Skip to main content

ဒဏ္ဍာရီထဲက ရာသီဥတု ထိန်းချုပ်မှုနှင့် လူသားများ

ဒဏ္ဍာရီထဲက ရာသီဥတု ထိန်းချုပ်မှုနှင့် လူသားများ
----
ဂရိဒဏ္ဍာရီတစ်ခုမှာ အဂ္ဂါမင်နွန်ဟာ နာမည်ကျော် ထရိုဂျင်စစ်ပွဲမှာ ပါဝင်တဲ့ စစ်ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ ထရိုဂျင်စစ်ပွဲအစတွင် တိုက်ပွဲများမှာ ပါဝင်ဖို့အတွက် သူဟာ သူ့ရေတပ်သင်္ဘောများကို ရွတ်လွှင့်ဖို့ စတင်ခဲ့ပါတယ် ။ ဒါပေမယ့် သူ့အပေါ်မှာ အမျက်ထားနေတဲ့ သားရိုင်းမြေကို အစိုးရသော နတ်သမီးအာနီမစ်စ် က ရေတပ်သင်္ဘောများ စတင်ထွက်ခွါတဲ့အခါ လေကို ငြိမ်သပ်နေအောင် လုပ်ထားလိုက်တယ်လို့ ဆိုတယ် ။ လေငြိမ်နေတာကြောင့် သင်္ဘောတွေဟာ ထွက်ခွါဖို့ အခက်တွေ့နေခဲ့ကြပါတယ် ။ ဘာကြောင့်လဲဆိုတော့ အဂ္ဂါနွန်ရဲ့ သင်္ဘောများဟာ ရွက်လွှင့်သင်္ဘောများသာ ဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်တယ် ။ နတ်သမီးက သူ့အပေါ်အမြတ်ထားရခြင်းအကြောင်းကတော့ သူဟာ အမဲလိုက်စဉ်က နတ်သမီး ပိုင်ဆိုင်တဲ့ သမင်တစ်ကောင်ကို သတ်ဖြတ်ကာ သူသာ အမဲလိုက်တော်သူဖြစ်တယ်လို့ ကြုံးဝါး မိတဲ့အတွက်ကြောင့်ပဲဖြစ်တယ်လို့ ဆိုပါတယ် ။ နောက်ပိုင်းမှာ နတ်ဆရာများမှ နတ်သမီး အာတီးမစ်စ် အမြတ်ပြေဖို့အတွက် အဂ္ဂါနွန်ရဲ့ သမီးဖြစ်သူ အိုင်ဖီဂျီးနီးယားကို သတ်ပြီး ယဇ်ပူဇော်ရမယ်လို့ ဟောခဲ့ရာ နောက်ဆုံးမှာတော့ အဂ္ဂါနွန်ဟာ စိတ်မကောင်းစွာနဲ့ပဲ ခွင့်ပြုလိုက်ရတယ်လို့ အဆိုရှိကြပါတယ် ။ ယဇ်ပူဇော်ပြီးတာနဲ့ တစ်ပြိုင်နက်ထဲ လေများဟာ တိုက်ခတ်လာပြီး သင်္ဘောများ ရွတ်လွှင့်နိုင်ခဲ့တယ်လို့ ဒီလို ဆိုတယ် ။ ဒါဟာ ရှေးခေတ် ဒဏ္ဍာရီများမှာ ရာသီဥတုအပေါ် နတ်များက ထိန်းချုပ်ထားတဲ့သင်္ကေတ တစ်ခုဖြစ်တယ် ။ ဂရိ ဒဏ္ဍာရီများမှာ လေ / လေပြေလေညင်း / ကောင်းကင်ပြင် / လေပွေ / ညနေချိန် စသည်ဖြင့် ရာသီဥတုနဲ့ သက်ဆိုင်တဲ့ အခြေအနေ အများအပြားကို နတ်များကအစိုးရတယ်လို့ ဆိုတယ် ။

ဟိုမားရဲ့ ကဗျာရှည်ကြီးတစ်ပုဒ်ဖြစ်တဲ့ အိုဒက်ဆီ မှာလည်း ဇာတ်လိုက်ဖြစ်သူ အိုဒက်ဆီယပ်စ် အား လေကို အစိုးရတဲ့ လေနတ်မင်း အဲရိုလပ်စ်မှ လေလိုအပ်တဲ့အချိန်မှာ အသုံးပြုရန် အတောင်ပံ လေးခုအား အထုပ်တစ်ခုဖြစ် ထုပ်ပြီး လက်ဆောင်အနေနဲ့ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ် ။ ဒါပေမယ့် အိုဒက်ဆီးယပ်စ် အိပ်ပျော်နေစဉ်မှာ နောက်လိုက်များ ဖြစ်သော သင်္ဘောသားများမှ လက်ဆောင်အထုပ်ကို ဖွင့်ကြည့်ခဲ့ကြပါတယ် ။ အဲ့ဒီ့အခါ အတောင်ပံ လေးခုထွက်လာပြီး ပြင်းထန်စွာ လှုပ်ခပ်တာကြောင့် အလွန်ကြီးမားတဲ့မုန်တိုင်းကြီး ဖြစ်ပေါ်လာကာ ဒုက္ခရောက်ရကြောင်းကို ရေးဖွဲ့ထားတယ် ။

