အရှေ့အလယ်ပိုင်းမှ ထူးခြားသော စက်ဝိုင်းများ
----
တောင်အမေရိကတိုက် / ပီရူးနိုင်ငံ နက်ဇ်ကာ လွင်ပြင်မှာ ရေးဆွဲထားတဲ့ ထူးခြားလှတဲ့ ရုပ်ပုံများဟာ ခွေးပုံ မျောက်ပုံ ဝေလငါးပုံ ငှက်ပုံ စတာတွေနဲ့ လေယာဉ်ပြေးလမ်းကြောင်းနှင့် တူတဲ့ ပုံများကို ရှေးခေတ် လူများဟာ ရေးဆွဲခဲ့ကြပါတယ် ။ လူ ဒါမှမဟုတ် တစ်စုံတစ်ခုပေါ့ ။ အဲ့ဒီ့ စက်ဝိုင်းပုံများက အမြောက်အများ တည်ရှိနေကြပြီး သူတို့ဟာ အရွယ်အစားအားဖြင့် အလွန်မှ ကြီးမားကာ မြေပြင်ကနေ ကြည့်ရင် ပုံပေါ်မှာမဟုတ်ပဲ ကောင်းကင်က အလွန်မြင့်မားသည့်တစ်နေရာက ကြည့်မှသာ ပေါ်ပေါက်နိုင်တဲ့ ထူးခြားဆန်းပြားတဲ့ ရုပ်ပုံတွေပဲဖြစ်ပါတယ် ။ ဒီအချက်အရ စဉ်းစားစရာတစ်ခုဟာ လွန်ခဲ့တဲ့ ရှေ့ခေတ်နှစ်ပေါင်း ၁၀၀၀၀ ကျော် နှစ်သောင်းလောက်က လူတွေက ကောင်းကင်ပေါ် တက်နိုင်လောက်တဲ့နည်းပညာတွေ တိုးတက်နေပြီလား ? ။
အဲ့ဒီလို ကြီးမားပြီး ထူးခြားလှတဲ့ ပုံကြီးကို ဘာရည်ရွယ်ချက်နဲ့သူတို့တွေဟာ ရေးဆွဲခဲ့ကြတာလဲဆိုတာ သိပ္ပံပညာရှင်တွေလဲ ယခုအချိန်ထိတိုင် သိရှိနိုင်ခြင်း မရှိသေးပါဘူး ။ ရေးဆွဲခဲ့တဲ့ လူမျိုးစုတွေကကော ဘယ်လိုလူမျိုးစုတွေဖြစ်နေကြမလဲ ? ။ အဲ့ဒီ့အတွက်စတင် တွေ့ရှိခဲ့တဲ့ ၁၉၂၀ ခုနှစ်က ယနေ့ ထက်တိုင်အောင်ပင် သုတေသီများ / သိပ္ပံပညာရှင်များတို့ဟာ ကျောက်တုံး ကျောက်တောင်ထူထပ်တဲ့ ကန္တာရမြေ ဖြစ်နေသည့်အတွက် လေ့လာသူများအတွက် မလွယ်ကူလှပေ ။ ဒါ့အပြင် အဲ့ဒီ့ကန္တာရမြေအတွင်း ထွင်းထု ဆွဲသားထားခဲ့တဲ့ ပုံတို့မှာလည်း ကုန်ဆုံးတယ်မရှိပဲ အသစ်များ ဆက်ခါ ဆက်ခါ ပေါ်ပေါက်တွေ့ရှိရလျက် ရှိနေပါတယ် ။
မကြာသေးမီက ဂျပန်နိုင်ငံ ယာမဂတ တက္ကသိုလ်မှ မဆာတို့ ဆကအိ ခေါင်းဆောင်တဲ့ ဂျပန်သုတေသနအဖွဲ့တစ်ခုဟာ နက်ဇ်ကာလွင်ပြင်အတွင်း အလွန်ကြီးမားသော ဆွဲသားချက်တစ်ခုကို တွေ့ရှိခဲ့ကြပါတယ် ။သူတို့ဟာ အမေရိကန် စီးပွားရေးဂြိုလ်တု တစ်လုံးအား အသုံးပြုကာ နက်ဇ်ကာလွင်ပြင်ကို လေ့လာစဉ်က ဖြစ်ပါတယ် ။ အဲ့ဒီ့ တွေ့ရှိချက်တစ်ခုဟာ ပေ ၂၁၀ ရှည်ပြီး ဦးချိုရှိတဲ့ သတ္တဝါ တစ်ကောင်နှင့် တူတယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။ ယင်းပုံကြီးရဲ့အစိတ်အပိုင်း တစ်ချို့ဟာ မော်တော်ကားလမ်းအတွင်း ကျရောက်နေတဲ့အတွက် ပျက်စီးလျက်ရှိနေပါတယ် ။ ဒါပေမယ့် တွေ့ရှိရတဲ့ အစိတ်အပိုင်းများကို ပေါင်းစပ်ကာ ပုဇွန်တစ်ကောင်ရဲ့ပုံ ဖြစ်လိမ့်မယ်လို့ မှန်းဆခဲ့ကြပါတယ် ။
