမ့်မယ် ” လို့ ပြောလိုက်တယ် ။
ဆရာကြီး အင်္ဂ ဟာ အဲ့ဒီ့နောက်ပိုင်း လူတွေနဲ့ အတွေ့မခံတော့ဘူး ။ သူ့ဘဝရဲ့ အဓိပ္ပါယ်တစ်ခုကို သူကိုယ်တိုင်ရှာဖွေဖို့ လူသူမနီးတဲ့ တောင်ပူစာလေး တစ်ခုအပေါ်မှာပဲ အခြေချတယ် ။ နေညိုချိန်ရောက်မှ အဲ့ဒီ့ကနေ သူ့တပည့်တွေရှိတဲ့ နေရာဆီ သူပြန်လာတက်တယ် ။ မနက်လင်းရင် အဲ့ဒီ့ တောင်ပူစာလေးပေါ်မှာပဲ အချိန်ကုန်နေတက်ပါတယ် ။
တစ်နေ့ သူဟာ သူ့ဘဝရဲ့ ရှေ့ရေးကို သူဖတ်တယ် ။ နောက်ပြီး သက်ပြင်းတစ်ချက်ချကာ သူ ညည်းညူလိုက်တယ် ။ “ ဒီကောင်လေးဟာ ငါ့အတွက် သေမင်းတမန်ပဲ ။ ငါ့တာဝန်တွေ ပြီး ဆုံးဖို့ပဲ ငါမျှော်လင့်ရတော့မယ် ။ ဒီကောင်လေး လုပ်နိုင်ပါ့မလား ။ အို . . . နတ်ဘုရားတွေဟာ ဘာအတွက်မှ ပူပန်မနေသင့်ဘူး ” လို့ သူ ပြောတယ် ။ နောက်ပြီး ကောင်းကင်ကြီးကို သူမော့ကြည့်ပြီး သူ့ကိုယ်သူလည်း ရှက်သလိုလို ခံစားမိလိုက်တယ် ။
ငါ့ရဲ့ နေထိုင်ခွင့်ရှိတဲ့ အချိန်တွေဟာ တစ်ဖြေးဖြေးနဲ့ ကုန်မြန်လွန်းနေပါလားလို့ သူ တွေးနေပါတယ် ။ သူ့အတွက် အခုလို ရှင်သန်ခြင်းဆိုတာတွေက ဘာမှ အဓိပ္ပါယ်မရှိသလို သူ ခံစားနေရတယ် ။ သူ့ရဲ့ ဂုဏ်သတင်းတွေ ၊ သူ့ရဲ့ လေ့လာဆည်းပူးခဲ့တဲ့ ပညာတွေ ၊ သူ့ရဲ့ စည်းစိမ်ဥစ္စာတွေဟာ အခုချိန်မှာ သူ့ကို ပျက်ရယ်ပြုနေသလို ထင်နေရတယ် ။ “ မင်းရဲ့ အောင်မြင်မှု ကျော်ကြားမှုတွေက အခုတော့ မင်းကို မကယ်နိုင်တော့ဘူးလား ” ဆိုပြီး လှောင်ပြောင်သရော်နေသလို ။ သူ သက်ပြင်း ချလိုက်တယ် ။ နောက်တော့ သိုးကျောင်းသားလေးအကြောင်း သတိရမိတော့ သူ ပြုံးမိပြန်လေရဲ့ ။ နောက်ပြီး နှုတ်ကနေ ထပ်ရွက်လိုက်ပြန်တယ် ။ “ မင်းဟာ ငါ့ရဲ့ သေမင်းတမန်ပါလား . . . ”
သူဟာ သူ့ဘဝကိုသူ သိပ့်ဝမ်းနည်းမိတဲ့အတွက် ငိုလိုက်မိတယ် ။ ဆရာကြီးမျက်ရည်ကို တွေ့လိုက်တဲ့သူတွေရှိရင် အထူးအဆန်း ဖြစ်ကြမှာပဲ ။ သို့သော် သူမျက်ရည်ကျတာ ဘယ်သူမှ မတွေ့လိုက်ပါဘူး ။ အဲ့ဒီ့အချိန် ကောင်းကင်အထက်မှာ သိန်းငှက်တစ်ကောင် ပျံသန်းသွားတယ် ။ သူလည်း ဦးတည်ရာမဲ့တဲ့အတွေးနဲ့ အဲ့ဒီ့သိန်းငှက်ကို လိုက်ကြည့်နေမိတယ် ။