ဒါ့အပြင် သမိုင်းဆိုင်ရာ အချို့ဖေါ်ပြချက်များမှာ စကင်နေးဗီးယန်း ( ဒိန်းမတ် နော်ဝေး ဆွီဒင် စသည့် နိုင်ငံများ ပါဝင်သည့် ဥရောပ မြောက်ပိုင်းဒေသများ ) စုန်းမများဟာ လေကို အိတ်များမှာ ထည့်ပြီး သင်္ဘောသားများကို ရောင်းစားခဲ့တယ်လို့ အဆိုရှိခဲ့တယ် ။ သင်္ဘောသားများဟာ ယင်း လေအိတ်များအား လေငြိမ်သည့် အခါမှာ ဖွင့်ခြင်းဖြစ် လေတိုက်ခြင်း ဖြစ်ပေါ်လာကာ လိုရာကို သွားနိုင်တယ်လို့ ဆိုကြပါတယ် ။ ဒါတွေဟာ ဒဏ္ဍာရီထဲက လာတဲ့ လေကို ထိန်းချုပ်မှုတွေပါပဲ ။

သင်ဟာ ဒီအကြောင်းအရာတွေကို ရယ်စရာတစ်ခုအနေနဲ့ မြင်တက်မယ်ဆိုရင် မှားကောင်း မှားသွားပါလိမ့်မယ် ။ ဘာကြောင့်လဲဆိုတော့ လေကို ထိန်းချုပ်မှုဟာ ယခုခေတ်အခါများမှာတော့ လူတွေပင် ပြုလုပ်လာနိုင်ပြီပဲဖြစ်တယ် ။ သို့သော် ကမ္ဘာ့အန္တရာယ်ကို ဖေါ်ဆောင်ဖို့အတွက် အင်မတန် အင်အားကြီးပြီး ကောင်းမွန်သော လမ်းရှိသလို အဆိုးဘက်က ကြည့်တဲ့ လမ်းတွေ ပါဝင်နေတာကြောင့် မသမာသူတွေရဲ့လက်ချက်နဲ့ ကမ္ဘာကြီး ပျက်ဆီးမည့်အရေးကို တွေးယူကာ ထို လုပ်ငန်းကို ရပ်ဆိုင်းလိုက်ကြောင်း သိရှိရပါတယ် ။ လေကို ထိန်းချုပ်မှုအပေါ် စတင် ရှာဖွေ တွေ့ရှိသူမှာ . . .

၁၉၄၆ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ ဖြစ်ပါတယ် ။ ကားတစ်တယ်လ်ဘော့ ဟာ အထွေထွေ လျှပ်စစ်ဌာန သုတေသနဓါတ်ခွဲခန်းမှာ အလုပ် လုပ်နေတဲ့ လေယဉ်မောင်းသမားဖြစ်ပါတယ် ။ သူဟာ သိပ္ပံပညာရှင် ဒေါက်တာဗင်းဆင့် ဂျေရှေးဖာ နဲ့အတူ နယူးယော့ မြို့မှ မိုင် သုံးဆယ်အကွာမှာ တည်ရှိနေတဲ့ လေယာဉ်ကွင်းတစ်ခုမှ အမြင့်ပေ တစ်သောင်းလေးထောင် အမြင့်သို့ ပျံတက်နေခဲ့ပါတယ် ။ အဲ့ဒီ့ အမြင့်ကို ရောက်တာနဲ့ သိပ္ပံပညာရှင် ဒေါက်တာဗင်းဆင့်မှ ရေခဲခြောက် ဒါမှမဟုတ် အေးခဲနေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် အခဲများအား တိမ်များပေါ်သို့ ပတ်ဖျန်းလိုက်တော့တယ် ။ အဲ့ဒီ့နောက် သူတို့လေယာဉ်ကို ဆက်လက်မောင်းနှင်ကာ နောက်ပြန်ကွေ့ပြီး ကာဗွန်ဒိုင်အောက်ဆိုက်တုံးများ ပစ်ချလိုက်တဲ့နေရာဆီ ပြန်လှည့်ခဲ့ပါတယ် ။ အဲ့ဒီ့အခါမှာတော့ အံ့သြစရာကောင်းပြီး ရင်ဖိုစရာ ကောင်းတဲ့မြင်ကွင်းကတော့ တိမ်ထု၏ အောက်ခြေမှ ရွှန်းလဲ့နေတဲ့ နှင်းပွင့်များ ကြွေကျလာတာကို တွေ့လိုက်ရတော့တာပဲဖြစ်တယ် ။ ( သူတို့သည်ကား ပထမဦးဆုံး လူလုပ် နှင်းမုန်တိုင်းတစ်ခုကို ဖန်တီးလိုက်ခြင်းပဲဖြစ်ပါတယ် ) ။

