ဟုတ်တယ် ! မြန်မာနိုင်ငံကြီး ဆင်းရဲနေတယ် ။
-------
၁၉၄၂ -၄၃ ခုနှစ်လောက်မှာ ဟစ်တလာက ဆိုဗီယက်ရုရှားကိုသာဖိပြီး တိုက်နေတဲ့အချိန်မှာ ဆိုဗီယက်အစိုးရက အင်္ဂလိပ့်နဲ့ အမေရိကန်တို့ကို ဥရောပ အနောက်ပိုင်းမှာ ဒုတိယကမ္ဘာစစ်ဖွင့်ဖို့ တိုက်တွန်းခဲ့ကြပါတယ် ။ အဲ့ဒီလိုထောက်ခံချက်အတိုင်း ဒုတိယကမ္ဘာစစ်ကိုဖွင့်လိုသော်လည်း မလွယ်ကူတာကြောင့် ရုတ်တရပ်စစ်ထိုးဆင်ခြင်းမရှိပဲ ဥရောပတိုက်ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် အစီအစဉ်တွေကို ချမှတ်ခဲ့ကာ ၁၉၄၄ ဇွန်လ ၆ ရက်နေ့လဲရောက်ရော ဗိုလ်ချုပ် အိုင်ဆင်ဟောင်းဝါး အုပ်ချုပ်တဲ့ မဟာမိတ်တပ်ပေါင်းစုကြီးက ပြင်သစ်နိုင်ငံကနေ ဥရောပတိုက်အထိ တက်ခဲ့ကြတယ် ။ အမေရိကန်နဲ့ ပြင်သစ်တပ်များက မြေထဲပင်လယ် ကမ်းခြေကနေပြီး သြဂုတ်လ ၂၅ ရက်နေ့မှာ ပြင်သစ်မြို့တော် ပါရီမြို့အထိ ပြန်လည်သိမ်းပိုက်မိကြတယ် ။ ဒီလိုနဲ့ ဧပြီ ၂၈ ရက်နေ့မှာတော့ အီတလီဆန့်ကျင်ရေးသမာတွေက အာဏာရှင် မူဆိုလီနီကို သုတ်သင်လိုက်ကြပြီးနောက် မေလ ၁ရက်နေ့လဲရောက်ရော ဟစ်တလာသေဆုံးပြီဆိုတဲ့သတင်းကို ဂျာမန်တို့ကကျေညာခဲ့ပါတယ် ။ နောက်တော့ ရုရှားတပ်တွေက ဘာလင်မြို့တော်ကို သိမ်းပိုက်လိုက်ပြီး နောက် ငါးရက်မျှအကြာ မေလ ၇ ရက်မှာတော့ ဂျာမနီက လက်နက်ချခဲ့ရပြီး ဥရောပ စစ်ကြီးက ပြီးဆုံးသွားခဲ့တယ် ။ အဲ့ဒီလို ဥရောပ စစ်မျက်နှာမှာ ဂျာမန်နဲ့ အခြားဖက်ဆစ်တွေ အင်အား အရေးမလှကြတော့ ကမ္ဘာ့ အရှေ့ဖျားမှာရှိတဲ့ ဂျပန်တွေကလည်း တဖြေးဖြေး သိမ်းပိုက်ပြီး နယ်မြေတွေကနေ ဆုတ်ခွါလာကြရတယ် ။ ပစိဖိတ်စစ်မျက်နှာမှာ အမေရိကန်ပြည်ထောင်စုက တာဝန်ယူပြီး အခြားမဟာမိတ်နိုင်ငံများနဲ့အတူ တိုက်နေခဲ့ပါတယ် ။
အဲ့ဒီလို အမေရိကန်က မဟာမိတ်တပ်ပေါင်းစုတွေ စုစည်းလိုက်တဲ့အခါ ဂျပန်တွေထပ် အင်အားများပြီး ပစိဖိတ်အလည်ပိုင်းမှာ ရေကြောင်းဗိုလ်ချုပ် နီမစ်ကဂျပန် ကိုအပြင်း အထန် တိုက်ခတ်ခဲ့ကြပါတယ် ။ အလယ်ပိုင်း စစ်မျက်နှာမှာတော့ နီမစ်ရဲ့တပ်တွေက ကန်ကလေးများကို တိုက်ခိုက်နေစဉ် မက်အာသာရဲ့ တပ်တွေက နယူးဂင်းနီကန်းမြောက်ဖက်ကမ်းခြေကို ချီးတက်ကြတယ် ။ ၁၉၄၅ ခုနှစ် ဖေဖေါ်ဝါရီလ ၄ ရက်နေ့မှာတော့ မနီလာမြို့ကိုပါ သိမ်းပိုက်ယူခဲ့ပြီး ဇူလှိုင်လလောက်မှာတော့ ဖိလစ်ပိုင်အားလုံးကို သိမ်းပိုက်ယူခဲ့ပါတယ် ။ နောက်ပြီး အရှေ့ဖျား စစ်မြေပြင်မှာ အရေးကြီးတဲ့ စစ်မြေပြင်ဟာ မြန်မာပြည်မြောက်ပိုင်း အိန္ဒိယနယ်စပ်ပါပဲ ။ ဂျပန်တို့က အာကန်ကိုသိမ်းပိုက်တာ သုံးကြိမ်တိုင်အောင်ကို မအောင်မြင်တဲ့အချိန် ၁၉၄၄ ခုနှစ်မှာတော့ အင်္ဂလိပ့် အမေရိကန်တို့က မြန်မာပြည်ကို ပြန်လည်သိမ်းယူရန် ကြိုးစားခဲ့ကြတယ် ။ ဗိုလ်ချုပ်ဝင်းဂိတ်ရဲ့ လေထီးတပ်သားတွေကို အထက်မြန်မာပြည်သို့ချပေးပြီး ပြောက်ကျားစစ်ဆင်နွှဲစေခဲ့တယ် ။
