ဖြစ်ခိုက် စိတ်ဝိညာဏ် သိဖို့အရေးကြီးတယ် ။
-----
သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ် ။ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ်ဆိုတာမှာ ပဋိသန္ဓေဝိညာဏ်ကိုတော့ ယောဂီပုဂ္ဂိုလ်ဟာ ကိုယ်တွေ့မျက်မှောက်အဖြင့် မသိနိုင်ဘူး ။ အဲ့ဒါတင် မဟုတ်သေးဘူး အမိဝမ်းတွင်းက ဖြစ်ခဲ့တဲ့ စိတ်ဝိညာဏ်တွေကိုလည်း မသိနိုင်ဘူး ။ မွေးပြီးတဲ့နောက် ငယ်ရွယ်စဉ်က စိတ်ဝိညာဏ်တွေကိုလည်း မသိနိုင်ဘူး ။ လွန်ခဲ့တဲ့ နှစ် လ ရက်တွေက စိတ်ဝိညာဏ်တွေကိုလည်း ပရမတ် သဘောတရားအနေဖြင့် မသိနိုင်ဘူး ။ ပရမတ်သဘောတရားအနေနဲ့ တကယ်သိနိုင်တာကတော့ လောလောဆယ် ဖြစ်ခိုက် စိတ်ဝိညာဏ်ကိုသာ သိနိုင်ပါတယ် ။ ဒါလဲ ဖြစ်တိုင်း ဖြစ်တိုင်း မပြတ်ရှုမှတ်နေပါမှ အမှန်အတိုင်း သိနိုင်ပါတယ် ။ ဒါကြောင့် ဖြစ်ခိုက် စိတ်ဝိညာဏ်ကို ချက်ချင်း ရှုမှတ်သိနိုင်ဖို့ အရေးကြီးပါတယ် ။ ဒီလို ဖြစ်ခိုက် စိတ်ဝိညာဏ်ကို ရှုမှတ်ပြီး သိရင် ဝိညာဏ်ကြောင့်ဖြစ်တဲ့ နာမ်ရုပ်ကိုလဲ သိသင့်သလောက် သိသိတော့တာပါပဲ ။
( မဟာစည်ဆရာတော်ဘုရားကြီး - ပဋိစ္စသမုပ္ပါဒ် ပထမတွဲ / စာ ၁၇၄ မှ ၁၇၅ )
#htoohtoolay

Comments
Post a Comment