အဲ့ဒီ့ စမ်းသပ်ချက် အောင်မြင်ခဲ့တဲ့ အတွက်လည်း သိပ္ပံပညာရှင်များဟာ ခံစားချက် တစ်ခု ပေါ်ပေါက်လာခဲ့တော့တယ် ။ ဒါကတော့ နောက်ဆုံးမှာ လူသားတွေလုပ်တဲ့ ရာသီဥတုကို ထိန်းချုပ်နိုင်ပြီး ဒီကမ္ဘာကြီးကို ပိုမိုလှပအောင် ဖန်တီးနိုင်လိမ့်မယ်ဆိုတဲ့ အတွေးပဲဖြစ်ပါတယ် ။ ဒါပေမယ့် အဲ့ဒီ့အချိန်က အမေရိကန် ပြည်ထောင်စုနဲ့ ရုရှားပြည်ထောင်စုတို့အကြား ဖြစ်ပွားနေတဲ့ စစ်အေးတိုက်ပွဲမှာလည်း အရှိန်တွေ မြင့်မားလာတဲ့ အချိန်အခါ ဖြစ်နေတဲ့အတွက် အမေရိကန် ပြည်ထောင်စုမှ နယူကလီးယားစစ်ပွဲ ဆင်နွှဲမည့်အစား ရာသီဥတု ထိန်းချုပ်ခြင်းအား စွမ်းအားရှိ လက်နက်တစ်ခုသဖွယ် စဉ်းစားခဲ့ကြပါတယ် ။ သို့အတွက် ၁၉၅၃ ခုနှစ် သြဂုတ်လမှာ ရာသီဥတု ထိန်းချုပ်ရေးအတွက် သမ္မတ အကြံပေးအဖွဲ့များအား ဖွဲ့စည်းခဲ့ကြတယ် ။ အဲ့ဒီ့အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ ရာဦဥတုကို ထိန်းချုပ်ရေး အစီအမံမှာ အစိုးရအဖွဲ့မှ ထဲထဲဝင်ဝင် ပါဝင်လာစေဖို့ ဖြစ်တယ် ။ ထိုအချိန်က ရာသီဥတုကို ထိန်းချုပ်ခြင်းဖြင့် ရရှိလာနိုင်တဲ့ အကျိုးအပြစ်များကို အမေရိကန်တို့သာမက ရုရှားများကပါ မှန်းဆ စဉ်းစားခဲ့ကြပါတယ် ။ နောက်ဆုံးမှာတော့ ရာသီဥတု ပြုပြင်ပြောင်းလဲရေး ထိန်းချုပ်မှုများဟာ ဓါးသွားပေါ်မှ ပျားရည်စက်သဖွယ် အန္တရာယ် ကြီးမားလှကြောင်း သိရှိကြပြီး ထိုအစီအစဉ်ကိုဖြတ်သိမ်းခဲ့ကြပါတယ် ။ သို့သော် ဒဏ္ဍာရီလာ လေကို ထိန်းချုပ်ခြင်းများအား ပုံပြင်ပုံစံမဟုတ်ပဲ သိပ္ပံနည်းကျ တွေးတောကြည့်မယ်ဆိုရင် ထိုအချိန်အခါကပင် ရာသီဥတုကို ထိန်းချုပ်နိုင်ခြင်း နည်းလမ်းအသိပညာတွေ တိုးတက်နေပြီလားဟူ၍ တွေးတောဆင်ခြင်ရမလိုပါပဲ ။ အကယ်၍ ဆိုသည့်အတိုင်း ဖြစ်ခဲ့မယ်ဆိုရင် ထိုအချိန်က ရာသီဥတုကို သေသပ်စွာ ထိန်းချုပ်ကိုင်တွယ်နိုင်ခဲ့တယ်ဆိုတဲ့အချက်အပေါ် ယုံမှားသံသယဖြစ်နိုင်စရာပင် မရှိနိုင်ပေ ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...