၁၉၄၅ ခုနှစ် မတ်လမှာ အင်္ဂလိပ်တို့က မန္တလေးကို ပြန်လည်သိမ်းယူတယ် ။ အဲ့ဒီ့ မတ်လအတွင်းမှာပဲ ဗမာ့ကာကွယ်ရေးတပ်မတော်နဲ့ ဖက်ဆစ်ဆန့်ကျင်ရေးပျောက်ကျားတို့က တော်လှန်တိုက်ခိုက်ကြတယ် ။ နောက်တော့ မြန်မာပြည်ကို ပြန်ပြီးသိမ်းယူနိုင်ခဲ့ကာ ဗိုလ်ချုပ်အောင်ဆန်းကြီးမှူးတဲ့ ဗမာ့တပ်မတော်သားများက ဗိုလ်ချုပ်အောင်ဆန်းရှေ့ဆောင်ရာကို မသွေမဖယ်ပဲလိုက်ကြပြီး ဂျပန်များကို မြန်မာပြည်ထဲကနေ အချိန်အနည်းငယ် အတွင်းမှာ မောင်းထုတ်နိုင်ခဲ့ပါတယ် ။ အဲ့ဒီလိုနဲ့ ၁၉၄၅ ခုနှစ်မှာ အမေရိကန်က ဂျပန်ကို အနုမြူဗုံးတစ်လုံး ကျဲချလိုက်တော့တာပါပဲ ။ သြဂုတ်လ ၈ ရက်နေ့မှာ ဆိုဗီယင်ရုရှားတို့က အခွင့်ကောင်းယူပြီး ဂျပန်ကို စစ်ကျေညာကာ မန်ချူးရီးယားကို ဝင်ရောက်တိုက်ခိုက်ကြပါတယ် ။ သြဂုဏ်လ ၉ ရက်နေ့မှာ အမေရိကန်က နောက်ထပ်အနုမြူ ဗုံးတစ်လုံးကို ဂျပန်နိင်ငံ နဂစာကီမြို့အပေါ် ကျဲချလိုက်ပြန်တယ် ။ နောက်တော့မှ ဂျပန်လဲ တာရှည်မခံနိုင်တော့ပဲ ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့မှာ လက်နက်ချ အရှုံးပေးလိုက်ရပါတော့တယ် ။
( စစ်ပြီးကာလမှာတော့ စစ်ရှုံးတဲ့နိုင်ငံတွေကို စစ်နိင်တဲ့နိုင်ငံတွေက ခွဲခြမ်းအုပ်ချုပ်ပြီး အဲ့ဒီလိုတွေထဲကမှ တစ်ခါတစ်ခါ နိုင်ငံသစ်လေးတွေလဲ ပေါ်ပေါက်လာခဲ့ကြတယ် )
ဒုတိယကမ္ဘစစ်ကြီးမှာ အောင်ပန်းဆွတ်ခူးနိုင်ခဲ့တဲ့ မဟာမိတ်နိုင်ငံကြီးမျာအနက် ဗြိတိသျှ အမေရိကန် နဲ့ ဆိုဗီယက်ရုရှတို့က လက်နက်အင်အားနဲ့ စက်မှုလက်မှုအင်အားမှာ အကြီးဆုံးနိုင်ငံကြီးတွေဖြစ်လာတယ် ။ ဗြိတိသျှနိင်ငံက စစ်မဖြစ်မီက ပထမတန်းစားနိုင်ငံဖြစ်ပြီး စစ်ပြီးတော့ တတိယတန်းစားထဲကို လျော့ကျသွားခဲ့တယ် ။ အမေရိကန်ပြည်ထောင်စုကတော့ ဒုတိယကမ္ဘာစစ်မှာ အမြတ်အထွက်ဆုံးနိုင်ငံဖြစ်လာခဲ့တယ် ။ အမေရိကန်မြေပေါ်ကို ဘယ်သူမှ ဗုံးမချနိုင်ခဲ့တာကြောင့် အပျက်အဆီးလုံးဝမရှိပဲ သဘာဝပစ္စည်းများနဲ့ ကြွယ်ဝသည့်အပြင် စက်မှုလက်မှုအလုပ်ရုံများမှာ ပေါများတာကြောင့် အခြားနိုင်ငံများကိုပင် လက်နက်များ တင်ပို့ရောင်းချနေချိန်မှာ မြန်မာအစရှိတဲ့ နိုင်ငံတွေက ပြန်လည် အခြေတည်စသာရှိနေခဲ့ရပါတယ် ။ ( တကယ်တာ ကမ္ဘာ့စစ်ကြီး မဖြစ်ခဲ့ဘူးဆိုရင် အခုအခြေအနေအရ နိုင်ငံရေး အဆင့်အတန်းတွေဟာ ကမ္ဘာမှာ ဘယ်လိုတွေ ရှိနေမလဲ ? ) အခြေအနေဟာ အင်မတန်ကွာသွားတာ ဒီအချက်က အလွန်ထင်ရှားခဲ့တယ်ပေါ့ ။