ဒါ့အပြင် ထပ်မံ တွေ့ရှိရတဲ့ပုံမှာ တိရိစ္ဆာန်တစ်ကောင်ရဲ့ ပုံမဟုတ်ပဲ ဟိန္ဒူအယူအဆမှာ စကြာဝဠာအား ကိုယ်စားပြုတဲ့ မန္တလ လို့ ယူဆနိုင်တဲ့ ပုံတစ်ပုံကိုလဲ ထူးခြားစွာ တွေ့ရှိခဲ့ကြပါတယ် ။ တွေ့ရှိရတဲ့ ဒေသကတော့ အလွန်မိုးခေါင်လှတဲ့ တောင်တန်း တစ်ခု၏ မျက်နှာပြင်ပေါ်မှာဖြစ်တယ် ။ အဲ့ဒီ့ပုံဟာ ပေ ၁၈၀ ရှိသော စတုရန်းပုံဖြစ်ပြီး ယင်းအတွင်း သွင်းကာ နေရာချထားတဲ့ စက်ဝိုင်းပုံမှာလည်း ယင်းပုံအတွင်းမှာ တွေ့ရှိရပါတယ် ။ သေးငယ်သော စတုရန်းများနဲ့ စက်ဝိုင်းပုံများလည်း ဖောက်ထွင်းထားတယ် ။
၂၀၀၅ ခုနှစ်မှာ အရှေ့အလယ်ပိုင်းတွင် တွေ့ရှိရတဲ့ ပုံများကတော့ အလွန်ကြီးမားတဲ့ အရွယ်အစားကြောင့် မြေပြင်ပေါ်မှာ ပုံဖေါ်ကြည့်ရှုရန် မဖြစ်နိုင်ပဲ ကောင်းကင်မှ ကြည့်မှသာ တွေ့ရှိနိုင်ပါတယ် ။ ယင်းပုံစံတို့ဟာ အရှေ့အလယ်ပိုင်း နိုင်ငံတစ်ခုဖြစ်တဲ့ ဆီးရီးယား နိုင်ငံမှသည် ဆော်ဒီအာရေးဘီးယား နိုင်ငံထိ ဖြန့်ကျက် တည်ရှိနေပါတယ် ။ အဲ့ဒီ့ အမှတ်အသားများဟာ အလွန်ရှေးကျတဲ့ ကာလကပင် တည်ရှိနေခဲ့သော်လည်း အထက်မှာ ဖေါ်ပြခဲ့တဲ့အတိုင်း အလွန်ကြီးမားတဲ့ အရွယ်အစားကြောင့် မြေပြင်ပေါ်က မတွေ့နိုင်ခြင်း ဖြစ်နေပါတယ် ။ ယခုအခါမှာတော့ တိုးတက်လာတဲ့ နည်းပညာ အထောက်အကူတွေကြောင့်သာ ဒီလိုရုပ်ပုံတွေကို တွေ့ရှိရတာဖြစ်ပြီး လူတွေရဲ့ ပဟေဠိတွေကို ထူးခြားစွာ အံ့သြလှစွာ ဆင်ခြင်ရတော့မှာပဲဖြစ်တယ် ။
တွေ့ရှိရတဲ့ အမှတ်အသားများဟာ တစ်ခုမကပဲ ထောင်နဲ့ချီပြီး တည်ရှိနေတာကြောင့် သိပ္ပံပညာရှင်များအဖို့ အင်မတန်မှ ခေါင်းခဲစရာတစ်ခုပါပဲ ။ ပညာရှင်များရဲ့ သက်တမ်းတွက်ချက်မှုအရ ဘီးပုံစံ အဆောက်အအုံများဟာ နှစ်ပေါင်း ၂၀၀၀ လောက်က ရေးဆွဲခဲ့တာဖြစ်ကြောင်း ဆိုပါတယ် ။
လူသားတို့ရဲ့ သမိုင်းကြောင်းဟာ ရိုင်းရာမှ ယဉ်ကျေးလာသော အဖြစ်အပျက်အဖြစ် လူသားသမိုင်းကို ဖေါ်ပြတဲ့ စာမျက်နှာများအတွင်း လူသားသည် အမဲလိုက် ငါးဖမ်း စတဲ့ အသားစိမ်းစား အရိုင်း သဘာဝမှသည် မီးကို တွေ့ရှိပြီး ယဉ်ကျေးမှု စာမျက်နှာအသစ်များ စတင်ပေါ်ပေါက်လာတယ်လို့ ဆိုပါတယ် ။ အချို့ပညာရှင်တွေကလည်း လူသားဟာ မျောက်ကနေ ဆင်းသက်လာတယ်လို့ ဆိုပြန်တယ် ။ ဒါ့အတွက် ကျွန်ပ်တို့ရဲ့ အထက်က အလွန့်အလွန် ရှေ့ကျသော မျိုးဆက် အဘိုးအဘေးများ၏ ဘဝဟာ ရိုးစင်းခဲ့ကြပေလိမ့်ပါမယ် ။ သို့သော် သုတေသနပညာရှင်များ သိပ္ပံပညာရှင်များရဲ့ တွေ့ရှိမှုများကမူ ယင်းအချက်ကို ဆန့်ကျင်လျက် ရှိနေပါတယ် ။ ကျွန်ပ်တို့အထက်ဘက် မျိုးဆက်ကြီးများဟာ မြင့်မားတဲ့ နည်းပညာတွေကို ပိုင်ဆိုင်ခဲ့ကြရုံမျှမက အာကာသ အသိပညာများပင် ကြွယ်ဝခဲ့ကြောင်း တွေ့ရှိခဲ့ကြပါပြီ ။ ထုံးစံအတိုင်း ထိုအရာများအတွက် မေးခွန်းများ ထွက်ပေါ်လျက် ရှိနေတုန်းပါပဲ ။
#htoohtoolay
myothetzaw23.blogspot.com

Comments
Post a Comment