ခဏအကြာတော့ သိန်းငှက်က အမြင့်နေရာကနေ အနှိပ့်နေရာကို ဆင်းလာတယ် ။ သူ့မြင်ကွင်းမှာ သိန်းငှက်ဟာ ပိုပြီး ကြီးထွားလာတယ် ။ အဲ့ဒီ့သိန်းငှက်က လေထဲမှာ စက်ဝိုင်းပုံသဏ္ဍာန် ပျံသန်းနေပါတယ် ။ သူဘာကြောင့် အဲ့ဒီ့သိန်းငှက်ကို သတိထားမိနေလည်းဆိုတာ သူမသိဘူး ။ အဲ့ဒီ့နောက် သိန်းငှက်က ရုတ်တရပ် မြေပြင်ပေါ်ကို ထိုးဆင်းလာပြီး ယုန်တစ်ကောင်ကို ကုတ်ချီသွားတယ် ။ ခဏပင်မကြာဘူး ယုန်ချီသွားတဲ့ သိန်းငှက်အနောက်ကို ကျီးမဲတွေ အော်ဟစ်ရင်း လိုက်ထိုးဆိတ်တာ တွေ့ရတယ် ။ ဒီမြင်ကွင်းကတော့ သူ့ကို သေသေခြာခြာ ဆွဲဆောင်သွားလေပြီ ။ သူ့မြင်ကွင်းမှာ သိန်းငှက်နဲ့ ကျီးကန်းတစ်သိုက် ၊ နောက်ပြီး လေထဲမှာ ဘာမှ မစွမ်းဆောင်နိုင်တဲ့ ယုန်တစ်ကောင်ရှိနေတာ သူမြင်နေရတယ် ။ သူတို့ ဘာတွေ ထက်ဖြစ်မလဲဆိုတာလည်း သိချင်စိတ်တွေ များလာတယ် ။
သိန်းငှက်က ခပ်မြင့်မြင့်ကို ပျံတက်သွားတယ် ။ သူ့ခြေထောက်က ယုန်ကိုလည်း မလွတ်တမ်း ကုတ်ချီထားတယ် ။ ကျီးကန်းတွေက သိန်းငှက် အမြင့်ထိ မပျံနိုင်အောင် တအာအာနဲ့ အော်ဟစ်ရင်း ထိုးဆိတ်နေကြတယ် ။ ဟုန်လေးကတော့ ဘာမှ မတက်နိုင်ဘူး ။ သူတို့ပြုသမျှ နုနေရတာပါပဲ ။ အဲ့ဒီ့နောက် သိန်းငှက်က ယုန်ကို လွှတ်ချလိုက်ပြီး အရှိန်အဟုန်ပြင်းပြင်းနဲ့ ကောင်းကင်ပေါ်ကို တဟုန်ထိုးပျံတက်သွားတယ် ။ ကျီးကန်းတွေ မလိုက်နိုင်တော့တဲ့ အမြင့်ထိ ဖြစ်တယ် ။
အဲ့ဒီ့နောက် ကျီးကန်းတွေဟာ ယုန်ကျသွားတဲ့နေရာကို ထိုးဆင်းလာကြတယ် ။ ယုန်က ကျောက်တုံးတွေပေါ်မှာ အရိုးတွေကျေပြီး သေနေပြီ ။ ဒီတစ်ခါ သူမြင်ရတဲ့မြင်ကွင်းက မျိုးတူတိုက်ပွဲပဲ ။ ကျီးကန်းတစ်ကောင်က ပေါက်ထွက်နေတဲ့ ယုန်ဗိုက်က အူတွေကို ထိုးသုတ်တယ် ။ အဲ့ဒီ့အစာကိုပဲ နောက်တစ်ကောင်က လုတယ် ။ ယုန်ရဲ့ အသွေးတွေ ၊ အသားတွေ ၊ မျက်လုံးတွေကို အော်ကြ ဟစ်ကြရင်း လုယူသုတ်ချီကြတယ် ။ အသားတွေ များစွာရှိနေပေမယ့် သူတို့တွေ အဝေမတည့်ကြဘူး ။ နောက်တော့ ကျီးကန်းတွေ ထွက်ခွါသွားတာကို သူမြင်နေရပါတယ် ။