စစ်ပြီးတဲ့အခါ ကမ္ဘာပေါ်မှာ အမေရိကန်က အချမ်းသာဆုံးစာရင်ထဲ ဝင်သွားခဲ့တာပါပဲ ။ ( အမေရိကန်တွေ ဘာကြောင့် အရာရာတိုးတက်နေလဲဆိုတာ သင်သိသင့်ပါပြီ ) အဲ့ဒီ့နောက် ဒုတိယကမ္ဘာစစ်ကြီးမှာ အိန္ဒိယပြည်ကြီက နှစ်ပေါင်းများစွာ ဗြိတိသျှလက်အောက်မှာနေခဲ့ရပြီး ၁၉၄၈ ခု သြဂုတ်လ ၁၅ ရက်နေ့မှ မီနီယန်အဆင့်အတန်းကို ရခဲ့ရပါတယ် ။ အဲ့ဒီလို လက်အောက်ခံဖြစ်ခဲ့ရတဲ့အကျိုးက အိန္ဒိယပြည်ကြီးဟာ ရှေးယခင်ကလို တစ်စည်းတစ်လုံးတည်းမဟုတ်တော့ပဲ ပါကစ္စတန်ဆိုပြီး နိင်ငံနှစ်ခု ဖြစ်သွားတော့တာပါပဲ ။ ( ဒီဒုက္ခတွေကို မြန်မာတွေလဲ ခံစားခဲ့ရပါတယ် ။ သို့သော် အိန္ဒိယလို မြန်မာတွေမှာ နိင်ငံတွေ မကွဲခဲ့ပေမယ့် လက်နက်ကိုင်တွေ တိုးပွားခဲ့တာကတော့ ဒီအချိန်ထိပါပဲ ) အိန္ဒိယနဲ့ ကပ်လျက်ရှိတဲ့ မြန်မာပြည်ကသာ နှစ်ကြိမ်တိုင်တိုင် ဒုတိယကမ္ဘာစစ်ရဲ့ဒါဏ်ကို အလူးအလဲခံခဲ့ရတာကြောင့် မြန်မာ့စီးပွားရေးအခြေအနေတွေဟာ လုံးဝကို ပျက်ဆီးသွားခဲ့ရပါတယ် ။ ( ဟုတ်ပါတယ် ။ မြန်မာတွေ မတိုးတက်ပါဘူး ။ အမေရိကန်တို့လိုလည်း မဟုတ်ပါဘူး ။ သို့သော် ဒါတွေက ဘယ်သူ့လက်ချက်လဲ ? - တစ်ခြားကို မရည်ညွှန်းလိုပါ ။ ကမ္ဘာ့ နိုင်ငံရေး ကပ်ဘေးပေါ့ဗျာ ။ )
စာကြွင်း ။ ။
စီးပွားရေးအားဖြင့် ဆုတ်ယုတ်သွားခဲ့သော်လည်း နိုင်ငံရေးအဖြင့်တော့ အလွန်ကို ကျစ်လစ်တဲ့အဖွဲ့အစည်းတစ်ရပ်ကို ဗိုလ်ချုပ်အောင်ဆန်းက ညွှန်ကြားပြသပြီး ကြိုးပမ်းခဲ့ရတာကြောင့် ဗြိတိသျှလက်အောက်မှာ နှစ်တစ်ရာကျော်ကြာအောင် နေခဲ့ရတဲ့ မြန်မာတွေက အသိညာဏ်ပညာတုံးအောင် လုပ်ခဲ့ကြသော်လည်း တုံးမသွားတဲ့ အပြင် မြန်မာ့စွမ်းရည်ထက်မြတ်မှုတွေက အလွန်လျင်မြန်သော နှုန်းထားနဲ့ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှစပြီး လွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ရောက်ရှိနေလေပြီ ။ တစ်ချို့နိုင်ငံတွေဟာ ဦးခေါင်းမခါစပဲရှိသေးတဲ့အချိန်မှာ မြန်မာတွေက အတိုးတက်ကြီး တိုးတက်နေပါပြီ ။ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရပြီးနောက် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်ခုအဖြင့် မြန်မာနိုင်ငံက ရောက်ရှိပြီးကာမှ အင်ဒိုနီးရှားတို့ က သမ္မတနိင်ငံ ဖြစ်တုန်းရှိခဲ့ပါတယ် ။
#htoohtoolay

Comments
Post a Comment