သူက သံဝေဂရတဲ့စိတ်နဲ့ ယုန်အသေကို လှမ်းကြည့်နေတယ် ။ ယုန်က အမြင့်က ကျထားတဲ့ အရှိန်နဲ့ ကျီးကန်းတွေ ဖေါက်စားထားတဲ့ အနေအထားတွေကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတယ် ။ အူတွေလဲ ပေါက်ထွက်နေတယ် ။ အညိုရောင် အမွှေးအမျှင်တွေမှာ သွေးချင်းချင်း နီနေတာကိုလည်း သူတွေ့နေရပါတယ် ။ သူညည်းညူလိုက်တယ် ။ နောက်ပြီး နှုတ်ကလည်း ပြောတယ် ။ “ ဒီယုန်လေး သေသွားရှာပြီပဲ . . . ” ။
ထုံးစံအတိုင်း သူဟာ အာရုံခံပြီး နိမိတ်ဖတ်ပါတယ် ။ အဲ့ဒီ့အခါ သူ့ရဲ့ အသက်ရှုသံတွေ နှေးကွေးသွားတယ် ။ နောက်ပြီး တိတ်ဆိတ်နေတယ် ။ လေထဲမှာ ရောထွေးသွားသလို သူခံစားနေရတယ် ။ ဒါဟာ သူ့အတွက် ထူးခြားမှု တစ်ခုပဲ ။ သူဟာ အသေကောင်တစ်ကောင်ရဲ့ ရှေ့ဖြစ်နိမိတ်ကို ပထမဆုံးအကြိမ် သူ ဖတ်နေတာလဲ ဖြစ်တယ် ။ သူ့ခန္ဓာနဲ့ ယုန်အသေနဲ့ ရောထွေးသွားတာကို သူမြင်နေရတယ် ။ အဲ့ဒီ့ခဏမှာပဲ သူဟာ သဘာဝတရားကြီးနဲ့ စတင်စကားပြောလိုက်ပါတယ် ။ “ ယုန်ကလေး အခု ဘာဖြစ်နေပြီလဲ . . . ”
လေတွေက သဘာဝစကားနဲ့ သူ့ကို ပြန်ညွှန်ပြကြတယ် ။ “ ယုန်ကလေးက ပေါ့ပါးလန်းဆန်းတဲ့ လေပြေလေညင်းလေး ဖြစ်သွားပြီ ” တဲ့ ။ အဲ့ဒီ့အခါ သူက မေးတယ် “ ယုန်က လေအဖြစ် ပြောင်းလဲနိုင်လို့လား ” ။ လေက “ ငါ နေရာအစုံကို ရောက်ဖူးတယ် ။ ရှိသမျှ အရာရာတိုင်းဟာ တစ်နေ့ကျရင် လေပြေလေညင်းလေးသာ ဖြစ်သွားကြတယ် ” လို့ ပြန်အဖြေပေးတယ် ။
အဲ့ဒီ့နောက် သူက မြေကြီးနဲ့ စကားပြောဖို့ ကြိုးစားတယ် ။ “ ယုန်ကလေးအခု ဘာဖြစ်နေပြီလဲ . . .” ။ ထိုအခါ မြေကြီးက “ ယုန်ကလေးဟာ တည်ငြိမ်ဖျောက်မတ်တဲ့ မြေဆီလွှာလေး ဖြစ်သွားပြီ ” လို့ ပြန်ဖြေတယ် ။ ယုန်ကနေ မြေကြီးဖြစ်နိုင်လို့လားလို့ သူ မေးလိုက်တယ် ။ “ ငါဟာ အရာရာကို သိတယ် ။ တွေ့လည်း တွေ့ဖူးတယ် ။ အရာရာတိုင်းဟာ နောက်ဆုံးမှာ မြေကြီးတာ ဖြစ်သွားကြတယ် ” လို့ ပြန်ပြောတယ် ။
အဲ့ဒီ့နောက် သူက နေမင်းကြီးကို စကားလှမ်းပြောတယ် ။ “ ယုန်ကလေးအခု ဘာဖြစ်နေပြီလဲ . . . ” ။ အဲ့ဒီ့အခါ နေမင်းကြီးက သူ့ရဲ့ တောက်ပပူလောင်မှုအရာတွေကို လျော့ချပြီး စကား ပြန်ပြောတယ် ။ “ ယုန်ကလေးအခု ငါ့ရဲ့ တောက်ပပူလောင်မှုအရာတွေထဲ စီးမျောသွားပြီ ” တဲ့ ။ အဲ့ဒီ့အခါ သူက “ ယုန်က မီးတောက်ဖြစ်နိုင်လို့လား ” လို့ မေးလိုက်တယ် ။ နေမင်းကြီးက “ အရာရာတိုင်းဟာ မီးတောက်မီးလျှံတွေပဲ ” လို့ ပြန်ဖြေတယ် ။
အဲ့ဒီ့အခါ သူဟာ သူ့ရဲ့ ရှာဖွေနေတဲ့အဖြေကို မတွေ့ရသေးတဲ့အတွက် စီးဆင်းနေတဲ့ စမ်းချောင်းတွေကို လှမ်းပြီး စကားပြောလိုက်တယ် ။ “ ယုန်ကလေးအခု ဘာဖြစ်နေပြီလဲ ” ။ ရေစီးတွေကသူ့ကို စကား ပြန်ပြောတယ် “ ယုန်ကလေးအခု ရေစီးတွေကြားထဲ ပျော်ဝင်သွားပြီ ” တဲ့ ။ အဲ့ဒီ့အခါ သူက “ ယုန်ကနေ ရေစီးတွေ ဖြစ်နိင်လို့လား “ လို့ မေးလိုက်တယ် ။ ရေတွေက သူ့ကို ပြန်ပြောတယ် ။ “ အရာရာတိုင်းဟာ ရေစီးတွေ ကြားထဲမှာပဲ ပျော်ဝင်လာရတာ ငါတွေ့တယ် ” တဲ့ ။
အဲ့ဒီ့အချိန်မှာ လေက “ မင်းကို သက်သေပြမယ် ” ဆိုပြီး ပြင်းပြင်းထန်ထန် တိုက်ခက်လိုက်ပါတယ် ။ တိမ်တွေကြားမှာရှိတဲ့ ရေခိုးရေငွေ့တွေကလဲ သူ့ရဲ့ စွမ်းအားကို လေနဲ့အပြိုင် ထုတ်သုံးတယ် ။ လောကကြီးတစ်ခုလုံးဟာ ကြောက်မက်ဖွယ်ကောင်းလှအောင် လေပြင်းမုန်တိုင်း ကျရောက်နေလေရဲ့ ။ အဲ့ဒီ့နောက် ချောက်ကဘားတွေဟာ ပြိုကျလာပြီး မီးတောက်မီးလျှံတွေက မိုးကောင်းကင်ကနေ ကျဆင်းလာတော့တယ် ။ အဲ့ဒီ့အရာတွေ ဖြစ်ပြီးတော့ လောကကြီးတစ်ခုလုံး ပျက်ဆီးသွားတာကို သူမြင်တွေ့လိုက်တယ် ။ သို့သော် ထိုအရာတွေဟာ သူ့ရဲ့ ဝိဇ္ဇာဉာဏ်ထဲမှာ ဖြစ်ပျက်နေတာ ဖြစ်တယ် ။ “ ဓါတ်လေးပါး အားပြိုင်ပွဲဟာ အင်မတန် ကြောက်စရာကောင်းပါလား ” လို့ သူညည်းညူလိုက်ပါတယ် ။
သူဟာ ယုန်အသေရဲ့ခန္ဓာကနေထွက်ဖို့ ကြိုးစားတယ် ။ ယုန်အသေထဲမှာ စီးဆင်းနေတဲ့ သူ့ရဲ့ ဝိဇ္ဇာဉာဏ်တွေကို ပြန်လည်နုတ်ယူတယ် ။ သဘာဝတရားကြီးထဲမှာ ရောထွေးနေတဲ့သူ့ခန္ဓာဟာ အိပ့်မောကျနေသလို ငြိမ်သပ်နေပါတယ် ။ နောက်တော့ တဖြေးဖြေး သူ့ရဲ့နှလုံးခုန်သံကို သူပြန်ကြားလာရတယ် ။ သူ့ရဲ့အာရုံတွေက ဒီခန္ဓာကို ပြန်ကပ်သွားတဲ့အခါ သူ့ရဲ့ဝမ်းဗိုက်ထဲမှာရှိနေတဲ့လေပူတွေကို သူ ဖြေးဖြေးချင်း မှုတ်ထုတ်လိုက်တယ် ။ အဲ့ဒီ့နောက် သူဟာ သူ့ပတ်ဝန်းကျင်ကအသံတွေကို ပြန်လည် ကြားလာရပါတယ် ။
သူမျက်လုံးကို အသာအယာဖွင့်လိုက်ပြီး ကောင်းကင်ကြီးကိုမော့ကြည့်လိုက်တဲ့အခါ ကောင်းကင်ကြီးက ပြာလဲ့နေတယ် ။ နောက်တော့ နေက ပူနေတယ် ။ သူ့ကို သဘာဝတရားကြီးက အရိပ့်ထဲသွားဖို့ လှမ်းပြောနေကြောင်း သူကြားလိုက်ပါတယ် ။
အဲ့ဒီ့နောက် အရိပ့်ထဲကိုသူသွားပြီး ခပ်လှမ်းလှမ်းက လမ်းသွယ်လေးကို သူ မျှော်ကြည့်လိုက်ပါတယ် ။ လမ်းလေးက တောင်ခြေအနှိပ့်မှာဖြစ်ပြီး အပေါ်စီးကနေ ရှင်းရှင်းလင်းလင်း မြင်တွေ့နေရတယ် ။ လမ်းက မြေနီလမ်း ၊ အဲ့ဒီ့လမ်းပေါ်မှာ သိုးတွေ အများချည်း ။ သူတို့ရဲ့ အနောက်မှာက သိုးကျောင်းသားလေးတစ်ယောက် ။ သူ့အမည်က ဗင်တဲ့ ။
ခဏအကြာတော့ သိုးကျောင်းသားလေးက သူ့ဆီရောက်လာတယ် ။ သူ့သိုးတွေကို စာကျက်မြေမှာ ချန်ထားခဲ့ပြီး တစ်ယောက်တည်း တောင်ပူဆာလေးအပေါ်ကို တက်လာတာ ဖြစ်တယ် ။ သိုးကျောင်းသားလေးက သူ့အရှေ့ရောက်တော့ သူ့ကို ပြုံးပြတယ် ။ နောက်တော့ “ ဆရာကြီး အင်္ဂ ပြောတဲ့အတိုင်း ကျွန်တော် ပိရမစ်တွေဆီသွားဖို့ ဆုံးဖြတ်ခဲ့တယ် ။ ကျွန်တော်က ရတနာတွေကို လိုချင်တယ်လေ ။ ဒါပေမယ့် . . . ပရမစ်ထိရောက်ဖို့က ကုန်ကျစာရိတ်တွေ အများချည်း လိုတယ် ။ နောက်ဆုံးတော့ ဒီသိုးတွေကိုပဲ ကျွန်တော် ဆက်ကျောင်းနေရတာပဲ ” ။ လို့ ထို့သို့ပြောကာ သူ့သိုးတွေကို လှမ်းပြီး လက်ညှိုးထိုးပြတယ် ။ နောက်တော့ “ ဘာကြောင့်မှန်းမသိဘူး ဆရာကြီးကို ကျွန်တော် အတော်လေး ခင်မင်စိတ်ဖြစ်နေတယ် ၊ နောက်ပြီး အိမ်မက်ထဲက ပုဂ္ဂိုလ်နဲ့ ဆရာကြီးဟာ သိပ့်တူတာပဲ ။ ကျွန်တော်နဲ့ အရင်က ဆုံဖူးသလားလို့ ဆရာကြီးကို မေးချင်တယ် ။ ဘာလို့လဲဆိုရင် ဆရာကြီးကိုကျွန်တော် ရင်းရင်းနှီးနှီးကို မြင်ဖူးသလိုရှိနေလို့ပဲ ” လို့ ဆိုလိုက်တယ် ။
ဆရာကြီးအင်္ဂက ဘာမှ ပြန်မပြောဘူး ။ မထင်ရှားတဲ့အပြုံးနဲ့အတူ ခေါင်းလေး မသိမသာ ပြန်ငြိမ့်ပြတယ် ။ နောက်တော့ သိုးကျောင်းသားလဲ သူ့အရှေ့ကနေ ပြန်လည်ထွက်ခွါဖို့ မက်တပ်ထရပ်လိုက်တယ် ။ သူက ဆရာကြီးကို ထပ်ပြောတယ် ။ “ ပရမစ်တွေဆီ မရောက်သေးတော့ ဆရာကြီးအတွက် ဟောစာတမ်းခလဲ မပေးနိုင်သေးဘူးပေါ့ ” တဲ့ ။ အဲ့ဒီ့နောက် သိုးကျောင်းသားလေးဟာ တောင်အောက်မှာရှိတဲ့ သူ့ရဲ့ သိုးတွေဆီ ပြန်ထွက်ခွါသွားပါတယ် ။
သူက ကောင်လေးကို လှမ်းကြည့်နေတယ် ။ နောက်ပြီး ငြီးညူလိုက်တယ် ။ “ ပါရမီရှင်တစ်ယောက် ဆုံးရှုံးသွားပြန်ပြီ ” တဲ့ ။ သူ့ရဲ့ သေမင်းတမန်က သူ့ကို တာဝန်ထပ်ပေးလိုက်ကြောင်း သူ သိလိုက်တယ် ။ သူ အသက်ဆက်ရှင်ရအုန်းမယ် ၊ နောက်ပြီး ဒီကောင်လေးကို ဖိုဝိဇ္ဇာဖြစ်ဖို့ နောက်ထပ်တစ်ကြိမ် နိမိတ်ပြရအုန်းမယ် ။ သူ သက်ပြင်း ထပ်ချတယ် ။ နောက်ပြီး သိုးကျောင်းသားလေးကို လှမ်းကြည့်နေပါတယ် ။ သိုးကျောင်းသားလေးက သိုးတွေကို မောင်း နေတယ် ။ အရှေ့ဆုံးက သိုးတစ်ကောင်က လမ်းဘေးက မြတ်နုလေးတွေအနား တိုးသွားတာ သူတွေ့လိုက်တယ် ။ ဒါဟာ သူ့အတွက် နိမိတ်မဟုတ်တော့ပဲ သိုးကျောင်းသားလေးအတွက် နိမိတ်ဖြစ်နေတာကို သူသိတယ် ။ သိုးကျောင်းသားလေးကတော့ ဘာအကြောင်းကိုမှ မသိထားရှာဘူး ။ သိုးကျောင်းသားလေးရဲ့ စိတ်ထဲမှာ ထူးခြားမှုဆိုလို့ တစ်ခုသာပဲ ရှိနေတယ် ။ အဲ့ဒါက ဆရာကြီးအင်္ဂကို သူ မြင်ဖူးနေတယ် ဆိုတာပဲ . . .
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment